ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Saturday, March 17, 2018
သိကြားပွဲ ယတြာ လုပ်ကြည့်ပါလား မိတ်ဆွေ....
***သင်ဘာလိုချင်တာလဲ ဘာအခက်ခဲဖြစ်နေတာလဲ ***
သိကြားပွဲ ယတြာ လုပ်ကြည့်ပါလား မိတ်ဆွေ.......
------------------------------------
ကျွန်ုပ်တို့သည် လူ့လောကအတွင်း၌ တစ် ခုမဟုတ်လျှင် တစ်ခုဆိုသလို လိုအပ်မှုများရှိနေ တတ်၏။ ပြဿနာများ ရှိနေတတ်၏။ အချစ်ရေး၊အိမ်ထောင်ရေး၊ အလုပ်အကိုင်၊ ငွေကြေးအကြွေးကိစ္စများ၊ ကျန်းမာရေး ကိစ္စများ အခက်ခဲများရှိနေတတ်၏။
 အိမ်ပိုင်မရှိသေးသူသည် အိမ်ပိုင်တစ်လုံးလို ချင်နေ၏။ မော်တော်ကားမရှိသောသူသည် မော် တော်ကားတစ်စီးလိုအပ်နေ၏။ တယ်လီဖုန်းမရှိသေး သူသည် တယ်လီဖုန်းလေးတစ်လုံးလိုအပ်နေ၏။
 ငှက်ပျောသီးပျော်ပျော်(၁၀)လုံးကို ကြွေ ပန်းကန်ပြားတွင် အခွံခွာ၍ထည့်ရ၏။
ထိုငှက်ပျောသီး များကို သကြားအုပ်သွားအောင်ဖြူးရ၏။
ငှက်ပျော သီး၁၀လုံး သကြားအုပ်အောင်ဖြူးမည်ဆိုလျှင် သကြား ၁၅ကျပ်သားလိုအပ်၏။
ပြီးလျှင်ဖယောင်း တိုင်အဖြူတစ်တိုင်တွင် အောက်၌ဖော်ပြထားသော သကြားစမကို ကပ်၍ပူဇော်ရမည်။
ထိုသို့ပူဇော်ရာ တွင် တနင်္ဂနွေနေ့နှင့် သောကြာနေ့ နံနက်ငါးနာရီ တွင် ပူဇော်ရ၏။
ဤနည်းကို ရှေးအခါက သကြားပွဲ ဟုခေါ်ဝေါ်ကြ၏။ ရှေးအခါကဆိုလျှင် နံ့သာဖုငှက် ပျောသီးပျော်ပျော်ဖြင့် ပြုလုပ်၏။
ယခုခေတ်၌မူ ဖီးကြမ်းငှက်ပျောသီးပျော်ပျော်ဖြင့် ပြုလုပ်လျှင်လည်း ရ၏။
ဘုရားစင်ရှေ့တွင် စားပွဲခုံလေးချပြီး ပြုလုပ်ရ၏။
ယုံကြည်စွာနှင့်ပြုလုပ်ပါ မိတ်ဆွေတို့၏အခက်ခဲများ ပြေလည်သွားရင် အဘမင်းသိင်္ခ ကို ကျေးဇူးတင်ပါ.....
တစ်ခုခုလွဲချော်လို့ အဆင်မပြေဖြစ်ခဲ့ရင် ကျွန်တော့ကို အပြစ်တင်ပါ......။
☯ဆရာသာထက်ဆန်း ✡
ကျိုက်ဝိုင်းဘုရား၊09762992335
မူရင်းလင့်။  ။https://m.facebook.com/story.php?story_fbid=389624081500396&id=100013584215853
No comments: