ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Saturday, August 1, 2020

အလွယ်တကူစီရင်လို့ရတဲ့ ယတြာမီးတိုင်စီရင်နည်း


_____________________________________

              ဒီတခါမှာတော့ အရေးကြီးတဲ့အခါထွန်းလို့ရသလို အမြဲလည်းထွန်းလို့ရပြီး ကျင့်စဉ်ရော အဓိဌာန်ရောဝင်လို့ရတဲ့ မီးတိုင်အမျိုးအစားတစ်ခုကို ရေးသားလိုက်ပါတယ်။

            ဒီနေရာမှာ ဘယ်လိုအရေးကြီးကိစ္စအတွက်ထွန်းဖို့သင့်တော်သလဲဆိုရင် စီးပွားရေးကျဆင်းနေသူများ၊အမူအခင်းရင်ဆိုင်နေသူများ၊မိမိကိုယ်ကို ကံဇာတာကျသည်ဟု ယူဆရေသာ အခြေအနေ ရှိသူများအတွက် ရည်ရွယ်ပါတယ်။

           ကျင့်စဉ်အနေနဲ့ ထွန်းမယ်ဆိုရင် သိသိသာ ဘဝမှာပြောင်းလဲမူတွေကြုံရမှာဖြစ်ပါတယ်။ စီးပွားရေး နဲ့ ဘဝအောင်မြင်ရေးကို အေးအေးဆေးဆေးဖြစ်ထွန်းလိုသူတွေအတွက် သင့်တော်ပါမယ်။ ကဲ စီရင်နည်းကိုကြည့်ရအောင် ...

စီရင်နည်း

နေအိမ်ဘုရားရှေ့မှာပဲ ဝတ်ပြုသီလယူပြီးစီရင်ပါ။

မိမိ လက်တဝါးအရှည်ထက်မလျော့တဲ့ ဖယောင်းတိုင်အဖြူကိုသုံးပါမယ်။ ဖယောင်းတိုင်မှာ မီးစာဖက် ထိပ္ကေန အောက်ကို နေ့နံအလိုက် ဖော်ပြထားတဲ့ ဂဏန်းစဉ်ကို ရေးရမှာဖြစ်ပါမယ်။
သံချွန်နဲ့ဖြစ်စေ ဆော့ပင်လို မှင်နဲ့ဖြစ်စေ ရရာနဲ့ရေးပါ။

တနင်္ဂနွေသားသမီးရေးရန်မှာ
၁၂၃၄၅၆၇

တနင်္လာသားသမီးရေးရန်မှာ
၂၃၄၅၆၇၁

အဂါၤသားသမီးရေးရန်မှာ
၃၄၅၆၇၁၂

ဗုဒ္ဓဟူး/ရာဟု သားသမီးများရေးရန်မှာ
၄၅၆၇၁၂၃

ကြာသပတေးသားသမီးများရေးရန်မှာ
၅၆၇၁၂၃၄

သောကြာသားသမီးများရေးရန်မှာ
၆၇၁၂၃၄၅

စနေသားသမီးများရေးရန်မှာ
၇၁၂၃၄၅၆

ရေးပြီးတာနဲ့ ဂါထာနဲ့မန်းရပါမယ်။
ရေးထားတဲ့ဖယောင်းတိုင်ကို လက်ဝါးနှစ်ဖက်ထဲထည့်ပြီး ဖော်ပြပါဂါထာနဲ့ ၃၇ ခေါက် ဆက်တိုက်မန်းပါ။
(အစွမ်းပိုမိုခံစားလိုက ၁၀၈ ခေါက်/ ၁၀၀၀ မန်းပါ။)

ဥမ် ယထာဝိ ဥေဏွ ဝိဇ္ဇနေ္တ 
     ပရံ ဝိဇ္ဇာတိ သီတလံ
     ဧတံ တိပိဓ ဝိဇ္ဇနေ္တ နိဗ္ဗာနံ ဣစိၦတ တဗ္ဗကံ။

     မန်းပြီးတာနဲ့ နေအိမ်ဘုရားရှေ့မှာပဲ ထွန်းညှိပူဇော်ဆုတောင်းပါ။လိုရာဆုကို သေချာစွာတောင်းပါ။ ပုံမှန်ကိစ္စအတွက် တစ်ကြိမ်ဟာ လုံလောက်ပါတယ်။ စီရင်တာထွန်းတာအတွက် ရက်နဲ့အချိန်အခါမလိုပါ။

ကျင့်စဉ်အနေနဲ့ ဝင်လိုတဲ့အခါ ...

          မိမိရဲ့ နေ့နံနေ့ကနေ တပတ္တိတိ အချိန်မှန်နေရာမှန် ထွန်းပါ။ ခုနစ်ရက် ခုနစ်ကြိမ်အောင်မြင်အောင်ဝင်ပါ။ ကျင့်စဉ်ဝင်နေချိန်မှာပဲ သိသိသာသာပြောင်းလဲလာပါမယ်။ ကျင့်စဉ်အောင်ပြီးတာနဲ့ တစ်တိုင်ထွန်းရုံမျှနဲ့ ပိုမိုသိသာစြာ ပြောင်းလဲလာမှာပါ။

=====================

                          နိုင်ထက်အောင်
              ရှေ့ဆောင်-အလင်းပြလောကီပညာ
္စ ရန်ကုန်မြို့
                         ၀၉၇၉၀၆၇၇၁၃၆

#မီးတိုင်
#ယတြာ
#ဖယောင်းတိုင်
#လောကီပညာ

မူရင်းလင့်။ ။ https://m.facebook.com/story.php?story_fbid=1188992598131188&id=100010613768917
 မူလေရးသားသူကို crd ပေးပါတယ်

No comments: