ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Monday, January 27, 2020

ကျော်အောင်စံထားဆရာတော်မှတ်စု





a.m,

ငွေကြေးနဲ့ ပက်သက်တဲ့ကိစ္စ တွေ

ငွေရဖို့ ကြာနေတာ ၊ ငွေဝင်လမ်းပိတ်နေတာ၊ ငွေအလိမ်ခံရတာ(ကိုယ်ကကြားဝင်ဆောင်ရွက်ပေးတာကို တစ်ဖက်ကလိမ်လို့ ပြသနာကြုံရတာ) အကြွေးတွေ ပြန်မရတာ ၊ အကြွေးဆပ်ချင်ပေမယ့် မိမိမွာ ငွေဝင်လမ်းတွေပိတ်နေတဲ့အခါ ၊ အကြွေးကျေချင်တာ ( ငွေရှိမှ အကြွေးဆပ်လို့ ရမွာပါ)တဲ့ ငွေကြေးနဲ့ ပက်သက်တဲ့ကိစ္စ တွေမှာ အသုံးပြုလို့ရပါတယ် ၊၊
 အခုဖြစ်နေတဲ့ မဲကိစ္စတွေတော့ အာမမခံပါဘူး ကောက်ရိုးတစ်မြှင်အနေနှင့် ဆောင်ရွက်ချင်ရင်လည်းဆောင်ရွက်ကြည့်ပါ၊၊ ငွေပြန်ရတော့လည်းအမြတ် မရတော့လည်းကုသိုလ်ရတာပေါ့၊၊

မိမိတို့၏လက်ရှိရောက်နေသော အသက္ကို ၇ဖြင့်စားပါ၊၊ ၃၀ ပြည့်ပြီး ၁ရက်စွန်းပါက ၃၁ ဟုယူပါ၊၊
အကြွင်းအတိုင်း ဖော်ပြပေးထားသည့်အတိုင်းဆောင်ရွက်ယုံပါ၊၊

ယတြာကုသိုလ်ပြုနည်း
---------------
အသက် ကို ၇နှင့်စား၍ ရရှိလာသည့် အကြွင်းအလိုက်

၁ကြွင်းသမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် အရိမေတေ္တယျ ဘုရားကို အာရုံပြု၍ မေမြို့ပန်း ၁၉ပွင့် + ဖယောင်းတိုင် ၁၉တိုင် ဆပ်ကပ်လှူဒါန်းပါ၊၊

၂ကြွင်းသမားများ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် ကကုသန် မြတ်စွာဘုရားကို အာရုံပြု၍ သပြေ ၂၁ညွန့် + ဆွမ်းပေါ် သကြားဖြူပြီး ဆပ်ကပ်လှူဒါန်းပါ၊၊

၃ကြွင်းသမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် စိန္တာမုနိ ဘုရားကို အာရုံပြု၍ တံခွန် ၁၀လက် (သို့) ထီးအနီ ၁၀လက် + ထန်းလျှက် ဆပ်ကပ်လှူးဒါန်းပါ၊၊

၄ကြွင်းသမားများ၊၊ ၊၊မိမိတို့၏မွေးနံထောင့်တွင် ဝိပဿီ မြတ်စွာဘုရားကို အာရုံပြု၍ အုန်း ၆ညွန့်+ အုန်းဆွမ်း(သို့) အုန်းသီးဖြင့်ပြုလုပ်သောမုန့် တစ်မျိုးမျိုး ကို ဆပ်ကပ်လှူဒါန်းပါ၊၊

၅ကြွင်းသမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် ပဒုမ မြတ်စွာဘုရားကို အာရုံပြု၍ ကံကော် ၁၅ညွန့် + ကြံသကာ (သို့ ) ကြံ ဆပ်ကပ်လှူဒါန်းပါ၊၊

၆ကြွင်းသမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် သုမန မြတ်စွာဘုရားကို အာရုံပြု၍ ဇီး ၈ညွန့် + ဇီးယို (သို့ ) ဇီးဖျော်ရေ ဆပ်ကပ်လှူဒါန်းပါ၊၊

၇/ ၀ ကြွင်း သမားမ်ား ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် နရဒ မြတ်စွာဘုရားကို အာရုံပြု၍ ရွက်လှ ၁၇ ညွန့် + ရေ သက်စေ့လှူဒါန်းပါ၊၊

ထိုသို့ ဆပ်ကပ်လှူဒါန်းပြီးသည့်နောက် ကျွန်တော် တင်ပေးထားတဲ့ ဣစၦာသရ ပုတီးစိပ်နည်းကို ပုတီးစိပ္ပြားမ်ားပါ၊၊
မဏိဇောတ ပတ္တမြား ဂါထာ ၄ပုဒ္ကို တစ်ပုဒ်လျှင် ၁၀၈ခေါက်ရွတ်ပွားပါ၊၊

ပြီးလျှင် မေတ္တာပို့အမျှဝေပြီး မိမိတို့၏ငွေကြေးအခက်အခဲများ အဆင်ပြေဖို့ သစ္စာပြုဆုတောင်းပါ၊၊
တစ်ပတ်လျင် အနည်းဆုံး ၂ကြိမ်ဆောင်ရွက်ပါ၊၊မနက်ပိုင်းစောနိုင်သမျှစောစော ဆပ်ကပ်လှူဒါန်းသင့်ပါသည်၊၊
အပတ်စဉ် ၃ပတ္တိတိ မပျက်မကွက်ဆောင်ရွက်ပါ၊၊
ယတြာနည်းဖြင့် ဆောင်ရွက်လိုသူများအတွက် ငွေကုန်ကြေးကျနည်းစေရန် တင်ပြပေးလိုကိပါသည်၊၊
သီးသန့် အင်း စသဖြင့် အစီအရင်များ ဆောင်ရွက်လိုပါ Chat box သို့ အောက်ပါဖုန်းနံပါတ် Viber ဖြင့်ဆက်သွယ်နိုင်ပါသည်၊၊ဖုန်းဆက်လိုပါက မိမိပြောခိင်သည့်ကိစ္စကို တိုတိုနှင့် လိုရင်းသာပြောဆိုပေးပါ၊၊

ဆရာ လင်းအေးချမ်း (Zay Yar Oo)
ဇယုတ္တရော ဓါတ်ခန်း
09455209863
မူရင်းလင့်ခ်။ ။https://m.facebook.com/story.php?story_fbid=1980289628696133&id=100001453466041

လာဘသိဒ္ဓိပုတီးစိပ်နည်


#လာဘ်လာဘပေါကြွယ်ဝစေသော လာဘသိဒိ္ဓပုတီးစိပ်နည်း
===============================

.
မည်သည့်နေ့သားသမီးမဆို ဤပုတီးစိပ်နည်းကို
မိမိမွေးနေ့မှစတင်ရေတွက်သော် ပဉ္စမမြောက်နေ့တွင်စတင်
 အဓိဌာန်ဝင်ရပေမည်

ဥပမာ တနင်္ဂနွေ သား/သမီးဆိုပါက ကြာသာပတေးနေ့
              တနလာၤ သား/သမီးဆိုပါက သောကြာနေ့

  (အခြားနေ့များလည်း ထို့နည်းတူ ရေတွက်ပါလေ)

ထို့နောက် မိမိတို့မြို့ရွာဒေသရှိ စေတီ ဘုရားတစ်ဆူတွင် (မိမိမွေးနံထောင့်) မိမိမွေးနံ၏ အညွန့်နံ ပန်းများကို လှုဒါန်းပါ

ဥပမာတနင်္ဂနွေသားသမီး ကံကော်/ကြာ
            တနလာၤသားသမီး ဇော်စိမ်း/ဇွန်/နှင်းဆီ
            အင်္ဂါသားသမီး ရွက်လှ /
            ဗုဒ္ဓဟူးသားသမီးမေမြို့ /စံပယ်
           ကြာသာပတေးသားသမီးသီဟို /သီးညွှန့်
           သောကြာသားသမီးနှင်းပန်း/ထန်းညွှန့်/ဒန်း

စသည်တို့ကို လှုဒါန်းပါ

ပြီးသော်  

တနင်္ဂနွေသားသမီးများ >>>>> သောကြာ ဂြိုလ်ခွင်တွင်
တနလာၤသားသမီးများ >>>>> စနေထောင့်
အင်္ဂါသားသမီးများ >>>>>>> တနင်္ဂနွေ
ဗုဒ္ဓဟူးသားသမီးများ >>>> တနလာၤ
ကြာသာပတေးသားသမီးများ >>>> အင်္ဂါ
သောကြာသားသမီးများ >>> ဗုဒ္ဓဟူး

စသည့် အရပ်ဂြိုလ်ခွင်ထောင့်များတွင် သွားရောက်၍ ပုတီးစိပ်ရပါမည်

ပုတီးစိပ်ရန် ဂါထာမွာ

(နေမာ ဗုဒ္ဓဿ ပူဇံ အရဟံ )ပုတီးတလုံးခ်( ၁ )ပါတ်

(ဗုဒ္ဓံ သရဏံ ဂစၧာမိ အရဟံသိဒိ္ဓ)ပုတီးတလုံးခ် (၁)ပါတ်

(အရဟံ လာဘံသိဒိ္ဓ ဘဂဝါအောင်)ပုတီးတလုံးခ် (၁)ပါတ်

#စုစုပေါင်း (၃)ပါတ်စိပ်ပြီးသော်
====================

(ဗုဒ္ဓသေေဋ္ဌာ နေမာ သဗ္ဗလာဘံ ဧဟိဓနံ)ဟူ၍ (၂၇)ကြိမ်တိတိရွတ်ပွားပါ

*တနင်္ဂနွေ သားသမီးသည် ကြာာသာပတေး နေ့မှစတင်အဓိဌာန်ဝင်သော် (တနလာၤ) နေ့ပုတီး စိပ်ပြီးပါက ထိုအဓိဌာန်အောင်မြင်ပါသည်

*တနလာၤ သားသမီးသည် သောကြာနေ့တွင်စတင်အဓိဌာန်ဝင်သော် အင်္ဂါနေ့ပုတီးစိပ်ပြီးပါက ထိုအဓိဌာန်အောင်မြင်ပါသဘ်

*အင်္ဂါသည် ဗုဒ္ဓဟူး

*ဗုဒ္ဓဟူး သည် ကြာသာပတေး

*ကြာသာပတေး သည်သောကြာ

*သောကြာသည် စေန

*စေနသည် တနင်္ဂနွေ

စသည့်နေများတွင် ဤအဓိဌာန်ပုတီးကျင့်စဉ်အောင်မြင်ပြီးမြောက်ပြီဖြစ်ပြီး

အဓိဌာန်အောင်မြင်သူများစွာသည် ထူးခြားသိသာစွာ အလုပ်အကိုင်အကြံအစည်အောင်မြင်ကာ လာဘ်လာရရှိစေသော ##လာဘဝဍ္ဎန လာဘသိဒိ္ဓ ပုတီးကျင့်စဉ်တော်ကြီးဖြစ်ပါကြောင်းမေတ္တာရှေ့ထားရေးသားဖော်ပြလိုက်ရပေတော့သည်

.

.

.
စာကြွင်း။ ။
ကျွနု်ပ်သည်မေတ္တ္တာစေတနာများစွာဖြင့်ကိုယ်တိုင်ပင်ပန်းခံရေးသားထားသောအထက်ပါပုတီးကျင့်စဉ်အား##COPYကူးယူပြီးမူရင်းရေးသားသူအားမဖော်ပြသူများသည်ပညာမဲ့သူပညာပျောက်သူများဖြစ်ကြပါစေသတည်းShareလိုသူများလွတ်လပ်စွာShareခွင့်ပြုပါသည်

.

.
*မေတ္တာစေတနာများစွာဖြင့်
#ဆရာကျော်ဇေယျအောင်(ဘဝတုသဗ္ဗမင်္ဂလံ)

* 1.1.2020 (နှစ်သစ်အမှတ်တရ)

မူရင်းလင့်။ ။ https://m.facebook.com/groups/2025260670885172?view=permalink&id=2609288762482357

 မူလေရးသားသူကို crd ပေးပါတယ်

ပထမံဆရာအောင်၏ဣစ္ဆာယသယယတြာ


ပထမံဆရာအောင်၏ဣစ္ဆာယသယယတြာ
=======================
ညွှန်း ၁၉၉၆ခုနှစ် စက်တင်ဘာလထုတ် ဂမ်ဘီရ
မဂ္ဂဇင်း နှာ ၁၄ ပါ ဆရာမင်းသိင်္ခ၏ဆောင်းပါး

ဤယတြာသည် မြောင်းမြဒိစတြိတ် ကဝက်ကျောင်း
တွင်သီတင်းသုံးတော်မူသော ဦးကုဏ္႑လမထေရ်
ပြုစုသော ၁၃၀၂ ခုနှစ် မနောမယသိဒ္ဓိ ဝိဇ္ဇာဓိုရ်ကျမ်း
တွင်ဖော်ပြထားသော ပညာတက်စဉ်အား ဆရာကြီး
မင်းသိင်္ခ မွ က္ကစၧာသယ ယတြာအဖြစ်တင်ပြထား
ပါသည် ဆရာကြီးမှ ညွှန်းမည်ဆိုကညွှန်းဆိုထိုက်ပါ
သည် အဘယ်ကြောင့်ဆိုသော် မူလကျမ်းတွင် ဆရာ
တော်မှ " ပထမံဘိုးဘိုးအောင်၏ က္ကစၧာသယ လိုတိုင်း
တလို ့ ခဏမေသြ ပြည့်စုံစေသည် လိုရာသုံးကြ က္ကစၧ
သယ" ဟုဆိုထားသည်မဟုတ်ပါလား

ဤယတြာကို မိမိ၏ မွေးနေ ့နံနက်အာရုဏ်တက်ချိန်
တွင်ဘုရားအမှူ း ထား ဆွမ်း (၉)ပွဲပြင်ရမည် ဆွမ်းပွဲ
တွင် အုန်းသီးတစ်စိတ် သကြားတစ်ဇွန်း ဆီဆိမ်လက်
ဖက်တစ်ပုံ အခွံနွာငှက်ပျောတစ်လုံး ဖြင့်ဆွမ်းပွဲပြင်ရ
မည်

ဘုရားပွဲအနီးကျောက်ဖယောင်းတိုင်စိုက်ပြီး ကျန်ပွဲ
များအလယ်တွင် ကျောက်ဖယောင်းတိုင်စိုက်ပါ

ဘုရားတစ္ပြဲ ကျန်ရှစ်ပွဲသည် ဝိဇ္ဇာပွဲဖြစ်သည် ပွဲတွင်
မီးထွန်းပြီး ဆွမ်းတစ်ပွဲစီကိုလက်နှစ်ဖက်ဖြင့်မြှောက်ပြီး
လိုရာဆုတောင်းရမည်

အိုဘုရား ပစေ္စကဗုဒ္ဓါ ရဟန္တာလည်း ပညာဓိက သဒ္ဓါ ဓိက ဝိရိယာဓိကတည်းဟူသော ပုဗေ္ဗနိဝါသဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အာသဝက္ခယဉာဏ် ဤဉာဏ်တော် (၃)ပါးဖြင့် ဘုရားသခင်စေတော်မူသည် အိုဝိဇ္ဇာ ဒိဝိဇ္ဇာ
သဗ္ဗဝိဇ္ဇာဧဟိ စတုသမ္ဘန္နဝိဇ္ဇာ ဆေးဝိဇ္ဇာ ပြဒါးဝိဇ္ဇာ
သံဝိဇ္ဇာ အင်းဝိဇ္ဇာ စမဝိဇ္ဇာ မနောမယဝိဇ္ဇာ ဝိဇ္ဇာအပေါင်းထောင်သောင်းလာ၍ အကျွန်ုပ် (-----)
သားအားတစ်နေ ့မပြတ် စောင့်ရှောက်မစတော်မူပါ
(၃)ကြိမ်ဆိုရွတ်ရမည်

ဆွမ်းပွဲတွင် ဦးသာ ခေါင်သောက် လူမိုက် ဂဗေ်ဘ
ထာဝရမိတ်ဓာတ်နှင့် ပုဂ္ဂလပညတ်၏သောမနဝင်း
ဓာတ်(၂)မျိုး ခိုင်မာတဲ့မြေဓာတ်ဖြင့်ပေါင်းစည်းထား
သောယတြာထူးဖြစ်ပါသည်

မူရင်းလင့်။ ။ https://m.facebook.com/groups/850319365150693?view=permalink&id=1138063673042926



 မူလေရးသားသူကို crd ပေးပါတယ်

ဗားမဲ့ဆရာတော်နည်းဖြင့်အဘအောင်မင်းခေါင်စီရင်အပ်သော သဗ္ဗသိဒိ္ဓ ဂုဏ်တော်သရဏဂုံ ပုတီးအဓိဌာန်စိပ်နည်း

#ဗားမဲ့ဆရာတော်နည်းဖြင့်အဘအောင်မင်းခေါင်စီရင်အပ်သော သဗ္ဗသိဒိ္ဓ ဂုဏ်တော်သရဏဂုံ ပုတီးအဓိဌာန်စိပ်နည်း


ဗားမဲ့ဆရာတော်ကြီး မူဖြင့်အဘအောင်မင်းခေါင်စီရင်ခဲ့သော
သဗ္ဗသိဒိ္ဓ ဂုဏ်တော်သရဏဂုံ ပုတီးစိပ်နည်းဖြစ်ပါတယ် လောကီစခန်းပုတီးလမ်းစဉ်သီးသန့်ဖြင့် လိုရာဆန္ဒပြည့်ဝလိုကြသော
အကြားအမြင်နှင့်သိဒိ္ဓများရလိုကြသောဓမ္မမိတ်ဆွေများအတွက်မေတ္တာစေတနာများစွာထား၍ ရေးသားဖော်ပြလိုက်ရပါတယ် {ပညာကိုသေရွာမယူကြေးပေါ့ဗျာ}

အဓိဌာန်ရက်မှာ ၉ ၁၈ ၂၇ ၃၆ ၄၅ စသည်ဖြင့် ပုတီးအဓိဌာန်ပြုရပါမည်

*(ပထမ အဆင့်) ၉ပါတ် ၉ရက်
===================

   "အရဟံသဗေ္ဗညုတ ဉာဏသမ္ပနေ္နာ ဗုဒေ္ဓါ " ပုတီး၁လုံးခ်


*ဒုတိယအဆင့် ၉ပါတ် ၁၈ရက်
 ====================

 "သဗေ္ဗညုတ ဥာဏံ ဗုဒ္ဓံသရဏံ ဂစၧာမိ " ပုတီး၁လုံးခ်                  

တတိယအဆင့် ၉ပါတ် ၂ရ ရက်
=================

"အရဟံ ဣဒ္ဓိအစိနေ္တယျ သမ္ပနေ္နာဗုဒေ္ဓါ ' ပုတီး ၁လုံးခ်

စတုထ္တအဆင့် ၉ပါတ် ၃၆ရက်
===================
"အရဟံ ရူပအစိန္တယျံ ဗုဒ္ဓံသရဏံ ဂစၦာမိ" ပုတီး၁လုံးခ်

#ပဉ္စမအဆင့်ကိုမူစာရေးသူကိုယ်တိုင်အဓိဌာန်မဝင်ဘူးပါ

.

.

သင်ဆရာမြင်ဆရာ ပညာပေးဆရာများအားလုံးကိုဦးထိပ်ပန်ဆင်လျက်

.
မေတ္တာစေတနာများစွာဖြင့်
ဆရာကျော်ဇေယျအောင်(ဘဝတုသဗ္ဗမင်္ဂလံ)
16.1.2020
မူရင်းလင့်။ ။https://m.facebook.com/groups/2025260670885172?view=permalink&id=2641298885948011
 မူလေရးသားသူကို crd ပေးပါတယ်

Saturday, January 25, 2020

ဓမ္မစင်္ကြာအောင်ပီ


ဓမ္မစကြာ အောင်ပြီ ပူဇော်နည်း

(ကော်ပီကူးခွင့်လုံးဝမပြု ၊၊ မူရင်းပို့စ်ကိုလွတ်လပ်စွာ Shareနိုင်ပါတယ်၊၊)

စက္ခုံ ဥဒပါဒိ၊၊
ဉာဏံ ဥဒပါဒိ။
ပညာ ဥဒပါဒိ။
ဝိဇ္ဇာ ဥဒပါဒိ။
အာလောကော ဥဒပါဒိ။
ဗုဒေ္ဓါ အောင်ပြီ။
ဓမေ္မာ အောင်ပြီ၊၊
သံဃော အောင်ပြီ၊၊
သုဂေတာ အောင်ပြီ၊၊
စဓဗဝ အောင်ပြီ၊၊
သစ္စာ အောင်ပြီ၊၊

အစအဆုံး ပုတီးတလုံးခ်၊၊ အခေါက် ၆၀ ပူဇော်ပါ၊၊

အဘဘိုးမင်းခေါင်၏ အပွင့်ဓာတ်ဂါထာ ဓမ္မစကြာအနှစ်ချုပ်ဂါထာနှင့် နဂါးမတောင်ဆရာတော်ကြီးများ၏ အောင်ပြီ၆ချက် ပေါင်းစပ်ထား၍ အခက်အခဲများပြေပျောက်ကာ ငွေကြေးစသည့် အခွင့်အလန်းများပွင့်လန်းစေပါသည်၊၊ ဒိဝါတပတိဂါထာ ၆ဝ ပူဇော်နည်းနှင့်တွဲပြီး ပူဇော်ပါက ပိုကောင်းပါသည်၊၊

ဓမ္မစကြာတရားကိုအာရုံပြု၍
စက္ခုံ ဥဒပါဒိ၊၊
ဉာဏံ ဥဒပါဒိ။
ပညာ ဥဒပါဒိ။
ဝိဇ္ဇာ ဥဒပါဒိ။
အာလောကော ဥဒပါဒိ။ ဟု ပူဇော်ပါ၊၊

မြတ်စွာဘုရားက ပဉ္စဝဂ္ဂီငါးပါးကို ဓမ္မစကြာတရားတော်ဟောကြားနေချိန်တွင် ဘုရားရတနာ၊ တရားရတနာ၊သံဃာရတနာ သုံးပါးအစုံအညီ ပွင့်ပေါ်နေချိန်ဖြစ်တာကို အာရုံပြု၍ ဗုဒေ္ဓါ အောင်ပြီ၊ ဓမေ္မာ
အောင်ပြီ၊ သံဃော အောင်ပြီ ဟုပူဇော်ပါ၊၊

 မြတ်စွာဘုရားက ဓမ္မစကြာတရားကို ကောင်းစွာဟောကြားနေသည်ကိုအာရုံပြု ပြီး သုဂေတာ အောင်ပြီဟု ပူဇော်ပါ၊၊

ဓမ္မစကြာတရားဟောကြားတော်မူသော ကကုသန်မြတ်စွာဘုရား၊ကောဏာဂုံမြတ်စွာဘုရား၊ကဿ... ပမြတ်စွာဘုရား၊ဂေါတမမြတ်စွာဘုရားလေးဆူကို ရည်စူးပြီး စဓဗဝ အောင်ပြီ ဟုပူဇော်ပါ၊၊

ဓမ္မစကြာတွင်ပါသော သစ္စာလေးပါးတရားကို ရည်စူးပြီး သစ္စာ အောင်ပြီ ဟု ပူဇော်ပါ၊၊

ကိုသစ္စာ
14.7.2019 တနင်္ဂနွေနေ့


မူရင်းလင့်။ ။ https://m.facebook.com/story.php?story_fbid=2243016175996430&id=1870044853293566
 မူလေရးသားသူကို crd ပေးပါတယ်

ရုက္ခမူ ကျင့်စဉ် ( သို့ ) ရုက္ခမူလ ကျင့်စဉ်


ရုက္ခမူ ကျင့်စဉ် ( သို့ ) ရုက္ခမူလ ကျင့်စဉ်
***********************************
ဤရုက္ခမူ ကျင့်စဉ် ကို ကျင့်မည် ဆိုပါက " ဗောဓိညောင်ပင် " တွင်သာ ကျင့်ကြံ အားထုပ်ရပါမည်။

" ရုက္ခ" သစ်ပင် ကို မဏ္႑ိုင် ပြု့၍ ကျင့်ရ မည် ့အကျင့် ဖြစ်သောကြောင့် တျခား သစ်ပင် များတွင် မဖြစ်စေရပဲ
" ဗောဓိညောင်ပင်" တွင်သာ ဖြစ်စေရပါမည်။

ကျင့်စဉ် မွာ .... တနင်္ဂနွေ နေ့ တွင် ဗောဓိ ညောင်ပင် အောက်သို့ သြားပါ။
ကံ့ကော် (၂) ညွန့် ကို ဗောဓိ ညောင်ပင် မွ ရုက္ခစိုး ထံ တွင် လှုပါ။
ညောင်ပင်အောက် မွ တောင်စူးစူး အရပ်သို့ လှည့်ပြီး တင်ပျဉ်ခွေ ထိုင်ပါ။
" အောင်ဗောဓိ " ဂါထာ ကို ၁၀၈ လုံး ပုတီး တစ်ပတ် စိပ်ပါ။
အချိန် သက်မှတ် ချက် မရွိ ပါဘူး။ တနင်္ဂနွေ မွ စ၍ (၇) ရက် ကျင့်ရပါမယ်။
ထို ရုက္ခမူ ကျင့်စဉ် ကို တခါ လောက် လုပ်ကြည့် ရုံ နှင့် လုပ်ငန်းတွင် ပိတ်နေသော အတားအဆီးမ်ား တခါတည်းလွင့်စင်သွားပါမယ်။
ရာထူးတက်ဖို့ ပိတ်နေသူများ တစ်နေသူများ ထို " ရုက္ခမူ ကျင့်စဉ် " ကို တစ်ကြိမ် စမ်းသပ်လုပ်ကြည့်ပါ။
တနင်္ဂနွေ နေ့ တွင် ကံကော် (၂) ညွနိ့ တောင်စူးစူးအရပ်
တနင်္လာ နေ့တွင် စပါယ် (၃) ကုံး ... အနောက် ဘက် အရပ်
အင်္ဂါ နေ့တွင် ရွက်လှ (၄) ညွန့် ...မြောက် စူးစူး အရပ်
ဗုဒ္ဓဟူး နေ့တွင် မေမြို့ပန်း (၅) ပွင့် ..... အနောက်တောင်အရပ်
ကြာသပတေး နေ့တွင် သပြေ (၆) ညွန့် ... အရှေ့မြောက် အရပ်
သောကြာနေ့ တွင် နှင်းဆီ အနီ (၇) ပွင့်... အရှေ့စူးစူး အရပ်
စနေနေ့တွင် အုန်းညွန့် (၁) ညွန့် ...... အရှေ့တောင်ဘက်
ရုက္ခစ်ုး ထံ လှု၍ " အောင်ဗောဓိ" ဂါထာ ပုတီး တစ်ပတ်စိပ်ရပါမည်။

အောင်ဗောဓိဂါထာ
+++++++++++
ပထဝီ ဗလသုန္ဒရီ

သဗ္ဗညူ ဗောဓိမဏ္႑လေ

အသချေၤယျံ မာရေသနံ

ဇေယာ ဇာယတု မင်္ဂလံ ။

အနက်
******
ပထဝီ ဗလသုန္ဒရီ ..... မြေထု့ မျခား ကြီးမားလွန်မင်း ကောင်းမြတ်သော သည်းခံခြင်းအား ရှိတော်မူသော
သဗ္ဗညူ ....... ခပိသိမ်းသောတရား တို့ကို အကြွင်းမရှိ သိတော်မူပြီးသော ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
ဗောဓိမဏ္႑လေ ...... မြေ များဦးကိုင် မဏ္႑ိုင်သီရိ ဗောဓိပင်ခြေရင်း ၌
အသချေၤယျံ.......... သချၤာ ဖွဲ့ယှက် ရေတွက်မရ များပြား လွေသာ
မာရေသနံ......... မာရ်နတ်မင်း စစ်သည် အပေါင်း ကို
ဇေယာဇထာ...... ပါရမီ အဟုန် မြေဝသုန် တုန် ဟည်း လျက် အောင်ခြင်းကြီး အောင်တော်မူသကဲ့သို့
တထာ..... မျခား နမူ ထို့အတူ
မေ..... အကျွနုပ်အား
မင်္ဂလံ .....အောင်သင့် အောင်ကြောင်း မင်္ဂလာအပေါင်း သည်
ဇာယတု့ .......ခရီး ရောက်အောင် ပြီးမြောက် လျင် လျင် အောင် မြင်စေသတည်း ။

ကျင့်စဉ် crd - မြူ နှင်း

မဇ္ဈိမ ဦးဆန်းမင်း
ဝိဇ္ဇာနည်းက် နိယာမဗေဒင်



မူရင်းလင့်။ ။https://m.facebook.com/groups/1573638246261942?view=permalink&id=2030585370567225
 မူလေရးသားသူကို crd ပေးပါတယ်

Thursday, January 23, 2020

#ပွဲတွေ့ယတြာမီးထွန်းနည်း(ဂါထာမီးထွန်းနည်း


#ပွဲတွေ့ယတြာမီးထွန်းနည်း(ဂါထာမီးထွန်းနည်း)

===========================

     





      ဒီလို လွယ်လွယ်ကူကူနဲ့ သေသေချာချာ အစွမ်းရှိ စီရင်နည်းတွေကို တင်ပေးဖို့ တာဆူခဲ့တာကြာပါပြီ။တင်မယ့်တင် ပြည့်ပြည့်စုံစုံ တင်ပေးချင်တာကြောင့် အချိန်တစ်ခုထိ စောင့်ဆိုင်းခဲ့ရတာပါ။

            ဒါက အင်းကွက် စမကွက်မဟုတ်ပါဖူး။ဒါကြောင့် ရေးသားစဉ် တင်းကြပ်တဲ့ စည်းစနစ်တွေ မလိုအပ်ပဲ လူတိုင်းလွယ်လွယ်ကူကူ စီရင်အကျိုးပြီးနိုင်ပါတယ်။

            အဓိက အနေနဲ့ကတော့ ....

        (၁)အကြတ်အတည်းများတဲ့အခါ
        (၂)ဂြိုလ်အစီးအနင်းညံတဲ့အခါ
        (၃)စီးပွားလာဘ္လာဘ လိုအပ်တဲ့အခါ
        (၄)အကြောင်းအမျိုးမျိုးကြောင့် ယတြာခြေတိုင်း အစွမ်းမထက်ဖြစ်တဲ့ခါ .....

          စတဲ့ အခြေအနေ (၄)မျိုးအတွက်ရည်ရွယ် ပြုလုပ်လို့ရပါတယ်။

စီရင်နည်း
======

သန့်ပြန့်တဲ့ စက္ကူအပေါ်မှာ ပုံပါအတိုင်း ရေးသားရမှာပါ။
ရေးတဲ့အခါ မနက်ပိုင်း ဘုရားရှေ့မှာ ရေးသားရပါမယ်။
ရေးနေစဉ် စကားမပြောမိဖို့နဲ့ ခေါ်ရင်မထူးဖို့နဲ့ ရေးသားမူကိုပဲ အာရုံစိုက်နေပါမယ်။

ပုံပါအတိုင်း အလယ်မှာ

က ဃ ဏ ဠ

အတွင်းရံ ဂါထာဖြစ်တဲ့
ဗုဒ္ဓံ သရဏံ ဓမ္မံသရဏံ သံဃံသရဏံ ဣဒ္ဓံသရဏံ
ရေးသားပါ။

အပြင်ရံဖြစ်တဲ့

ယထာဝိ ဥဏှေ ဝိဇ္ဇန္တေ ပရံ ဝိဇ္ဇာတိ သီတလံ
ဧတံ တိပိဓ ဝိဇ္ဇန္တေ
နိဗ္ဗာနံ ဣစ္ဆိတ တဗ္ဗေကံ

ရေးသားပါ။

အလုံးစုံ ပြီးတဲ့အခါ အပြင်ရံဂါထာနဲ့ (၃၇) ခေါက်မန်းရပါမယ်။ ဂါထာမန်းပြီးတဲ့အခါ စီရင်ခြင်းအလုံးစုံပြီးပါပြီ။

မီးထွန်းဖို့က ဂါထာကွက်ပေါ် မြေဆီမီးခွက်တင်၍ ဆီနှင့် မီးစာကြိုးနဲ့ ပူဇော်ဖို့ပဲဖြစ်ပါတယ်။မိမိ မွေးနံနေ့မှ ၇ ရက် တပတ္တိတိ အချိန်မှန်နေရာမှန် ပူဇော်ရပါမယ်။မနက်ပိုင်းပဲဖြစ်ပါတယ်။

ဒီဂါထာကြက္ကိုပဲ
ယပ်မှာ ရေး၍ ဘုရားမှာပူဇော်ထားနိုင်ပါတယ်။
ဉာဏ်သွားသလောက် အသုံးပြုကြပါ။
အကျိုးထူးများရကြပါစေ။

                                             နိုင်ထက်အောင်

မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=871526403211144&id=100010613768917


 မူလေရးသားသူကို crd ပေးပါတယ်

ငွေအမြန်ဝင်စေသော ယတြာအိုးအစီအရင်



ယျတာအိုး အစီအရင်တောာ်
                (ငွေအမြန်ဝင်နည်း)

           ငွေ ဆိုတာ သည်းခြေ ကြိုက်ပါ။ရသင့်သလောက်ရမယ်
ဝင်ငွေတိုးလာမယ်။ ငွေနဲ့ပက်သက်လို့ ဖြစ်နေတဲ့ အခက်အခဲတွေ
 လျော့သွားမယ်ဒါဆို မကောင်းဖူးလား ?
           ဒီလောက်လွယ်လား ဆရာရယ်လို့မေးမယ်ဆိုရင်
 ခုပညာက ခုမှဟိုလူပြောသယောင် ဒီလူပြောသယောင်နဲ့
စိတ်ကူးယဉ် စီရင်ထားတာ မဟုတ်ပါဘူး
 အင်္ဂဝိဇ္ဇာမယ (အင်္ဂဝိဇ္ဇာမဟုတ်ဖူးနော်) ဣဒိမယ စတဲ့
ကျမ်းထွက်တွေဖြစ်လို့ ရာစုနှစ်တွေ ချီပြီး လူတွေသုံးခဲ့ပြီးသားပါ
 အားလုံးအောင်မြင်ခဲ့ပါတယ်...
            စီရင်နည်းက ...ဘယ်နေ့သားသမီးမဆို
            တနလာၤနေ့ နံနက် ၉:၂၀ (ဒါကနေ့ရက်နဲ့အချိန်)
            ငွေဖလားမှာ (ဖလားဖြစ်ဖို့တော့လိုတယ်)
            (၁)ရဲယိုညွှန့်
            (၂)နေဇာ
                   * မြေဇာ အဖျားနီလျှင် နေဇာအဖြစ်သုံး
                ၍ရသည်*
            (၂)မြေဇာ
       အားလုံးခုနစ်ညွှန့်စီဖြစ်ပါတယ် တခြားနံတူထည့်လို့မရပါဖူ
း ဒီသုံးမျိုးကို ရအောင်ရှာပါ ဒီပန်း ၂၁ ညွှန့်ကို ဖလားထဲမွာ စိုက်ပါ ။ရေထည့်လို့ရပါတယ်။
 ထီးတံခွန်ကုက္ကားအစုံ ထည့်ပါ။ဒါကို အိမ်ရဲ့ ဧည့်ခန်းအမြင့်တနေရာမှ
ာ သေချာလေးဆုတောင်းပြီး တင်ထားရုံပါပဲ။
နှစ်ပတ်တခါလောက်လုပ်ပေးရင် ငွေပင်စိုက်တယ်လို့တောင်
 ခေါ်ဝေါ်နိုင်ပါတယ်။
               ဒီအစီအရင် ဓါတ်တွေချည်းမို့ ဓါတ်အက္ခရာ
ထည့်ချင်ရင်ရော ဆိုတဲ့ဆရာများ cb လာပါ။အက္ခရာရှိပါတယ်။
               ဒီအစီအရင်အတိုင်းပြုလုပ်လို့မစွမ်းဖူးဆိုတဲ့
ပုဂ္ဂိုလ်များ cb လာပါ။
ကျနော့ကိုအပြစ်တင်စကားဆိုနိုင်ပါတယ်။
                 အခါအခွင့်သင့်ရင်လည်း ခုနစ်ရက်သားသမီး
အကျိုးပြု မဟာယတြာတော်များ ထပ်တင်ပေးပါ့မယ်။

                                 နိုင်ထက်အောင်
                             (ဗေဒဝိဇ္ဇာ-အစိနေ္တယျ)
မူရင်းလင့်။ ။https://m.facebook.com/groups/413204832684583?view=permalink&id=439547250050341

မူလေရးသားသူကို crd ပေးပါတယ် မူရင်းလင့်ပါ။ ။

@ထူးခြားသောဖယောင်းတိုင်စီရင်နည်း



ထူးခြားသောဖယောင်းတိုင်(သို့မဟုတ်)
 ဓနသိဒ္ဓိဖယောင်းတိုင်လေး



၂၀၀၀ ခုနှစ်ဝန်းကျင်ကဖြစ်၏။
က်နော်သည် အစိုးရမှအထူးတာဝန်ယူ၍
လုပ်ကိုင်ရသော လမ်းဘေးဝဲယာမြေသားချဲ့ခြင်း
အလုပ်၌ နေ့စားခ ၃၀၀ ခန့်ဖြင့်ဝင်ရောက်လုပ်ကိုင်
နေရချိန်လည်းဖြစ်၏။
သာမန်အားဖြင့် လမ်းအထူးအဖွဲ့တစ်ခုခုအား
တာဝန်ပေးအပ်၍ခိုင်း၍ရသော်လည်း
ထိုအချိန်က မဟာဗျူ ုဟာလမ်းဖြစ်နေ၍
အလွန်အရေးကြီးသောကြောင့် ဆည်မြောင်း ၊
ပ ဆ င နှင့် ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းမျိုးစုံတို့က
 နေ့စဉ်ကြီးကြပ်ကွပ်ကဲစစ်ဆေးလျှက်
လုပ်ဆောင်ပေးရသောကာလလည်းဖြစ်၏။

ထိုလုပ်ငန်းကို မိုးကုတ်မြို့၊မိုးမိတ်မြို့မှ
တပ်ရင်းမှူးကြီးများနှင့် ဗ် ူဟာမှူးတို့က
နေ့စဉ်စောင့်ကြည့်လုပ်ဆောင်ကြချိန်ဖြစ်၏။

က်နော့်အလုပ်မွာ လုပ်ငန်းဆိုင်ရာသုံး
ယာဉ် ယန္တယား စက်ကြီးများအား 
လောင်စာဆီ အမျိုးမျိုး အထည့် ၊
အသုံး လက်ကျန်စာရင်းတို့ကိုနေ့
စဉ်မှတ်သားရသောအလုပ်ဖြစ်၏။

သို့သော် ဋ္ဌာနတစ်ခုတည်းတာဝန်ယူထားသော
လုပ်ငန်းမဟုတ်သောကြောင့် နေ့ခင်းပိုင်း
နားချိန်မရှိသလို ညပိုင်းတွင်လည်းနားချိန်နည်း
ပါသည်။
အမှန်မှာညပိုင်းအလုပ်မလုပ်ရပါ..
ဒိုဇာ လိုဒါ ဘက်ဟိုး ဂရေတာ ကက်တာပီလာ
စသော ထိုစက်ကြီးများကိုမောင်းနှင်ကြသော
သူမ်ားမွ ညပိုင်းတွင် စက်သုံးဆီမ်ားလာရောက်
ကဲ့ထုတ်ကြသည်ကိုလည်း စောင့်ကြည့်ရင်း
ဝေစုတောင်းရေသာကြောင့် မနားရခြင်းဖြစ်၏။

အနေအစားဆင်းရဲသော်လည်း
လွန်စွာတွက်ခြေကိုက်လေ၏။

ထိုသို့နေ့မအားညမအားလုပ်ရသောအလုပ်တွင်
 က်နော်သည် မကြာမကြာ အလုပ်ပြုတ်ခြင်း၊
အလုပ်ဖြုတ်ခြင်းကို ၄ ကြိမ်တိုင်တိုင်
( ဗျူဟာမှူးကိုယ်တိုင် အလုပ်ဖြုတ်ခြင်းကို )
ကြုံခဲ့ရဖူးလေ၏..

ကျနော့်အလုပ်များရှိရာ တောင်တန်းတစ်နေရာမှ
၁၅ မိုင်ကျော်မျှဝေးရွာလေးတစ်ရွာသို့
ခဏခဏအလည်သွားနေခြင်းကြောင့်ဖြစ်
ပြီး မနက်ခင်းအရောက် အလုပ်မဝင်နိုင်သော
အချိန်နှင့် ဗျူဟာမှူးတို့စစ်ဆေးသောအချိန်တို့
တိုက်ဆိုင်သွားတိုင်း အလုပ်ဖြုတ်ခြင်းခံရပါသည်။
ကျနော် အကြောင်းအမျိုးမျိုးပြပြီးတောင်းပန်သော်လည်း မရပါ..

သို့သော် ကျနော့်ကိုအလုပ်ပြုတ်ပြီးရက်ပိုင်း
အတွင်းပင် အလုပ်ပြန်ပြီးခန့်ကြပါသည်
..ပြုတ်လိုက် ယတြာလုပ်လိုက် ပြန်ပြီးခန့်
လိုက်ဖြစ်၏။

ထိုသို့အလုပ်မရှိအကိုင်မရှိအခက်အခဲဖြစ်တိုင်း
ကျနော်ပြုလုပ်လေ့ရှိသောဘုရားမီးပူဇော်ရသည့်
နည်းလေးတစ်ခုရှိ၏

ထိုနည်းကို မည်သည့်ပညာရှင်များက
စီရင်သွားသည်ကို ကျနော့်အနေဖြင့်မသိခဲ့ပါ..

လုပ်ကိုင်စီရင်ရသည်မှာအလွန်လွယ်ကူ၍
လွန်စွာအဆင်ပြေသည်ဆိုသည်ကိုတော့
ကျနော့်ကိုယ်တွေ့အကြိမ်ကြိမ်ပင်ဖြစ်၏။

ဦးစွာပထမ အနန္တငါးပါးကို ရှိခိုး၍
ငါးပါးသီလဆောက်တည်ရ၏၊

ထို့နောက် ဖယောင်းတိုင်ကြီး ၁ တိုင်ပေါ်တွင်
အဝတ်ချုပ်အပ်အသစ်တစ်ချောင်းဖြင့်
ဂဏန်းများရေးခြစ်ရ၏။

ပထမဆုံး မိမိ၏မွေးနံ နံသင့်ဂဏန်းကို စပြီး
ဖယောင်းအပေါ်ပိုင်းရေး၍ကောင်းသော
နေရာမှ စ၍ရေးရ၏။
မိမိက တနင်္ဂနွေ သားသမီးဖြစ်လျှင် ၁ ဟုရေးပြီး
ဂဏန်း၏အောက်မှ မျဉ်းတုံးလေးခံလိုက်ရ၏။
တနင်္လာသားသမီးအတွက်ပြုလုပ်ပေးမည်ဆို
ပါက ၂ ဟုရေးရုံသာ။

ပြီးပါက မိမိနံဂဏန်းအောက်မှ တုံးလေး
(မျဉ်းကြောင်းငယ်)ခံပြီးအောက်တည့်တည့်သို့
၁.၂.၃.၄.၅.၆.၇.၈.၉.ဟု အစဉ်လိုက်ရေးခြစ်ရပါမည်။ဒေါင်လိုက်ရေးခြစ်ရပါသည်။
ထိုတိုင်ကို ပထမတိုင် ဂြိုဟ်တိုင်ဟုမှတ်ရပါမည်။

ထို့နောက် ဖယောင်းတိုင်ကိုအနည်းငယ်
တစ်ပတ်မရှိတရှိလှည့်၍ ဒုတိယတိုင်ကိုရေး
ရမည်ဖြစ်၏..
မိမိ၏မွေးနံ သို့မဟုတ် အခြားစီရင်ပေးရမည့်
သူ၏မွေးနံဂဏန်းကိုရေးရ၏.ထို့နောက်
အမည်အောက်မှ တုံးလေးတစ်ကြောင်းခံရ၏..
ထို့နောက် အောက်တည့်တည့် ဒေါင်လိုက်ဖြစ်
အောင် ၆.၃.၅.၅.၂.ဟုအစဉ်လိုက်ရေးလိုက်ရ၏.
ထိုတိုင်ကို မယ်တော်တိုင်ဟုခေါ်ရ၏။

ထိုအစီအစဉ်အတိုင်းပြီးလျှင် နောက်ဆုံးတိုင်
တစ်တိုင်ကိုလည်းထပ်မံရေးရမည်ဖြစ်၏။
မိမိမွေးနံဂဏန်း သို့မဟုတ် အခြားစီရင်ပေးရမည့်သူ၏မွေးနံကိုရေး .ထို့အောက်မှတုံး(မျဉ်းကြောင်း)လေးခံပြီးအရင်ရေးရ၏။
 မိမိအခက်အခဲကြုံနေရသော ဖြစ်လိုသော
ကိစ္စအား စဉ်းစားပြီး နံသင့်ဂဏန်းဖြင့်ဒေါင်
လိုက် အောက်သို့အစဉ်အတိုင်းရေးရ၏၊

ဥပမာ..အိမ်ထောင်ရေးအဆင်ပြေပါစေ..
၁.၇.၈.၁.၃.၅.၃..ဟုရေးရ၏..

ဥပမာ။ ။အလုပ်အမြန်ရပါစေ
၁.၄.၁.၅.၈.၅.၃

ဥပမာ..
ချစ်ထွန်းငွေအကြွေးအမြန်လာဆပ်စေ.
.၂.၇.၂.၁.၂.၁.၅.၄.၃.၃.ဟုရေးရန်ဖြစ်၏..

ဥပမာ..
ထီရောင်းအားကောင်းပါစေ
.ထီဆုကြီးပေါက်သူမ်ားပါပါစေ.
၇.၈.၁.၂.၅.၃.၇.၃.၂.၅.၆.၅.၅.၅.၃.
စသည်ဖြင့်ရေးရန်ဖြစ်၏..

ဥပမာ.မင်္ဂလာကိစ္စနှစ်ဘက်မိဘများသဘော
တူပါစေ..စသည်ဖြင့် အရေးကြီးလိုအပ်နေသော
အခက်အခဲကိစ္စကိုရေးရုံသာဖြစ်၏..

မိမိ၏လက်ရှိဘဝနှင့်အလွန်အလှမ်းမကွာသော
ဖြစ်ခွင့်ရှိသောကိစ္စဖြစ်ဖို့တော့လိုပါသည်။

ထိုသို့ရေးသောတိုင်ကို တတိယတိုင်ဟုခေါ်ရ၏.
ဖယောင်းတိုင်ကြီးတစ်တိုင်ပေါ် ပတ်လည်နေရာ၌ပင် ရေးရမည်ဖြစ်၏။

ထိုအစီအစဉ်အတိုင်းရေးသွင်းပြီးပါက
ဖယောင်းတိုင်ကိုညာလက်(မိမိသန်ရာလက်)
ဖြင့်ကိုင်ပြီးပါးစပ်နားကပ်ကာ ဂါထာနှစ်ပုဒ်ဖြင့်
တစ်ဂါထာလျှင် ၃၇ အုပ်(၃၇ ခေါက်ကိုဆိုလိုသည်)ရွတ်ဖတ်ရ၏..

ပထမဂါထာမှာ..အောက်ပါအတိုင်းဖြစ်၏..

ဥုံ...ဧဝံ အစိန္တိယာ ဗုဒ္ဓါ ၊ ဗုဒ္ဓဂုဏာ အစိန္တိယာ၊

အစိန္တိယေ ပသန္နာနံ ဝိပါကော ဟောတု
အစိန္တိယော ဟု၃၇ ခေါက်ရွတ်ရ၏။

ပြီးလျှင် ဒုတိယဂါထာမန္တာန်ဖြင့် ၃၇ ခေါက်ရွတ်ရ
အုံးမည်ဖြစ်၏။

ဂါထာမှာ...

ဥုံ... တုဌေဟိ မမ တု‌ဌေဟိ 
 ပိယေဟိ မမ ပိယေဟိ၊
သိန္နေဟံ မမ သိန္နေဟံ

ေဩာင်း ရာဇ စိတ္တံ ပီယံ မှိုင်း မှိုင်း

ေဩာင်း ဒေဝဒေဝီစိတ္တံ ပီယံ မှိုင်း မှိုင်း

ေဩာင်း ဣတ္ထိ ပူရိသ စိတ္တံ ပီယံ မှိုင်း မှိုင်း..။

ထိုသို့ရွတ်ဆို၍ သိဒ္ဓိတင်ပြီးသည်နှင့်
ဖယောင်းတိုင်အစီအရင်မှာပြည့်စုံနေပြီဖြစ်၏။

ထို့ထက်ပိုပြီးတတ်ကျွမ်းနားလည်သူများက
တော့ အချိန်ကောင်း အခါကောင်း 
နက္ခတ်ကောင်း နိမိတ်ကောင်းတို့ဖြင့် ဆန္ဒရှိသလိုစီရင်နိုင်ပါသည်..။

ပြုလုပ်ရန်မှာ ဆုတောင်းပြည့်စေတီတစ်
ဆူဆူသို့သွားပြီး မိမိ၏မွေးနံဘုရား သို့မဟုတ်
မိမိဉာဏ်ဖြင့်စိတ်ကူးရှိရာရုပ်ပွားတော်ရှေ့၌
မီးထွန်းပြီး ပူဇော်ရ၏..
မိမိ၏အခက်အခဲကိုလည်း ဤဆီမီးအလင်း
မြတ်နှင့် အခြားလှူဖွယ်များပါပါက မည်သို့လှူခဲ့
သည် မည်သို့ဂါထာတော်အား ပူဇော်ဖူးသည်
စသည်ဖြင့်အမှန်ဆုံးသစ္စာကိုပြုရင်း
အသေးစိတ်ဆုတောင်းရ၏။

သေးငယ်သောကိစ္စများအတွက် ၁ ကြိမ်နှင့်
ပင်လုံလောက်စွာအကျိုးပေး၏..
ကြီးကျယ်သောကိစ္စ သမ္မါဆန္ဒအခက်
အခဲများရှိလျှင်ဖြင့် ဉာဏ်ရှိသလို
စီရင်ပူဇော်ရ၏။

သင့်အနေဖြင့်စောဒကတက်လိုက
ဟာ..အဲဒါလောက်စွမ်းနေရင်
တိုက်တွေ ကားတွေ ထီဆုကြီးတွေ
မင်းတို့တောင်းယူပါ့လားဟု
 ပြောချင်လျှင်ပြောနိုင်မည်ဖြစ်၏..

မိမိတို့၏ ဘဝဘဝက ကောင်းမှု မကောင်းမှု
ကံများနှင့်ပတ်သက်ပါသည်..

ယခုကျနော်ပြောပြသောနည်းဖြင့်ပြုလုပ်ပါက
သင့်အနေဖြင့် ဖယောင်းတိုင် တစ်တိုင်
အပ်တိုတစ်ချောင်း အချိန်
တစ်နာရီခန့်မျှသာကုန်မည်
ဖြစ်ပြီး အနည်းဆုံး ဘုရားရှိခိုး အမ်ွဝေရသော
ဆွမ်း ဆီမီး ရေချမ်း ပန်းစသည်
လှူဖြစ်သောအကျိုးတို့သည်
အချောင်နေရင်းရအုံးမည်ဖြစ်၏..
ထို့ထက်ပို၍အဆင်ပြေသွားပါက
ကုန်ကျမှုအနည်းဆုံးနှင့် အကျိုးအ
မြတ်သည် မနှိုင်းသာအောင်
သာလွန်နေမည်ကိုတော့ သင်ကိုယ်တိုင်
သိမြင်နားလည်သွားမည်ဖြစ်၏..

ထို့ကြောင့် က်နော်ငယ်စဉ်ကာလက
 လက်ကိုင်အားထားပြု၍အသုံးပြု
အောင်မြင်ခဲ့ဖူးသော ဂမ်ဘီရ ဖယောင်းတိုင်
အစီအရင်အား ပညာလိုလား
ကြသော အမျိုးကောင်းသား
အမျိုးကောင်းသမီးများနှင့် အခက်အခဲ
တစ်စုံတရာကြုံနေကြကုန်သော ၇ ရက်
်သားသမီးများအတွက် ရည်ရွယ်၍စေတနာ
မှန်စွာဖြင့့််အသေးစိတ်ဖော်ပြလိုက်ရပေသတည်း..

ဤဂမ်ဘီရဖယောင်းတိုင်စီရင်နည်းအား 
ရွှေအောင်လံမဂ္ဂဇင်း ဖေဖော်ဝါ
ရီလ (၉၈)အမှတ် ၃၁ တွင်
ရေးသားဖော်ပြပေးဖူးသော မူရင်းစာရေး
ဆရာအား က်နော် နိုင်အောင်လှိုင်မွ
ထာဝရ ခင်မင်လေးစားလျှက်ရှိပါ
ကြောင်း ဖော်ပြရင်း...

မူရင်းလင့်။ ။https://m.facebook.com/groups/529128884119580?view=permalink&id=884155105283621

မူလေရးသားသူကို crd ပေးပါတယ် မူရင်းလင့်ပါ။ ။