ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Monday, August 17, 2020

@မဟာအနန္တ တြိစက္က ဂါထာတော်ကြီး



ရှေးပုရပိုဒ်တွင် ဖော်ပြထားသော လျုှိ၀ှက်ပျောက်ကွယ် တိမ်မြုတ်လုနီးပါးဖြစ်နေသော ဂါထာတစ်ပုဒ်နှင့် အကျိုးကျေးဇူးများကို အများသူငါအကျိုးများစေခြင်းငှာ တင်ပြပေးလိုက်ပါတယ်။ စာကတော့နည်းနည်းရှည်မယ်ဗျ။အကုန်ဖော်ပြပေးမှပြည့်ပြည့် စုံစုံရှိမှာမလို့ပါ။

 မဟာအနန္တတြိ စက္က ဂါထာတော်


ဗုဒ္ဓစက္ကံ
ဓမ္မစက္ကံ
သံဃစက္ကံ
သုံညံသတ္တ ုသွားဟ၊

ဟရဝံ ဗုဒ္ဓဂုဏောန
 ဗုဒ္ဓတေဇေန
ဗုဒ္ဓဗလေန
ဗုဒ္ဓါအာနုဘာဝေန၊

ဟရဝံ ဓမ္မဂုဏေန
 ဓမ္မတေဇေန
ဓမ္မဗလေန
ဓမ္မာအာနုဘာေ၀န၊

ဟရဝံ သံဃဂုဏေန
သံဃေတေဇန
သံဃေဗလန
 သံဃာအာနုဘာေ၀န၊

သဗ္ဗရောဂါ သုခီဟောန္တု
 သဗေ္ဗဘယာ ၀ိနာဿန္တု
သဗေ္ဗနဿန္တုပ္ပဒ္ဒဝါ။

ဗုဒ္ဓစက္ကံ ဓမ္မစက္ကံ သံဃစက္ကံ
အနန္တတြိစက္ကါ နုဘာေ၀န
သဗေ္ဗရောဂါ သုခီဟောန္တု
သဗေ္ဗဘယာ ၀ိနာသန္တု
သဗေ္ဗနဿန္တုပ္ပဒ္ဒဝါ။

ဗုဒေ္ဓါမေရက္ခန္တု နိစ္စံ ၊
ဓမေ္မာမေ ရက္ခန္တု သဒါ၊
သံဃောမေရက္ခန္တု ဒိနေ။

သဗ္ဗဗုဒ္ဓါ နုဘာေ၀န
သဗ္ဗဓမ္မာ နုဘာေ၀န
သဗ္ဗသံဃာနုဘာေ၀န
သဗေ္ဗရောဂါ သုခီဟောန္တု
သဗေ္ဗဘယာ ၀ိနာသန္တု
သဗေ္ဗနဿန္တုပ္ပဒ္ဒဝါ။



ဒီဂါထာကို ရွတ်ဖက်ခါနီးတိုင်း
သရဏဂုံ ၃ပါး ၃ခေါက်အရင်ရွတ်ဆိုပြီးမှ
ဂါထာရွတ်ရပါမည်။

ယခုဖော်ပြပေးထားသော
 ဂါထာတော်ကြီးအားနေ့စဉ်နေ့တိုင်း
ရွတ်ဖက်ပူဇော်ပေးပါက မိမိဘ၀သည်
တန်ဖိုးကြီးမားခြင်း ပညာဉာဏ်ကြီးမားခြင်း အာဏာကြီးမားခြင်း၊
စည်းစိမ်ဥစ္စာ ဂုဏ်ကြီးမားစေခြင်း
အန္တရာယ် ရန်စွယ် အသွယ်သွယ်မှ
ကင်းေ၀းစေခြင်း
ရန်သူမျိုး ၅ပါးဘေးမကပ်ရောက်ခြင်း
အပူသောကများကင်းေ၀းစေခြင်း

၉၆ပါးသောရောဂါမှန်သမျှပျောက်ကင်းချမ်းသာစေခြင်း
 အမှုပြဿနာများ ကင်းေ၀းစေခြင်း
အမှုပြဿနာဖြစ်နေပါကလညး် အနိုင်ရစေခြင်း

 သဘာ၀ဘေးအန္တရာယ်အမျိုးမျိုး
အဆိပ်လက်နက်အမျိုးမျိုး တို့၏
 အန္တရာယ်မှကင်းေ၀းေ၀ခြင်း ။

သိဒ္ဓိ တစ်မျိုးပြးိတစ်မျိုးရရှိတက်ခြင်း
စသောအကျိုးကျေးဇူးများရရှိစေတတ်ပါသည်။

ယခုဂါထာတော်ကြီးအား
အမြဲရွတ်ဖက်နေပါက
စတုလောကနတ်မင်းကြီးလေးပါး
 သိကြားမင်းနှင့်တကွ
၃၃ကျိပ်သော နတ်စစ်သူကြီးတို့က


 အမြဲစောင့်ရှောက်ကူညီကြသည်ဟု
ကျမ်းထဲတွင်ဖော်ပြထားပါသည်။

ဂါထာ၏အကျိုးသည်
 ရောဂါမှန်သမျှ
အနာမှန်သမျှက်ိုလည်း
 ကုသကယ်မနိိုင်ပါသေးသည်။

ေ၇က်ုသော်လည်းကောင်း
 ဆီကိုသော်လည်းကောင်း
ထုံးနနွင်းကိုသော်လည်းကောင်း
 ယခုဂါထာတော်ကြီးဖြင့် ၂၇ခေါက်
ရွတ်ဖက်ပြီး ပေးစေခြင်းဖြင့်

 ရေမန်း ဆီမန်း ထုံးနနွင်းမာန်းဖြစ်စေပြီး

စားဆေး
သောက်ဆေး
လိမ်းဆေးအဖြစ်သုံးနိုင်ပါသည်။

မည်သည့်ရောဂါဖြစ်ဖြစ်
 ပျောက်ကင်းချမ်းသာစေသည်ဟု
 ဖော်ပြပေးထားပါသည်။

ပယောဂအနှောက်အယှက်များ
 ကိုလည်း ရေတွင် မာန်းပြီး သောက်ပေး
 တိုက်ပေး ဖြန်းပေးနိုင်ပါသည်။

နာနာဘာ၀တို့၏
အခြောက်အလှန်များရှိပါက
 ရေကို ဂါထာရွတ်ပြီး ဖြန်းပေးခြင်းဖြင့်
 အခြောက်အလှန်များ ကင်းေ၀းစေပါသည်။

ကျောအောင့်
 ကျောနာ
ဗိုက်အောင့်ဗိုက်နာ
ရင်နာ ခါးနာ ဒူးနာ
ခြေရောင် လက်ရောင််
အဆစ်အမြစ်ကိုက်ခဲရောင်ရမ်းခြင်း
 ခြေ လက် ဒူးပေါင် ကိုက်ခဲနာကြင်ခြင်း၊

အကြောနာ အကြောထုံး
 အကြေားညှပ်စသော အကြောရော၈ါအမျိုးမျိုး
ခါးဆစ္လြဲ ခါးဆစ္နာ ခါးကြောညှပ်
အ၇ိုးကြီးပေါင်းတက်
 ရောဂါများကို

 ဈေးမဆစ်ပဲ၀ယ်သောနှမ်းဆီ
သို့မဟုတ်
 မုန်ညင်းဆီစစ်စစ်(မဆစ္ဆီ ဟုခေါ်သည်)
ကို ဂါထာဖြင့်
၂၇ခေါက်
၅၄ခေါက်
၁၀၈ခေါက်ရွတ်ဖတ််ပြီး
 မနက်ညလိမ်းပါက
အမြန်ဆုံးပျောက်ကင်းစေပါသည်။

 ဂါထာဖြင့် ၂၇ခေါက်
၅၄ခေါက်
၁၀၈ခေါက်ရွတ်ဖတ််တားသော
 ဘယာကြော် ၁၆ခုအား
လူနာရောဂါေ၀ဒနာသည်များအား
 စားစေခြင်းဖြင့်
အနာရောဂါများပျောက်ကင်းစေပါသည်။

အရေးအကြောင်း အမှု့အခင်းရှိပါက လည်း
ငှင်းဘယာကြော် စားသွားခြင်းဖြင့်
 အဆင်ပြေအောင်မြင်စေပါသည်။

ဘု၇ားရှင်အား
 သောက်တော်ရေ ၉ခွက်ကပ်လှူပြီး
 ြပြန်စွန့်ကာ
၎င်းဂါထာတော်ဖြင့်
၂၇ခေါက်
၅၄ခေါက်
၁၀၈ခေါက်ရွတ်ဖတ််ပြီး
မျက်စဉ်းခပ်ပေးခြင်း
မျက်နှာသစ်ခြင်း
 သောက်ပေးခြင်းဖြင့်လည်း
အမှု့ကိစ္စအ၀၀
ပြည့်စုံအောင်မြင်စေပါသည်။

အတိုက်အခိုက်
အနှောက်အယှက်များ
ကင်းေ၀းစေပါသည်။

မျက်စေ့နှင့် ပက်သက်သော
 ရောဂါများ မျက်စဉ်ခပ်ပေခြင်းဖြင့်
 ရောဂါများပျောက်ကင်းသက်သာစေပါသည်။

ဆန်
သို့မဟုတ်
 ကျောက်စရစ်ခဲကို
 ဂါထာဖြင့် ၂၇ခေါက်
၅၄ခေါက်
၁၀၈ခေါက်ရွတ်ဖတ််ပြီး
အိမ်ခြံမြေ အတွင်း ကျဲချပေးခြင်းဖြင့်
အတိုက်အခိုက်
အိမ်ဆူအိမ်ပူခြင်းများ
အိမ်မသန့်မှု့
 မြေအသန့်မှု့များ
ကင်းေ၀းစေပါသည်။

လှည်းဦးတိုက်
 လှေဦးတိုက်
နို့ညပ်အိမ်များ တွင်
ဂါထာအား
 ကြေးပြား
 ငွေပြား
မှိုင်းကိုင်စက္ကူ တွင်ရေးပြီး
အိမ်ရှေ့မျက်နှာစာတွင်
ကပ်ထားခြင်းဖြင့်
အညံ့များကင်းေ၀းစေပါသည်။

မိမိအား
သူတစ်ပါးက
မကောင်းသောအတတ်
ပညာတစ်ခုခုဖြင့်
 တိုက်ခိုက်နှောက်ယှက်ထားသည်ဟု
 ခံစားရပါက
သံပုရာသီးကို
ဂါထာဖြင့်
၂၇ခေါက်
၅၄ခေါက်
၁၀၈ခေါက်ရွတ်ဖတ််ပြီး
 ခေါင်းအုံးအောက်ထားပြီးအိပ်ပါ၊

အငယ်အနှာင်းကိစ္စ  
 အိမ်ထောင်ဘက်ခြေရှုပ်သောကိစ္စများတွင်လည်း
သံပုရားသီးအား
 အထက်ပါပုံစံအတိုင်စီရင်ပြိး
 ခေါင်းအုံးအောက်ထားပေးပါ၊

ဉာဏ်ရှိသလို
လိုအပ်သလို
အသုံးပြုနိုင်သော
 ဂါထာတော်ကြီးဖြစ်ပါသည်။


credit to origin

မူရင်းလင့်။ ။https://m.facebook.com/groups/357203587979338?view=permalink&id=1206147449751610
 မူလေရးသားသူကို crd ပေးပါတယ်

No comments: