ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Monday, March 26, 2018

ဓာတ်ကြီး(၄)ပါး ပဌာန်းကျင့်စဉ် ပုတီးစိတ်နည်း

'ဓာတ်ကြီး(၄)ပါး ပဌာန်းကျင့်စဉ် ပုတီးစိတ်နည်း'ကို တချို့တွေဖတ်ရတာ နားမလည်ဘူးဆိုလို့ ရှင်းပြပေးတာပါနော်.. 

ကိုယ်တိုင်မစိတ်ဖူးသေးပါ.. ခုမှစစိတ်မှာမို့..ဒီgroupထဲမွာ စိတ်နေကြသူတွေရှိပါတယ်..တခြားသိချင်တာရှိမေးကြည့်ကြပါရှင့်..🙏

ဒီပုတီးစိတ်နည်းက -

ပထမအဆင့်(ပထဝီဓာတ်)-၁ဝကြိမ်
ဒုတိယအဆင့်(အာပေါဓာတ်)-အကြိမ်၂၀
တတိယအဆင့်(ဝါယောဓာတ်)-အကြိမ် ၄၀
စတုတၳအဆင့်(တေဇောဓာတ်)-အကြိမ် ၈၀ ဆိုပြီး၄ဆင့်ရှိပါတယ်..

၁၀၈လုံးပုတီးဖြင့်

၁/ဟေတုပစ္စယော - ၁၀ပတ်
၂/အရမ္မဏပစ္စယော - ၁၀ပတ်
၃/အဓိပတိပစ္စယော - ၁၀ပတ်
၄/အနန္တရပစ္စယော - ၁၀ပတ်
၅/သမနန္တရပစ္စယော - ၁၀ပတ်
၆/သဟဇာတပစ္စယော - ၁၀ပတ်
၇/အညမညပစ္စယော - ၁၀ပတ်
၈/နိဿယပစ္စယော - ၁၀ပတ်
၉/ဥပနိဿယပစ္စယော - ၁၀ပတ်
၁၀/ပုရေဇာတပစ္စယော - ၁၀ပတ်
၁၁/ပစၧာဇာတပစ္စယော - ၁၀ပတ်
၁၂/အာသေဝနပစ္စယော - ၁၀ပတ်
၁၃/ကမ္မပစ္စယော - ၁၀ပတ်
၁၄/ဝိပါက ပစ္စယော - ၁၀ပတ်
၁၅/အာဟာရ ပစ္စယော - ၁၀ပတ်
၁၆/ဣနြိ္ဒယ ပစ္စယော - ၁၀ပတ်
၁၇/စ်ာန ပစ္စယော - ၁၀ပတ်
၁၈/မဂ္ဂ ပစ္စယော - ၁၀ပတ်
၁၉/သမ္မယုတ္တ ပစ္စယော - ၁၀ပတ်
၂၀/ဝိပ္ပယုတ္တ ပစ္စယော - ၁၀ပတ်
၂၁/အတ္တိ ပစ္စယော - ၁၀ပတ်
၂၂/နတ္တိ ပစ္စယော - ၁၀ပတ်
၂၃/ဝိဂတ ပစ္စယော - ၁၀ပတ်
၂၄/အဝိဂတ္တ ပစ္စယော - ၁၀ပတ်

တပစ္စည်းကို(၁၀ပတ်)နှုန်းနဲ့ ၂၄ပစ္စည်းလုံးပြီးသွားတဲ့အခါ (၁ကြိမ်)စိတ်ပြီးတယ်လို့ သတ်မှတ်ပါတယ်..

ပထမအဆင့်(ပထဝီဓာတ်-၁ဝကြိမ်)ပြီးမြောက်ဖို့ဆိုရင် အပေါ်ကပြထားတဲ့စိတ်နည်းမျိုး ၁ဝကြိမ်စိတ်ရပါမယ်နော်..

သေဘာမွာ တနေ့(တပစ္စည်း-၁၀ပတ်)နဲ့ပဲစိတ်သွားတယ်ဆိုရင် ၁ကြိမ်ကို၂၄ရက်ကြာပါမယ်..
ပထမအဆင့်ပြီးဖို့ဆိုရင် ၂၄x၁၀=၂၄၀ ရက်ပေါင်း၂၄၀မှာ ပထမအဆင့်ပြီးပါမယ်ရှင့်..

ဒုတိယအဆင့်ဆို အကြိမ်-၂၀
တတိယအဆင့်ဆို အကြိမ်-၄၀
စတုတၳအဆင့်ဆို အကြိမ်-၈၀ ပြီးအောင်စိတ်ရပါမယ်..

အချိန်/နေရာ/အပတ်ရေ မသတ်မှတ်ထားပါ.. တရက်ကိုမိမိတတ်နိုင်သလောက် စိတ်ပြီးပူဇော်လို့ရပါတယ်တဲ့.. တနေ့ကိုအနည်းဆုံးတပစ္စည်းလောက်တော့ စိတ်သင့်ပါတယ်

 ဓာတ်ကြီး(၄)ပါးပဌာန်းကျင့်စဉ်သည် မြေ/ရေ/ကောင်းကင်/မီး တို့ကိုအစိုးရသဖြင့် စိတ်ကြံစည်တောင့်တသမျှ မိမိသမာဓိပေါ်မူတည်၍ပြည့်စုံသည်(ဒါကမူရင်းပို့စ်မှာ ရေးထားတဲ့စာလေးပါ)..🙏🙏🙏

မူရင်းပိုစ့်ရေးသားသူ #aအောလေး ရေးတဲ့ပို့စ်ကို အတိအကျပြန်ရှင်းပြပေးတာပါ..

အားလုံးသောသူတော်ကောင်းများ ကြံစည်သမျှအောင်မြင်ကြပါစေ..🙏(ဆုမြတ်ဝေ)

မူရင်းလင့်။ ။https://m.facebook.com/groups/1573638246261942?view=permalink&id=1869928309966266

No comments: