ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Saturday, August 1, 2020

အမြန်ဖြစ်ချင်သော ဆန္ဒများအတွက်


ဗေဒင်မေးတဲ့သူတွေ အများဆုံး မေးတဲ့မေးခွန်းက အမြန်ဆုံးမဖြစ်နိူင်ဘူးလား ဖြစ်နိူင်ရင်အမြန်ဖြစ်ချင်ပါတယ် အဲလိုတွေ ကြားနေရတော့ 
ဂမ်ဘီရနည်းတွေအများကြီး ထဲက အလွယ်ဆုံးနည်းလေး 
ရေးပြလိုက်ရပါတယ်....
လိုအပ်သောပစ္စည်းများမှာ
သံလွင်ဆီ (မရပါက) ချက်ပြုတ်စားသောဆီတမျိုးမျိုး
အနီရောင် ဖယောင်းတိုင် ၁ တိုင်
ကော်ဖီမှုန့် စစ်စစ် (ကော်ဖီအစေ့ကိုကြိတ်ထားသောအမှုန့်)
မိမိဖြစ်ချင်သော ဆန္ဒကို ရေးထားသော ဆုတောင်းစာ

 
အရင်ဆုံး ဖယောင်းတိုင်အနီရောင်ကို ဆီသုတ်ပါ။
ကော်ဖီမှုန့်ကို စာရွက်အဖြူပေါ်ဖြန့်၍ ခင်းထားပါ။
ထိုခင်းထားသော ကော်ဖီမှုန့်ထဲကို ဆီသုတ်ထားသော ဖယောင်းတိုင်ကို ထည့်၍ ပွတ်ပါ။ လိမ့်သလိုလုပ်ပါ။
အားလုံးပြီးရင် ပလုတ်ကျင်းပါ။ ဆားနဲ့ကျင်းပါ။
သွားတိုက်ရင်လည်းရပါသည်။ လက် ၊ ခြေ ဆေးပါ။
ပန်းကန်ပြား တစ်ချပ်ပေါ် အခြားဖယောင်းတိုင်နဲ့ အစက်ချစီရင်ထားသော ဖယောင်းတိုင်စိုက်လိုက်ပါ။ မီးထွန်းပါ။
မိမိတို့ဘာသာ အလိုက် ဘုရားစာရွတ်ပါ။ 
သို့မဟုတ် ဘုရားကန်တော့ပါ။
ရေးထားသော ဆုတောင်းစာ ထဲကအတိုင်း ၉ ခေါက်ရွတ်ပါ။ ရွတ်ပြီးလျှင် ထိုစာရွက်ကို မီးရှို့လိုက်ပါ။
ထိုအတိုင်း ၉ ရက် ဆက်တိုက်လုပ်ပါ။
အနှေးနဲ့ အမြန် မိမိတို့ရဲ့ ဆုတောင်းများပြည့်လာပါသည်။ ဖြစ်နိူင်သော ဆုတောင်းများ ရေးပါ။ တောင်းပါ။ မကောင်းသော ဆုတောင်းများ ဆန္ဒများ မပြည့်တတ်ပါ.....
 



မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=2651913871795166&id=100009297370669

 မူလ​ရေးသားသူကို crd ပေးပါတယ်

No comments: