မေတ္တာနဲ့ပြည့်သလောက်ဖြစ်နေတဲ့
ပုတီးစိတ်တာ ဝါသနာပါတယ်ဆိုရင်
နဝင်းရဲ့သဘောကိုနည်းနည်းတော့
သိထားရမယ် ပေါ့၊
လိုရင်း တိုရှင်းကတော့နဝင်းဆိုတာ ဘယ်အရာမှအစွန်းမရောက်ခြင်း
အညမညသေဘာမဇ္ဈိမတရား
ဖို..မ ဓာတ်တို့ ညီညွတ်ရာမှဖြစ်ပေါ်လာတဲ့
အလင်းစွမ်းအင်...
လွတ်မြောက်ချမ်းသာမှု့...
လောကီကောင်းကျိုး
ဓာတ်နှိုးလို့ ပြောလို့ရပါတယ်၊
အတုမရှိ နဝင်းဝိဇ္ဇာကြီးဖြစ်တဲ့ ဘုရားရှင်ရဲ့ဘုန်းဟိတ်အားကို ယူထားတဲ့
ဂုဏ်တော် ဂါထာကိုပြောပြမယ်လေ၊
ဂါထာက
အရဟံ ဘဂဝါ ဇိနော...တဲ့
အ...၁
ရ....၈
ဟံ...၆
ဘ...၅
ဂ...၂
ဝါ...၄
ဇိ....၃
နော..၇
စသည်ဖြင့်စုစုပေါင်းလိုက်ရင်
မင်္ဂလာနဝင်း (၃၆)ရုပ်နဝင်း ရပြီး
ဂြိုဟ်သက်အားဖြင့် စစ်ကြည့်ရင်တော့....
အ..၆
ရ...၁၂
ဟံ..၂၁
ဘ...၁၉
ဂ...၁၅
ဝါ...၁၇
ဇိ...၈
နော..၁၀
စုစုပေါင်းလိုက်ပြန်တော့နာမ်နဝင်း (၁၀၈)နဝင်းရပြန်တော့ ရုပ်..နာမ်စုံပြီပေါ့
(ရုပ်+နာမ်+နဝ /ဣစ္ဆာသယ
လို့တောင် အဆိုရှိပါတယ်)
တစ်ချို့ဆရာကြီးများ
အခု..ဂါထာကို အင်းအဖြစ်
ပူဇော် ဆောင်ရွက်ကြ ပြန်တယ်၊
အဓိဌာန် ဝင်မယ်ဆိုရင် အနည်းဆုံး ၉..ရက် ပုတီး၉..ပါတ် စိပ်ပွားပြီး
ဆန္ဒပြု ဆုတောင်းနိုင်ပါတယ်
အရေးအကြောင်း ကြီး..ငယ် အလိုက်
၁၈..ရက် ၂၇..ရက် စိပ်နိုင်ပါတယ်
ပုတီးပါတ် ရေကတော့
(မနိုင်ရင်)
မတိုးသင့်ဘူးလေ
အရေအတွက်ထက် (ဘုရားရှင်ရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေကိုကြည်ညိုခြင်းဖြစ်တဲ့) အရည်အချင်းက
(ရင်ထဲမှာ နဝင်းစိတ်ထားတွေ ဖြစ်ရှိနေတဲ့ အရည်အချင်းက)အဓိကပါ
ဒီနည်းနဲ့ပဲ
အမှု့အခင်းဘေး...
လက်ရှိစည်းစိမ်ယုတ်လျော့မည့် ဘေး..
အလုပ်လက်မဲ့ကံ..
ဘုန်းကံကွယ်စီးပွားပျက် ရတဲ့ကံ
စတဲ့ ဘေးရန် ကံဆိုးတွေကနေ လွတ်မြောက်ရပြီး
(ကံ ဉာဏ် ဝီရိယ အတိုင်းအတာအရ)
တစပြီးတစကောင်းကျိုးများ ရရှိစေတဲ့
ကိုယ်တွေ့တွေက အတော်အတန်ရှိနေတာမို့မေတ္တာများစွာဖြင့်ဝေငှခြင်း ပြုရပါတယ် လို့၊
အေးငြိမ်းကျန်းမာ
ချမ်းသာပျော်ရွှင်ကြပါစေ
သ စ္စာ (ဝေ ဒ ပ ညာ)
မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=2447801268850510&id=100008619815031
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment