အကြွေးတောင်း ယတြာ
ပိုက်ဆံပေးထားပြီး ပြန်မရသောသူများ အကြွေးယူတော့
ပြုံးပြုံး တောင်းတော့ မုန်းမုန်းဆိုသကဲ့သို့
အကြွေးရှင်များ ရင်တဒိတ်ဒိတ်နှင့် မိမိအကြွေးရများရနိုင်မလား
ရင်တမမနှင့် ဖြစ်နေသူများ အိမ်ပေါင် ခြံပေါင်ခံပြီး ပိုက်ဘောမီးနေသူများ ပိုက်ဆံလည်းမရ ခြံလည်းမရ ဟိုမရောက် ဒီမရောက်ဖြစ်နေသူများ သူငယ်ချင်းကို ယုံကြည်ပြီး အာမခံ၍ စိုက်လျော်ရမည့်ကိန်း ဖြစ်နေသူများအတွက် အကြွေးရယတြာလေးကို
ဖော်ပြပေးချင်ပါတယ်။
ဒီအစီအရင်လေးကို ပြုလုပ်ဖို့အတွက်
-သငေ်္ဘာသီး တစ်လုံး
-သာသနာ့အလံ တစ္ခု
-ယပ္နီ နှစ်ခု
-အနီရောင် ဘောပင်/မာကာပင် တစ္ခု
-အညှာပါသော ကွမ်းရွက်တစ်ခု
-လင်ဗန်း(သို့) ပန်းကန်ပြားတစ်ချပ် တို့လိုအပ်ပါတယ်။
ကွမ်းရွက်၏ အကြမ်းဘက်ပေါ်တွင်
မိမိအားအကြွေးပေးရမည့်သူ၏ နာမည်နှင့်မွေးသက္ကရာဇ်ကို ရေးရမည်။
ကွမ်းရွက်၏အချောဘက်တွင် မိမိကို ပေးစရာရှိသော အကြွေးပမာဏကို ရေးရမည်။
ပထမယပ်နီတစ်ချောင်းပေါ်တွင်
"မကြာချက်ချင်း ပေးစေမင်း" ဟုရေးပြီး
ဒုတိယယပ်နီပေါ်တွင်
"မကြာချက်ချင်း လာစေမင်း" ဟု ရေးသားရမည်။
သငေ်္ဘာသီးအပေါ်တွင် "အဓိပတိ ပစ္စယော" ဟု
ရေးသားရမည်။
သာသနာ့အလံပေါ်တွင် မိမိရဲ့နာမည်နဲ့ မွေးသက္ကရာဇ်
ရေးသားရမည်။
လင်ဗန်းပေါ်တွင် ကွမ်းရွက်ကိုအကြမ်းဘက်အပေါ်ကထား၍ခင်းကာ
သငေ်္ဘာသီးကို အပေါ်ကနေထပ်တင်ရမည်။
သာသနာ့အလံကို အလယ်တွင်ထား၍ ယပ်နီနှစ်ချောင်းကို ဘေးကထားက
သငေ်္ဘာသီးအပေါ်တွင် သေချာစိုက်ထူရမည်။
ထို့နောက် လင်ဗန်းကို ဘုရားစင်ပေါ်တင်ကာ
"(ဥုံ မဏိ ပဒေ္မ ဟုံ)"ဟူသောဂါထာကို
(၁၀၈)ခေါက်တိတိ ရွတ်ဆိုရပါမည်။
ရွတ်ဆိုပြီးပါက မိမိပိုက္ဆံကို မိမိလက်ဝယ်ပြန်ရောက်စေဖို့ ဆုတောင်းပါ။
ဒီနည်းလေးကို အရေးကြီးပါက သုံးရက်ခြားတစ်ခါ
လုပ်ဆောင်နိုင်သည်။
သုံးခါလောက်စီရင်ဆောင်ရွက်ပြီးပါက
ထူးခြားမှုများကို မျက်မြင်ကိုယ်တွေ့ ကြုံရမည်ဖြစ်ပါကြောင်း။........။
#ကောင်းညိုစည်သူ
#အကြွေးတောင်းယတြာ
မူရင်းလင့်။ ။ https://m.facebook.com/story.php?story_fbid=139580667831551&id=106805074442444
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment