# ဘုမ္မိကြီးအတွက်
ဖြေဆေးတစ်ခွက် #
ဂုဏ် စီးပြား ရာထူး အိုးအိမ် သားမယား အသက်တို့ကို ထိခိုက်ပျက်စီးစေသော အလွန်ကြောက်စရာ
ကောင်းသည့် ဘုမ္မိကြီးကာလနဲ့ သက်ရောက်တို့သည်
တစ်ဦးတည်း ခံရတတ်တာမဟုတ်ပေ၊။
ကိုယ်တိုင်က ဘုမ္မိကြီးကျရောက်နေတာ မဟုတ်ပေမဲ့
ဘုမ္မိကြီး ကျတဲ့သူနဲ့ ပူးတွဲနေတဲ့သူတွေ စီးပြားရေးလုပ်ငန်းမ်ား အတူတူပေါင်းစပ်လုပ်ကိုင်နေသူတွေပါ
ဘုမ္မိကြီးရဲ့ စက်ကွင်းကမလွတ်ပဲ ကိုယ်ပါကံဆိုးသူရဲ့
နောက်ကို လိုက်ပါသွားတတ်တာ သတိပြုရပါမယ်။
သို့သော်လည်း အခြေခံလူတန်းစားတွေ၊လက်လုပ်
လက်စားသမားတွေ၊ တနေ့လုံးချွေးတလုံလုံးနဲ့ မီး
ပူခံရတဲ့ အကြော်သမားတွေကို ဘုမ္မိကြီးက သက်သာ
ခွင့်ပေးပါတယ်၊ ဘုမ္မိကြီးဒဏ်ကိုမခံရသလောက်ပါပဲ
သူတို့က လောဘထက် တစ်နေ့စာတစ်နေ့ ရှာစား
နေရတော့ ဘုမ္မိကလည်းကြောက်ရှာတယ် ထင်ပါရဲ့။
အောင်မြင်တိုးတက်ဖို့ ကြိုးစားနေတဲ့ လူလတ်တန်း
စားတွေ၊ ကြီးပွားအောင်လုပ်နေတဲ့ သူဌေးကြီးတွေ
ပညာတတ်ကြီးတွေကြတော့ ဘုမ္မိကြီးက မျက်နှာသာ
မပေးပြန်ဘူး၊ ကိုယ်တိုင်မခံရရင်တောင် သူ့လုပ်ငန်း
သူ့မိသားစု၊ တစ်ခုခုဟာ ဘုမ္မိဒဏ်ကို ခံကြရတယ်၊
ဘုမ္မိဟာ လူမျိုးမရွေး၊ ဘာသာမရွေးပါပဲ၊ မြန်မာ
ပညာရပ်မို့ မြန်မာတို့နဲ့ပဲဆိုင်တာမဟုတ်ပါဘူး၊ လူမျိုး
ခြား နိုင်ငံခြားသားလည်း ဘုမ္မိကြီးဒဏ်ကို ခံကြရ
ပါတယ်။
အင်မတန်ကြောက်စရာကောင်းတဲ့ ဘုမ္မိကြီးဘေး
ဒဏ်ကို ကာကွယ်နိုင်တဲ့နည်းနဲ့ ယတြာများကိုဖော်
ပြပေးပါမယ်။
ရတနာသုံးပါးကို ယုံယုံကြည်ကြည်ဆည်းကပ်သူတွေ
ဗုဒ္ဓ ရဲ့ ဂုဏ်တော်ကို ထုံနေတဲ့သူတွေ၊ အမြဲမပြတ်
သရဏဂုံပွားသူတွေ၊ နေ့စဉ်မေတ္တာပို့ ပရိတ်ရွတ်သူ
တွေ၊ ပဌာန်းတရားတော် ရွတ်ဖတ်နေသူတွေဟာ ဒီ
လို ကာလတွေမှာ ရောဂါဘေး၊ ခွဲစိတ်ခံရတဲ့ဘေး၊
အသက်ဘေးတို့မှလွတ်ကင်းကြပါတယ်။
ဇီ၀ိတဒါန သက်သတ်လွတ်စားခြင်း တွေ့သမျှ
ကြုံသမျှ အသက်ဘေးကြုံနေသော သတ္တဝါများကိုကယ်တင်ခြင်း၊ ငါးလွတ်ခြင်း၊ ငှက်လွတ်ခြင်းမ်ားကို၊
ပြုလုပ်၍ ဘုမ္မိကြီးဘေးဒဏ်ကိုကာကွယ်ရာမွာ အ
လွန် အစွမ်းထက်ထိရောက်တဲ့ နေမင်းပရိတ်ခေါ်တဲ့
နမောတေဂါထာကို ရွတ်ဆိုရမှာဖြစ်ပါတယ်။
နေမင်းပရိတ်
နမော တေ ဗုဒ္ဓ ၀ီရတၳု၊
၀ိပ္ပမုတေ္တာ သိ သဗ္ဗဓိ၊
သမ္ဗာဓ ပဋိပ္ပနေ္နာသိ္မံ၊
တသ မေ သရဏံ ဘ၀။
ဒီပရိတ်တော်ကို မနက်(၁၀၈) ခေါက် ညအိပ်ရာ
၀င် (၁၀၈) ခေါက် အနည်းဆုံးထာပြီးရွတ်ဆိုပါ၊
ဘုမ္မိုကြီးဘေးဒဏ်က ကျော်လွှားနိုင်ပါတယ်။
နောက်တစ်နည်းကတော့ ဆရာကြီးဦးုကြာမြင့်ရဲ့
နည်းဖြစ်ပါတယ်၊ ဆရာကြီးဦးကြာမြင့်၏ န၀င်း
ပညာသည် ဘုမ္မိကြီးဘေးဒဏ်ကို အခိုင်အမာ ကာ
ကွယ်ပေးနိုင်သော အလွန်အစွမ်းထက် ထိရောက်တဲ့
လူသားအကျိုးပြု ပညာရပ်ကြီးဖြစ်ပါတယ်၊
ဘုမ္မိနဲ့ကြုံတွေ့ရသူများ စိတ်ဆင်းရဲသောကများ ဖြစ်
စရာမလိုပဲသူနဲ့တွေ့ဆုံဆွေးနွေးပါက နာရီပိုင်း ရက်
ပိုင်းအတွင်း အခက်အခဲမ်ားပြေပျောက်စေကြောင်း
အာမခံချက်ပေးခဲ့ပါတယ်။
ဆရာကြီးနည်းအတိုင်း ဆောင်ရွက်လျှင် ဘုမ္မိုကြီးပင်
မကပဲ အခက်အခဲများအားလုံး သက်သာ ပျောက်ကင်းစေတာ အမှန်ပါ၊ သို့သော် ဆရာကြီးဦးကြာမြင့်
ရဲ့ န၀င်းပညာရပ်ဟာ အလွန်အစွမ်းထက်ပေမဲ့လည်း
သူ့ပညာအတိုင်းမလုပ်ပဲ အပိုအလိုတွေနဲ့လုပ်၊ ဆရာတွေက ပညာကိုခုတုံးလုပ်ပြီး၊ ကိုယ်ကျိုးအတွက် အသုံး
ခ်နေကြတာ ရှိကြပါတယ်။
တကယ်လို့များ ဗေဒင်ဆရာတွေ ဘုမ္မိကြီးသမားနဲ့
တွေ့ပြီး ယတြာကြေးမတန်တဆယူပြီး အကြံအဖန်
မလုပ်မိပါစေနဲ့။ လုပ်မိရင်တော့ သူ့ရဲ့ဘုမ္မိကြီးဒဏ်
ကို ဆရာနဲ့ ဆရာ့မိသားစု ခံရမွာ မလွဲပါပဲ။
ဘုမ္မိကြီးကာလ သက်ရောက်နှစ်များအတွင်းက်
ရောက်နေသူများအားန၀င်းစီးယတြာများကို
ပြုလုပ်ဆောင်ရွက်ပေးနေပါသည်၊
လူကိုယ်တိုင်(သို့) အ၀တ်အစား ဓာတ်ပုံများနှင့်
ကူညီဆောင်ရွက်ပေးနေပါသည်။
(၇) ရက်သားသမီးများအားလုံး ဘုမ္မိကြီးနှင့်
ဘေးဥပါဒ် အန္ဓရာယ်မ်ားမွ ကင်းေ၀းလွတ်မြောက်
နိုင်ကြပါစေ။
ဆရာအောင်မင်းမင်း
09 799955758
အပိုင်(၇) စေတနာလမ်း၊ပေါက်ကုန်း
မင်္ဂလာဒုံ(ကံကောင်းသူတို့ ဆုံစည်းရာ)
မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=2187453161504638&id=2180482942201660
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment