ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Monday, August 17, 2020

သောကြာသားသမီးများအတွက်


သောကြာ သားသမီးများအတွက်တသက်တာအတွက်အသက်အပိုင်းအခြားများ

သောကြာ တွေကမိမိဂြိုဟ်မှ၂၁နှစ်ထိအိပ်ပြီးရှေ့ကိုတနင်္ဂနွေဂြိုဟ်
၂၂နှစ်မှ၂၇နှစ်တွေဖြတ်ဆင်းလာပါတယ်(၂၆နှစ်တနင်္ဂနွေ ၂ထပ်)မှာအိမ်ထောင်ပြုရင်တော့အိမ်ထောင်ကွဲတတ်ပါတယ် 😣၂၈နှစ်မှ၄၂နှစ်ကလာဘော(တနင်္လာ သက်ရောက်)မွာ
နှစ်ကောင်းသက်ရောက်တွေမှာရွှေရောင်တောက်သောနှစ်တွေပါပဲ😍
၄၃နှစ်မှ၅၀နှစ်ကဘုမ္မိဂြိုဟ်အိပ်ကြီး
ဖြတ်မှာပါ(သုညကြွင်း သောကြာ
မရဏ)ဖြစ်လို့ပိုဆိုးစေပါတယ်😭
ဘုမ္မိဂြိုဟ်အိပ်ကိုဖြတ်တာဖြစ်လို့ဝမ်းနည်းစရာ သောကဖြစ်ရတာ
ပင်ပန်းခက်ခဲသောဒုက္ခများကိုကျော်ဖြတ်ရပါတယ်😪
အဲ့အတွက်မိမိတို့ဘဝအတွက်လမ်းညွှန်ဆရာကောင်းကောင်းလိုပါတယ်

သက်ရောက်တနှစ်ချင်းဂြိုဟ်တွေကျော်လွှားဘို့ကိုဘယ်အသက်ရွယ်မှာ ဘယ်ဂြိုဟ်ကျနေလဲ သိထားဖို့လိုပါတယ်

ရာဟုဂြိုဟ်
၁၆-၂၄-၃၂-၄၀-၄၈-၅၆-၆၄

တစ်ကြွင်းများ မရဏ

သောကြာဂြိုဟ် 
၁၇-၂၅-၃၃-၄၁-၄၉-၅၇-၆၅

၃ကြွင်းများ မရဏ ဂြိုဟ်

တနင်္ဂနွေ ဂြိုဟ် 
၁၈-၂၆-၃၄-၄၂-၅၀-၅၈-၆၆

(၅ကြွင်းများ မရဏ ဂြိုဟ် )

တနင်္လာဂြိုဟ်
၁၉-၂၇-၃၅-၄၃-၅၁-၅၉-၆၇

(၆ကြွင်းများ မရဏဂြိုဟ်)

အင်္ဂါ ဂြိုဟ်
၂၀-၂၈-၃၆-၄၄-၅၂-၆၀-၆၈

(သုညကြွင်းများ မရဏဂြိုဟ်)ဘုမ္မိ
ကျန်အကြွင်းများ ဘုမ္မိ

ဗုဒ္ဓဟူး ဂြိုဟ် 
၂၁-၂၉-၃၇-၄၅-၅၃-၆၁-၆၉

(တစ်ကြွင်းများ မရဏဂြိုဟ်)

စနေဂြိုဟ် 
၂၂-၃၀-၃၈-၄၆-၅၄-၆၂-၇၀

(၄ကြွင်းများ မရဏ ဂြိုဟ်)

ကြာသပတေး ဂြိုဟ် 
၂၃-၃၁-၃၉-၄၇-၅၅-၆၃-၇၁

(၂ကြွင်းများ မရဏဂြိုဟ် )ဘုမ္မိလေး
ကျန်အကြွင်းများ ဘုမ္မိလေး

 သောကြာ သားသမီးများအထူးသတိထားရမည့်နှစ်ဆိုးကြီးများ

၃၅နှစ်. (အတွင်းရန် ၂ထပ်)အုပ္စု အိမ်ထောင်ပြိုကွဲတတ်သည်😔

၄၄နှစ်(ဘုမ္မိ ၂ထပ်)
စိတ်လွန်စွာဆင်းရဲတတ်သည်
လူယုတ်မာ များနှင့်ကြုံရတတ်သည်😎

၄၇နှစ်(ဘုမ္မိ ကြီး)
စီးပွားဥစ္စာ ဂုဏ်သိက္ခာပျက်စီးလွယ်သည်😪

#တတိယမ်က္လုံးpageထဲမွာ
မရဏဂြိုဟ် နှင့်သက်ရောက်ဂြိုဟ်
ဘုမ္မိ ဂြိုဟ် အဟောများနှင့်ယတြာများ
တင် ထားပြီးပြီဖြစ်တာကြောင့်
ဤlinkမှာရှာ၍ကြည့်ကြပါ

https://www.facebook.com/mysterioustt/

"မူ" သည် ပုံသေသတ်မှတ်ထားသော
သေဘာတရား ပုံသေနည်း ဖြစ်သည်
မိမိတို့ဥဏ်နှင့်အဆိုးအကောင်းကို
ပိုင်းခြားပြီး ဖြေရှင်းနိုင်သော
နည်းလမ်းကိုရှာဖွေပါ
သင် မတွေ့ရင်. နည်း ကို ကျွန်ုပ်ပြောပြပါ့မယ် ဥဏ်ပူဇော်ခတော့ယူပါတယ်😊


*အောင်မြင်မူတွေကလက်တကမ်းမှာ လှမ်းယူဘို့ကမိမိတာဝန်ပါ
ကူ ဘို့ တွေ့ဆုံဖို့ရေစက်တွေပါခဲ့ရင် တွေ့ဆုံကြပါစို့*
*ဖြူစင်မူနှင့်အတူသင်လာခဲ့ဖြူစင်သန့်စင်သောနဝင်းပညာရပ်နှင့်
ကျွန်ုပ်ကူညီပါရစေ*
အောင်မြင်ချမ်းမြေ့သောဘဝလေးတွေပိုင်ဆိုင်ကြပါစေ ~~~
ဆရာမေစာသီရိစံ
(တတိယမ်က္လုံးpage)
ကျိုက္ကစံဘုရား အရှေမုခ်
သင်္ဃန်းကျွန်း ရန်ကုန်
09796315856(Viber)
ဟောခန်းဖွင့်ချိန်=9:00Am to 3:00 Pm
#တနင်္လာနေ့ပိတ်သည် #


မူရင်းလင့်။ ။https://m.facebook.com/groups/346157812478758?view=permalink&id=952711525156714


#သောကြာသားသမီးများ၏
ဘုမ္မိကြီး သက်ရောက်နှစ်များ#

သောကြာသားသမီးများရဲ့ ဘုမ္မိကြီးကာလသည်
အသက်(၄၃) နှစ်မွ အသက်(၅၀)နှစ်အထိဖြစ်တယ်၊
 ဘုမ္မိကြီးကာလသက်တမ်း တိုပါတယ်၊ ဘုမ္မိကြီး
သက်ရောက်နှစ်သည် အသက်(၄၇)နှစ်ဖြစ်သည်၊
ဒီကာလမွာ ဆွေမျိုးများနဲ့ ပြသာနာ ပေါ်ပြီး
ဆွေခန်းမျိုးခန်း ပြတ်သည်အထိ ဖြစ်တတ်ပါသည်၊

 အိုးအိမ် ခြံမြေ အမွေနဲ့ပတ်သက်ပြီး အမှုအခင်း
ရင်ဆိုင်ရတတ်သည်၊ ရုတ်တရက်စီးပြားရေးများ
ရပ်တန့်သွားတတ်ပြီး ဆုံးရှုံးမှုများဖြစ်တတ်သည်၊
လူလိမ်လူညာများနဲ့တွေ့ပြီး အမှုဖြစ်တတ်သေးသည်၊
ဂုဏ်သိက္ခာကျဆင်းခြင်း၊ ရောဂါအတွက် ခွဲစိတ်ကုသ
မှုများ ခံရတတ်သည်။

 အသက်(၄၄) နှစ်ဟာ ဘုမ္မိနှစ်ထပ်ဖြစ်သဖြင့် ဆိုးဝါး
သောဖြစ်ရပ်မ်ားကို ခါးသီးစြာတွေ့ဆုံရတတ်သည်၊
ကျားများအလုပ်ပြုတ် ၊နယ်သို့ပြောင်းရွှေ့ခံရ၊အမှုဖြစ်
ထောင်ကျတတ်သည်၊ ဇနီးသားသမီးများနှင့် ရှင်ကွဲ
သို့မဟုတ် သေကွဲ ခွဲရတတ်သည်။

 မ များအလုပ်ပြုတ် ခင်ပွန်း သားသမီး ဆွေမျိုးတွေနဲ့ ပြသာနာ ဖြစ် စိတ်လေပြီး၊ အိုးပစ်အိမ်ပစ်၊
လေလွင့်ပြီး အိုးအိမ်မဲ့ဘ၀ က်ရောက်သွားတတ်
ပါသည်။

(၇) ရက်သားသမီးများအားလုံး ဘုမ္မိကြီးဘေး
အန္ဓရာယ်မ်ားမွ ကင်းေ၀းနိုင်စေဖို့

"နဝင်းစီးယတြာ ပြုကြပါစို့" ဟု အကြံပေးအပ်ပါသည်။

ဆရာအောင်မင်းမင်း
09 799955758 မင်္ဂလာဒုံ
(ကံကောင်းသူတို့ ဆုံစည်းရာ)

https://m.facebook.com/story.php?story_fbid=2646132838969999&id=2180482942201660





#သောကြာသားသမီးများအတွက်
အကောင်းဆုံးယတြာ


အခက်အခဲတစ်စုံတစ်ရာကြုံတွေ့နေကြရသော ၇ နေ့ ၇ ရက်သားသမီးများအားလုံး
အတွက် တစ်စုံတစ်ခု သောအကူအညီအထောက်အပံ့ကောင်းရစေရန် နေ့တစ်နေ့ချင်းစီအလိုက် ပြုလုပ်ဆောင်ရွက်ဖွယ် ယတြာခန်းလေးတစ်ခုမ်ွေ၀ပေးပါမယ်။
သဒ္ဓါ ယုံကြည်မှု
ဆန္ဒ. စိတ်ဆောင်မှု
၀ီရိယ.လုံလပြုမှု
အကြောင်း၃ပါးတိုက်ဆိုင်ပါက
နွယ်မြက်သစ်ပင် ဆေးဘက်၀င်ပါလိမ့်မယ်
အစွမ်းသတ္တိထူးတွေ ရရှိပါလိမ့်မည်။
အားလုံးအဆင်ပြေအောင်မြင်မှုများရရှိပါစေ။

မိမိသည် မည်သည့်အကြွင်း မည်သည့်အဖြား
ဖြစ်သည်ကို ရှေးဦးစွာသိရပါမည်။
မြန်မာမွေးသက္ကရာဇ်များသာသိသူများအတွက်။
မိမိမွေးသက္ကရာဇ်၏ နောက်နှစ်လုံးကို
၅ဖြင့်ပေါင်းပြီး ၇ ဖြင့်စားပါ။
ကြွင်ကျန်သောဂဏန်းကိုယူပါ။
အကြွင်းရပါပြီ။
ဥပမာ။ ။၁၃၄၁ခု မွေးဖွားသော သူများအတွက် ၁၃ကိုပယ်၍ ၄၁ ကို ၅ပေါင်းပါ
ရလာဒ်ကို ၇ ဖြင့်စားပါက ၄ ကြွင်းရပါသည်။
၄ကြွင်း သောကြာသားသမီးများသည်
သိုက်ဖွားများဖြစ်ပါသည်။

#သောကြာ သားသမီးများအတွက်
ဆက်လက်ဖော်ပြပါမည်။

၁ကြွင်း သောကြာ ဖြစ်ပါက ရာဇဖြား ပါ။
၂ကြွင်း သောကြာ ဖြစ်ပါက အဓိပတိဖြားပါ။
၃ကြွင်း သောကြာ ဖြစ်ပါက မရဏဖြားပါ။
၄ကြွင်း သောကြာ ဖြစ်ပါက သိုက်ဖြားပါ။
၅ကြွင်း သောကြာ ဖြစ်ပါက ပုတိဖြားပါ။
၆ကြွင်း သောကြာ ဖြစ်ပါက ဘင်္ဂဖွားပါ။
၀ကြွင်း သောကြာ ဖြစ်ပါက.အထွန်းဖွားဟူ၍မှတ်ပါ။

ဘင်္ဂဖွား၊အထွန်းဖြား၊အဓိပတိဖြား
သောကြာ ကျားမအားလုံးအတွက်
တစ်သက်စာအကောင်းဆုံးဆောင်ပန်းဖြစ်သည့် ရွက်လွ ၁၇ ရွက် ကို သီဟိုတစ်ညွန့်နှင့်ရော၍ဘုရားရှိ သောကြာ ထောင့်တွင်
လှူပါ။
(သီဟိုမရပါက သီးညွန့်တစ်ညွန့်သုံးပါ)

သိုက်ဖြား၊ပုတိဖြား
သောကြာ ကျားမအားလုံးအတွက်
တစ်သက်စာအကောင်းဆုံးဆောင်ပန်းဖြစ်
သည့် ဇော်စိမ်း ၈ ပင်ကို သီဟိုတစ်ညွန့် နှင့်ရော၍ဘုရားရှိ သောကြာ ထောင့်တွင်
လှူပါ။
(ဇော်စိမ်း မရပါက ဇီးညွန့်၈ညွန့်လှူပါ)

မရဏဖြား၊ရာဇဖွား
သောကြာ ကျားမအားလုံးအတွက်
တစ်သက်စာ အကောင်းဆုံးဆောင်ပန်းဖြစ်သည့် နှင်းဆီ ၁၀ ပွင့် ကို သီဟိုတစ်ညွန့်နှင့်ရော၍ဘုရားရှိ သောကြာ ထောင့်တွင် လှူပါ။(နှင်းဆီမရပါက ထန်းညွန့်၁၀ညွန့်လှူပါ)

ဖော်ပြပါ မည်သည့် သောကြာ နေ့ဖွား
ကျားမအားလုံးအတွက် ယတြာပြုလုပ်ရမည့်
အချိန်မွာ သောကြာ နေ့ နံနက်၉နာရီမှ၁၀နာရီခွဲအတွင်း (သို့မဟုတ်) တနင်္လာ နေ့ညနေ ၄နာရီခြဲမွ ၆နာရီအတွင်း 
ဆောင်ရွက်လှူဒါန်းနိုင်ပါသည်။

ဘေးဘယာေ၀းကွာ၍ အေးချမ်းသာယာမှု
ရှိကြပါစေ၊အခက်အခဲမ်ားကျော်လွှားနိုင်ကြပါစေ။

ဆရာဟန်စိုး
ဗေဒင်အချုပ်မဟာဘုတ် နိဒါန်း န၀င်းစီးပညာ
အမှတ်၁၈၃ တုဿီတာလမ်း က ရပ်ကွက်
မြောက်ဥက္ကလာ
09420737532

09420737532
https://m.facebook.com/groups/308388796002273?view=permalink&id=1512150085626132


 ********************************

၆။ သောကြာနေ့မွေးသူများအတွက် {နဝင်းရိုက် ယတြာအစီအမံ }

ဤယတြာပိုစ့်ကိုထပ်ဆင့် Copy ကူးယူလိုပါက #Credit ပေးပြီ မူရင်းအမည်ဖော်ပြပါရှိရမည်။

_/\_ အာစရိယဂုဏော အနန္တော၊ တံ အာစရိယံဂုဏံ  အဟံ ဝန္ဒာမိ သဗ္ဗဒါ _/\_  သင်၊ မြင်၊ ကြား ဆရာသမားအပေါင်းတို့၏ ဂုဏ်ကျေးဇူးတော်ကို ရိုသေမြတ်နိုး ရှိခိုးကန်တော့ပါ၏ ခင်ဗျာ။

{ ဆရာဦးမင်းနိုင်၏ မြန်မာ့လက်ဆန်းဗေဒင်ပညာမှ၊ အကျွန်ုပ်က (၇)ရက်သားသမီးများအသုံးပြုဖို့အတွက်၊ ကိုးကားကောက်နုတ် တွက်ချက်တင်ပြထားပါသည်။ }

{ ဆရာဦးမင်းနိုင်ကိုသော်၎င်း၊ ဆရာဦးမင်းနိုင်ကို သင်ကြားပြပေးသော ဆရာကြီးကို၎င်း၊ ရင်တွင်းထဲကလှိုက်လှိုက်လှဲလှဲ ရှိခိုးပူဇော် ကန်တော့ပါ၏။ ၇ရက်သားသမီးအပေါင်း ဤနည်းစနစ်ဖြင့်၊ အောင်မြင်ကြီးပွားတိုးတတ်ခဲ့ပါလျှင်၊ အကျွန်ုပ်ကို၎င်း၊ ဆရာဦးမင်းနိုင်ကို၎င်း၊ ဆရာဦးမင်းနိုင်၏ ဆရာကြီးကို၎င်း မေတ္တာပွားပို့သကြပါလေ။ }

၆။ သောကြာသားသမီးအတွက် { နဝင်းရိုက်နည်း ယတြာအစီအရင်}
အုန်း(၆)ညွန့်ကို ဘယ်ခြေအောက်ထားပြီးနင်း၊ ကံကော် (၁၅)ရွက်/ ညွန့်ကို ညာခြေအောက်ထားပြီးနင်း၊ အဲဒီလိုနင်းထားရင်းနဲ့ ရွက်လှ (၁၇)ညွန်ှ့နဲ့ ဇော်စိမ်း(၈)ညွန့် ကို ဘုရားညောင်ရေအိုးမှာထည့်ပြီး ပခုံးပေါ်တင်ထားလျှက်နှင့် လက်နှစ်ဖက်နဲ့ စုံကိုင်ထားပြီး ဘုရားဂုဏ်တော်ကိုးပါးကို သက်စေ့ရွတ်ပါ။ ပြီးလျှင် ဘုရားကပ်လှူပါ။  အဲဒီလိုမျိုး ပြုလုပ်ဆောင်ရွက် ကပ်လှူပြီးတာနဲ့ ဘယ်ခြေ၊ ညာခြေအောက်တွေမှာ နင်းထားတဲ့ ကံကော်ရွက်နဲ့ အုန်းအရွက်အညွန့်တွေကို မိမိလက်နဲ့ လုံးဝ မထိရမကိုင်ရပါဘူး။ ပြီးလျှင် ရေချိုးခန်းထဲကိုသွားပါ။ အဝတ်တွေ အကုန် ချွတ်ချလိုက်ပါ။ ချွတ်ပြီးတာနဲ့ အဲဒီအဝတ်တွေကိုလည်းလုံးဝ ပြန်မထိနဲ့တော့။ ရေချိုး ခေါင်းလျှော်ပြီး၊ အဝတ်အစားသစ် လဲရပါ့မယ်။ အဲဒီချွတ်ထားတဲ့ အဝတ်အစားတွေနဲ့ နင်းထားတဲ့ အရွက်အညွန့်တွေကို အောက်လက်ငယ်သား၊ ဘာနေ့သားသမီးပဲဖြစ်ဖြစ်၊ တခြားလူတစ်ယောက်က ယူသွားပြီး (အရှေ့တောင်ထောင့်အရပ်)ကို စွန့်ပစ်ပေးရပါ့မယ်။ အဲဒါတွေကို ကိုင်တွယ်စွန့်ပစ်တဲ့အချိန်မှာ၊ သောကြာသားသမီးက ထန်း(၇)ညွန့်ကို ကိုင်ဆောင်ထားရပါ့မယ်။ အားလုံးပြီးရင်တော့ ထန်းညွန့်ကိုလဲ စွန့်ပစ်လို့ ရပါပြီး။ အဲဒီလို ဘေးက ကူညီပေးမယ့်သူ မရှိခဲ့ရင်၊ နဝင်း ယတြာအစီအရင်ကို ဆောင်ရွက်သူကိုယ်တိုင်က ရေချိုး၊ ခေါင်းလျှော်၊ အဝတ်အစားသစ် လဲပြီးရင်၊ ခုနက စွန့်ပစ်ရမယ့် အရာတွေကို မီးညှပ်နဲ့ အညှပ်တစ်ခုခုနဲ့ ညှပ်ယူပြီး စွန့်ပစ်ရပါ့မယ်။ ဒီလို စွန့်ပစ်တဲ့ အချိန်မှာ သောကြားသားသမီးတွေအနေနဲ့က ထန်း(၇)ညွန့်ကို ကိုင်ဆောင်ထားရပါ့မယ်။ စွန့်ပစ်တဲ့ကိစ္စအားလုံးဆောင်ရွက်ပြုလုပ်ပြီးစီးချိန်မှာ ခဏနေ ထန်းညွန့်ကိုလဲ စွန့်ပစ်လို့ ရပါပြီ။

နဝင်းရိုက်တဲ့ ဘယ်လောကီနည်းစနစ်မဆို၊ ဘုန်းတန်းခိုး ကံကိုချက်ချင်းဆွဲတင်မြှင့်ပေးတာဖြစ်လို့၊ မကြာခဏ များများမလုပ်သင့်ပါ။ တစ်လတစ်ခါ၊ နှစ်လတစ်ခါ၊ သုံးလမှ တစ်ကြိမ်ပြုလုပ်စီရင်ကြပါ။ မကြာခဏ များများလုပ်ရင် ဇွတ်အခိုင်းခံရတဲ့နွားလို အသက်တိုဆိုသလိုပဲပေါ့။

သောကြာသားသမီးများအတွက် နဝင်းရိုက်ယတြာပြုလုပ်ဆောင်ရွက်သင့်သော နေ့ရက်အချိန်များ

သောကြာနေ့နံနက် ၉နာရီမှ ၁၀နာရီခွဲအတွင်း၊ နေ့ခင်း၁၂နာရီမှ ၁နာရီခွဲအတွင်း၊ ညနေ ၃နာရီမှ ၄နာရီခွဲအတွင်းတွေမှာ မိမိတို့အဆင်ပြေအားလပ်တ့ဲအချိန်တွေမှာ ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။

တနင်္ဂနွေနေ့နံနက် ၆နာရီမှ ၇နာရီခွဲအတွင်း၊  နံနက် ၁၀နာရီခွဲ မှ ၁၂နာရီအတွင်း၊ မွန်းလွဲ ၁နာရီခွဲမှ ၃နာရီအတွင်း၊ ညနေ ၄နာရီခွဲမှ ၆နာရီအတွင်း​တွေမှာ မိမိတို့အဆင်ပြေအားလပ်တဲ့အချိန်တွေမှာ ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။

တနင်္လာနေ့နေ့နံနက် ၆နာရီမှ ၇နာရီခွဲအတွင်း၊ နံနက် ၉နာရီမှ ၁၀နာရီခွဲအတွင်း၊ နေ့ခင်း ၁၂နာရီမှ ၁နာရီခွဲအတွင်း၊ ညနေ ၄နာရီခွဲမှ ၆နာရီအတွင်း​တွေမှာ မိမိတို့အဆင်ပြေအားလပ်တဲ့အချိန်တွေမှာ ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။

နဝင်းယတြာအစီအရင်ပစ္စည်းတွေကို အရှေ့တောင်ထောင့်ဘက်အရပ်သို့ ဘုမ္မိအရပ်မှာ စွန့်ပစ်တဲ့အခါတွင် ကိုယ်ကြုံတွေ့ဖြစ်ပေါ်နေသော အခက်အခဲကိစ္စအကြောင်းအရာကို ပြောဆို၍ စွန့်ပစ်ပါ။

#ဥပမာ။   ။
ဖြစ်ပေါ်ခံစားနေရသော ကျန်းမာရေးနှင့်ပက်သက်သော အနာရောဂါဝေဒနာ အနှောက်အယှက်များ နင်နှင့်အတူပါသွားစေ။

 အလုပ်ထဲမှာ ကြုံတွေ့နေရတဲ့ အတိုက်အခိုက် အနှောက်အယှက်များ နင်နဲ့အတူပါသွားစေ။

လုပ်ငန်းခွင်မှာ ရန်မနာလို အတိုက်အခံ အနှောက်အယှက်များ နင်နှင့်အတူပါသွားစေ။

ငွေကြေးအကြွေးပြန်ရရန်ကိစ္စ အပူသောကများ နင်နှင့်အတူပါသွားစေ။

ပိုက်ဆံငွေကြေး အကြွေးပေးရန်ကိစ္စ အပူသောကများ နင်နှင့်အတူပါသွားစေ။

ရုံးပြင်ကန္နားအမှုအခင်းပြဿနာ အပူသောက အနှောက်အယှက်များ နင်နှင့်အတူပါသွားစေ။

အိမ်ခြံမြေရောင်းထွက်ရန်ကိစ္စ အပူသောကများ နင်နှင့်အတူပါသွားစေ။

အချစ်ရေးနှင့်ပက်သက်သော အပူသောကများနှင့် အနှောက်အယှက်များ နင်နှင့်အတူပါသွားစေ။

အိမ်ထောင်ရေး အိမ်တွင်းရေးပြဿနာ အပူသောက အနှောက်အယှက်များ နင်နဲ့ အတူပါသွားစေ။

အလုပ်လျှောက်တဲ့ကိစ္စနဲ့ ပက်သက်ပြီး အပူသောကများ နင်နှင့်အတူပါသွားစေ။

အလုပ်အင်တာဗျူ ကိစ္စနှင့် ပက်သက်တဲ့ အပူသောကများ နင်နဲ့အတူပါသွားစေ။

အလုပ်ရရန်ကိစ္စ အပူသောကများ နင်နှင့် အတူပါသွားစေ။

သင်္ဘောပြန်တက်ရန်ကိစ္စနှင့် ပက်သက်သော အပူသောကများ နင်နဲ့အတူပါသွားစေ။

အဲဒီလိုစသဖြင့် ပြောဆိုပြီး နဝင်းယတြာအစီအရင်မှာ အသုံးသောပစ္စည်းများကို စွန့်ပစ်ပါ။

သောကြာသားသမီးအပေါင်းတို့၊ ကြံစည်သမျှအောင်မြင်ပြီးတော့၊ ဘဝအလုံးစုံ ကံကြမ္မာကောင်းခြင်းများ၊ ဖြစ်ထွန်းနိုင်ကြပါစေ။

_/\_ အာစရိယ ဂုဏော အနန္တော တံ အာစရိယံ ဂုဏံ အဟံ ဝန္ဒာမိ သဗ္ဗဒါ။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်းတို့၏ ဂုဏ်ကျေးဇူးတော်တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ကာယ ဝစီ မနောချီလျက် ရှိခိုးကန်တော့ပါ၏ ခင်ဗျာ။ _/\_

( ဇာတ်ခုံပေါ်က မင်းသားရဲ့ဘဝက၊ အနေလှပေမယ့်၊ ကံကြမ္မာ ဇာတ်ခုံပေါ် သင့်ရဲ့ဘဝက၊ အနေချောင်လိမ့်မယ်မထင်နဲ့၊ ဇာတာ ဘယ် လောက်ကောင်းကောင်း၊ လူ့ဘဝကံကြမ္မာ အလှည့်အပြောင်းမှာ၊ ကိုယ့်ရဲ့ကံကြမ္မာ မယိမ်း ယိုင်၊ မတိမ်းစောင်းသွားဖို့က အလွန်အရေး ကြီးပါတယ်။ သင်တို့ရဲ့ကံကိုကြိုတင်သိထားရင် ကြိုတင်ပြင်ဆင်နိုင်ပါလိမ့်မယ်။ သင့်ရဲ့ကံ ကြမ္မာ အကောင်းအဆိုးနဲ့ ရှောင်ရန် ဆောင်ရန်ကို သိချင်တယ်ဆိုရင် ဖုန်းလေးတချက်ဆက်လိုက်တာနဲ့ အချိန်တိုအတွင်းမှာ သင်သိရမှာပါ။ ) 
ဆရာထိုက်ထိုက်(ခေါ်)ဆရာစိုးမင်းထိုက်



 မူလေရးသားသူကို crd ပေးပါတယ်

No comments: