ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။
Saturday, December 8, 2018
အပွင့်ဓါတ်ဂါထာတော်ကျင့်စဥ်
စီးပွားရေး ကျန်းမားရေး ပညာရေး ဘုန်းကံပိတ်ဆို့မှုများကိုဖယ်ရှားလင်းပေးနိုင်သော
အပွင့်ဓါတ်ဂါထာတော်
သင်သည်ဘုန်းကံပိတ်ဆို့မှုများကြုံတွေ့နေသော်
အောက်ပါ အပွင့်ဓါတ်ဂါထာတော်ဖြင့်သက်ဆိုင်ရာမိမိတို့၏ ဂြိုလ်တိုင်များ၌ ေအောက်ပါဂါထာတော်ဖြင့်ပုတီးတစ်ပတ်စိပ်ကုသိုလ်ပြု့လုပ်၍သင်၏ဘုန်းကံကိုသင်ကိုယ်တိုင်မြှင်တင်လိုက်ပါ။
ဘုန်းကံပွင့်ဂါထာတော်
၁။ စက္ခုံဥဒပါဒိ = စက္ခုံ နိရောဓသစ္စာကိုမြင်ကာသိတတ်သော ပညာမျက်စိသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်၍လာလေပြီ
၂။ ဥာဏံဥဒပါဒိ = ဥာဏံ နိရောဓ သစ္စာကိုသိခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်လာလေပြီ
၃။ ပညာဥဒပါဒိ = အပြားအားဖြင့်သိခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့်အထင်အရှားဖြစ်ပေါ်လာလေပြီ
၄။ ဝိဇ္ဇာဥဒပါဒိ = ထိုးထွင်း၍သိမြင်ခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်၍လာလေပြီ
၅။ အာလောကောဥဒပါဒိ = အမှောင်ကိုခွင်း အရောင်အလင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့်အထင်အရှားရှိလေပြီ
ပုတီးစိပ်သောအခါ
စက္ခုံဥဒပါဒိ
ဥာဏံဥဒပါဒိ
ပညာဥဒပါဒိ
ဝိဇ္ဇာဥဒပါဒိ
အာလောကောဥဒပါဒိ
ဟူ၍ပဲစိပ်ပါ အနက္ကိုလိုက္ဆိုစရာမလိုပါ
တနင်္ဂနွေသားသမီးတို့သည်
ကြာသပတေးထောင့်ဂြိုလ်တိုင်တွင်စိပ်ပါ
တနင်္လာသားသမီးတို့သည်
ရာဟုထောင့်ဂြိုလ်တိုင်တွင်စိပ်ပါ
အင်္ဂါသားသမီးတို့သည်
သောကြာဂြိုလ်တိုင်တွင်စိပ်ပါ
ဗုဒ္ဒဟူးသားသမီး မနက်မွေးသူများသည်
တနင်္ဂနွေဂြိုလ်တိုင်တွင်စိပ်ပါ
ဗုဒ္ဓဟူး ညမွေးသူများသည်
ဗုဒ္ဓဟူးဂြိုလ်တိုင်တွင်စိပ်ပါ
ကြာသပတေးသားသမီးများသည်
အင်္ဂါဂြိုလ်တိုင်တွင်စိပ်ပါ
သောကြာသားသမီးများသည်
စနေဂြိုလ်တိုင်တွင်စိပ်ပါ
စနေသားသမီးများသည်
တနင်္လာဂြိုလ်တိုင်တွင်စိပ်ပေးပါ
မိမိတို့၏ပိတ်ဆို့နေသောဘုန်းကံဟူသမျှပြန်ပွင့်လာမည်ဖြစ်ပါကြောင်း
ဖြူစင်သောမေတ္တာဖြင့်
ဆရာသော်တာအောင်
Ph 09798182381
Viber + 959798182381
မူလေရးသားသူကို crd ပေးပါတယ်
 မူရင်းလင့်ပါ။ ။https://m.facebook.com/groups/1619560851621872?view=permalink&id=1762758827302073
Friday, November 30, 2018
စိတ်စွမ်းအင်ကျင့်စဉ်
စိတ်တစ်ခု၏ တည်ဆောက်ကျင့်ကြံမှုတွင် အေးဆေးတည်ငြိမ်သော အပိုင်းကိုအဓိကထားသည်မဟုတ်ပါလော လူတွင် မွေးဖွားထဲက စိတ်အစွမ်းသတ္တိသည် အနည်းနှင့်အများပါလာတက်ကြ၏ လောဘဒေါသတွေကြောင့် ငုပ်လျှိုးနေကြ၏ စိတ်သည် တစ်စုံတစ်ခုပေါ်တွင် စူးစိုက်ဖန်များ တည်ငြိမ်လာသော် မိမိစိတ်သည် အစွမ်းထက်လာ၏- ထို့ကြောင့် သမထ ဘာဝနာ ပုတီးစိပ်ခြင်း ဂါထာမန္တန်ရွတ်ပွားခြင်း ကသိုဏ်းဝန်း ကြည့်ခြင်းများဖြင့် စိတ်ကိုထက်သထက်ထက် စွမ်းသထက် စွမ်းလာအောင်ပြုလုပ်ကြ၏— အစွမ်းသတ္တိတန်ခိုးဆိုသည်မှာ မိမိခန္ဓာကို အရင်းပြု၍ လုံ့လဇွဲတို့ဖြင့် ကျင့်ကြံပါမျှရနိုင်ပေ၏–ဘယ်တန်ခိုးရှင် ဘယ်ဖန်ဆင်းရှင်ကမှ မိမိအားတန်ခိုးစွမ်းအ့ားမပေးချေ။ မိမိတို့ဘာသာပြုလုပ်ရ၏ အစွမ်းသတ္တိတန်ခိုးသည် လေ့ကျင့်သူအတွက် ကျောခြင်းကပ်လျှက်တွင်ရှိပါ၏— ထို့ကြောင့် ကျွန်ုပ်တင်ပြပြီးသော (မှော်ဖယောင်းတိုင်ကြည့်နည်း)-ကျင့်စဉ်တွင် မီးတောက် တစ်ခုအား မနီးလွန်းမဝေးလွန်းတွင် ထား၍ မျက်တောင်မခတ်ပဲ စိတ်ဖြင့်စူးစိုက်ကျင့်ရ၏– ပထမတွင် မျက်ရည်ပူများကျဆင်း၍ စိတ်ကျည်းကျပ်သောအခက်အခဲ နှင့်ကြုံတွေ့ရ၏ သို့သော် နေ့စဉ်မပျက် သက်မှတ်ရက် အတိုင်းကျင့်ကြံလာသော် ထိုမီးတောက်နှင့် မိမိစိတ်မိမိမျက်လုံး ရင်းနှီးလာပြီး နောက်ပိုင်းကြည့်ဖို့ထိုင်လိုက်သည့် တပြိုင်နက် တသားထဲဖြစ်၍ စိတ်ငြိမ်သက်လာမည်။ မျက်လုံးမှိတ်လိုက်လျှင် မီးတောက်လေးပေါ်လာမည်။ မီးတောက်လေးကို စိတ်အာရုံနဲ့ ကြာမြင့်စွာထိန်းသိမ်းရမည်။ မီးတောက်လေးပျောက်သွားသော် မူရင်းမီးတောက်ကို ပြန်မှတ်မိအောင် ပြန်အာရုံစိုက်ကြည့်ရမည်ဖြစ်၏– မိမိဘယ်ပဲရောက်ရောက် ထိုမီးတောက်လေး စိတ်ထဲစွဲမြင်နေလျှင် ဖယောင်းတိုင် မလိုတော့ အိပ်လျှက်ဖြစ်စေ ထိုမီးတောက်လေးကို ပုံဖော်အာရုံပြု စိတ်ကိုငြိမ်သက်စွာထားနိုင်လာ၏–ထိုနမိတ်တွေထင်မြင်လာပြီဆိုလျှင် မိမိစိတ်အစွမ်းထက်စပြုလာ၏—အမြင်အကြားကောင်းလာ၏ လိုအင်ဆန္ဒပြည့်စုံလာစေ၏ —- (ရေကသိုဏ်းရှုခြင်း)——-ရေဖန်ခွက် အသစ်တစ်လုံးတွင် ကြည်လင်သောရေကိုထည့်၍ ရေဖန်ခွက်ထဲ အရိပ်မကျနိုင်သော နေရာတွင် ထား၍ မိမိလဲ သက်တောင့်သက်သာ အနေထားတွင် နေပြီး ကြည်လင်သော ရေမျက်နှာပြင်ကို မိမိမျက်လုံးဖြင့် မျက်တောင်မခတ်ပဲစိုက်ကြည့်နေရမည်။ မျက်ရည်ကျသော် ခဏမှိတ်၍ ပြန်ကြည့်ရမည်။ ထိုသို့ကြည့်ဖန်များသော် ရေသည် နို့နှစ်ရောင်ဖြစ်သလိုလို မီးခိုးတွေဖြစ်လာသလိုတွေ့ရမည်။ ထိုသို့ဖြစ်လာသော် ဆက်လျှက်ကြည့်ပြီး ပြန်လည်ကြည်လင်လာမည်။ ရေလဲကြည်သလို မိမိစိတ်လဲကြည်လင်သန့်ရှင်းနေမည်။ မိမိသိလိုသော သူတစ်ဦးကို ရေမျက်နှာပြင်ပေါ်မှာ စိတ်အာရုံထားပြီးကြည့်လိုက်ပါက ထိုသူအား ဘာလုပ်နေသည် ဘယ်သွားနေသည်ကိုဖြင့် ငွေရောင်ပိတ်ကားပေါ်မှာ ရုပ်ရှင်ကြည့်ရသလိုပေါ်လိမ့်မည်။ ထိုသို့ကြည့်နေချိန်များတွင် မိမိ၏ စိတ်ကတောင်းတလိုက်သော မည်သည့်အရာမဆို ပြည့်စုံလာတက်၏—အဘယ်ကြောင့်ဆိုသော် မိမိစိတ်က ကြည်လင်၍ တန်ခိုးရှိလာပြီကိုး။ (အဝန်းအဝိုင်းအားကြည့်ခြင်း)—လ္ဘက်ရည် ပန်းကန် အမဲ စက်ဝိုင်းတစ်ခုအားပြုလုပ်၍ အလယ်ဗဟိုတွင် ကွမ်းသီးလုံးအရွယ် အဖြူရောင် စက်ဝိုင်းထပ်ရေးဆွဲ၍ မိမိသက်တောင့်သက်သာ ထိုင်ကြည့်နိုင်သော နေရာတွင် ဖြစ်စေ ခြင်ထောင် အမိုးတွင်ဖြစ်စေ အိပ်လျှက်ဖြစ်စေ ထိုင်လျှက်ဖြစ်စေ ကြည့်နိုင်၏— မိမိစိတ်အာရုံသည် အလယ်အမှတ် အဖြူရောင် အဝိုင်းတွင် ရှိနေရမည်ဖြစ်ပြီး ငါးမိနစ်ကြာ မျက်တောင်မခတ်ပဲ စိုက်ကြည့်လိုက် မျက်လုံးကိုမှိတ်၍ ၄င်းအဖြူရောင် အစက်ကို စိတ်အာရုံနှင့် စူးစိုက်ထိန်းလိုက် အကြိမ်ကြိမ်အာရုံပြုနေရမည်ဖြစ်၏—- ကျင့်ဖန်များသော် မိမိလိုအင်ဆန္ဒရှိပါက ထိုအဖြူရောင် အဝန်းဝိုင်းကို အာရုံနမိတ်ယူ၍ လိုအင်ဆန္ဒအပေါ် ပို့လွှတ်ပေး၍ ပြည့်စုံစေ၏ -အမြင်ဓါတ်များရစေ၏———-အထူးသတိပြုရန်မှာ မိမိသည် သမထ လမ်းကြောင်းတစ်ခုပေါ် နင်းနေပြီဆိုပါက မိမိတို့မည်သည့်ကျင့်စဉ်ကျင့်ကျင့် သမထ၏ သိမ်မွေ့သောဖျားယောင်းသွေးဆောင်မှုကိုခံရမြဲဖြစ်၏ ထိုသို့မခံနိုင်သော် ကြောင်တောင်တောင်ဖြစ်သွားတက်၏—မိမိတွင် စိတ်စွမ်အားရပါသော်လည်း ဘယ်လိုအသုံးပြုရမည်ကို မကိုင်တွယ်တက်ခြင်းကြုံရတက်၏—မည်သည့်ဟာပဲ ကျင့်ကျင့် လောဘမကြီးရ ဖြေးဖြေးမှန်မှန်ကျင့်ရမည်ဖြစ်၏ အရမ်းဖြစ်ချင်စိတ်များသော် အမှားပါတက်၍ မိမိအတွက် ဆိုးကျိုးများသာဖြစ်စေ၏— ကဲမှန်ပါ၏ လောဘမကြီးပဲကျင့်မည်။ ဟုတ်ပါ၏ ဤသို့ကျင့်သော်လည်း လမ်းတဝက်ရောက်သော် ဖျားယောင်းသွေးဆောင်မှုဒဏ်ခံရဦးမည်။ ဆက်၍လုပ်ချင်စိတ်မရှိအောင် နောက်ထူးဆန်းဖွယ်ရာ အမြင်ထူးတွေ အတုအယောင် တကယ့်အတုတရားတွေလာပေဦးမည်။ လောကီဆိုလျှင်လဲ မိမိကျင့်စဉ်တိုးတက်အောင် မှန်ကန်သောလမ်းကြောင်းပေါ်ရောက်အောင် လမ်းပြတည့်မတ်ပေးနိုင်သော ဆရာတစ်ဦးလိုအပ်၏—-လောကုတ္တရာဆိုလျှင်လဲ တရားလမ်းကြောင်းမှန်မှန်ကန်ကန် လမ်းကြောင်းမှန်အောင် ဆရာတစ်ဦးလိုအပ်ပေ၏——-ထိုသို့ဆရာများရွေးချယ်ရာတွင် စာတွေ့မဟုတ် လက်တွေ့ကိုယ်တိုင်ကျင့်ကြံခဲ့သောကျင့်ကြံဖူးသော ဆရာဖြစ်မှသာ မိမိတို့အတွက် မှန်ကန်သော ကျင့်စဉ်အတွေ့အကြုံကို အပြန်အလှန်မေးမြန်း၍ လိုရာမနောပေါက်မည်ဖြစ်လေသည်။ ဤ ကျင့်စဉ် လမ်းကြောင်း၏ ပရိယာယ်မာယာအတုအယောင် များကိုကျော်လွှားနိုင်မည်ဖြစ်၏—- မည်သည့် သထမကျင့်စဉ်ကျင့်ကျင့် မိမိစိတ်တန်ခိုးထက်မြက်မည်ဖြစ်ပြီးလိုအင်ဆန္ဒပြည့်စုံစေ၏ ကျင့်စဉ်အမြင့်ဆုံးပိုင်းရောက်လာသော် လမ်းကြောင်းပြောင်းပြီး သိဒ္ဓိပိုင်းဆိုင်ရာ ခွဲထွက်သွားမည်ဖြစ်၏— မိမိတို့ယခု ရောက်ဆဲ အသက်အပိုင်းအခြားကို မိမိတို့ကောင်းစွာသိပါ၏ မည်သည့်အတွက်ကြောင့် တစ်စုံတစ်ရာကို လုံ့လထုတ် မကျင့်သေးပါသနည်း- အချိန်မရလို့ အချိန်မရလို့ဆိုလျှင် ဘယ်တော့မှ မိမိအတွက် အားချိန်မရှိတော့ချေ။ ဂမ္ဘီရမျက်လုံးမျိုး စိတ်အကြံမျိုး အမှားအမှန်ခွဲခြားတက်သော ဥာဏ်စဉ်များ ကျင့်စဉ်ထဲတွင် မိမိတို့ရရှိနိုင်၏— တစ်ခုအကြံပြုရသော် မိမိသည် ဂမ္ဘီရလောကီပညာ ဝါသနာ ပိုးလေးရှိပါက မိမိနှစ်သက်ရာလဲလုပ် သမထကျင့်စဉ်လေးပါ တွဲလုပ်ပေးသင့်၏ အဘယ်ကြောင့်ဆိုသော် လောကီပညာများ၏ သိမ်မွေ့သော မာယာများကို အမှန်အမှား ခွဲခြားနိုင်ပြီး အချိန်တိုတိုနှင့် လိုအပ်တာအောင်မြင်နိုင်ပါ၏—- ဓါတ်တစ်ခုသေအောင် မလုပ်ခင် မိမိစိတ်အရင် သေအောင်သတ်ပါ အင်းစမ တစ်ခုသေအောင် မကစားခင် မိမိစိတ်သေအောင် အရင်လုပ်ပါ။ မန္တန်တစ်ခု သေအောင် မရွတ်ခင် မိမိစိတ်သေအောင် အရင်လုပ်ပါ။ (သေ=ငြိမ်သက်ခြင်း+အစွမ်းတန်ခိုးရှိလာခြင်း) စိတ်တစ်ခု အစွမ်းထက် ငြိမ်သက်လာလျှင် မကြားဘူးတာမမြင်ဘူးတာ မရဘူးတာ မတွေ့ဖူးတာ အလုံးစုံမြင်ရတွေ့ရမည်ဖြစ်၏— ထို့ကြောင့် လက်တွေ့ကျင့်ကြံနေသော သူများရှိပါက မိမိတို့ ကျင့်စဉ်လမ်းကြောင်းဖြင့် သက်ဆိုင်သော အမေးများ တွေ့ကြုံခံစားရပုံများ မည်သို့ဆက်လက် ကျင့်ဆောင်ရမည်ကို ဤ Post မန်းတွင် မေးမြန်းနိုင်၏ ပညာဒါနအဖြစ် ဖြေကြားပေးပါမည်။ ယခင်အချိန်တွေကဆိုလျှင် စာအုပ်သာဖတ်ရပြီး နားမလည်တာ ဘယ်သူမေးရမှန်းမသိဖြစ်နေ၏ ယခုမတူတော့ လူမှုကွန်ယက် ပေါ်လာပြီး နားမလည်ပါက တခါထဲ မေးမြန်းနိုင်၏ —- လောကီစည်းမျည်းတစ်ခုတွင် လောကီအထာ လောကုတ္တရာ အထာဆိုတာရှိ၏ မိမိတို့ကျင့်ကြံလိုက်စားနေသော အရာမှန်သမျှကို တန်ဖိုးထား၍ ငါတော့ဘယ်အဆင့်ရောက်ပြီ ဘယ်လိုတွေမြင်တွေ့ရပြီ ဆိုပြီး အလေ့ကျစကားတစ်ခုလို မပြောဆိုရပေ။အပြုသဘောဆောင် ဆွေးနွေးတာကို တော့မဆိုလိုပေ။ မိမိအားပတ်ဝန်းကျင်က လူနလပိန်းတုန်းလူဆိုးလူမိုက်ဟု ထင်မြင်ပါစေ အချိန်တန် လူခြေတိတ်လျှင် မိမိအကျင့်အကြံ စရဏကို လူမသိသူမသိ လုပ်ဆောင်ရ၏ လူရွှင်တော်သည် ဇတ်ခုံပေါ်တွင် အများရှေ့ပျက်လုံးများပျက်၏ ဇတ်ပွဲပြီးသော် သူ၏ အကျင့်အကြံ ခပ်တည်တည်ပင်ဖြစ်၏ — အရက်သမားဖဲသမားနှင့် မလွဲမရှောင်သာတွေ့က ပတ်ိသတ်ရာပတ်သတ်ကြောင်းသာပြောဆိုပေါင်းသင်းရာ၏ မိမိအကျင့်အကြံ မိမိစရဏ မိမိသာသိဖို့လို၏ တခြားသူအထင်ကြီးလေးစားအောင် လုပ်ရသောအရာမဟုတ်ချေ။ တန်ဖိုးရှိသော အရာကို ထုတ်ဖော်မပြသရချေ။ ယခုခေတ် မိမိတွင် အစွမ်းရှိလာသော် နှုတ်လုံအောင်နေ ဟန်ဆောင်ရင်ဆောင် မဆောင်နိုင်ရင် လူတွေနဲ့ဝေးရာသွား ဒီလိုမှမဟုတ်ရင် မိမိဘဝ ကံဆိုးမိုးမှောင် ကျပြီသာမှတ်။ ထို့ကြောင့် ရင်ထဲပြောချင်ရေးချင်တာများသော်လည်း နိဂုံးချူပ်လိုက်ပါပြီ—– စာဖတ်သူများ အားလုံး ကျင့်ဆဲ ကျင့်လတ္တံ့ ပုဂ္ဂိုလ်များအားလုံး ဘဝနောက်ဆုံးချိန်မတိုင်ခင် ရည်ရွယ်ချက် ကိုယ်စီရှိ၍ လောကီသမထ ကျင့်စဉ်စခန်းမှ အလေ့အကျင့်တစ်ခုရပြီး လောကုတ္တရာ မြတ်သောအမတနိဗ္ဗန်စခန်းသို့ တက်လှမ်းနိုင်ကြပါစေ——– မိမိတို့ကျင့်စဉ်များသည်လည်း အချည်းအနှီး မဖြစ်—- မိမိသည် စိတ်စွမ်းအားပါဝါရှိလာပါက မိမိတို့ ပြောသောစကား လုပ်သောအလုပ်သည် အရာထင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်အား လွှမ်းမိုးနိုင်မည်ဖြစ်လေ၏———-နဝင်းမောင်(ဂမ္ဘီရလောကီပညာ)
နောက်တစ်နည်း
ဗုဒ္ဓဘုရားရှင်က စိတေ္တန နိယေတာ လောကော စိတ်တန်ခိုးရှိသူသည် လောကသုံးပါးကိုအကောင်းအဆိုးဖန်တီးနိုင်စွမ်းရှိတယ်လို့ဆုံးမသွန်သင်လမ်းညွန်ဟောပြခဲ့ပါတယ် စိတ်တန်ခိုးကျင့်စဉ်အမျိုးမျိုးရှိတဲအထဲကအခုဓါတ်ဖန်လုံးနှင့်စိတ်တန်ခိုးလေ့ကျင်ပုံကိုပြောပြချင်ပါတယ်။ ဓါတ်ဖန်လုံးနှင့်စတင်လေ့ကျင့်မယ်ဆိုရင်တော့ အစပထမှာမိမိနှင့်ကိုက်ညီသောဓါတ်ဖန်လုံးကိုယူရပါမယ်။ ဓါတ်ဖန်လုံးအရွယ်အစားအမျိုးမျိုးရှိပါတယ် အကောင်းဆုံးမှာရုံးတွင်းအားကစားတစ်မျိုးဖြစ်သောလက်ပစ်ဘောအရွယ်သည်အသင့်တော်ဆုံးအရွယ်ဖြစ်ပါသည်။
# လေ့ကျင့်ပုံလေ့ကျင့်နည်း #
ဓါတ်ဖန်လုံးစတင်လေ့ကျင့်လိုသောသူသည် စတင်လေ့ကျင့်မည့်နေ့တွင်တစ်ကိုယ်လုံးသန့်ရှင်းစင်ကြယ်စေရပါမည်။ ထို့နောက်သပ်ရပ်သောဘုရားခန်းရှိလျှင်ပိုကောင်းပါတယ် နံနက်စောစောအရုဏ်တက်ချိန်နှင့်ညဥ့်နက်ပိုင်းတို့တွင်လေ့ကျင့်နိုင်ပါတယ်။ မိမိ၏နေရာသည် ကားသံ လူသံ ဆူညံသံလုံးဝကင်စင်သောနေရာဖြစ်လျှင်မည်သည့်အချိန်တွင်မဆိုလေ့ကျင့်နိုင်ပါသည်။ ညဥ့်နက်ပိုင်းတွင်လေ့ကျင့်လိုသော် ၅ တိုင်အားလျှပ်စစ်မီးသီးအဖြူရောင်ကိုသုံးပါ သို့မဟုတ် ဖယောင်းတိုင်အလတ်စားတစ်တိုင်နှင့်လည်းရပါတယ်။ မီးသီးဖြစ်စေ ဖယောင်းတိုင်ဖြစ်စေ မိမိထိုင်သောနေရာ၏ နောက်ဘက်တွင်ထားပါ။ ဓါတ်ဖန်လုံးကိုမိမိထိုင်သောနေရာ၏ လက်တစ်ကမ်းအကွာတွင်မိမိမျက်လုံးနှင့်တစ်ပြေးတည်းထားပါ။ သို့မှသာမျက်လုံးနှင့်ဖန်လုံးအဆင်ပြေပြေနှင့်ရေရှည်တွင်ကြည့်ရှု့နိုင်ပါသည်။ ထို့နောက်ဘုရားခန်းတွင်အနနေ္တာအနန္တငါးပါးကိုရှိခိုးသောအားဖြင့်ဖယောင်းတိုင် ၅ တိုင် အမွှေးတိုင် ၅ တိုင်ထွန်းပေးပါ။ ထိုင်သည့်အချိန်တွင်ခါးကိုမတ်မတ်ထားပြီးလက်နှစ်ဖက်ကိုသင့်လျှော်သလိုအဆင်ပြေသလိုထားပါ။ ထို့နောက်ဖန်လုံးကိုမျက်စိလုံးဝမပိတ်ဘဲတောက်လျှောက်ကြည့်နိုင်သလောက်စိုက်ကြည့်ပေးပါ အစပထမတွင် ကြာကြာစိုက်ကြည့်သည့်အတွက်ကြောင့် မျက်လုံးကျိန်းလာမည်။ စပ်လာမည်။ မျက်ရည်ပူများယိုဆသ်းလာမည်။ စိတ်မပျက်ပါနှင့်ဆက်ပြီးလေ့ကျင့်ပါ ဒီနေရာမှာတစ်ဦးနှင့်တစ်ဦးအကျင့်အကြံပါရမီဓါတ်ခံမတူညီသည့်အတွက်ကြောင့်မည်သည့်ကာလတွင်ကျင့်ကြံအောင်မည်ကိုတော့တပ်အပ်သေချာမပြောနိုင် သို့သော် ၁ ပတ် ၂ ပတ်စသည်ဖြင့်ဆက်တိုက်လေ့ကျင့်သွားသော်ဓါတ်ခံရှိသူများသည်ပါရမီအလျှောက်ထူးခြားမှုရှိတတ်ပါသည်။ အချို့လည်း ၁ လနှင့်အဆင်ပြေသလိုအချို့လည်း ၆ လဖြစ်စေ ၁ နှစ်ဖြစ်စေ ကြာစေတတ်ပါတယ် အဓိကမွာ ယုံကြည်မှု ဇြဲ လုံးလပြည့်စုံဖို့သာအဓိကဖြစ်ပါသည်။ ဤသို့ကြိမ်ဖန်များစွာကျင့်ကြံသွားသော် ဓါတ်ဖန်လုံးသည်အစပထမတွင်အဖြူရောင်သက်သက် ကြည်ကြည်လင်လင်ရှိသော်လည်း ၄င်းအဖြူရောင်သည်ပို၍ရင့်သွားသလိုပို၍ကြည်လင်သွားသလိုခံစားရမည်။ ထို့နောက်ဖန်လုံးကိုဆက်ပြီးကြည်ါရှု့သွားသော်၄င်းဓါတ်ဖန်လုံးသည်အရောင်သဏ္႑န်ပြောင်းလဲသွားတတ်ပါသည်။ ကြည့်ရှု့သူ၏ သမာဓိအရအရောင်ပြောင်းလဲမှုသည်လည်းတစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ကြပါ။ ဤအဆင့်ထိကျင့်ကြံပြီးပါကစိတ်သမာဓိလည်းအတော်အသင့်ကောင်းလာတတ်ပြီးဖြစ်ပျက်လာမည့်ကိစ္စကိုအာရုံထဲတွင်ရုတ်တရက်ရောက်ရှိလာတတ်ပါတယ် ဥပမာဆိုရသော် မိတ်ဆွေတစ်ဦးနှင့်တွေ့သောအခါ၄င်း၏ရှေ့ဖြစ်များကိုလှစ်ဟလိုက်သလို၄င်းမိတ်ဆွေ၏အနာဂတ်ကိုအာရုံထဲတွင်ပေါ်လာတတ်သည် သို့ ၄င်း၏အကြံအစည်သည်ဖြစ်ပျက်လာမည်သို့မဟုတ်အဆင်မပြေဖြစ်မည်ကိုကြိုတင်သ်နိုင်သလို ကျန်းမာရေးကိစ္စ အိမ်ထောင်ရေးကိစ္စ စီးပွားရေးကိစ္စများကိုလည်းအကြောင်းဆက်လာလျှင်ပြောပြနိုင်ပါသည်။ 
ဆန္ဒဝတော ကိံနာမ ကမ္မံန သိဇ္ဈတိ ပြင်းပသောဆန္ဒရှိသူအားအဘယ်မည်သောအမှုကိစ္စဟူသမျှသည်ဆားစီး၍ရအ့ံပါနည်းဟူ၍ဘုရားရှင်ဆုံးမလမ်းညွန်ဟောပြတော်မူခဲ့ပါသည်။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ဆရာသော်တာအောင်
Ph 09798182381
      09445972506
Viber + 959798182381
           + 959445972506
မူလေရးသားသူကို crd ပေးပါတယ် မူရင်းလင့်ပါ။ ။
Wednesday, November 28, 2018
မူလအကြားအမြင်ကျင့်စဉ်
လိုအပ်သောပရိကံအမှုကို ပြုလုပ်ပြီးလျှင် မိမိမျက်စိရှေ့ တည့်တည့်တွင် ဖယောင်းတိုင် တစ်တိိုင်ကိုထွန်းပါ ။
ထို့နောက်အောက်ပါ မန္တန်ကို ( 7 ) aခေါက်ရွတ်ပါ 
ဗုဒ္ဓစက္ခု  ဓမ္မစက္ခု သံဃစက္ခု(စက်ခု)
သိဒ္ဓိအစုစု ငါ​ ရ စေ
အဝေးအနီး ထုတ်ပေါက်မြင်စေ
နတ်တို့မျက်စိ ငါရေစ
မြင်စေ ဆရာ မြင်စေ
သိဒ္ဓိများစွာ ငါရလာအောင်
သိကြားလာ၍မ
ပြီးလျှင် ဖယောင်းတိုင်မီးတောက်ကို စူးစိုက်ကြည့်၍
(စက္ခုံ ဥဒပါဒိ) ဟုရွတ်ကာပုတီးတစ်လုံးချပြီး တစ်ပတ်စိပ်ပါ။
ထို့နောက် မျက်စိမှိတ်၍ ဖယောင်းတိုင်မီးတောက်နိမိတ်ကို
အာရုံစူးစိုက်၍ ထိုဂါထာကိုဘဲပုတီးတစ်ပတ်ထပ််စိပ်ပါ ။ မျက်ဖွင့်တစ်ပတ်
မျက်မှတ်တစ်ပတ် ပေါင်း နှစ်ပတ်ကို တစ်ကြိမ်သက်မှတ်ထားပါ။
ထိုအတိုင်း တစ်ထိုင်ထဲ (9)ကြိမ် စိပ်ပါ ။
ဤနည်းအတိုင်းနေ့စဉ်နေရာမှန် အချိန်မှန် ကျင့်ကြံပါက
မကြာမီ အကြားအမြင်ဓါတ်ပေါ်လာမည်ဖြစ်သည် ။
ကျင့်စဉ်ရက်အတွင်း မေတ္တာစိတ်မွေးမြူခြင်း နှင့်
သက်သတ်လွတ်စားခြင်းတို့က ကျင့်စဉ်ကိုအထောက်အကူဖြစ်စေမည် ။
ဤကား အကြားအမြင်မူလကျင့်စဉ်ဖြစ်ပေသည်။
https://m.facebook.com/groups/815088951992684?view=permalink&id=867963283371917
နောက်တစ်နည်း ။ ။
က်င့်စဉ်၁
ကြျန်တော်ဖတ်ဖူးတဲ့က်မ်းစာအုပ်မွာတော့ လူတရာက်င့်ရင် ၉၉ယောက်ကကိန်းသေအောင်ျမင်တယ်တဲ့။ ဟုတ်ပါတယ်။ ကဲဘယ်လိုက်င့်ရမလဲ ၊ ပထမဆူံး စိတိငြိမ်အောင်လုပ်ရပါမယ်။ သက်ဆိုင်ဘာသာကိုဦးခ်ပေါ့ဗ်ာ၊သက်သက်လြတ်စားပြီးက်င့်တာကပိုကောင်းပါတယ်။ ကိူယ်လက်သန့်ရွင်းလုပ်ရပါမယ်။တိတ်ဆိတ်တဲ့အျေခအနျေဖစ်ရပါမယ်။ ဘာပုံဘာကနုတ်မွမပါတဲ့ ဖန်ခြက်ကို.ရေအျပည့်ထည့်...။ကို့ခေါင်းပေါ်တည့်တည့်မွာမီးထြန်းထား၊ ကို့အရိပ်ကအာ့ဖန်ခြက်ထဲကိုမက်စေနဲ့..စိုက်ကိနေ..။ စစခ်င်းဆိုတော့ တမိနစ်ခံခ်င်မွခံမာပါ။ လက်တကမ်းအကြာအဝေးကက်ရမယ်။ မ်က်စိမှုန်ရင်တော့မ်က်မွန်တတ်ကိလို့ရပါတယ်။ တတ်နိုင်သလောက် မ်က်စိမမွိတ်ဘဲ့ကြည့်ရပါမယ်။ အနည်းဆုံးတနာရီက်င့်။ သုံးနာရီထည့်မပိုစေနဲ့။
ရေကနောက်လာလိမ့်မယ်၊အျဖူရောင်၊အုန်းနို့ရောင်ျဖစ်ရင်..စပေါက်ပီသာမွတိတော့။ အ်မန္ဆူံး တပတ်၊ အကြာဆုံး ၃လကေ်ာ်ကေ်ာ်ပါဘဲ့။ မွတ်ခါးရမာက ကိုယ်ကိတဲ့ဖန်ခြက်အသစ်စက်စက်ျဖစ်ရမယ်၊ကိုယ့်နားမွာအနည်းဆူံး၇ရက်တိတိညသိပ်ရမယ်။ က်င့်နေစဉ်အတြင်းမွာလည်းထားလို့ရပေမယ့်သဘောပါ။
အာ့လိုအောင်ျမင်သြားရင်..ဘယ်သူကဘာလုပ်နေလဲဆိုတာရေထဲမွာပုံရိပ်တြျေဖစ်ပီးျမင်လာရောဘဲ့။ မကြည့်မက်င့်တာကြာရင်တော့ပေ်ာက်သြားတတ်ပါတယ်။ မည်သည့်ဘာသာမဆိူလုပ်နိုင်တဲ့က်င့်စဉ်တခုပါဘဲ့။ နိုင်ငံျခားဓာတ်ဖန်လုံးပညာနဲ့သဘောတရားခ်င်းတူညီပါတယ်။ဒါကဘယ်နတ်ကမွမျပပါဘူး။ မိမိသမာဓိအပေါ်မူတည်တာပါ။
မူလေရးသားသူကို crd ပေးပါတယ် မူရင်းလင့်ပါ။ ။
Saturday, November 24, 2018
အကြွေးပြန်မရဘူးဆိုလို့
အကြွေးပြန်မရဘူးဆိုလို့၊ဘေအကုန်ခံ၊လက်အညောင်းခံတင်ပေးလိုက်ပြီ၊သေခြာတော့လုပ်ကြ၊ပြီးရင်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးတစ်လုံးနဲ့တုန့်ပြန်မဲ့အစား၊မေတ္တာပို့ပေးရင်ပိုမှန်လိမ့်မည်၊ပါးစပ်ကနေအလကားရတဲ့လေနဲ့ကျေးဇူးတင်ပါတယ်လို့လွယ်လွယ်မပြောကြစေဖို့ပြောပါရစေ၊{အကြွေးရရန်ရှိသောသူ၏အမည်ကို၊ငှက်ပျောရွက်မှာ၊ပုလင်းကွဲနဲ့ရေး၊ပြီးလျင်မြေအိုးထဲမှာထည့်၊ပါ၊ပွတ်ပွတ်ဆူအောင်ပြုတ်လိုက်ပါ၊ဆူနေသောထိုအိုးကိုယူ၍၊ငါ့ထံကယူထားသောငွေ၊အမြန်ပြန်ရပါစေလို့၊လေးလေးနက်နက်ဆုတောင်းကြ၊ပြီးရင်၎င်းအိုးကိုရိုက်ခွဲပြစ်လိုက်တော့၊(၃)ကြိမ်(၃)ခါလုပ်သိသာထင်းရှားစွာပြန်ရမည်၊မယုံလုပ်ကြည့်၊မရရင်ပြော
မူလေရးသားသူကို crd ပေးပါတယ်
 မူရင်းလင့်ပါ။ ။https://m.facebook.com/story.php?story_fbid=622604138109129&id=450743868628491
လိုရာစေမီးတိုင်
~~~~~~
ကိစ္စများမြောင်ဤလူ့ဘောင်ဝယ်
တစ်နေ့ပြီးတစ်နေ့မရိုးရလေအောင်တစ်မျိုးပြီးတစ်မျိုး
အထူးထူးအေထြေထြ ကြုံရသည်မှာဓမ္မတာဖြစ်သည်။ထို့ကြောင့်ရတာမလိုလိုတာမရမဖြစ်စေဖို့
အတွက်ယခု "လိုရာစေမီးတိုင်"အကြောင်း
ညွန်ပြပါမည်။
ကံသာအမိ ကံသာအဖဖြစ်ကြောင်း
သင်ယုံကြည်လျှင် ကံ ကံ၏အကျိုးကိုမယုံနိုင်
စရာမရှိပေ။
ချမ်းသာချင်သူသည်အလှူမပြုလျှင်
အဘယ်မှာချမိးသာမည်နည်း။
ဂုဏ်တော်မပွားပဲ
အဘယ်မှာဆြာဟိတ်ရှိမည်နည်း။
ကာမသောင်းကျန်းသူမှာ
အသက်ရှည်ဘုန်းကြီးသူဖြစ်အံနည်း။
ကံကံ၏အကျိုးပြုပုံထင်ရှားစေပြီမဟုတ်လော။ ။
ယခု မီးတိုင်သည်လောကတွင်အတုမရှိ
ကြီးမြတ်သည့်ဗုဒ္ဓံဓမ္မံသံဃံရတနာသုံးဖြာ
ကိုညွတ်တွားပူဇော်ထားသည့်အပြင်
ကမ်ဘာ့မိတ်ဓာတ်များကိုအောက်ခံထားပြီး
စီရင်အပ်သောမီးတိုင်ဖြစ်သဖြင့်ပြုလုပ်စီရင်
သူဆြာအနေနှင့်၄င်း ပြုလုပ်မည့်တပည့်ဖြစ်သူ
အနေနှင့်၄င်း ဦးစြာ ဘုရားဂုဏ်တရားဂုဏ်သံဃဂုဏ်ကိုညွတ်တွားပူဇော်ရပေမည်။ညွတ်တွားပူဇော်
ခြင်းဖြင့်မပြီးသေး ယုံကြည်လေးနက်စွာတည်ကြည်သောစိတ်လည်းထားရပေမည်။စီရင်သည့်အခါတွင် ဖြစ်မှဖြစ်ပါ့မလားဆိုအပ်သည့် ဝိစိကိစၧာ ကိုလည်းပယ်သတ်စေရမည်။၄ဝိစိကိစၧာ တည်းဟူသော မိစၦာ သည်နိဗ္ဗာန်ကိုပင်ကွယ်ကာတက်သဖြင့်အခြားသောအရာဆိုလျှင်ဆိုဖွယ်ရာမရှိပါပေ။
လောကီပညာ၏ကြီးစွာသောရန်သူသည်၊
်၄င်းဝိစိကိစၦာပေတည်း။အလွန်ကြောက်ဖွယ်ဖြစ်သည်။သတိကြီးကြီးထားပါလော့။ ။
အထက်ပါစာကိုဖတ်ရူနားလည်ကျင့်သုံးနိုင်လျှင်
အောက်ဖော်ပြပါစာကိုဖတ်နိုင်ပါပြီ။ ။
ဗုဒ္ဓံသရဏံဂစၦာမိ
ဓမ္မံသရဏံဂစၦာမိ
သံဃံသရဏံဂစၦာမိ
အောင်ပကုလားဆွေသားနောင်ရင်း၊
စဓဗဝဒေါင့်လေးချက်ရံ၊ကဃဏဠထက်အောက်ဘယ်ညာကူစေ၊အလယ်တွင်ဇီဝအသက်ကယှက်ယယှက်သွင်း။
အဟိန်းမန္တန်အနေဖြင့်
ဥုံ
ဗုဒ္ဓံသရဏံဂစၦာမိ
ဓမ္မံသရဏံဂစၦာမိ
သံဃံသရဏံဂစၦာမိ
ဗုဒ္ဓစက်အာဏာ၊ဓမ္မစက်အာဏာ၊
သံဃစက်အာဏာဖြင့်သမ္မာဒေဝ၊
ဒေဝယက္ခ၊နာဂရာဇာ။ ။
သြောင်း..။
ဆိုင်ရာနတ်မင်းမနေသာယခုလာ၍မစေ။ ။
(၁၀၈ ခေါက်တိတိ ဌာန်ကရိုဏ်းကျစွာရွတ်လေ)
မီးတိုင်ကိုကျနစွာရေးဆွဲပီးလျှင်
အဝင်နက္ခတ်ကျသည့်အခါ သင့်ရာအိမ်ဘုရား
တွင်မြေခွက်ကိုမှောက်၍ထွန်း။ဧကံဒိဌဖြစ်စေတော့သည်။ပွဲတွေ့ဖြစ်လိုလျှင်ပွဲကြီးလှူလေ။ပွဲမတွေ့လိုက မလှူနှင့်ပြောသလိုတိကျစွာလုပ်သော် မဖြစ်တာမရှိ။မီး၂နိုင်စာရေးဆွဲပြီး အိမ်ကလူပြန်လာလိုသော်
မဟာဂီရီနတ်မင်းတိုင်တည်ထွန်း၊ကျန်တဲ့မီးတိုင်ကို
ပြန်လာလျှင်အဖြေအဖြစ်နတ်စဉ်ပေါ်ထွန်း၍ဖြေပါလေ။
ရပ်ကွက်သန့်လိုသော်ပရိတ်နာကြားချိန် ရပ်ကွက်ထိပ်နတ်စဉ်မှာ နတ်မင်းလေးပါးဦးတိုက်၍ထွန်း။အတိုက်အပြုရှိသော်
ဧျမေစ သွင်းပြီးမြို့ဦးစေတီမှာထွန်း ပြုသူမခံနိုင်၊
တောင်းပန်လျှင် မေတ္တာသုတ်ဖြင့်အဖြေပေးလေ။
အိမ် ခြံ မြေအရောင်းမထွက်သော် ရောင်းထွက်စေ
သွတ်သွင်းပြီး ဘုရားပွဲ ဆိုင်ရာပွဲတစ်ပွဲ ပေးပြီး
အလယ်ခေါင်မှာ ကြွေပန်းကန်မှောက်ပြီး ကိုးကွက်အင်းတွင်ကြီးလေးကြီးရံအလယ်အသက်ဇိဝသွင်းပြီးထွန်း။ကျန်သောအရာဉာဏ်ချဲစေ။ ။တော်သေးပြီးအချို့အသုံးနည်းကိုမပြောတော့ပြီ ။ ။
စိတေ္တနနိယျတေလောကေ
ဥုံ သဗေ္ဗသတ္တာကျန်းမာချမ်းသာ။ ။
မူလေရးသားသူကို crd ပေးပါတယ်
 မူရင်းလင့်ပါ။ ။https://m.facebook.com/story.php?story_fbid=635968833452271&id=100011174796293
Monday, November 12, 2018
အ န န္တ သိ ဒ္ဓိ ရတနာဒီပံ
အ န န္တ သိ ဒ္ဓိ ရတနာဒီပံ
--------------------------
ကျမ်းရင်းပါ
ဆရာတော်ကြီးများ
ဆရာ့ ဆရာကြီးများသည်လည်း တင်ပြခဲ့ကြ
ပြီးပါပြီ
စီရင်ပုံမွာ ကျောက်ဖယောင်းတိုင်ဖြစ်စေ
ရိုးရိုးဖယောင်းတိုင်ဖြစ်စေ ...
သီးသန့်ပြုလုပ်ထားသော...
ပျားဖယောင်းတိုင်၌ ဖြစ်စေ...
၃ တိုင်ရေးရပါမည်
အလင်းရောင်အဖြစ် ဘုရားရှင်အား
ပူဇော်မည်ဖြစ်၍
မရေးခင် ထိုဖယောင်းတိုင်တို့ကို
(၁)ဆားရေစိမ်ခြင်း
(၂)တရော်ကင်ပွန်းရည်ဖြင့် ပက်ဖျန်းခြင်း
(၃)အမွှေးနံသာဖြင့် ပက်ဖျန်းတို့ကို
အဆင့်ဆင့်ပြုလုပ်ရပါမည်
ဖြစ်နိုင်ပါလျှင်...
ထိုဖယောင်းတိုင်တို့ကို
လဆန်း၉ရက်မှ လပြည့်ကျော်၇က်တို့၏
တစ်ရက်ရက်၌ လရောင်ခံစေပြီးမှ
မိမိကိုယ်ခန္ဓာအား
သန့်ရှင်းစင်ကြယ်စေလျှက် ငါးပါးသီလခံယူကာ
ရတနာမြတ်သုံးပါးအား အာရုံပြု ၍
 ရေးရန်လည်း ဖြစ်ပါသည်                        
                               ပထမတိုင်        
၁ ဗုဒ္ဓေါ လောကေဍ သမုပ္ပန္နော
 ဟိတာယ သဗ္ဗပါဏိနံ
၂ ဓမေ္မာလောကေ သမုပ္ပနေ္နာ သုခါယ သဗ္ဗပါဏိနံ
၃ သံဃောလောကေ သမုပ္ပနေ္နာ ပုညာယ သဗ္ဗပါဏိနံ
                              ဒုတိယတိုင်
၁ ဗုဒ္ဓတေဇေန အရိန္ဒမော ဗုဒေ္ဓါ မေ ရက္ခန္တုု  နိစ္စံ
၂ ဓမ္မတေဇေန မဟာလာဘော ဓမေ္မာ မေ ရက္ခန္တုု သဒါ
၃ သံဃ တေဇေန မဟာယေသာ သံဃောမေ ရက္ခန္တုု ဒိနေ
                             တတိယတိုင်
၁ နမောတေ ဗုဒ္ဓ ဝီရတ္တု ဝိပ္ပမုတေ္တာသိ
သဗ္ဗဓိ သမ္ဗာဓ ပဋိပနေ္နာ သိ္မ ၊
တဿ
မေ သရဏံ ဘ၀။
၂ အရဟံ ဗုဒေ္ဓါ ဗုဒ္ဓံ သရဏံဂစၧာမိ  
အကာလိကော ဓမေ္မာ ဓမ္မံ သရဏံ ဂစၧာမိ
သုပ္ပဋိပနေ္နာ သံဃော သံဃံ သရဏံ
ဂစၧာမိ
 ၃ ဗုဒေ္ဓါ သဗ္ဗညုတညာဏော ဓမေ္မာ
 လောကုတ္တရော နဝ
သံဃော မဂ္ဂ ဖလေဋ္ဌာ စ ဣစေ္စတေ
ရတနတ္တယံ ယေန သစေ္စန သင်္ဂမော
 ဟောတု မေ ဇယမင်္ဂလံ ။
ထွန်းညှိ မပူဇော်မွီ မွေးနေ့နံက်၌
ရတနာမြတ် သုံးပါးကို သစ်သီးဆွမ်း ၃
ပွဲတင်၍ ည ၉နာရီအချိန်တိုင်း
ဖော်ပြပါ ဂါထာမ်ားအား နေ့စဉ်
အနည်းဆုံး၉ကြိမ် ရွတ်ပွားပြီးလျှင်
တစ်ရက်၁တိုင် ပူဇော်ကာဖြင့်
 လုံခြုံစွာထိမ်းခဲ့ပြီးသော သီလတစ်ပါးပါး
ကို တိုင်တည်၍ သစ္စာဆို
ဆုတောင်းရပါမည်
**နံက် ၅နာရီအချိန်မှာလည်း ပူဇော်နိုင်
ပါသည်**
ကိုယ်တွေ့အားဖြင့် ကျွန်တော့်အသက်
၂၆၌ ၁ကြိမ်
၂၇၌ ၁ကြိမ်
၃၅၌ ၁ကြိမ် စသည်ဖြင့်သာ
ပူဇော်ဘူးသော်လည်း မိတ်ဆွေများထံ
သုတေသနပြုချက်မ်ားအရ
အတိက်ကံ/ပစ္စုပ္ပံကံတို့အား မူတည်၍
လက်ရှိလုပ်ငန်းအတိုင်းအတာတို့အလိုက်
ဉာဏ်စွမ်း စေတနာစွမ်းတို့အလိုက်
အောင်မြင်ဖြစ်ထွန်းခြင်း အဆင့်ဆင့်ကို
မ်ားစြာ
မ်ားစြာတွေ့ကြုံဘူးလှပါပြီဟု . . .
အေးငြိမ်းရွှင်လန်းကြပါစေ
သစ္စာ(ေ၀ဒပညာ)
မူလေရးသားသူကို crd ပေးပါတယ်
 မူရင်းလင့်ပါ။ ။https://m.facebook.com/story.php?story_fbid=1963686293928679&id=100008619815031
Tuesday, October 16, 2018
သုံးသိန်းရရတနာဒီပံ
#သုံးသိန်းရ အဓိဋ္ဌာန်
.............................
အလုပ်ကမကောင်း
iငွေကြေး ကိစ္စ အဆင်မပြေလို့ ဆိုပြီး
အဓိဋ္ဌာန် ဝင်နေကြတဲ့လူတွေ စတင်ပြီး အဆင်ပြေ လာကြပါပြီတဲ့ဗျာ
၃ လတောင်မပြည့်သေးဘူး ၁၀ ရက်လောက်နဲ့တင် ့ငွေကြေး ဆိုင်ရာကိစ္စတွေအဆင်ပြေလာကြပါတယ်တဲ့
အသစ်ပြန်လည်တင်ပေးပါဆိုပြီး
ထပ်မံတောင်းဆိုထား သူများအတွက်.. ....
ကိုယ်တိုင် ကိုယ်က် #သုံးသိန်းရ အင်းဖယောင်းတိုင် ကို ဖယောင်းတိုင် မှာပတ်ပြီး
အင်းမွာရေးပြထားတဲ့ ဂါထာကို ပုတီး တပတ်စိပ် သရဏဂုံ ၃ ပါး ပုတီး တပတ်စိပ် ပြီး ့နေစဉ် အဓိဋ္ဌာန် ဝင်ခြင်းဖြင့် ရက်ပိုင်း လပိုင်းအတွင်းထူးထူးခြားခြား ့ငွေကြေး ဆိုင်ရာ ကိစ္စ မ်ား အဆင်ပြေ ့ပြေလာပါလိမ့်မယ်။
တလ တတိုင် တနှစ်တတိုင် ရဖို့ အတွက်
ဟိုဆရာ ဆီက ့တောင်းရ ဒီဆရာ ဆီကတောင်းရနဲ့ မျက်နှာပူစရာ စိတ်ရှုပ်စရာ မလိုတော့ဘူးပေါ့ဗျာ။
မသိသေးသူများ
သိကြပါစေ။
သိပြီးသူများ ပညာဉာဏ် တိုးပွားကြပါစေ။
ဝိဇ္ဇာ ဉာဏ်သွင်း
အာကာမိုးမင်း
(သုခ ချမ်းသာ တာချီလိတ် ့ဗေဒင်ဆရာ များအသင်း)
တာချီလိတ် မြို့။
မြန်မာ ဖုန်း 09 260 80 99 30
ထိုင်းဖုန်း 083 571 3940
မူလေရးသားသူကို crd ပေးပါတယ်
မူရင်းလင့်ပါ။
https://m.facebook.com/story.php?story_fbid=2131509320424905&id=100006975724245
၄၅ရက်အတွင်းအကြွေးကြေနည်း...
#၄၅ရက်အတွင်းအကြွေးကြေနည်း...
မည်သည့်နေ့သာသမီးမဆိုပြုလုပ်ပေးနိုင်သည်.
ရောင်စုံကြက်လျာ၃စုံ၉လက်..တံခွန်၃စုံ၉လက်..
တစုံမှာ. ဝါ စိမ်း နီ..၃ရောင်ပါဝင်ပါတယ်..စုစုပေါင်း၉လက်ပေါ့..
မိမိ့မှာအကြွေးကြေစေလိုရင်..
ဥပမာ..မနီနီဝင်းဆိုကြပါစို့..
နီနီဝင်းလက်ရှိတင်ရှိနေသောအကြွေးများအမြန်ကြေပါစေ..ဟု..ကြက်လျာ..နှင်တံခွန်၁၈လက်မှာမှင်အစိမ်းနဲ့ရေးပေးရမယ်...သပြေ၁၁ခက်ထိုးပေးရမယ်..ရွှေရေသုတ်ပန်းအိုးနဲ့ပါ..ညှိူးလျင်ပြန်လဲပါကြက်လျာ..တံခွန်အရောင်လွင့်မှလဲပါ..
ထိုနောက်မိ့မိ့မွေးနေ့မှစတင်ပြီး..ဂုဏ်တော်၉ပါးကို၁၀ပတ်ပြည့်အောင်စိတ်ပေးရမယ်..၄၅ရက်..မတိုင်ခင်မှသင့်မှာတင်ရှိနေသောအကြွေးများကြေလည်သွားကြောင်းအံဩဖွယ်ရာထူးခြားလာမှာဖြစ်ပါတယ်..
ပုတီးစိတ်ပုံမှာ..၁၀၈လုံးပုတီးဖြင့်
အရဟံ....ပုတီးတစ်လုံးချဖြင့်၁ပတ်စိတ်..ထိုနောက်
သမ္မာသမ်ဗုဒေ္ဓါ....၁ပတ်
ဝိဇ္ဇာစရဏသမ်မ္မံဒေါ..၁ပတ်
သုဂေတာ..၁ပတ်
လောကဝိဒူ....၁ပတ်
အနုသတ္တတော..၁ပတ်
ပုရိသဓမ္မသာရထိ့..၁ပတ်
သတ္တာဒေဝမနုသာနံ..၁ပတ်..
ဗုဒေ္ဓါ..၁ပတ်.
ဘဂဝါ..၁ပတ်..ပေါင်း၁၀ပတ်ဖြစ်အောင်စိတ်ရပေမည်
မနက်တကြိမ်....နေ့လည်..တကြိမ်..ညတကြိမ်..စိတ်ပေးရမယ်..စုစုပေါင်းပုတီးအပတ်၃၀ပေါ့..
***အရမ်းကိုအကြွေးများသူအနေနဲ့ကတေ့ာမနက်၂၀..နေ့လည်၂၀..ည၂၀..ပုတီးအပတ်၆၀ပြည့်အောင်စိတ်ပေးရမယ်..
#ထူးခြားမှု့..
ယခုပုတီးစိတ်နည်းစတင်စိတ်သည့်အချိန်မှစ၍..လုပ်ငန်းများတိုးတက်လာခြင်းငွေကြေးများရောက်ရှိလာခြင်း..
မိ့မိ့ဩဇာသက်ရောက်မှု့ရှိလာခြင်း .ဆုံရှုံးပြီးငွေကြေးများပြန်လည်လက်ဝယ်ရောက်ရှိလာခြင်း..#မိ့မိ့အနီးတွင်အတွင်းစိတ်မမှန်ကန်ပဲကပ်ရပ်စားသောက်နေသောပေါင်းပင်လိုလူမျိုးများသူ့အလိုလိုထွက်ခွာသွားခြင်း..လမ်းခွဲသွားခြင်း..(ကိုယ့်ချစ်သူစိတ်ထားမှန်မမှန်စမ်းသပ်ကြည့်ကြပေါ့..)ပုတီးပတ်အဓိဌာန်၃လပြည့်လို့မိ့မိ့အနားမှထွက်မသွားဘူးဆိုရင်တော့..မိ့မိ့အပေါ်အမှန်တကယ်မေတ္တာစစ်ပေးနိုင်သူဖြစ်တယ်ဆိုတာပါပဲ..ဒါကတော့ကိုယ်တွေ့မို့..မျှဝေပေးလိုက်တာပါ..(မည်သူ့က်ိုမျှမရည်ရွယ်ပါ)တိုက်ဆိုင်မှုရှိလျင်ခွင့်လွှတ်ပေးပါ..
#အကြွေးကြေမည်...#စစ်မှန်သောလုပ်ငန်းဖြင့်တိုးတက်လာမည်..#မိ့မိ့ချစ်သူသို့မဟုတ်မိတ်ဆွေစစ်မစစ်..ကွဲပြားစွာသိ့ရှိလာမည်..
#ထိုပုတီးစိတ်နည်းဖြင့်
အိမ်ပိုင်ယာပိုင်ဖြစ်သွားသောမိတ်ဆွေတဦးရှိခဲ့ဖူးပါသည်
ချစ်သောမျက်စိ့ဖြင့်
ဆရာမစောယုနိုင် (တဲရော့ဗေဒ)
09777710419
09403792745
မူလေရးသားသူကို crd ပေးပါတယ်
 မူရင်းလင့်ပါ။ ။https://m.facebook.com/story.php?story_fbid=281137352740388&id=100025323756083
Friday, September 7, 2018
လွယ်ကူစွမ်းထက်အမှန်တကယ်အောင်မြင်စေသောယတြာ
မိတ်ကိုဓါတ်အုပ်အားကြီးဟုတ်လွယ်ကူအစွမ်းထက်လုပ်မခက်
အလုပ်အကိုင်အိုးအိမ်အတွက်
အဆင်မပြေဖြစ်နေလျှင်
 တနင်္ဂနွေနေ့ နံက် ၇ နာရီ ၃၀ မိနစ်မှ ၉နာရီအတွင်း ပိတောက်ညွန့် ၂၉ ညွန့်ကို တနင်္ဂနွေဒေါင့်အရပ်မှနေပြီးလိုရာဆုတောင်းလှူပါ
ငွေဝင်နည်းခြင်း၊ အကြွေးများရရန်ကြန့်ကြာနေခြင်း
ဖြစ်နေလျှင်
 တနလာၤနေ့နံက် ၇ နာရီ ၃၀ မိနစ်မှ ၉ နာရီအတွင်း လက်ပန်ရွက် ၉ ရွက် ကို
တနလာၤဒေါင့်အရပ်မှလှူပြီးဆုတောင်းပါ
ဈေးဆိုင်များအရောင်းဝယ်ပါးနေခြင်း၊
စက်ပစ္စည်းကြောင့်အခက်အခဲဖြစ်နေခြင်းကြုံနေလျှင်
အင်္ဂါနေ့နံက် ၇ နာရီ ၃၀ မိနစ်မှ ၉ နာရီအတွင်း သရက်သီးစိပ် ၁၀ စိပ်ကို
အရှေ့တောင်ဒေါင့်အရပ်မှလိုရာဆု
တောင်းလှူပါ
ရွှေကိစ္စ၊သားသမီးသောက၊ လျှပ်စစ်ပစ္စည်း၊ လ်ဘက်ရည်ဆိုင်များ အဆင်ပြေအောင်မြင်စေလိုလျှင်
 ဗုဒ္ဓဟူးနေ့နံက် ၇ နာရီ ၃၀ မိနစ်မှ ၉ နာရီအတွင်း ကသစ်ညွန့် ၈ ညွန့်ကို
တောင်အရပ်မှနေ၍လိုရာဆုတောင်းလှူပါ
မြေကိစ္စ၊မိန်းမကိစ္စ ၊
အမွေပြ ဿနာများကြုံတွေ့နေလျှင်
 ကြာသပတေးနေ့နံက် ၇ နာရီ ၃၀မိနစ်မှ ၉ နာရီအတွင်း ဇောင်ဂျမ်းညွန့် ၅ ညွန့်ကို အနောက်ရပ်မှနေ၍လိုရာဆုတောင်းလှူပါ
ခရီးသွာရန်ကြံ့ကြာနေသူများ
 သောကြာနေ့နံက် ၇ နာရီ ၃၀မိနစ်မှ ၉နာရီအတွင်း စောင်းလျှားညွန့် ၇ ညွန့် ကို မြောက်မျက်နှာအရပ်ကနေ လိုရာဆုတောင်းလှူပါ
ဝန်ထမ်းများရာထူးအတက်နှေးခြင်း၊
နိုင်ငံခြားခရီးသွားရန်အဆင်မပြေဖြစ်
နေသူများ၊ အစိုးရဝန်ထမ်းအလုပ်လျှောက်ထားလိုသူများအဆင်ပြေအောင်မြင်စေရန်
 စနေနေ့ နံက်၇ နာရီ ၃၀မိနစ်မှ၉ နာရီအတွင်း ဝံအူသားကိုမိမိမွေနံရေးပြီး အနောက်တောင်ဒေါင့်အရပ်မှလိုရာဆုတောင်းလှူပါ
စေတီဘုရားတစ်ဆူဆူမှာသွားလုပ်ရပါမယ်
မိတ်ဆွေများရွှင်လန်းချမ်းမြေ့အခက်အခဲမှန်သမျှကင်းပကြပါစေ။
 နက္ခတ္တဗဒဝိဇ္ဇာ ဆရာကျော်မျိုးလွင်
 09420936117
 09973411831
မူလေရးသားသူကို crd ပေးပါတယ်
 မူရင်းလင့်ပါ။ ။https://m.facebook.com/story.php?story_fbid=457745091315772&id=100012408546127
နမောတေ(၁၁)မိျူးးကောင်းကိျူ းတိုးကျင့်စဉ်
================================
ဒီရက်ပိုင်း နာနတ်သီးတွေပေါပေါများများတွေ့နေရပါတယ်။ကိုယ်တိုင်က
နာနတ်သီးကြို က်သူမို့ ဒီအချိန်တွေသဘောကျလှပါတယ်။ဒါ့အပြင်
နာနတ်သီးမြင်တိုင်း ကျွန်မနှစ်သက်လှသော ကျင့်စဉ်တစ်ခုကိုလည်း
သတိရပါတယ်။
                        ဒီကျင့်စဉ်ကို က်ြန္မဘယ္ကရပါသလဲ။
၂၀၀၇ခုနှစ်နိုဝင်ဘာလ ဂမ်ဘီရဆန်းကြယ်မဂ္ဂဇင်းမှ ဆရာမင်းအောင်မြင့်လွင်
ဆောင်းပါးကို သိမ်းဆည်း ကျင့်ကြံ အားထုပ်ခဲ့တာပါ။
စာရေးသူပြည်ရွှေဆံတော်ဘုရားမှာအဓိဋ္ဌာန်ဝင်စဉ်ယောဂီကြီးတစ်ဦးပေးခဲ့
တာလို့ဆိုပါတယ်။
လူကေလး စိတ်ညစ်စရာတွေနဲ့တွေ့နေရပြီထင်တယ်။ဘုရားပေါ်မှာမှိုင်
မနေနဲ့ မှိုင်နေရင်လာဘ်တိတ်တယ် ရွှင်ရွှင်လန်းလန်းနေမှလာဘ်ပွင့်
တယ် လူတွေဟာ များသောအားဖြင့် လောကဓံရှစ်ပါးဒါဏ်မခံနိုင်ကြဘူး
အခု လာဘ်မရလို့စိတ်ညစ်နေတယ်မဟုတ်လား ထိုသို့ဆိုကာ
နေမာ(၁၁)မိျူ းကောင်းကိျူ းတိုးဂါထာကိုနေ့စဉ်ပုတီးစိပ်ခိုင်းပါတယ်။
နေမာ(၁၁)မိျူ းဆိုတော့ (၉၉)ရက်အဓိဋ္ဌာန်ဝင်ရပါမယ်။
အဲဒီအဓိဋ္ဌာန်အောင်မြင်ပြီးမြောက်ရင် ဘဝမှာအစစအရာရာပြီးပြည့်စုံလိမ့်မယ်
အဓိဋ္ဌာန်မဝင်မီမြတ်ဘုရားရှင်ကို ဒန်းညွန့်(၁၁)ညွန့် နာနတ္သီး(၁၁)စိတ်
နာနတ်ယ်ို(၁၁)ပွဲနဲ့ ကပ်လှုပူဇော်ရှစ်ခိုးပါ။
၁။ နမောတေ ပုရိသုတ္တမ
====================
                                           လူနတ်ဗြဟ္မာအပေါင်းတို့ချစ်ခင်နှစ်သက်ခြင်း
အကိျူ းစီးပွားလိုလားခြင်းတို့ကိုရရှိစေနိုင်ပါတယ်။သူတပါးတို့ထက်အစစအရာရာ
သာလွန်အောင်မြင်မှုရစေနိုင်ပါတယ်။
တစ်နေ့ ပုတီး၉ပတ် ၉ရက်
၂။နမောတေ ရတနာကရ နမောတေ ရတနာ ဒဒ
======================================
                                                                                    ရွှေငွေရတနာ အဖြာဖြာ
တို့ကိုရရှိစေနိုင်ပါတယ်။ တစ်နေ့ ပုတီး၉ပတ် ၉ရက်
(တစ်ကြောင်းလုံးပြီးမှ ပုတီးတစ္လုံးခ်ပါ)
၃။ နမောတေ ရဇတံ ကရ နမောတေ ရဇတံ ဒဒ
=======================================
                                                                                     ့ငွေကြေးလိုတဲ့အခါစိပ်
ရင် iငွေကြေးများပြားစွာဝင်လာပါလိမ့်မယ်။ တစ်နေ့ပုတီး၉ပတ် ၉ရက်
၄။နမောတေ လာဘဂ္ဂါ ကရ နမောတေ လာဘဂ္ဂါ ဒဒ
============================================
                                                        လာဘ်လာဘတွေထူးထူးခြားခြားရွှင်လန်း
လာတာကိုအံ့သြဖွယ်တွေ့ရပါလိမ့်မယ်။ တစ်နေ့ပုတီး၉ပတ် ၉ရက်
၅။နမောတေ မာရဝိဇယ
==================
                                    ရန်သူအပေါင်းကိုအောင်နိုင်ပါလိမ့်မယ်။အတိုက်အခိုက်
အပြိုင်အဆိုင်တွေကိုအနိုင်ရပါလိမ့်မယ်။ တစ်နေ့ ပုတီး၉ပတ် ၉ရက်
၆။နမောတေ ဇာဓိရာဇ
==================
                                       အကြီးအကဲတို့ရဲ့ချီးမြှင့်မြှောက်စားမှုရရှိခြင်းမိမိ
ကိုယ်တိုင်အကြီးအကဲဖြစ်ခြင်းကိုရပါလိမ့်မယ်။ တစ်နေ့ပုတီး၉ပတ် ၉ရက်
၇။နမောတေ ဒေဝါတိ ဒေဝ
=====================
                                နတ်အပေါင်းတို့ရဲ့ချစ်ခင်ခြင်းကိုရပါလိမ့်မယ်။နတ်တွေက
ချစ်ခင်တဲ့အတွက် မိမိအကိျူ းကိုလိုလားစောင့်ရှောက်ပါတယ်။နတ်ကောင်းနတ်မြတ်
တွေပေးတဲ့ အတိတ်ကောင်း နိမိတ်ကောင်း အိပ်မက်ကောင်းတွေရရှိစေနိုင်
ပါတယ်။ တစ်နေ့ ပုတီး ၉ ပတ် ၉ရက်
၈။ နမောတေ iဗြဟ္မာတိ ဗြဟ္မ
=====================
                                    ဗြဟ္မာအပေါင်းတို့ရဲ့နှစ်သက်မြတ်နိုးခြင်းကိုရရှိစေနိုင်ပါ
တယ်။ဗြဟ္မာကြီးတွေလို အေးချမ်းငြိမ်သက် တည်ကြည်နေတဲ့စိတ်ထားမိျူ းကို
ရရှိစေနိုင်ပါတယ်။တစ်နေ့ပုတီး(၉)ပတ် ၉ရက်
၉။ နမောတေ အဂေ္ဂါတိ အဂ္ဂ
=====================
                                  အမြင့်ဆုံး အမြတ်ဆုံးဘဝကိုရရှိစေနိုင်ပါတယ်။လောကီ
လောကုတ္တရာမှာအမြင့်ဆုံးအခြေအနေကိုရှိစေနိုင်ပါတယ်။တစ်နေ့ပုတီး၉ပတ်
၉ရက်
၁၀။ နမောတေ ့သေဋ္ဌာတိ သေဋ္ဌ (သစ္ထာတိ သစ်ထဟုရွတ်ပါ)
================================================
  နတ်လူအပေါင်းတို့ရဲ့ ချီးကြူ းဂုဏ်တင်ခြင်းကိုခံရစေနိုင်ပါတယ်။
တစ်နေ့ပုတီး ၉ပတ် ၉ရက်
၁၁။ နမောတေ ဇေဋ္ဌာတိ ့ဇေဋ္ဌ (ဇစ္ထာတိ ဇစ္ထ ဟုရွတ်ပါ)
 =============================================
                          ဦးစီးခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေနိုင်ပါတယ်။
တစ်နေ့၉ပတ်၉ရက်
နမောတေ(၁၁)မိျူ း ့ကောင်းကိျူ းတိုးဂါထာတော်ကြီးကို နမောတေ(၁၁)မိျူ း
၉၉ရက် အဓိဋ္ဌာန်ဝင်လျှင်သော်၎င်း မိမိနှစ်သက်ရာတစ်ခုခုကို ၉ပတ်၉ရက်
အဓိဋ္ဌာန်ဝင်လျှင်သော်၎င်း ရပါတယ်။
စာရေးသူကတော့ ငွေအကြပ်အတည်းကြုံ ၍ 
နမောတေ ရဇတံကရ နမောတေ ရဇတံ ဒဒ ကို၉ပတ်၉ရက် အဓိဋ္ဌာန်
ဝင်ရာ ထူးခြားစွာငွေဝင်ခဲ့ကြောင်းရေးသားထားပါတယ်။
က်ြန္မကေတာ့ နမောတေ(၁၁)မိျူ းလုံး၉၉ရက်ဝင်ခြင်းကို နှစ်သက်ပါကြောင်းဖြင့်
ချစ်မိတ်ဆွေတို့အတွက်ပြန်လည်ရေးသားပေးလိုက်ပါတယ်။
မူလေရးသားသူကို crd ပေးပါတယ်
 မူရင်းလင့်ပါ။ ။https://m.facebook.com/groups/1573638246261942?view=permalink&id=1988214314804331
==အကျိုးးးပေးမြန်သော ၂၄ ရက်ပဌာန်း==
==အကျိုးးးပေးမြန်သော ၂၄ ရက်ပဌာန်း==
**************************************
   $ဒီနေ့ iလေးကျွန်းမာန်အောင်ဘုရားမွာ ညနေပိုင်းပုတီးစိပ်ပြီးး ခနထိုင်နေရင်းး ပဌာန်းအကြောင်းးးရောက်သြား တဲ့အခါ   
        မိတ်ဆွေက သူ ့အတွေ့အကြုံ နဲ့ ဆရာတော် တပါး ရဲ့က်ုယ်တွေ ့ရယ် အကြောင်းစုံ ့ပြောပြတယ်။
 အဲ့တော့မှာ သတိယမိတာက လွန်ခဲ့သည့် ၄နှစ်လောက်က ဓတ်ခန်းတခု မွာ ့ပြောခဲ့တာလေးသတ်ိယမိတယ်။ ပဌာန်းက်ု တနေ့ ၂၄ ့iခေါက် ပူဇော်တဲ့ အကြောင်းလေးပါ။
 ******
    မိတ်ဆွေ အတွေ ့အကြုံ
 =က်နော်က ရွာမှာနေတုန်းက သိတဲ့ဆရာတော်တပါးက သင်ပေးတာဗျ iကျောက်လုပ်ငန်း လုပ်နေတော့ သူက ဒါကိုလုပ္ဖို ့ပြောတာ က်နော်က ၂၄ရက်မဟုက်ပဲ ရက်အနည်းငယ်သာ အစမ်းသဘော လုပ်ကြည့်တာ ထူးးလည်းးထူးးတယ် ကြမ်းလည်း ကြမ်းတယ် ဖျက်လည်း အားကြီးတယ်
 ထီကတော့ ဗ်ာ တွတ်ချည်းပဲ ၁၅ခါလောက်ရပီး
 iနောက်ဆုံးမှာ သိန်း၄ရာလောက်ထိက်ုရဘူးးးးတယ်။
   က်နော့်က်ု ့ပေးတဲ့ ဘုန်းကြီးက ၃၁ရက် လုံးးတရက်မပျက် လုပ်တာ ဗ် ။ မှတ်မှတ်ရရ ထီက သိန်း ၃၀၀ စ ဖွင့်တဲ့အပါတ် ဗ်ာ ။ ပဌာန်းအဓိဌာန်ကလည်း
ပီးဖို့က တရက် အလ်ု ဗ် အဲ့မွာ ထီ ့ပေါက်ပါလေရော
   ဒါနဲ့သူက ့တော်ပီ ငါ ဆက်မရွတ်ချင်တော့ဘူးးဆိုပီး ရပ်ပစ်ချင်စိတ်ပေါက်တာတဲ့ လူက ညီးငွေ ့သလိုပျင်းသလ်ုဖြစ်တာ မထူးပါဘူး ငါတရက်ပဲဆိုပီးလုပ်လိုက်တာ ည ၁၂ ထိုးမွ ပီးတော့တာ တဲ့။
  ဒါက သူတို့ အတွေ ့အကြူံ
  =====
          မိနး်ခလေးတယောက်ကတော့ အလုပ်ကမအား အိမ်ရဲ့ဗာ ရီယ များနဲ့ မ်ု ့ ၂၄ ရက်မွာသူက
 ပထမတရက်စ တဲ့အချိန်ပဲ ပစ္စယုတ်ဒေသ က်ု ပူဇော်ပီးး ၂၄ ပစ္စည်း က်ု ပဲ ၂၄ ရက် ပူဇော် လိုက်တာ ။
သူလည်းးထူးးခြား ခဲ့တာပဲ။
*****========****========******
    ကျနုပ်အားပြောခဲ့သူ
  မင်းးအပါအဝင် ဒီအခန်းမွာ ရှိသူတွေ မှတ်ထား
   ပဌာန်းဟာ ဆူတယ် ပွက်တယ် ကြ။ မိမိက အရမ်းက်ုဒုက္ခရောက်နေ iသောကများနေ ရင် အမြန်တိုးတတ်ကြီးပွားခြင်ရင်။ မိမိ စွမ်းအားတွေ ပိုမိုမြင့်တတ်ခြင်ရင် ။ မိမိမွေးနေ ့က စ တနေ ့က်ု၂၄ iခေါက် ၂၄ ရက် ပူဇော်။ iရေ ရယ် ပန်းရယ် အမြဲပါရမယ်။ ဆီမီး တတိုင်ဆိုရပီ။ နံ့သာတိုင်ပါရမယ်။
       အရေးကြီးတာက အဖျက်အားကြီးတယ်။
iဒေါသ ။စိတ်တိုရမယ်။ ကျန်းမာရေးအထိ ပြသနာရှိတတ်တယ်။ iနောက်ပီး အာရုံ အဖျက် အထိအတွေ ့အဖျက် အသံ အနံ့ အဖျက် လာတတ်တယ်။
      မိန်းမ ခြင်း iယောက်က်ား ခြင်း မိန်းမ iယောက်ကျားခြင်း လည်း ဖျက်မယ်။ အဓိက စိတ်ပဲ
အဲ့လို အခါ မျိုးးးတွေ မွာ စိတ်က်ု ထိမ်းချုပ်ထားပါ။
 အားချိန်မွာ iမေတ္တာပွားနေပါ။ ဘာကြောင့်မွ ဘာမွဘေးဥပါတ်မဝင်စေနဲ့ကွ။ မှတ်ထားးးး
   လ်ု ခြင်စိတ်နဲ့လည်း မလုပ်မိစေနဲ့ ရွတ်ဆိုနေရင်းမွာ စိတ်က ညိမ်သွားမယ်။ လ်ု ခြင်တာလည်း ငြိမ်သြား လိမ့်မယ် မိမိရဲ ့ ဒါန အားတွေ စရဏအားတွေက အဲ့ဒိအခါ အားအင်ဖြစ်လာပြီး ကိစ္စ တခု သူ ့အလို လို ပြီးမြောက်ပါလိမ့်မယ်။
     iကျေးးဇူးးးပါအဘ
  မှတ်ထားကြ လ်ု ခြင်ပေမယ့် လို ခြင်စိတ် iဖြစ်ခြင်ပေမယ့် iဖြစ်ခြင်စိတ်က်ု ထိမ်းချုပ်ထားရမယ်
=========
     အားလုံးူအတွက် တင်ပြပေးခြင်းသာ
ယခုထက်ပိုသော အကိျုးးးပေးကိစ္စ iတွေ ရှိပါသေးသည်။
   မန်းကြီးး(လောကီဓမ္မအဖွဲ့။ ပဌာန်းအလင်းရောင်အဖွဲ့)
မူလေရးသားသူကို crd ပေးပါတယ်
မူရင်းလင့်။ ။https://m.facebook.com/groups/1785491238446770?view=permalink&id=2073023723026852
Sunday, August 26, 2018
ရေခွက်တစ်ခု အရင်းပြု
မူလလင့်၊။ ။https://m.facebook.com/story.php?story_fbid=345928132456344&id=100011174796293
ကြုံတုန်းလေးပြောမလို့ဗျာ
ရေခွက်တစ်ခုအရင်းပြုပြီး
ကြီးပွါးစေတဲယတြာလေးတစ်ခု
ချပေးပါဦးမယ်..ယနေ့ကျွန်ုပ်
အဓိဌာန်နောက်တစ်ဆင့်အောင်ပွဲ
ဒါနပြုတာပါ..
ရေသန့်ကိုကြေးခွက်ထဲထည့်
အောက်မှာအကြွေစေ့ခံပါ
ပြီးရင်ကြေးလင်ဗန်းထပ်ခံပါဦး
ကြေးလင်ဗန်းရဲ့လေးဖက်လေးတန်မှာ
က ဃ ဠ ဏ လေးလုံးထည့်လို်ုက်ပါ
ဒိဝါတပတိဂါထာတော်ကြီးကို
(၁၀၈)ခေါက်တိတိပူဇော်ပါ
"မိမိနဲ့ပါတ်သက်သမျှပါတ်သက်
ဆက်စပ်သမျှအမျှပေးဝေ" လိုက်ပါ
လိုရာဆုတစ်ဆုတောင်းပါ
(iငွေကြေးနဲ့ဆို်ုင်သောဆုဖြစ်ရမယ်)
ဒီယတြာနဲ့ဆိုင်သောပုဂိ္ဂုလ်မှန်သမျှ
မေတ္တာပို့ဖို့မမေ့နဲ့..!!!
လိုရာသုံးကြပါ
ယုံကြည်စွာသူံးပါ
ပွဲတွေ့ခဲ့ဖူးပြီ .. အောင်မြင်ပေါင်းများပြီ
ကျွန်ုပ် ကိုယ်တိုင်သုံးဖူးတာမို့
မိတ်ဆွေတို့လည်း အကျိုးဖြစ်ထွန်းမယ်
ယုံကြည်ပါတယ်..
လိုရာဆန္ဒပြည့်ကြပါစေ
မူလေရးသားသူကို crd ပေးပါတယ်
ငါ့အကြွေးပြန်လာပေး
မူရင်းလင့်။ ။https://m.facebook.com/groups/407217406354832?view=permalink&id=465328657210373
ဟို အကြွေး
ဒီအကြွေး
ဟို့လူ့ပေး
ဒီလူ ပေး ပေးချင်ပေး ချေးချင်းတိုင်း ချေးပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ်
အကြွေးပေးပြီး စိတ်ညစ်နေရတ့ဲ သူတွေရှိနေတယ် ဆိုရင်တော့
ဒီယတြာကို လုပ်ကြည့်လိုက်စမ်းပါဗျာ...
အကြွေးလာပေးမယ့်သူရဲ့ နာမည်ကို ဗယ်ဖက်လက်ဖဝါးမှာရေး
ဘာနဲ့ ရေး ရေး
(မာကင် ဆော့ပင် ဘောပင်)
ပြီးရင်တော့ အုန်း ၆ညွန့် ဒန်း ၁၀ညွန့်ကို ပူးပြီး နှီးနဲ့ချည်၊
အ့ဲဒီပန်းတွေကို ညာဘက်လက်နဲ့ ကိုင်ပြီး
စောနက နာမည်ရေးထားတ့ဲ လက်ဖဝါးကို အသက်အောင့်ပြီး ငါ့ အကြွေး ပြန်လာပေး စေလို့ အာရုံပြု ဆုတောင်းပြီး ၇ချက် တိတိ ရိုက်လိုက်ပါဗျာ....
မရိုက်ခင်လည်း သူ့နာမည်ခေါ်ပြီး ငါ့အကြွေးတွေ ပြန်လာပေးလို့ ပြောပါဗျာ...
အကြွေးပြန်ပေးစရာ ပိုက်ဆံမရှိရင်တောင် ရှာကြံပေးချင်တ့ဲ စိတ်တွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။
မှတ်ချက်.....
ဒန်းရှာရခက်ရင် ထန်း၊တည်၊ထနောင်း၊ထိန်၊ဓနိညွန့် ၇ညွန့်နဲ့ ရိုက်ပါလေ
ထူးအောင်လှိုင်
မဟာဝိဇယစေတီတော်
09451662991
မူလေရးသားသူကို crd ပေးပါတယ်
အကြွေးတောင်းအစီအရင်များ
မူလလင့်။ ။https://m.facebook.com/story.php?story_fbid=125805935025996&id=100027897693261
 (လင်းညို့တာရာ)
(၁) ကြံရည်တစ်ခွက်ထဲသို ့ ခရေညွန် ့ ၆ ညွန် ့ထည့်ပါ။
အိမ်ဘုရားတွင် လှူ ပြီး အကြွေးရစေဖို့ ဆုတောင်းပါ။
လှူ တဲ့အခါ တနင်္လာနေ ့ ၉ နာရီ ၄၅ မိနစ်မှာ လှူ ရင်ပိုကောင်းပါတယ်။
(၂) သောကြာနေ့နံနက် (၇)နာရီမွ (၇:၃၀) အတွင်း အိမ်ဘုရားတွင် ကလပ်တစ်ခုပေါ်မှာ ကွမ်းရွက်နှစ်ရွက်တင်ပါ။ ကွမ်းရွက်ကအရိုးရောအညွန့်ရောပါရမည်။ အရိုးကမိမိဘက်တွင်ထား၍ အညွန့်က ဘုရားဘက်ကိုလှည့်ထားပါ။ ကွမ်းရွက်ရဲ့အောက်ဘက် ကျောဘက်တွင် ငွေယူထားသူရဲ့နာမည်ရေး၍ 'အမြန်ဆုံးငွေကြေးအဆင်ပြေ၍အကြွေးများအားလုံးမြန်မြန်လာဆပ်ပါစေ'ဟုရေးထားပါ။ အဲဒီကွမ်းရွက်တွေပေါ်မှာ ရွှေရောင်စက္ကူပါတ်ထားတဲ့ ချောကလက်လေးထောင့််ပုံ နှစ်ခုတင်၍ ဘုရားလှူ ပြီး ဆုတောင်းပါ။ ညနေလေးနာရီနဲ့ခြောက်နာရီကြားမှာစွန့်ပြီး ကွမ်းရွက်များကိုပစ်ပြီး ချောကလက်များကို လမ်းပေါ်ထွက်၍ မိမိ၏မိသားစုမဟုတ်သော အခြားကလေးနှစ်ဦးကို တစ်ယောက်တစ်ခုကြွေးလိုက်ပါ။ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါ။
(၃) မုန့်စိမ်းပေါင်းကို ကြွေပုဂံထဲကို ထည့်ပါ။ ထိုမုန့်စိ်မ်းပေါင်းပေါ်တွင် ဖယောင်းတိုင် တစ်တိုင်ထွန်းပါ။ ပြီးတော့ ဘုရားမွာ ကပ်လှူပြီး အကြွေးယူထားသူ၏ မျက်နှာကို မြင်အောင်ကြည့်ပါ။ နောက် နာမည်ခေါ်ပြီး ငါ့အကြွေးတွေ အမြန် လာပေးစေဟု (၉)ကြိမ် ပြောပါ။ ရက်ပိုင်းအတွင်း အဆင်ပြေသွားပါလိမ့်မည်။
(၄) အကြွေးပြန်လိုချင်ရင် မိမိချေးထားသော ငွေများအမြန်ပြန်ရစေရန် အိမ်နောက်ဖေးမှမြက်ပင်နှင့် စပါးတွဲကိုပူချည်ပြီး အိမ်ရှေ့တွင် ချိတ်၍ စာကလေးများကိုကျွေးပါ။ စပါးတွဲတွေကို ချိတ်တဲ့အချိန်မှာ "iမောင်အဝှာ ငါ့ငွေတွေအမြန် လာပေးပါ" လို့ အကြွေးယူထားသူရဲ့. နာမည်ကိုခေါ်ပြီးချိတ်ပါ။
#လင်းညို့တာရာ
www.facebook.com/linnhyotaryar
အထက်ပါသုံးနည်းထဲမှာ အဆင်ပြေရာကို ပြုလုပ်ကြပါရန်လို့ ပြောချင်ပါသည်။ မဲလိမ် မဲကိစ္စများကို ဒီအစီအရင်များဖြင့် မလုပ်နိုင်ပါ။ အကယ်၍ အကြွေးတောင်းပေးသည့် ဂဝံအဒေါ်ကြီးအစီအရင်အရုပ်အားလည်း အသုံးပြုလိုပါကလည်း မှာယူနိုင်ပါသည်။ မွာယူလိုပါက Viber (+959970959464) ကို ဆက်သွယ်ပေးပါ။
မူလေရးသားသူကို crd ပေးပါတယ်
Sunday, August 19, 2018
>>>အိမ်မှာလုပ်လို့ရတဲ့ ယတြာမီးတိုင်စီရင်နည်း
____________________________________
(အရင်က တင်ဖူးသလို အများပွဲတွေ့ အောင်မြင်ပါတရ်)
                  ငွေလိုတာပဲဖြစ်ဖြစ် စီးပွားဆုတ်လို့ပဲဖြစ်ဖြစ် အကြံအစည် မအောင်မြင်တာပဲဖြစ်ဖြစ် စိတ်နှလုံးမချမ်းမြည့်တာပဲဖြစ်ဖြစ် ဒီ ယတြာမီးတိုင်ကို အိမ်မှာပြုလုပ်ပါ လိုအပ်တဲ့ပစ္စည်းတွေနဲ့စီရင်နည်းက...
                  မိမိ လက်ဝါးအရှည်ထက်မလျော့တဲ့ဖယောင်းတိုင် တစ်တိုင်
                  ဖယောင်းတိုင်မှာ ထွင်းလို့ရမယ့် ကညစ်ဖြစ်ဖြစ် ဘောပင်ဖြစ်ဖြစ်
                  ဒါဆိုရပါပြီ ဖယောင်းတိုင်ကို အောက်မှာ ဖော်ပြထားတဲ့ ဂါထာကို ပတ်ပြီး ရေးပါ
                 ရေးပြီးရင် ဖယောင်းတိုင်ကို ထိုဂါထာနဲ့ပဲ ၃၇ ခေါက်စုပ်ပါ ပြီးရင် နံသင့်သားပေါ်မှာ တင်ပြီး ဘုရားရှေ့မှာ ထွန်းပါ
                  ဂါထာက
             ယထာဝိ ဥေဏွ ဝိဇ္ဇနေ္တ ပရံ ဝိဇ္ဇာတိ သီတလံ
             ဧတံ တိပိဓ ဝိဇ္ဇနေ္တ နိဗ္ဗာနံ ဣစိၦတ တဗ္ဗကံ
              နံသင့်သားဆိုတာ
              တနင်္ဂနွေ အုန်းသား/အင်သား
              တနလာၤ ကျွန်းသား
              အဂါၤ ဇီးသားညောင်သား
              ဗုဒ္ဓဟူး/ရာဟု ဝါး/လိန် သား
              ကြာသပတေး ပျဉ်းမ
              သောကြာ သီးသား/သံ
              စေန ထိန်/ဒန်ပြား
           ဖယောင်းတိုင်တင်ထွန်းရုံလောက်ဆို ရပါပြီ
           >>အစီအရင်ကို မနက်ပိုင်းမှာပဲပြုပါ
               ကိုယ်လက်သန့်စင် ဘုရားဝတ်ပြူပြီးမှ
               iပြုလုပ်ပါ
               အလိုရွိရာ အောင်မြင်ပါတရ်(ပွဲတွေ့)
                                             နိုင်ထက်အောင်
မူလေရးသားသူကို crd ပေးပါတယ်
မူလလင့်ခ်။ ။https://m.facebook.com/story.php?story_fbid=682261442137642&id=100010613768917
*_____________________*
        အဆောင်လက်ဖွဲ့ဟူသည် လောကီပညာတွင် မကင်း ဝါသနာရှင်နှင့်လည်း မကင်း ပညာရှင်နှင့်လည်း မကင်း
        သို့ရာတွင် စီရင်နည်းကားရှိ၏ စမ်းသပ်နည်းမရှိ စမ်းသပ်နည်းကားမရှိသည်မဟုတ် ရွိ၏ သို့သော် လုံလောက်သော ကြိုးစားအားထုတ်မူ မရှိသော ဆေးအင်း/အဆောင် လက်ဖွဲ့ တို့သည် စမ်းသပ်ခံနိုင်လိမ့်မည် မဟုတ်
       * စိတ်ကူးယာဉ် ဆေးအင်း/လက်ဖွဲ့ တို့သည်လည်း စမ်းသပ်ခံနိုင်လိမ့်မည် မဟုတ်ချေ
        ထို့ကြောင့်ပင် အဆောင်လက်ဖွဲ့ ဟူသည် ယုံကြည်ချက်ကြောင့်သာ စွမ်းသည်ဟူ၍ လည်းကောင်း ၁၀၀ တွင် ၅ သာ စွမ်းသည်ဟူ၍ လည်း ကိုယ်မတတ်တိုင်း ပညာကို ရိုးစွပ်ကြလေ၏
        မီးခဲသည် ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ လက်နှင့်ကိုင်တွယ်ပါက "ပူ"ရမည် ။ မပူလျှင် မီးခဲ မဟုတ်။ ပညာသည် စစ်လျှင် မှတ်ကျောက်တင် ခံနိုင်ရမည် မခံနိုင်လျှင်ပညာမဟုတ် ။
           သူသူငါငါ ပညာစစ် ကို ဇလုတ်တိုက်ရှာဖွေနေကြရာ နောက်ကောက်မကျစေရန် အလို့ငွာ လည်းကောင်း မိမိတို့ ပညာများမြင့်မားစေရန် အလို့ငှာလည်းကောင်း စမ်းသပ်နည်းများကို မ်ွေဝ လိုက်ရပေသည်
ပီယဆေးအင်းအဆောင်လက်ဖွဲ့ဟူသမျှ
****************************
          ပီယ အစွမ်းရှိမရှိ အလွယ်စမ်းလိုသော် ခဲမှာချည် ကိုက်တတ်ဟောင်တတ်သော ခွေးသို့ပစ် မဟောင်မကိုက် ရှိချေက အစွမ်းရှိသည်မှတ်
        ဆေးပီယကို အရက်မှာဖျော် ခွေးကိုတိုက် သောက်ချေက အစွမ်းရှိသည်ဟုမှတ်
(အရက်နှင့်တွေ့က ဆေးအာနိသင်ပျက်သောဆေးများသည် ပီယဗလ ဘောဂဗလ ဆေးမျိုးတွင် အကျုံးမဝင်ဟု သုစိတ္တဇော်ဂျီရှင်ရသေ့က သိဒ္ဓိစက္က ကျမ်းတွင်ဆို၏/အချို့သော မှော်ဆေးများသည် အရက်နှင့်တွေ့က အာနိသင်ပျက်ကြ၏)
      (*အထက် ဂိုဏ်းတော်ဝင်များ အရက်သောက်ခြင်းကြောင့် အာဏာကွယ်ပျောက်ခြင်းမှာ အရက်နှင့် ထိုးထားသော ဆေးမတည့်၍ မဟုတ်
ဆရာတဦး၏ မလုပ်အပ်သည်ကို လုပ္မိ၍ ရှိသော စေအာဏာကို မထိန်းနိင်သည်ဖြစ်၏
မိမိက ခွန်အားမရှိတော့၍ လေးလံကြီးမားသော လက်နက်အား မကိုင်နိိင်သည်နှင့် ပမာတူ၏*)
       အရုပ္ပီယကို သစ်ပင်တွင်တင်၍ ထား နေ့မကူး ပန်းရေချမ်း ဆည်းကပ်သူ ရွိပါက အစွမ်းရှိသည်ဟုမှတ်
        အင်းပီယကို ကြွက်မှာချည် ဆာလောင်သော ကြောင်ရှေ့ချ မကိုက်မစား ရှိရမည် ထိုမွသာ စွမ်းသည်
ကာယသိဒ္ဓိ တုတ်ပြီးဓါးပြီး အဆောင်ဆေးအင်း
********************************
          အင်းကာယကို နွားနို့ထဲသို့ထည့် ရေထပ်ထည့် ရေနှင့်နို့ မေရာပဲ ရှိရမည် မရှိလျှင် မလုံဟုတ်မှတ်
          ဆေးကာယကို ဆီနှင့်ဖျော် မြေတွင် ဝိုင်း အေဝးမွ တုတ် ခဲ နှင့် ပစ် အဝိုင်းအတွင်း မဝင်ရ ဝင်လျှင် မအောင်ဟုမှတ်
          လက်ဖွဲ့ ကာယကို သစ်ကိုင်းအသေးတွင်ချည် သစ်ကိုင်းအား ဓါးနှင့်ခုတ် အရာမထင် လျှင် စွမ်းသည်ဟုမှတ်
           ကာယ အဆောင်ရုပ်ထုကို ခဲနှင့်ချည် ရေတွင် မြှပ်ထား "ဥေဒတယံ" ဂါထာကို မနားမနေရွတ် ခဲနှင့်တကွ ပေါ်ရမည် 
တိုက်အင်း ဒဏ်ပြန်အင်းဆေး/ရုပ္ထုမ်ား
***************************
         အင်းတိုက်ဒဏ်ပြန်ကို ဆီထဲထည့် ဆီနှင့်တကွ အလေးချိန်ကို မွတ္သားထား
          တစ်ပတ်ကြာသော် ဆီနှင့်တကွ အလေးချိန်ကို ချိန်၍ ကြည့် ဆီအလေးချိန် လျော့ရမည်
          အဖြိုအဖျက် တိုက်ဆေးကို ပျံနိုင်သော ငှက်တွင် စတိသုတ် ပျံခိုင်း မပျံနိုင်ရှိမှ စွမ်းသည်ဟုမှတ်
          ဿမားပညာ တိုက်အင်းတို့ကို စမ်းလိုသော် လိုသူနေ့နံ နံတူအပင်နှင့် ၇ တောင် အကြာက မြေတူး၍ မြှတ် နံတူ အပင်ထံသို့ တေန့ တတောင်ရွေ့၏ တပတ်ခုနစ်ရက်ကြာလျှင် အပင်ရင်းသို့ သြား၍ တူး တွေ့ရမည် မတွေ့လျှင် မစွမ်းဟုမှတ်
         အဖြိုအဖျက် အရုပ္တို့ကို လူစည်ကားသော လှေဆိပ် သဘောၤဆိပ် များတွင် အသာထား နေ့မကူး ခြောက်ကပ်လာရ၏ မထူးသော် မစွမ်းဟုမှတ်
အစောင့် ဆေး/အင်း ရုပ္ထုမ်ား
**********************
             အစောင့်ရုပ် ဆေးအင်း ဟူသမ်ွ အားစမ်းလိုသော် ဆန္တို့ကို ဂုဏ်တော်မန်း ယင်းဆန်အိုးထဲသို့ အစောင့်ရုပ်ဆေးအင်း ဟူသမ်ွ အောက်၌ ထား ဆန်နှင့်ဖိထား "အစောင့်မျိုး အဖိမခံရာ" ဟု နုတ္က ဆို၍ အိုးကို လှုပ်၍ တစ်ပတ်ကြာ မဖွင့်ပဲ ထား 
             တပတ် ကြာ၍ ပြန်၍ ဖွင့်သော် ဆန်ပေါ်၌ အရုပ်/ဆေး/အင်း ရှိရမည် မရှိလျှင် မစွမ်းဟုမှတ်
         ဤသို့အားဖြင့် အများအပြားသော အဆောင်ဆေးအင်းတို့အား စမ်းသပ်သင့်၏ ။ မစမ်းသ်ပဲ သုံးစွဲက အစွမ်းမသိ မျက်ကန်းနှင့်တူ၏ ။ ထို့အတူ ဝါသနာရှင်/ပညာရှင် အပေါင်းတို့သည် လည်း သံသယ ကင်းစွာဖြင့် သုံးစွဲနိုင်သည်ဖြစ်တော့၏။
        မိမိတို့၏ ဆေးအင်းများ အစွမ်းမရှိက သီလ သမာဓိကို ချည်း အပြစ်မပုံသင့် ပညာတည်းဟူသော စီရင်ပုံ နည်းစနစ်ကို ထောက်စအပ်၏။ နည်းကား မသိ သီလ သမာဓိ ကောင်းစေဦးတော့ ခရီးပေါက်မည် မဟုတ်။ သီလ/သမာဓိ/ပညာ သုံးပါး အချိုးအစား ညီမွ သိဒ္ဓိ(အောင်မြင်ခြင်း)ဟူသော အကျိုးတရားသည် ဖြစ်ထွန်းတော့၏
                               နိုင်ထက်အောင်
မူရင်းလင့်ခ်။ ။https://m.facebook.com/groups/1490619661049522?view=permalink&id=1767231043388381
Tuesday, July 24, 2018
ရုက္ခစိုး နတ်မင်းကြီး မစ သော ဂါထာထူး အဓိဋ္ဌာန် လုပ္လိုပါ က ....!
မူရင်းလင့်https://m.facebook.com/story.php?story_fbid=2061811270808687&id=2004386486551166
မိမိ လုပ်သမျှ အကျပ်အတည်း တွေ့ပြီး လုပ်သမျှ မဖြစ်
စိတ်ညစ်နေပါက ကံဆိုးကံညံ့ မွ အမြန် လွတ်မြောက်ပြီး
အဆင်ပြေ အောင်မြင်မှု့ရရှိစေရန် ထူး ခြား ဆန်းကြယ်
လွေသာ သာသနာပြု့ ပုဂ္ဂိုလ်အကျော် ရသေ့ကြီး ဦးခန္တီ
ထောက်ချာ မွ ဂါထာထူး ဖြင့် အဓိဋ္ဌာန် ဝင်ကာ ဆောင်
ရွက်ပါက အခက်ခဲ မွန္သမွ် ဝေးကာ လွင့်စဉ် ၍
" အောငိမြင်မှုှု ့အပေါင်း သရဖူ " ဆောင်း သကဲ့ သို့ ဖြစ်
လာ မွာ အမှန် ပင် ဖြစ် ပါသည် ။
ဆောင်ရွက်ရန်
*********
အဓိဋ္ဌာန် ဝင်မည့်သူသည် ဖယောင်းတိုင် ကြီး (၅) တိုင်
တွင် (၁) ဗုဒ္ဓ (၂) ဓမ္မ (၃) သံဃာ (၄) မိဘ (၅) ဆရာ
ဟု့ တတိုင် စီတွင် ရေးရပါမည် ။
ပြီးနောက် ဖယောင်းတိုင်များ အား လက္က ကိုင်ပြီး
သရဏဂုံ (၃) ပါး ၉ ခေါက်
ဂုဏ်တော် (၉) ပါး ၉ ခေါက်
၂၄ ပစ္စည်း တစ်ခေါက် ရွတ်ကာ
ဤ ဆီမီး တိုင် ၌ ဘုရား တရား သံဃာ ဆရာ မိဘ
အနနေ္တာ အနန္တ (၅) ပါး တန္ခိုး သိဒ္ဓိ တည်ကိန်းပါစေ။
ဘုရားတပည့်တော် ၏ အဓိဋ္ဌာန်ထူး အောင်မြင်ပါစေ ဟု့
သစ္စာ အဓိဋ္ဌာန် ပြု့ကာ ရေတော် (၅) ခွက် ပန်း (၅) ပွင့်
ကပ်ပြီး ၅ ပါး သီလ ခံယူ ဆောက်တည်ပါ ။
ပြီး နောက် ယခု့ ပြထားသော ဂါထာအား မိမိမွေးနေ့ မွ
စတင် ကာ သက်စေ့ ရွတ်ဖတ်ပါ ။
လက်တွေ့ စမ်းသပ် ၍ အောင်မြင် မှုှု့ရပြီးသော အဓိဋ္ဌာန်
တော် ကြီး ဖြစ် ပါသည် ။
ဤ ဂါထာ အား သက်စေ့ ရွတ်ပွား ပြီး မိမိ နိုင်သရွေ့ရက်
အား အဓိဋ္ဌာန် ဝင်ပါ ။
ဤ အဓိဋ္ဌာန် လုပ်နေစဉ် ကာလ အတွင်း ညောင်ပင်များ
သစ်ပင်ကြီး မ်ား ကို သက်သေပြု့၍ မိမိ သည် ဤ အဓိ
ဋ္ဌာန် ဂါထာထူး ကို ရွတ်ပွား ၍ ဘယ်နေ့ထိ ... ဆောင်
ရွက်နေပါသည် ။ ကြည့်ရှုမစ ပါ ။ အမွှေး တိုင် နှင့် ကွမ်း
ယာ (၅) ယာ လှု ပေး ပါ ။ ရုက္ခစိုး နတ်အား ဒါနပြု့ပါ
မေတ္တာပို့ပေးပါ ။ အမျှအတန်းဝေ ပေးပါ ။
ပို၍ မြန်ဆန်ကာ အဓိဋ္ဌာန် အောင်မြင် ၍ ထူးခြားပါမည်။
ဂါထာ တော် မွာ
***********
တုံ မေ စိ တ္တံ စ ကာယောစ
သဗ္ဗ iဒေဝ မနုဿစ
တိဿံ ဥရကံ ဣစၧိတံ ပဿိတံ
ဟောန္တု မေ မိတ္တံ ။
credit... သစ္တခါး ဆရာတော်
စမ .. ကျင့်စဉ်
မူရင်းလင့်*****https://m.facebook.com/story.php?story_fbid=2079427609047053&id=2004386486551166
ပုတီး စိပ်သက်လဲ ကြာပီ .. ဘာမွလဲ ထူးမလာဘူး
လောကီ ရေးရာ တွေလဲ အောင်မြင်မှု့မရှိဘူး
ဆို လာသူ မ်ား အတွက် .. ယခု့ ဖော်ပြ မဲ့
" စမ .. ကျင့်စဉ် " ပုတီး စိပ်နည်း လေး ကို ဝင်ရောက် ဓိဋ္ဌာန် ဖို့ တိုက်တွန်းပါရစေ ။
... ဒီ ကျင့်စဉ် ကို စမ.. ကျင့်စဉ် လ်ု့ ခေါ်ပါတယ်။
" စမ ကျင့်စဉ် " ကျင့်နေစဉ် အခါ မွာ ..
လုပ်ငန်းတိုးတက်မှု့
စီးပြား တိုးတက်မှု့.. စတဲ့ အကျိူးကျေးဇူး တွေခံစား ရမယ် ။
အမှု့အခင်း ပြသနာ အရှုပ်အရှင်း တွေရှိရင် လဲ ..
ပပျောက် သြား ပါ လိမ့် မယ် ။
" စမ ကျင့်စဉ် " ပြီးမြောက်သွား ရင် တော့ သိဒ္ဓိ
တိုး လာပါ လိမ့်မယ် ။
.. ပုတီးလမ်း ကို သွားနေတဲ့ နေရာမှာ . ရိက္ခာလဲ
လိုပါတယ် ။
မိသားစု့ တာဝန်တွေလဲ ရှိပါတယ် ။
ဒါကြောင့် မို့ စီး ပြား လဲတိုး .. သိဒ္ဓိ လည်း ရ တဲ့
စမ .. ကျင့်စဉ် လို့ ခေါ်တဲ့ " စမ .. ပုတီးစိပ်နည်း "
လေး ဝင်ရောက် ဖို့ တိုက်တွန်း လိုပါတယ် ။
ဒီ ကျင့်စဉ် ကို မေရး ပြ ခင် ...
... ပုတီး စိပ်နည်း အကြောင်းလေး ရှင်းပြ ချင်ပါတယ် ။
ဂုဏ်တော် စိပ်မယ် .. သရဏဂုံ စိပ်မယ် .. စသဖြင့်
မိမိ အားသန်ရာ စိပ်ကြပါတယ် ။
တစ်နေ့ ပုတီး ဘယ်နှစ်ပတ် စိပ်မယ် ..
အိမ် ဘုရား စင် ရှေ့ စိပ်မယ် ..
ဘုရား စေတီ ပုထိုး တစ္ဆူဆူ မှာစိပ်မယ် ...
ဒါဟာ .. ကုသိုလ်ရ အောင် ပုတီး စိပ်နည်း ..
ရိုးရိုး ပုတီး စိပ် နည်း ဖြစ်ပါတယ် ။
ပုတီး နဲ့ " ဗုဒ္ဓါ .. နုဿတိ " ပြားမ်ား ခြင်း ပါ ..
အလွန် ကောင်းသော ကုသိုလ် အမှု့ပြု့ခြင်း
ဖြစ်ပါတယ် ။
.... သိဒ္ဓိ ... မဟိဒ္ဓိ .. တန်ခိုးတွေ တိုးဖို့ ပုတီးစိပ်
ခြင်း ကိုတော့ .." ကျင့်စဉ် " ပုတီး စိပ်နည်း လို့
ခေါ် ပါတယ် ။
ဆရာကောင်းလိုတယ်။
ထွက်ရပ်ပေါက် ဝိဇ္ဇာထိုရ်ကြီး တစ်ပါးပါး နဲ့ အဆက်သွယ် ရဖို့ လိုပါတယ် ။
ခု့ ဖော်ပြ မဲ့ " စမ ကျင့်စဉ် " ဟာ " စမ ဝိဇ္ဇာထိုရ် "
ကြီး တစ်ပါး ပါး နဲ့ အဆက်သွယ် ရေစ နိုင်သော
ပုတီး ကျင့်စဉ် တစ်ခု့ ဖြစ်ပါတယ် ။
အခု့ ပြောတဲ့ ပုတီး ကျင့်စဉ် လို့ ခေါ်တဲ့ " စမ ကျင့်စဉ် " ကို လက်တွေ့ စိပ် ကြည့်ပါ ။
လောကီ စီးပြား ချမ်းသာစေမဲ့ အကျိူး ကျေးဇူးတွေ
လက် တွေ့ရ သလ်ို .. သိဒ္ဓိ လည်း တိုး လာ ပါ လိမ့် မယ် ။
စမ.. ကျင့်စဉ် ..ဝင်ရောက်နည်း
*************************
မိမိ ရဲ့ မွေးနေ့ နံနက် စောစော မွာ ကျင့်စဉ် ကို
စစိပ် ရပါ မယ် ။
ကျင့်စဉ် က (၄၉) ရက် တိတိ ဖြစ်ပါတယ် ။
ရက် သတ္တပတ် (၇) ပတ် တိတိ ဖြစ်ပါတယ် ။
ပထမ ရက် သတ္တပတ် မွာ ပုတီး (၁) ပတ် ..
ဒုတိယ ရက်သတ္တပတ် မွာ ပုတီး (၂) ပတ် ..
ဒီ လိုနဲ့ တိုးပီး စိပ် ရာ မွာ .. နောက်ဆုံး
ရက်သတ္တပတ် (၇) ပတ်မြောက် မွာ ပုတီး (၇) ပတ်
နဲ့ " စမ " တစ် လုံး ကို ပုတီး (၇) ပတ် စိပ်ရပါမယ်။
နေ့သား အလိုက် ဖော်ပြ ရ မွာ တနင်္ဂနွေသား သမီး အတွက် နမူနာ ဖော်ပြ ပါမယ် ။
ကျန်သော နေ့နံ သား သမီး မ်ား အတွက်
စမ ရေး နည်းသာ ကြဲလြဲ ပြီး အား လုံး အတူ ပင်
ဖြစ် ပါ တယ် ။
ပထမ ဦး ဆုံး ကြွေပန်းကန် ပြား ပေါ် စက်ဝိုင်း
တစ်ဝိုင်း ကို ဝိုင်း ပါ ။
စက် ဝိုင်း ကို လေး စိပ် စိပ် ပါ ။
ထို စက်ဝိုင်း လေး စိပ် ထဲ မွာ .. အက္ခရာ လေး လုံး
ထည့် ရပါ မယ် ။
စက် ဝိုင်း တစိပ် စီ မွာ အက္ခရာ တစ် လုံး စီ ထည့်
ရ ပါ မယ် ။
ဘယ် လို စမ လေး လုံး ထည့်ရမလဲ ဆို ရင်
ပ ... က... သ .. အ ..
လို့ ဆိုတဲ့ စမ လေး လုံး ထည့် ရပါမယ် ။
ဒီ စမ လေး လုံး ဟာ တနင်္ဂနွေ သား ရဲ့ အညွန့်
စမ လေး လုံး လို့ သိထား ရပါမယ် ။
ပထမဆုံး စိပ်ရမှာက " အရဟံ သိဒ္ဓိ ပ စောက် "
လို့ ရွတ်ဆို ပြီး (၁၀၈) လုံး ပုတီး နဲ့ ပုတီး တစ်ပတ်
စိပ် ရပါမယ် ။ ပုတီး တစ်ပတ် ပြည့် ရင် " ပ " စမ
ပေါ် မွာ အဖြူရောင် ဖယောင်း တိုင် တစ်တိုင်
မီး ထွန်း ညှီ ပူဇော် ရပါမယ် ။
ဒုတိယ စိပ် ရ မွာက ... " အရဟံ သိဒ္ဓိ က ကြီး "
ပုတီး တစ်ပတ် စိပ် ပါ ။ ပုတီး ပတ် ပြည့် ရင် " က"
စမ ပေါ် အဖြူရောင် ဖယောင်းတို်ုင် တတို်ုင် မီးထွန်း ရပါ မယ် ။
တတိယ .. စိပ်ရ မွာက " အရဟံ သိဒ္ဓိ သ " လ်ို့ ရွတ် ဆိုပြီး ပုတီး ၁ ပတ်စိပ် .. ပြီးပါက .. သ .. စမ
ပေါ် .. မီးထွန်း ..
စတုတၳ .. စိပ် ရမွာက .." အရဟံ သိဒ္ဓိ အ " လို့
ရွတ် ဆို ပုတီး (၁) ပတ်စိပ် .. ပြီးပါက .. အ .. စမ
ပေါ် .. မီးထွန်း ရပါမယ် ။
ထို ပုတီး လေး ပတ် ကို ပထမ သတ္တရက် ပတ် မွာ
စိပ် ရ မွာပါ ။
ဒုတိယ ရက်သတ္တပတ်မှာတော့ (၂) ပတ္စီ စိတ်ရပါမယ် ။
အရဟံ သိဒ္ဓိ ပ စောက် .. ၂ ပတ် စိပ် မီးထွန်း
အရဟံ သိဒ္ဓိ က .. ၂ ပတ်
အရဟံ သိဒ္ဓိ သ .. ၂ ပတ်
အရဟံ သိဒ္ဓိ အ .. ၂ ပတ် စိပ်ရပါမယ်။
စမ တစ်လုံး ပုတီးပတ်ရေ ပြည့်တိုင်း စမ ကွက်လေး တွေ ပေါ် အဖြူရောင် ဖယောင်း တိုင်နဲ့
မီး ထွန်း ဖို့ မမေ့ပါနဲ့ ..
ထိုနည်း အတိုင်း ရက်သတ္တပတ် ပြည့်တိုင်း (၁) ပတ် စီ တိုး စိပ်ရပါမယ် ။
ဒါမို ့ ပထမ (၇) ရက် မွာ စမ တစ်လုံး
ပုတီး ပတ် တစ်ပတ် နဲ့ ပုတီး ၄ ပတ်
ဒုတ်ိယ (၇) ရက် မွာ စမ တစ်လုံး ပုတီးပတ် ၂ ပတ်နဲ့ (၈) ပတ် ...
တတိယ (၇) ရက် မွာ စမ တစ်လုံး ပုတီးပတ် ၃ ပတ် နဲ့ ပုတီးပတ်.. (၁၂) ပတ်
နဲ့ နောက်ဆုံး
(၄၉) ရက် ပြည့် မဲ့ (၇) ပတ်မြောက် မွာ .. စမ တစ်လုံး ကို ပုတီး ပတ်ရေ (၇) ပတ် .. စု့စု့ ပေါင်း
(၄၉) ပတ် ဖြစ် နေ ပါ မယ် ။
တနင်္လာ သားသမီး အတွက် အညွန့်စမ တွေက
သ .. က .. တ .. က
အင်္ဂါ သားသမီး အတွက် အညွန့်စမ တွေက
တ.. ယ .. အ... စ
ဗုဒ္ဓဟူး သားသမီး အတွက် အညွန့်စမ တွေက
အ .. ပ ... က .. ယ
ကြာသပတေး သားသမီး အတွက် အညွန့်စမ
က ... သ ... စ .. ပ
သောကြာ သားသမီး အတွက် အညွန့်စမ တွေက
စ .. တ... ယ ... သ
စေန သားသမီး အတွက် အညွန့်စမ တွေက
ယ .. အ... ပ .. တ
ကျင့်စဉ် ဝင် ရောက်ပီး ပုတီး စိပ်တာနဲ့
သာမန် ပုတီး စိပ် ပုံ ကွာဟပါတယ် ။
ကျင့် စဉ် ဝင်ရောက်တာမို့ မှန်လေးမှန် တိက် ဖို့
နဲ့ ဆန္ဒဓိပတိ အား ယုံကြည်ဖို့ လိုအပ်ပါတယ်။
ပရိကံ ပြု့ရပါမယ်။
မိမိ စိပ် မည့် ပုတီး ပတ်ရေ အား သစ္စာ ပြု့တိုင်တည် ရ ပါမယ် ။
ခင်ပွန်း ကြီး ၁၀ ပါး ဝန်ချကန်တော့ရပါမယ်။
တိက်စြာ လိုက္နာ ၍ ကျင့်စဉ် ဝင်ရောက်ရပါမယ်။
မေတ္တာပို့ အမျှဝေ ရပါမယ် ။
credit: ဆရာမင်းသိင်္ခ
 မြတ်မို
ပွဲတွေ့ လာဘ်ဖွင့်မီးခွက် စီရင်နည်း
        ဒီတခါ နေ့စဉ်ပူဇော်နိုင်သော လာဘ်ဖွင့်စည်းစိမ်တိုး မီးခွက်စီရင်နည်း တင်ပြပေးလိုက်ပါတရ်
       လုပ်ငန်းကိုင်ခန်းဖြစ်စေ စီးပွားရေး အရောင်းအဝယ်များ၌ အသုံးပြုခြင်းဖြင့် စီပွာလာဘ်လာဘများး (ပွဲတွေ့) တိုးတက်စေရုံသာမက ကျန်းမာရေး လူမူရေး များတွင်လည်း လက်တွေ့တိုးတက်စေနိုင်ပါသည်
 > စီရင်ရန် ပစ္စည်းများ
     မီးခွက်အကြီး(၁)ခွက်
     မီးခွက်အတွင်းစာရေး၍ ရေသာ ဆော့ပင်
      မီးခွက်အတွင်း၌ ပုံပါအတိုင်း ဂါထာကို အဝိုင်းပုံလှည့်ပတ်၍ ရေးပါ
ဂါထာမွာ
            သုခံ ဘဂျံ ဗလံ ဇေယျံ
            ယသံ တေဇော လာဘံ အာယု
            အဌာဝရာ နိမာနေဝ
            ဝဍ္ဎန္တု ဇိန တေဇသာ
       ဂါထာအလယ်တွင် ၂၃ ကို ပုံအတိုင်းရေးဆွဲပါ ဆွဲပြီးပါက မီးခွက်ကိုဝါးနှစ်ဖက်အတွင်းထည့်၍ ဂါထာ ၃၇ ခေါက်ရွတ်ပါ
      ဤတွင်မီးခွက်စီရင်နည်းပြီး၍
      မီးထွန်းနည်းသာ ကျန်ရှိပါသည်
      မီးထွန်းလျှင် မနက်ပိုင်း ထွန်းရပါမည် မီးခွက် ကို ဘုရားစင်တွင်တင်၍ ဆီထည့်ပါ(ဆီကိုလည်းဂါထာနှင့် ၇ အုပ်မန်းထားပါ ဘူးလိုက်မန်းထားနိုင်ပါသည်)
     မီးစာကြိုးကိုလည်း ဂါထာနှင့် ၇ ခေါက်မန်း၍ မီးခွက်အတွင်းထည့်၍ မီးထွန်းပူဇော်ပါ
(မီးစာကြိုးကိုလည်းကြိုတင်၍ မန်းထားနိုင်ပါသည်) 
      နေ့စဉ်ပူဇော်နိုင်ပါက ပိုကောင်းပါသည် မီးထွန်းရင်း ဂါထာကိုပင် ပုတီးစိပ်ခြင်း ရွတ်ဆို ဆုတောင်းပါက ပို၍ ထိရောက်ပါသည်
မူရင်းလင့်-----------https://m.facebook.com/story.php?story_fbid=568817823482005&id=100010613768917
Thursday, June 28, 2018
နင်းချေကြည့်ပါ အကြွေးရ ယတြာ
ဒီနေ့. လီဆူ အမျိုးသားကြီး နဲ့ အမျိုးသမီး
ကြီးတစ်ဦးလာပြီး အကူအညီလေးတစ်ခု
ပးပါဦး ဆိုပြီးလာကြတယ်...
သီးနှံတွေကလည်း မပေါ်သေးဘူး.စိုက်ပျိုး
ရေးစရိတ်တွေ..ဆေးဖျန်းရတာတွေ..
အလုပ်သမားခတွေကလည်း.အရမ်းကုန်
တယ်တဲ့..
အခုငါတို့မှာ ငွေအရမ်းလိုနေပြီတဲ့..
အဲဒီတော့ ကျနော်က ဘာလုပ်ပေးရမှာ
လည်းပြောပါဦးဆိုတော့ ငါတို့ငွေတွေ
သူများတွေဆီမှာ ရစရာလူတွေ တော်တော်
များများရှိတယ် တစ်ဦးတစ်ဦးကို သိန်းနှစ်
ဆယ် သုံးဆယ်တွေရရမှာတဲ့.
အဲဒါ.နင်က ဆရာကြီးမင်းသိင်္ခ ရဲ့တပည့်..
အဲဒါမျိုးတွေလုပ်ပေးတတ်တယ်..သွားလိုက်
လို့့ ပြောကြလို့လာခဲ့တာတဲ့..
မုန့်လုံးရေပေါ်ဝေကြွေးလိုက်ပေါ့ဗျာ..
ခင်ဗျားတို့ရစရာရှိတာတွေ ပြန်ရမှာပါလို့
ပြောလိုက်တော့
ငါတို့ရွာမှာ မုန့်မှုန့်က ဝယ်ဖို့မလွယ်ဘူးလေ
တဲ့.တစ်ခြား လွယ်တာမရှိဘူးလားတဲ့...
အဲဒါနဲ့..တစ်ခါတုန်းက ဆရာဟိန်းတင့်ဇော်
ပြောဖူးတဲ့ အကြွေးရတဲ့ ယတြာနည်းလေး
ကိုပေးလိုက်ရတော့တာပဲဗျာ..
လွယ်သလားတော့ မမေးနဲ့ဗျို့..သခြားသီး
တစ်လုံးဝယ်ပြီး သခွားသီးပေါ်မှာ.လူပုံ အရုပ်
လေးရေးပေါ့ 
ကိုယ်ရစရာရှိတာက မိန်းကလေးဆို မိန်းမ
ပုံလေးဖြစ်တယ်ဆိုရုံလေး ဆော့ပင်လေးနဲ့
ရေး သူ့အမည်ကို သခွားသီးပေါ်မှာပဲထပ်ပြီး
တော့ရေးလိုက်..ဦးတိုး ဆီမှာရစရာရှိရင်
လည်း ယောက်ကျားပုံလေးဆွဲပေါ့ .ဦးတိုး
လို့လည်းရေးပေါ့..
ပြီးတော့မှ အိမ်ခြေရင်းဘက်..ဒါမှမဟုတ်
မီးဖိုခန်းဘက်မှာ သခွားသီးကိုချပြီး သခြား
သီးကို ခြေထောက်နဲ့ အားရှိပါးရှိ နင်းခြေ
ရင်း ဥပမာ..ဦးတိုး ခင်ဗျားဆီက ကျုပ်ရစရာ
ရှိတဲ့ ငွေ......ဘယ်လောက်ပေါ့ဗျာ..
အျမန္ဆုံး လာဆပ်စေ လာပေးစေ လို့ပြော
လိုက်ရုံပါပဲ..လာမပေးမချင်း ခဏခဏ
လုပ္ဗ်ာ..အဲဒါ သေချာပေါက် ငွေအကြွေး
တွေ ပြန်ရတဲ့ နည်းပဲ လို့ ပြောလိုက်ရတော့
တာပဲဗ်ာ...
အဲဒီတော့ နောက်နေ့ကျရင်လည်း ခင်ဗျား
တို့ရစရာရှိတဲ့ အကြွေးတွေ ပြန်တောင်းချင်
ရင် သခွားသီးလေးသာ မနက် ဈေးသွားရင်း
ဝယ်ခဲ့ရုံပေါ့ဗျာ..
ကဲ..အားလုံး အကြွေးပေးရမယ့်သူတွေ
ရော အကြွေးရစရာရှိတဲ့သူတွေရော.အဆင်
ပြေတိုးတက်ကြပါစေဗျာ.....9.3.2017
အဘ တပည့်..ဆရာနိုင်အောင်လှိုင်..
မူရင်းလင့်။ ။https://m.facebook.com/groups/529128884119580?view=permalink&id=614050072294127
Wednesday, June 27, 2018
တောင်းချင်တာတောင်း
နဲနဲခက်ပြီး iတော်တော်လွယ်တယ်...
ယတြာစာစဉ် (၇)
🙏🙏🙏🙏🙏🙏🙏🙏
တစ်ခါတရံမွာ သူတစ်ပါးဆီက ့တောင်းယူမွ
ရမယ့်ကိစ္စလေးတွေ လူတိုင်းလိုလို ကြုံတတ်
ရှိတတ်ပါတယ်.
ဥပမာ..ကိုယ့်အထက်လူကြီးဆီက အလုပ်
အကိုင်တောင်းခြင်တာ..
အခွင့်အရေးတစ်ခုခု ဆုကြေး ့ဘောနပ်စ်
အပါအဝင်အခြားကိစ္စတစ်ခုခုလည်း
ဖြစ်နိုင်တာပေါ့။
တစ်ချို့ကြတော့လည်း အမွေခွဲရမယ့်
ကိစ္စမှာ တစ်ဦးဦးက ချုပ်ကိုင် သိမ်းပိုက်
ထားပြီး ပိုင်ဆိုင်မှုကို ခြဲမပေးသေးတာ..
အရောင်းမခံသေးတာ.အဖိုးနည်းအိုးကြဲ
့လေးနဲ့ မလောက်မငွ ့ပေးပြီးအပိုင်သိမ်းပစ်
ခြင်တာတွေလည်း ရှိတတ်တာပေါ့..
တစ်ချို့ကြတော့လည်း အလုပ်အကိုင်လေး
သြားတောင်းခြင်တာမျိုး..
အချို့ကြတော့လည်း သူကူညီပေးမှ လက်
မှတ်ထိုးပေးမှသူပြောပေးမှ သူစီစဉ်ပေးမှ
အခွင့်အရေးရမှာမို့ဆိုတဲ့အခြေအနေတွေ
ရှိကြမှာပေါ့..
အချို့ကြတော့လည်း.ကိုယ့်ငွေလေးတွေ
လက်လွန်နေလို့ ပြန်တောင်းခြင်တာ..
မပြေလည်မှန်းသိလျှက်နဲ့တောင်းတာတောင်
မဟုတ်ဘူး..သူတို့မှာပြေလည်နေရဲ့သားနဲ့
ပြန်မပေးခြင်လို့ဝေ့နေတာမျိုးတွေပေါ့..
အဲဒါမျိုးတွေဆို ကိုယ့်ပစ္စည်းနဲ့ကိုယ် ကိုယ့်
့ငွေနဲ့ကိုယ်စိတ်ညစ်နေရတတ်တာပေါ့..
ယတြာနည်းတွေကတော့ အမျိုးမျိုးရှိတာ
ပါပဲ၊
မိတ်ကို ဓာတ်အုပ် အားကြီးဟုတ်..ဆိုတာ
မျိုးတွေ..
အမြစ်အညွန့်မတွန့်စေရ..ဆိုတာမျိုးတွေ..
အညွန့်နဲ့တြိရန်းနံကို စတုရန်းနံမှာချည်ပြီး
မီးတိုက်ပစ်တာမျိုးတွေ..
ကြက်ဥ ့ကြေးအိုးလှူပြီး အကြွေးကိုကက်
ကင်းခေါ်တာတွေ..
အင်ကြင်းရွက်မွာ အမည်ရေးအပ်ချည်ပတ်
ဓာတ်ဆင်တာမျိုးတွေ..
အိုကေနို့ဆီဗူးနဲ့ မီးထွန်းတာမျိုးတွေ..
အကြွေစေ့တွေနဲ့ နာမည်ပေါ်ပစ်ကြဲချ ရင်း
ဓာတ်ဆင်တာမျိုးတွေ...
အင်းပညာရှင်တွေကလည်း အင်းပညာရပ်
့တွေနဲ့ အကြွေးတောင်းအင်း မိတ်နံဂြိုဟ်
တက်အင်းတွေချပေးတာမျိုးတွေ..
တဲရော့ပညာမှာလည်း နံပါတ်နှစ်မယ်တော်
ကြီးကဒ်ပုံ နံပါတ် ၁၁ မနုစာရီကဒ်ပုံတွေနဲ့
မီးထွန်းကြတာမျိုးတွေ..
ဂါထာမန္တာန်ပညာရှင်တွေကလည်း ဒီဓူမာ
တာဂါထာညို့ှ ကြိုးမန်းဂါထာမန္တာန်တွေနဲ့စီ
စဉ်ပေးတာမျိုးတွေ..
ှသူ့ရဲ့မွေးလ ့မွေးရက်မွာ ၆လနဲ့၂၈.ရက်ပေါင်း
ပြီးအပိုင်သြားတောင်းခိုင်းတာမျိုးတွေ..
စမ ပညာရှင်တွေကလည်း ့ကြွေပန်းကန်ပေါ်
မွာ ဝင်စမ အမျိုးမျိုးနဲ့ပညာစွမ်းပြ ့တောင်းပေးတာမျိုးတွေ..
iဗေဒင်ပညာရှင်တွေကလည်း တြိ စတုနင်း
ကြမ်းပြုပြီး ပဉ္စပွတ်အရပ်လှည့် ဆ ပွတ်နံ
စားပြီး အခါဘဝါးအရခြေလှမ်းခိုင်းပြီးတောင်း
တာမျိုးတွေ..
နက္ခတ်ပညာရှင်တွေကလည်း ဘယ်အရပ်
ကိုလှည့်ပြီးဖယောင်းတိုင်ပူဇော် ဘာဂါထာ
ရွတ်ပြီးတောင်းဆိုတာမျိုးတွေ..
ဇာတာသမားကလည်း ဘယ်အချိန်နဲ့ဘယ်
အချိန်ကြား လက်ကနေ ဘယ်အတန့်မှာ
ဘာရှိတဲ့အချိန်နဲ့ တနု ကဋုမ္ပ ပထနီ ကမ္မ သုဘ လာဘ ကျမယ့်အချိန်ပေးပြီး
့တောင်းတာမျိုးတွေ...
ဂမ်ဘီရပညာရှင်တွေကလည်း အီး ့အေ အီး 
့အေ အို နဲ့ ့ရေလဲသုံးပေးလိုက်ကြတာမျိုးတွေ..စတဲ့ ဆရာမ်ားစြာ..
ပညာမ်ားစြာကို မှတ်သားခဲ့ရဖူးပါတယ်
ဒါပေမယ့် က်နော့်ဆီလာတဲ့သူတွေမှန်သမ်ွကိုတော့ နည်းနည်းခက်ပေမယ့် ့တော်တော်
လွယ်တဲ့ယတြာကိုပဲလမ်းညွှန်ပေးလိုက်တာ
ပါပဲ...
့နေ့့လည်နေမွန်းတည့်လောက်အချိန်ရောက်
ရင် သစ်ပင်ကြီးကြီးတစ်ပင်အောက်ကိုဝင်ပြီး
ဖိနပ်ချွတ်ထားရတယ်..လက်အုပ်လေးချီပြီး အရဟံ..လို့ ၁၀၈ ့ခေါက်ရွတ်ခိုင်းလိုက်တယ်..
ပြီးတာနဲ့ အပင်စောင့်ရုက္ခစိုးကိုမေတ္တာ
ပို့အမျှဝေပြီး အသေးစိတ်ပြောခိုင်းဆုတောင်း
ခိုင်းရတယ်..
အဲဒီအတိုင်း ၇ ရက်တိတိ ့နေ့တိုင်းသွားရွတ်
ရတယ်
၇ ရက်ပြည့်အောင်လုပ်ပြီးရင် သြားတောင်းပေတော့ဗျာ
အမြန်ဆုံးလုပ်ပေးတာ ့ဆောင်ရွက်ပေးတာ.
.အကြွေး
ဆိုလည်း ဖြစ်တဲ့နည်းနဲ့ ရှာဖွေပေးတာတွေ
လုပ်ပေးတော့တာပဲ..
ကိုယ်ကငွေအကူအညီတောင်းမှာဆိုလည်း
လုပ်လို့ရတာပဲလေ.ဘာလာလာတောင်း
မယ့်အစီအစဉ်ပေါ့ဗျ ာ.
အဲလိုမလုပ်ခြင်ဘူး အပင်အောက်မသြားရဲ
ဘူးလား..
ရတာပေါ့ မြစ်ဆိပ်တို့ ့ရေချောင်းတို့ထဲကို
ဆင်းပြီး ချက်ထိရေနစ်တဲ့နေရာမှာရပ်နေပြီး အရဟံ..လို့ အခေါက်
၃၀ လက်အုပ်ချီပြီးရွတ်..ချောင်းစောင့်နတ်
မြစ်စောင့်နတ်ကိုမေတ္တာပို့ အမ်ွပေးပြီး ကိုယ့်
ကိစ္စကိုအသေးစိတ်ပြောရင်းဖြစ်လိုတဲ့ပုံစံကိုအကူအညီပေးဖို့ဆုတောင်းရတယ်..အဲဒီအ
တိုင်း ့နေ့ခင်အချိန်မှန်မှန် ၇ ရက်ဆက်တိုက်
သွားလုပ်လိုက်..
၇ ရက်ပြည့်ပြီးတာနဲ့ သြားတောင်းပေတော့..
ကိုယ်က သြားတောင်းရမယ့်နေရပ်က ့ဝေး
့နေရင် ဖုန်းနဲ့လှမ်းဆက်ပြီးအရင်တောင်း
လိုက်ပေါ့.ပြေလည်အောင်တော့ပြောတောင်း
့ပေါ့ဗျာ..
အဲဒါတောင် မြစ်နဲ့မနီးလို့ iချောင်းမရှိလို့ဆို
ရင်လည်း ခင်ဗျားတို့အိမ်မွာပဲ ့
ထည့်ပြီးရွတ်ရွတ်..
မိုးကာတစ်ချပ်ဝယ်ပြီး ့ထောင့်လေးထောင့်
ကနေကြိုးနဲ့မြှောက်ချည် ့ရေထည့်ပြီး ဝင်ရွတ်ရင်လည်းရတာပဲလေ...
ပလစ်တစ်ပေပါ.သစ်သားစည်လိုဟာမျိုးထဲ
့ရေထည့်လုပ်တော့ရော ဘာဖြစ်တုန်း ရတာ
ပဲလေ..
အဓိကကတော့ ့နေ့လည်ပိုင်းမွာ ၇ ရက်
ဆက်တိုက်လုပ်ဖို့နဲ့ အရဟံဂုဏ်တော် တစ်
မျိုးတည်းကိုရွတ်ဖို့ကအဓိကပါပဲ..တစ်ခုမှတ်ထားရမွာက သစ်ပင်ကြီးကြီးအောက်..ည
့ညောင်ပင်အောက်စသည်ဖြင့်ရွတ်တာဆို
ရင် ၁၀၈ခေါက်ရွတ်ရမယ်..ရေထဲမှာရွတ်ရင် အခေါက် ၃၀ ပဲရွတ်ရမယ်..
ဒီနည်းဟာ နည်းနည်းခက်ပေမယ့် ့တော်တော်လွယ်တ့ဲယတြာပါပဲ..
အဘဆရာကြီးမင်းသိင်္ခလည်း ခဏခဏသုံးသွားဖူးပါတယ်..
ဝိဇ္ဇာသိပ္ပ ဆရာကြီးဦးကျော်ရင်ရေးခဲ့တဲ့
သဗ္ဗသိဒ္ဓိစွယ်စုံကျမ်းမွာ ဂုဏ်တော်တစ်မျိုး
ခြင်း အကျယ်တဝင့်ရေးသားခဲ့တာကို မှတ်
သားဖူးပါတယ်...
အဲဒီတော့ သင့်အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ပဲ
iတောင်းခြင် iတောင်းခြင် iတောင်းစရာကြုံ
ရင်တော့ ဒီနည်းလေးကိုစမ်းကြည့်ပါ
လို့ပဲ လမ်းညွှန်ပေးခြင်ပါတယ် မိတ်ဆွေ..
ထာဝရရွှင်လန်းချမ်းမြေ့ပါစေသော်...
နမော သဗ္ဗ အာစရိယာနံ..သင့်ရဲ့ထာဝရ
မိတ်ဆွေ
ဆရာနိုင်အောင်လှိုင်..ကွမ်းသီးတန်းလမ်းမ.
iတောင်မြို့..
                     20.2.2018
မူရင်းလင့်။ ။https://m.facebook.com/groups/529128884119580?view=permalink&id=616699005362567
Monday, June 4, 2018
ဆင်းရဲနွမ်းပါးတဲ့ ဘဝမွ လွတ်မြောက်ရန်
" ဆင်းရဲနွမ်းပါးမွဲတေလွန်းတဲ့သူတွေ ဆင်းရဲနွမ်းပါးတဲ့ ဘဝမွ လွတ်မြောက်ပြီး တစ်ဦးတစ်ယောက် ငွေကြေး ချမ်းသာလာရာမှ လူပေါင်းများစွာ ချမ်းသာစေဖို့ အတွက်..."
  လူတစ်ယောက်မှာ ငွေကြေး ချမ်းသာဖို့အတွက် အဓိက အရေးကြီးတဲ့ အချက်(၃)ချက် လိုပါတယ်။
 (၁) ကံ
(၂) ဉာဏ်
(၃) ဝီရိယ
  လူတိုင်း လူတိုင်း ချမ်းသာချင်ကြပါတယ်။ ချမ်းသာဖို့အတွက် အလုပ်လုပ်နေကြတယ်။ နေပူမရှောင်၊ မိုးရွာမရှောင်၊ ချမ်အေးတာမရှောင်၊ အအိပ်ပျက်၊ အစားပျက်၊ ဆင်းရဲဒုက္ခ အခက်အခဲမျိုးစုံကို ရင်ဆိုင်အံတုလို့ အသက်အန္တရာယ်ကိုပင် သတိမထား လုှပ်ရှားရုန်ကန်း နေကြရတယ်။
 ဒါပေမယ့် မချမ်းသာလာကြဘူး။ တဝမ်းတခါးတောင်မှ အနိုင်နိုင်ရယ်နဲ့။ ဒါကြောင့်လဲ ရှေးလူကြီးသူမများက "ကံမရှိ ဉာဏ်ရှိတိုင်းမွဲ" ဆိုသလို...
 ကောင်းသော အသက်မွေးမှုကို ကောင်းစွာပြုပြီး သမ္မာအာဇီဝကျကျ ဇွဲလု့ံလဝီရိယ ရှိသည့်ကြားမှ ဆင်းရဲနွမ်းပါးမွဲလွန်တဲ့သူတွေအတွက် ရည်ရွယ်၍...
 (ကံဆင့် ကံမြင့် ကံပွင့် ယတြာတော်ကြီး)
 ပဉ္စပွတ်၊ ဆပွတ်၊ အညွု့န်
 မွေးနေ့မတိုင်ခင် ပထမနေ့ မိမိမွေးနံ အညွုန့်ရတဲ့ နေ့ကစပြီး ယတြာစလုပ်ရမယ်။ လူတစ်ယောက်ဟာ အညွု့န် တလူလူ ဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် အညွု့န် နေ့ကစပြီး အဆောင်လုပ်တာ၊ အဓိဌာန္လုပ္တာ၊ ယတြာချေတာ၊ အစီအရင်လုပ်တာ အကောင်းဆုံး နေ့ပဲ ဖြစ်တယ်။
(၇)ရက်သားသမီးများအားလုံးအတွက်
တနင်္ဂနွေသားသမီးများဆို (တနင်္လာနေ့ ဖြစ်တယ်)
တနင်္လာသားသမီးတွေဆို (အင်္ဂါ နေ့ဖြစ်တယ်)
အင်္ဂါသားသမီးတွေဆို (ဗုဒ္ဓဟူး နေ့ဖြစ်တယ်)
ဗုဒ္ဓဟူးသားသမီးတွေဆို (ကြာသပတေး
နေ့ဖြစ်တယ်)
ကြာသပတေးသားသမီးဆို (သောကြနေ့ ဖြစ်တယ်)
သောကြာသားသမီးတွေဆို (စနေနေ့ ဖြစ်တယ်)
စနေသားသမီးတွေဆို (တနင်္ဂနွေနေ့ ဖြစ်တယ်)
(အဓိဋ္ဌာန်ရက်ပြီးအောင်လုပ်ရမယ့်နေ့က)
အညွု့န်၊ ပင်စည်၊ အျမစ္နံ ပေါင်းတဲ့ရက်တွေထိ လုပ်ရမယ်။
တနင်္ဂနွေသားသမီးများ (၃၁)ရက် လုပ်ပါ။
တနင်္လာသားသမီးများ (၂၉)ရက် လုပ်ပါ။
အင်္ဂါသားသမီးများ (၄၀)ရက် လုပ်ပါ။
ဗုဒ္ဓဟူးသားသမီးများ (၄၄)ရက် လုပ်ပါ။
ကြာသပတေးသားသမီးများ (၅၇)ရက် လုပ်ပါ။
သောကြာသားသမီးများ (၅၀)ရက် လုပ်ပါ။
စေနသားသမီးမ်ား (၃၇)ရက် လုပ်ပါ။
မီးဓာတ်နှင့်လေ၊ မြေနှင့်ရေ မိတ်ဆွေတော်ကြသဟာယ ဟူသည့် ဓာတ္သေဘာအရ လျင်မြန်စေသော စရေဓာတ်ပေါ်ချိန် သောကြာအခါ လျင်မြန်စေသော ဝါယောဓာတ်ခိုရှင့် ဟူသော ရှေးပညာရှိကြီးတို့၏ ဆုံးမမှုအတိုင်း စရေဓာတ်ပေါ်သော သောကြာအခါတွင် မီးဓာတ်နှင့်လေဓာတ် ပေါင်းဆုံစီရင်ခြင်း ဖြစ်တယ်။
တနင်္ဂနွေသားသမီးဆို
နံနက် (၇)နာရီခြဲမွ (၉)နာရီ
ည (၇)နာရီခြဲမွ (၉)နာရီ
တနင်္လာသားသမီးတွေဆို
မွန်းလွဲ (၁)နာရီခြဲမွ (၃)နာရီ
အင်္ဂါသားသမီးတွေဆို
နံနက် (၉)နာရီမွ (၁၀)နာရီခြဲ
ဗုဒ္ဓဟူးသားသမီးတွေဆို
ညေန (၃)နာရီမွ (၄)နာရီခြဲ
ကြာသပတေးသားသမီးဆို
နံနက် (၁၀)နာရီခြဲမွ (၁၂)နာရီ
သောကြာသားသမီးတွေဆို
နံနက် (၆)နာရီမွ (၇)နာရီခြဲ
ညေန (၄)နာရီခြဲမွ (၆)နာရီ
စနေသားသမီးတွေဆို
မွန်းလွဲ (၁၂)နာရီမွ (၁)နာရီခြဲ
ထိုအချိန်များတွင် ဘုရားရှင်အား ဖယောင်းတိုင် အေသး(၃)တိုင်ဖြင့် အလင်းဓာတ်ပူဇော်ပြီး ယပ်တော်သွင်း၍ ဆုတောင်းပါ။
မိတ်ဆွေတော်စပ်ကြသော မီးဓာတ်နှင့်လေဓာတ် ပေါင်း၍ ဘုရားရှင်အား ပူဇော် ဆုတောင်းပါက ဆုတောင်း ပြည့်ဝစေပါတယ်။
အောက်နင်းကြမ်း တြိစတု
စားရမဲ့မဲ့ သောက်ရမ့ဲမ့ဲ ဖြစ်နေသော လမ်းဘေးခွေးလေးများကို ဈေးထဲတွင် ခုတ်ထစ်လွှင့်ပစ်ကြလေ့ရှိသော ငါးစိမ်းတန်းမှ ငါးအမြီးပိုင်းများ၊ ခေါင်းပိုင်းများ၊ တောင်ပံများ၊ ပါးဟက်များ၊ ကြက်အရိုးများ၊ အမဲအရိုးများနှင့် ဆန်ကြမ်း ရောပြုတ်ချက်ပြီး ဗလဝကုသိုလ် အစာကျွေးရင်း ဆုတောင်းရမည်။ ဆုတောင်းတာ မရှက်ပါနဲ့။
အထူးမှတ်ချက်။ ။ အစာကျွေးသည့် အခါ အောက်မှာ တစ္ခုခု ခင်းကျင်းပြီး နေ့သားအလိုက် ဖော်ပြပေးထားသည်။ မိဘနှစ်ပါး၏ နေနံဖြင့် ခင်းမကျွေးရပါ။ (ဥပမာ) အေဖက တနင်္ဂနွေသား အေမက တနင်္လာသမီးဆို အင်းဖက် အိုးကြမ်းဖဲ့ ထည့်မကျွေးရပါ။
တနင်္ဂနွေသားသမီးဆို
ဇလုံ၊ ဇလား၊ ထန်းရွက်၊ ဝါးဆစ်ခွက်
တနင်္လာသားသမီးတွေဆို
အိုးခြမ်းပဲ့၊ အင်တုံ၊ ဝါးဆစ်ခွက် ၊ အင်ဖက် ပန္ကန္ကြဲ
အင်္ဂါသားသမီးတွေဆို
သံပန်းကန်းပြားစုတ်၊ ပန်းကန်ကွဲ၊ ငှက်ပျောဖက်
ဗုဒ္ဓဟူးသားသမီးတွေဆို
ထန်းရွက်၊ စက္ကူ သံပန်းကန်းပြားစုတ်၊
ကြာသပတေးသားသမီးဆို
အင်တုံ၊ အင်ဖက်၊ ဝါးဆစ်ခွက်
သောကြာသားသမီးတွေဆို
အိုးကြဲ၊ ပန်းကန်းကွဲ၊အင်ဖက်၊ ငှက်ပျောဖက်
စနေသားသမီးတွေဆို
စက္ကူ သံဇလုံစုတ်၊ ငှက်ပျောဖက် တို့နှင့် ထည့်ကျွေးပါ၊၊ ထိုနံများထဲတွင် မိဘနှစ်ပါး၏ နေနံပါလျှင် ရှောင်ပါ။
ခွေးစာကျွေးရမည့် ရက်များ
အင်္ဂါ သောကြာ စေန ထိုသုံးရက်များတွင် ကျွေးရမည်၊
ခွေးစာကျွေးရမည့် အချိန်
နံနက် (၆)နာရီမွ (၇)နာရီခြဲ
ညေန (၄)နာရီခြဲမွ (၆)နာရီ
ဒိဝါတပတိ ဂါထာတော်ကြီးကို တစ်နေ့ အခေါက် (၃၀၀) ရွတ်ဆိုပါ။
" ဒိဝါတပတိ ဂါထာတော်ကြီး "
ဒိဝါ တပတိ အာဒိစေ္စာ၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒေ္ဓါ ခတ္တိယော တပတိ၊ စ်ာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒေ္ဓါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။
နမက္ကာရာနုဘာေ၀န၊ သဗေ္ဗ ပူရေန္တု သင်္ကပ္ပါ။
( မွန္ကန္တိက်စြာ အသံထွက်နည်း )
ဒိဝါတပတိ အာဒိတ်စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန်နတ်ဓော ခတ်တိယော တပတိ၊ စ်ာယီ တပတိ ဗြာန်မဏော။
အထ သတ္ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊ ဗုတ္ဓံ ၀န်ဒါမိ အာဒရံ။
နမက္ကာရာ နုဘာေ၀န၊ သတ်ဗေ ပူရင်တု သင်ကပ်ပါ။
( အနက်အဓိပ္ပါယ် )
နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။
ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ၀တ်ဆင်မှသာ တင့်တယ်ပေ၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်၀င်စားမှသာ တင့်တယ်၏။
မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး အခါခပ်သိမ်း တန်ခိုးတော်ဖြင့် တင့်တယ်ပေသည်တကား။
ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏အရှင်ဘုရား။
ဤသို့ ရွိခိုးရေသာ အကျိုးအားကြောင့် ကြံကြံသမျှ တောင့်တအရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။
ဒိဝါတပတိ ဂါထာတော်ကြီးကို နံနက် အိပ်ရာမှနိုးခါစ မျက်နှာသစ် ခြေလက်ဆေးကြောပြီးသည်နှင့် ငွေထည့်သော ပိုက်ဆံအိတ်ထဲကို ပုတီးကိုင်သောလက် ထည့်စိပ်ပါ။ ပိုက္ဆံ တစ်ထောင်တန်မှာ ဒိဝါတပတိ ဂါထာတော်ကြီးကို ရေးပြီး ထည့်ထားပါ။ ထိုတစ်ထောင်တန်နှင့် ပုတီးနှင့် ထိထားပြီး စိပ်ပါ။ ထူးခြားစွာ ငွေဝင်လာ မစဲ လာဘ်ရွှင် လာဘ်ပွင့်၍ ငွေမပြတ် ဝင်လာနေပါလိမ့်မည်။
ဆင်းရဲနွမ်းပါးမွဲလွန်တဲ့သူတွေ ရိုးသားကြိုးစားမှုဖြင့် ထိုယတြာအစီအရင်များကြောင့် ပြောင်းလဲသွားခဲ့ရသော လူ့ဘဝအလှည့်အပြောင်း ဘဝတစ်ဆစ်ချိုး လက်တွေ့ ကြိုးစားဆောင်ရွက်ခြင်းဖြင့် လူတစ်ဦးတစ်ယောက် ပြည့်စုံချမ်းသားခြင်းမှသည် လူပေါင်းများစွာ ချမ်းသာပါစေလို့ ဆန္ဒပြုရင်း...
ပတ္တမြားမိုး ဓာတ်နန်း
(တဲ့ရော့ဗေဒလက္ခဏာ) ဆရာမာန်သစ်ခိုင်
Ph/-09782380704
မူရင်းလက့့်။ ။https://m.facebook.com/groups/346157812478758?view=permalink&id=457455224682349
မြေကွက်ရောင်းထွက်ရန်ယတြာ
အဘဆရာကြီးဒေါက်တာမင်းသိင်္ခ ပြုလုပ်ဆောင်ရွက်ပေးခ့ဲသောယတြာ...
တစ်ခါတုန်းက ရှမ်းပြည်နယ်ဘက္က မြေဧကများစွာ ပိုင်ဆိုင်သော သူေဋ္ဌးမတစ်ဦးက အဘဆီရောက်လာပြီး...
' အဘ သမီး iေြမြကွက်တွေ အမြန် ရောင်းထွက်အောင် ယျတာနဲ့ ကူညီပေးပါအုံ '
ဟု ပြောလေလျှင် အဘသည် အောက်ပါယတြာကို ပေးလိုက်လေ၏။
နောက်တစ်လခန့်ကြာသောအခါ ထိုအမျိုးသီး ရောက်လာပြီး...
' အဘ သမီးမြေကွက်တွေ အကုန်ရောင်းထွက်သွားပြီး အဲ့ဒါ အဘကို လာကန်တော့တာပါ '
ဟု ပြောဆိုပြီး ငွေကြေးများစွာဖြင့် ကန်တော့ကာ ပျော်ရွှင်စွာ ပြန်သွားလေတော့သည်။
iမြေကွက် ရောင်းထွက်စေသောယတြာ
' မြေဇာငါးညွုန့်နဲ့ ရောင်းထွက်ချင်သော iမြေကွက်ကို ငါးချက်ရိုက်ရင်း ရေငါးခွက်လောင်း ဆုတောင်းပါ။ ရောင်းထွက်ချင်သော iမြေကွက်ကို ဖနှောင့်နဲ့ ငါးချက်ပေါက် ဆုတောင်းပါက iမြေကွက် အမြန်ရောင်းထွက်သွားသည်ကို အ့ံသြဖွယ်ရာ တွေ့မြင်ရပါလိမ့်မည်။
သူမ်ားထံ ပေးထားသော ငွေအကြွေးများ ပြန်ရလိုသူများအတွက်
ကြွေးပြားပေါ် မတ်စေ့တင် မတ်စေ့ပေါ် ဖယောင်းတိုင်မီးတင်ထွန်းရင် ဒိဝါတပတိ ဂါထာတော်ကြီးကို ပုတီးသုံးပတ်စိပ်ပြီး ဆုတောင်းပါက အကြွေး ပြန်ရလာပါလိမ့်မယ်။ ကိုးရက်သုံးကြိမ်ထိ ပြုလုပ်ဆောင်ရွက်ပါ။
သူမ်ားထံမွ ယူထားသော ငွေကြွေးများ အမြန်ကျေလိုသူများအတွက်
မိချောင်းကို အစာကျေွးရင် အကြွေး အမြန်ကျေပါလို့ ဆုတောင်းပါက ကြွေကျေသွားပါလိမ့်မည်။ ဘုန်းကြီးကျောင်းတွင် မီးချောင်းလှူပေးရင်း ဆုတောင်းပါ။ မျကာမျကာ ပြုလုပ်ပေးရမည်။ ဒိဝါတပတိ ဂါထာတော်ကြီးကို ပုတီး သုံးပတ်စိပ်ပေးရမည်။
ပတ္တမြားမိုးဓာတ်နန်း တဲ့ရော့ဗေဒလက္ခဏာ
ဆရာမာန်သစ်ခိုင် ph/_09782380704
မူရင်းလင့် ။ ။https://m.facebook.com/groups/346157812478758?view=permalink&id=451289795298892
Tuesday, May 15, 2018
လက်လွန်ထားသောငွေများအမြန်ပြန်ရစေသောယတြာ
လက်လွန်ထားသောငွေများအမြန်ပြန်ရစေသောယတြာ
မိမိထံမွာ သူတစ်ပါးအား ငွေချေးပြီး ပြန်မပေးနိုင်တဲ့ အေနအထားမွာ ဖြစ်နေပါက ပြန်တောင်းရဖို့ အခက်အခဲ ဖြစ်နေ
တာမျိုး၊ မိမိထံမွ ငွေချေးပြီး ပြန်မရတာဘဲ ဖြစ်ဖြစ်၊
ငွေအလိ်မ်ခံရတာဘဲ ဖြစ်ဖြစ်၊ တောင်းလို့မရတာဘဲဖြစ်ဖြစ်၊
သူများလက်ထဲ ငွေလက်လွန်ထားတာဘဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ငွေချေးပြီး ပြန်မရတာမျိုး၊ ငွေအလိမ်ခံရတာမျိုးဖြစ်နေပါက
 လိုအပ်သောပစ္စည်းများ 
   စတီးပန်ကန်တစ်ချပ်
   ရွှေဖရုံသီးတစ်လုံး
   ဆန်အနည်းငယ်
   ငါးမူးစေ့တစ်စေ့
   အနီရောင်ပိတ်စတစ်စ
 စတီးပန်းကန်းပြာတစ်ချပ်ပေါ်တွင် (အနာဆာကင်းသော) ရွှေဖရုံသီးတစ်လုံးကိုထားပါ
 ထားပြီးပါက ရွှေဖရုံသီးပေါ်တွင် အနီရောင်ပိတ်စတစ်စကိုတင်ပါ
 ပြီးလျှင် ပိတ်စပေါ်တွင် ဆန်အနည်းငယ်ကို ဖြန့်ပြီး
တင်ပေးပါ
 ဆန်ပေါ်တွင် ငါးမူးစေ့တစ်စေ့ တင်လိုက်ပါ
 တင်ပြီးပါက အဲ့ဒီ ငါးမူးစေ့ပေါ်တွင် ဖယောင်းတိုင် ခက်ကြီးကြီးတစ်တိုင် စိုက်၍ မိမိလက်လွန်ထားသောငွေကို
" အမြန်ဆုံးရပါစေ " ဟု လေးလေးနက်နက်ဆုတောင်းပြီး
မီးထွန်းပေးပါ
 အနီရောင်ပိတ်စပေါ်တွင် ငွေပေးထားတဲ့သူရဲ့ နာမည်ကိုရေးရမည် (aဆော့ပင်ဖြင့်ရေးပါ)
 ရွှေဖရုံသီးပေါ်တွင် မိမိနာမည်ကိုရေးရမည် (ထုံးဖြင့်ရေးပါ)
 မီးထွန်းပြီးလျှင် " (ဂုဏ်တော်ကိုးပါး) " ပုတီးစပ်ပါ
 (၁၁)ရက်တိတိပြုလုပ်ပါ/ မနက် (၇နာရီ နဲ့၉နာရီကြား)
တွင်လုပ်ရမည်/ မိမိမွေးနေ့ရက်မှာ စပြီးလုပ်ရမည်/
မိမိနေအိမ်ဘုရားစဉ်တွင် ပြုလုပ်ပါ
မှတ်ချက်။ ။ အချိန်မှားလို့မရပါ၊ ရက်မှားလို့မရပါ၊
ဆရာနေသန်းစိုးမွွ မေတ္တာစေတနာဖြင့်
                           ကိုယ်တိုင်တွက်ချက်ရေးသာသည်
မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=1914127208599443&id=1706496416029191
           နက္ခတ္တဗေဒပညာရှင် 
ဗေဒင်နှင့်လက္ခဏာ ဆရာနေသန်းစိုး
            Ph:09-402655876
ဟောပြော - ဖုန်းဘေလ် (Mpt 3000)
ဟောခန်းလိပ်စာ
iနေပြည်တော်