တစ်နေ့သော ညနေပိုင်းအချိန်အလုပ်ကိစ္စကြောင့်
နယ်ဖက်ဆင်းရာတွင် စက်ရုံပိုင်ရှင်အသိမိတ်ဆွေတစ်ဦးမှ
လုပ်ငန်းများနှောင့်နှေးခြင်းငွေများအရနည်းခြင်းတို့အကြောင်း
ဘုရားတည်ဖို့နှောင့်နှေးခြင်းများအကြောင်း အကြမ်းရည်
သောက်ရင်းလာရောက် ငြီးညူနေသောကြောင့် စကားစပ်
မိရင်း အပိတ်ဟူသမျှပွင့်စေသည့်ယတြာမီးတိုင်စီရင်ပေးခဲ့သည်။
နောက်နေ့မနက်မန်းလေးမြို့အတက်တွင်
အချစ်ရေး အဆင်မပြေသည့် ညီငယ်တစ်ယောက်ကို
စီရင်ပေးခဲ့ရသလို အိမ်ထောင်ရေးညံနေသည့်ညီမ
တစ်ဦးကိုလည်း ထိုယတြာမီးတိုင်ပဲထပ်မံစီရင်ပေးခဲ့ပါသည်။
ရန်ကုန် ပြန်ရောက်သည့်အချိန်တွင်ထိုသူတို့မှ
အဆင်ပြေကြောင်း ဖုန်းဖြင့်ဆက်သွယ်လာသည့်
အပြင် ဘုရားတည်သည့်ကိစ္စစတင်နေပြီဟူသည့်
သတင်းမှာဝမ်းသာဖြစ်ဆုံးကိစ္စ့ဖြစ်ပါတော့သည်။
ထို့နောက် ရှေးအစဉ်အဆက်အသုံးပြုခဲ့ကြသည့်
ယတြာမီးတိုင်အကြောင်း online ပေါ်ရှိမိတ်ဆွေ
များအတွက် ဖြန့်ဝေပေးလိုက်ပါတယ်ဗျာ ။ ။
အဖြူရောင်ဖယောင်းတိုင်တစ်ချောင်းကို
က
ဃ
ဠ
ဏ
အစဉ်တိုင်းရေးဆွဲပြီး အနောက်ဖက်တွင်
ပု
ဒိ
အာ
လို
ရာ
ပြည့်
စေ
ဟူ၍ရေးဆွဲရပါမယ်။
ဖယောင်းတိုင် အောက်ခြေတွင်
က
ယ ကိုခပ်နက်နက်လေးရေးထွင်းပေးပါ။
ကြွေပန်းကန်ပေါ် အပ်တစ်ချောင်းမတ်စေ့တစ်ပြား
(အပ္က်မတ္က်)တင်၍ထွန်းလိုက်ပါ ။
မိမိ မွေးနံကျသောနေ့တွင် နံနက်ခင်းအချိန်ဘုရားစဉ်တွင်
အလင်းတိုင်အဖြစိပူဇော်ပြီး လိုရာဆုတောင်းပါ ပြည့်စေလိမ့်မယ်။
၇ ရက္တိတိ ထွန်းရမယ်ဗျာ။ ။
စာအနေနဲ့ရေးရတာဆိုတော့ သိပ်အဆင်မပြေဘူး
အရေးကြီးလိုအပ်ရင် မရှင်းတာရှိရင် chatbox လာပြောပါ။
ဤယတြာမီးတိုင်သည်
လောကီအရေး အပိတ်ဟူသမျှအပွင့်ဓာတ်ဆောင်စေသည့်
ရှေးအာစရိယဝါဒ လက်ဆင့်ကမ်းပညာဖြစ်ပါသည် လက်တွေ့
စမ်းသပ်အောင်မြင်ခဲ့သည့်ယတြာဖြစ်သောကြောင့် စိတ်ချယုံကြည်
စွာစီရင်နိုင်ပါသည် ။ ။
မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=413899458992544&id=100011174796293
No comments:
Post a Comment