===================
မနေ့က ...နယ္က ညီမအရွယ် ..စာဖတ်ပရိသတ်တစ်ယောက် ..သူ့သားငယ်လေး နေမကောင်းဖြစ်လို့ မေးရဲ့။
စစ်ကြည့်တော့....အမည်မှာလည်း အမှားမတွေ့...၊ ဒသာကလည်း ..ဒသာဆိုးမဟုတ်။ မွေးနံဖြစ်သော ဗုဒ္ဓဟူးဒသာ၊ နိစ်ဒသာဆိုပေမယ့် ..မွေးနံတည်ရာမို့ အဆိုးကြီးတော့မဟုတ်။ ဒါလည်း မဖြစ်နိုင်သေး။
နောက် အသက်ပိုင်း............
အဲ....
အသက်ပိုင်းခြားကို စစ်ကြည့်တော့မှ....
အသက္က တစ်နှစ်တင်းတင်းပြည့်ပြီး လို့ နှစ်နှစ်ထဲ ရောက်နေတဲ့အချိန် ဖြစ်နေတယ်။
ဗုဒ္ဓဟူး/ရာဟု ဖွားတို့သည် ...အသက် ၂နှစ်အရွယ်မှာ ...ကံနိမ့်ပါး တတ်ကြပါတယ်။
( ကလေးသူငယ် သည်အရွယ်ဆိုတာက.....ပညာရေးလည်း မရှိသေး၊
စီးပွားရေး ..လူမှုရေး...အိမ်ထောင်ရေး...ဘယ်ဘက်မှာမှ ..ဆိုးစရာကလည်း မရှိသေးသည့်အရွယ် ဆိုတော့...ကံဇာတာအားနဲမှုသည် ကျန်းမာရေးတစ်ခုဘက်မှာ သာ...ကျရောက်တတ်တာကို အများဆုံးတွေ့ရပါတယ်။ )
ဒါကြောင့် ဒီဆောင်းပါးလေးမှာ....မွေးနံအလိုက်....၊ အသက်အရွယ်အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ
(ကလေးသူငယ်များမှာတော့ ...ကျန်းမာရေး နှင့် ပညာရေး) အားနဲတတ်ကြချိန်များကို....အလွယ်တစ်ကူကြည့်ရှုသိရှိနိုင်ပြီး ...ဆိုင်ရာယတြာပိုင်းလေးတွေကို ပြုမိနိုင်အောင် ..ကြိုးစားပေးလိုက်ပါတယ်။
ကူးထားပါ။ မိသားစုအတွက် အသုံး၀င်ပါလိမ့်မယ်။ မွနျမာ့ရိုးရာသသေ၀ိဇ်ဇာ ပညာရပ် အရ...သုံးသပ်တင်ပြပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျားးး။
====================
တနင်္ဂနွေနေ့ဖွားများ ...သည် ..အသက်အားဖြင့် ..၆နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊ ၇၆နှစ်၊ ၈၃နှစ်၊ ၉၀နှစ်...စသောအသက်ပိုင်းများတွင်...ကံဇာတာညှိးနွမ်းလွယ်တတ်ပါသည်။
ယတြာအားဖြင့် ...သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့်အစာအာဟာရ လှုဒါန်းခြင်း၊ အေ၀းရှိ ..အမျိုးသားအကြီးအကဲ တစ်ဦးကို ကျေးဇူးပြုခြင်း၊ ကန်တော့ခြင်း....ပြုပေးရပါသည်။
----------------------------------
တနင်္လာနေ့ဖွားများသည်...အသက်အားဖြင့်..၇နှဈ၊ ၁၄နှစ်၊ ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ် ၊ ၅၆နှစ်၊ ၆၃နှစ်၊ ၇၀နှစ် ၊ ၇၇နှစ်၊ ၈၄နှစ်၊၉၁နှစ် စေသာ..အသက်ပိုင်းခြားတို့တွင် ကံဇာတာညှိးနွမ်းလွယ်၏။
ယတြာအားဖြင့် ... ရေအရှင် (စီးနေသော မြစ်ရေ..ချောင်းရေ) တွင် ..ငါးလွှတ်ပေးရ၏။ သန့်ရှင်းရေးကုသိုလ်များ ပြုပေးရ၏။ ကျန်းမာသူဖြစ်လျှင် သွေးလှုပေးခြင်းသည် အထိရောက်ဆုံး ယတြာဖြစ်၏။
---------------------------------------
အင်္ဂါနေ့ဖွားများသည်...အသက်အားဖြင့် ..၁နှစ် ၊ ၈နှစ်၊ ၁၅နှစ်၊ ၂၂နှစ်၊ ၂၉နှစ်၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်၊ ၆၄နှစ်၊ ၇၁နှစ်၊ ၇၈နှစ်၊ ၈၅နှစ်၊ ၉၂နှစ် ...စေသာ အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်၏။
ယတြာအားဖြင့်...ဘုန်းတော်ကြီးကျောင်းသို့ လောင်စာလှုရ၏။ ထင်း/မီးသွေး/မီးခတ်/မီးဖို စသည်ဖြင့် လှုနိုင်၏။ နာရီ ပြက္ခဒိန် ..စသည်တို့ကို လှုပေးရ၏။
------------------------------------------
ဗုဒ္ဓဟူး/ရာဟုနေ့ဖွားများသည် အသက်အားဖြင့် ၂နှစ်၊ ၉နှစ်၊ ၁၆နှစ်၊ ၂၃နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊ ၅၁နှစ်၊ ၅၈နှစ်၊ ၆၅နှစ်၊ ၇၂နှစ်၊ ၇၉နှစ်၊ ၈၆နှစ် ၊ ၉၃နှစ် ....စေသာ အသက်ပိုင်းခြားတို့တွင် ...ကံဇာတာ မှေးမှိန်လွယ်၏။
ယတြာအားဖြင့် ...ယပ်လှုရ၏။ လေပန်ကာ၊ လေအေးပေးစက် စသည်လည်း လှုနိုင်၏။ စိတ်မနှံ့သူတို့ကို ကုသိုလ်ပြုရ၏။ ဇာတာရှင်ကိုယ်တိုင်လည်း အိပ်ယာပြောင်းအိပ်ရ၏။
------------------------------------------------
ကြာသာပတေးနေ့ဖွားတို့သည် ...အသက်အားဖြင့် ...၃နှစ်၊ ၁၀နှစ်၊ ၁၇နှစ်၊ ၂၄နှစ်၊ ၃၁နှစ်၊ ၃၈နှစ်၊ ၄၅နှစ်၊ ၅၂နှစ်၊ ၅၉နှစ်၊ ၆၆နှစ်၊ ၇၃နှစ်၊ ၈၀နှစ်၊ ၈၇နှစ်၊ ၉၄နှစ်....စေသာ အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။
ယတြာအားဖြင့် ...အင်္ဂါနေ့တွင် ...ဆီဦးထောပတ်ကို လှုရ၏။ ငွေငါးရာ၊ ငါးထောင်၊ ငါးသောင်း ၊ ငါးသိန်း စသည်ဖြင့် မိမိတို့တတ်နိုင်သမျှကို ပံ့သကူပစ်ပေးရ၏။ တစ်နေရာတည်းတွင်မပစ်ပဲ...ငါးနေရာခန့် ခွဲပြီး ဖြန့်ပြီး...ပံ့သကူပစ်ရ၏။ သန့်ရှင်းရေးကုသိုလ်လည်း ပြုပေးရ၏။
--------------------------------------------------
သောကြာနေ့ဖွားတို့သည် ...အသက်အားဖြင့် ...၄နှစ်၊ ၁၁နှစ်၊ ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၇နှစ်၊ ၇၄နှစ်၊ ၈၁နှစ်၊ ၈၈နှစ်၊ ၉၅နှစ်...စေသာ အသက်ပိုင်းတို့တွင် ကံဇာတာညှိးမှိန်လွယ်၏။
ယတြာအားဖြင့် ...အမှိုက်ပုံး၊ ထွေးခံ စသည်တို့တွင် မိမိနာမည်ရေးထိုးပြီး သံဃာတော်တို့ကိုလှုပေးရ၏။ တတ်နိုင်သူများ..အဖို့ (မိမိနာမည်ထိုးပြီး) ကုဋီဆောက်လုပ်လှုဒါန်းနိုင်၏။ ေ၀ရာ၀စ်စကုသိုလျအဖွဈ ...ပတ်၀န်းကျင် သန့်ရှင်းရေးကို လည်း ပြုပေးရ၏။ သော့..လှုရ၏။
-----------------------------------------------------
စနေနေ့ဖွားတို့သည်...အသက်အားဖြင့် ...၅နှစ်၊ ၁၂နှစ်၊ ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁နှစ်၊ ၆၈နှစ်၊ ၇၅နှစ်၊ ၈၂နှစ်၊ ၈၉နှစ် တို့တွင်....ကံဇာတာ ညှိးမှိန်လွယ်၏။
ယတြာအားဖြင့် ...သံဃာစီးဖိနပ်တို့ကို လှုဒါန်းပေးရ၏။ ကလေးသူငယ်များကို ..ဒါနပြုပေးရ၏။ သွေးလှုရ၏။ သူတစ်ပါး၏ ၀နျစညျစလှယျတို့ကို မိမိမွ စေတနာဖြင့်...ကူညီထမ်းပိုးပေးရ၏။
--------------------------------------------------------
ကဲ...အားလုံးပဲ...ဖတ်ရင်းနဲ့...၇နှဈ စကျ၀ိုငျး ကဲ့သို့လည်ပတ်နေသော ကံအားနဲတတ်ချိန်များကို သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။
မှန်ပါတယ်။ ၇နှဈတဈခါ ကျွန်တော်တို့တွေ ဖြတ်သန်းနေကြ ..ကံအတက်အကျ လှိုင်းအပေါ်မှာ ...တွက်ချက်ယူထားခြင်းဖြစ်ပါတယ်။ ၇ခုစား ၈ခုစားဗေဒင်ဆိုပြီးတော့..အထင်တော့မသေးလိုက်ကြပါနဲ့ခင်ဗျား။
ရှေးစဉ်က ...ရှင်ဘုရင်တွေ စစ်ချီစစ်တိုက်ထွက်ရာမှာသော်မှ...ဒီစနစ်ကလေးသည် မုခ် အသုံးပြုခဲ့ရပါတယ်။
အရေးကြီးလို့လည်း ကျွန်တော် ဒီမွ််အထိ...အသေးစိတ် အချိန်ကုန်ခံ၊ လက်ညောင်းခံပြီး သေချာရေးပေးထားခြင်းဖြစ်ပါတယ်။
တစ်ခုရှိတာက...ဆိုင်ရာနေ့နံအလိုက်...ဆိုင်ရာအသက်ပိုင်းများ ရောက်တိုင်းမည့့ံပါ။ ဒါကို အထူးသတိပြုပါ။ သို့သော် ...၁၀ယောက်မှာ ၅ယောက်လောက်ကသိသိသာသာကို ညံ့တတ်ပါတယ်။ ၃ယောက်လောက် မသိမသာလောက်သာ ဖြစ်နိုင်ပြီး ...၂ယောက်လောက်ကတော့ လုံး၀ လွတ်လွတ်ကင်းကင်းဖြစ်တတ်ပါတယ်။ ( မူလဇာတာ၊ ဖြတ်သန်းဆဲဒသာနဲ့ ..အမည်များအရ ကွာခြားသွားတာ ဖြစ်ပါတယ်။)
ဆိုတော့....
ကိုယ့်နေ့နံအရ...
ကိုယ်ကံည့ံတတ်တဲ့အသက်ပိုင်းမျိုးလည်းကြုံနေမယ်...။
အရိပ်အခြေကြည့်ရတာလည်း ...သိပ်ပုံမလာတော့ဘူး ထင်လိုက်တာနဲ့...ဆိုင်ရာယတြာတို့ကို...ပြုပေးဖို့လိုအပ်ပါလိမ့်မယ်။
စိတ်ချလက်ချဖြစ်အောင် ကြိုပြုထားခြင်းလည်း ရပါတယ်။
အားလုံးသည် ကုသိုလ်ဖြစ်ယတြာများအဖြစ် ကျွန်တော် ဥာဏ္မီသမွ် ..စဉ်းစားပြီး လမ်းညွှန်ပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ယတြာပိုင်းသည်..တစ်ကယ်တော့ ဆိုင်ရာဇာတာရှင်ရဲ့ မူလဇာတာ ၊ အမည် ၊ ဖြတ်သန်းဆဲဒသာများနဲ့ တိုက်ဆိုင်ညှိနှိုင်းပြီးမှ ပေးသင့်တာပါ။ သို့သော်...အမ်ားစု အတွက် ...ခြုံငုံပြီး ရနိုင်သလောက် ...ကျွန်တော်ကြိုးစားပေးခဲ့ပါတယ်ခင်ဗျား..။
လေးစားစွာဖြင့်
ကိုဖုန်း။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
09 789 333 791
09 318 17 287
မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=3187781957950020&id=100001547412607
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment