“ဟစ်နိုဖုန်း(Hynophone)ဆိုတဲ့ ကိရိယာ တစ်ခုကို သုံးရမယ်။ ကိရိယာဆိုလို့ သိပ် ခက်ခက်ခဲခဲကြီးလည်း ထင်မနေနဲ့ဦး၊ ကတ်ပြားနဲ့ လုပ်ထားတဲ့ စက္ကူကတော့ပါကွာ၊ အဝက အချင်း ငါးလက်မ လောက် အကျယ်ရှိပြီး အဖျားဘက်မှာ ကတော့ပုံ ကျဉ်းသွားရမယ်။ အဖျားဘက်ကတော့ တစ်လက်မ ခွဲလောက်ရှိရင် လုံလောက်ပါပြီ။ စက္ကူကတ်ပြားနဲ့ လုပ်ရင်လည်း ရပါတယ်။ အဲဒါကို အနောက်တိုင်း က ဆရာတွေကတော့ ဟစ်နိုဖုန်းလို့ခေါ်တယ်ကွ၊ ငါက ဓာတ်ကူးကိရိယာလို့ ခေါ်တယ်။ အဲဒီမှာ စာရွက်မှာရေးထားတဲ့ မနောမယ ဓာတ်ကူးစာကို ဒီဟစ်နိုဖုန်းလို့ခေါ်တဲ့ ဓာတ်ကူးကိရိယာနဲ့ ကြည့်တာပေါ့ကွာ၊ သိပ်ခက်ရာခက်ဆစ်မဟုတ်ပါဘူး။ ဒီမှာ ကြည့်” ဟုဆိုကာ မနောမယဓာတ်ကူး ကိရိယာဖြင့် ကြည့်၍ ဖတ်နေသော လူတစ်ယောက်နှစ်ပုံကို ရေး ဆွဲထားသည့် ပုံကလေးတစ်ပုံအား ကျွန်ုပ်သည် မောင်ဌေးမော်အား ထုတ်ပြလိုက်လေတော့၏။
“အလွယ်ဆုံးက စရအောင်ကွာ …မင်းနဲ့ အဆက်အသွယ် ပြတ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို ဟောဒီ မနောမယဓာတ်ကူးပုံစံကို အသုံး ပြုပြီး ဆက်သွယ်ကြည့်ရအောင် တကယ်လို့ မင်းရဲ့ သူငယ်ချင်းဟာ မောင်မြ ဆိုပါတော့၊ မောင်မြကို မင်းအနေနဲ့ ဆက်သွယ်ရမယ်၊ မနောမယ ဓာတ်ကူး စာရေးတဲ့နေရာမှာ တိုရမယ်၊ ရှင်းရမယ်၊ တိကျရ မယ်။ အဲဒီအချက်သုံးချက်နဲ့ ညီအောင် ရေးရတယ်ကွယ့်၊ ကဲ မောင်မြဆီကို ဆက်သွယ်ဖို့ မနောမယ ဓာတ်ကူးစာရေးရင် ဟောဒီလိုရေးတာ အလွယ်ကူ ဆုံးပဲကွ
အဲဒီစာဟာ မနောမယ ဓာတ်ကူးစာ ဖြစ်သွားပြီကွ၊ အဲဒါကို မင်းပြောတဲ့ စက္ကူကတော့ ပြောင်းပြန် ဒါမှမဟုတ် ဓာတ်ကူးကိရိယာနဲ့ကြည့်ပြီး လေးလေးနက်နက် စိတ်ထဲက ရွတ်ဆိုရမယ်။ လူခြေတိတ်တဲ့အခါမှာ လုပ်ရမယ်။
No comments:
Post a Comment