===============================
" ပီယ " ဆိုတာ အများထင်ကြတဲ့ စော်ကြည်
ဘဲကြည်တာထက်ကို ပိုပါတယ် ။ အချို့ကတော့
စန်းပွင့်တယ် ၊ စန်းထတယ် စသည်ဖြင့်
ပြောလေ့ရှိကြတာပေါ့ ။ စင်စစ်အားဖြင့်
ရောက်လေရာအရပ်မှာ မျက်နှာပွင့်လန်းတာ ၊
ကိုယ်နဲ့တစ်ကြိမ်တစ်ခါ စကားပြောဖူး ၊ တွေ့မြင်ဖူးရုံနဲ့ လိုလိုလားလား ခင်မင်နေတာ ၊ အမ်ားတကာရဲ့
နှစ်သက်လေးစားခြင်း ၊ ကူညီမစခြင်းကို
ခံရတာတွေဟာ ပီယ ရဲ့ဂုဏ်သတ္တိတွေပါ ။
လောကမှာ အမုန်းတရားတွေမရှိဘဲ ချစ်ခင်မှု
တရားသာရှိနေပါလျှင် မုန်းမယ့်သူ ၊ ရန်ပြုမယ့်သူ ၊
မလိုမုန်းထာပြုမယ့်သူ ၊ တိုက်ခိုက်မယ့်သူ ၊
နှောက်ယှက်မယ့်သူ အားလုံးဟာ ရန်သူမဟုတ်ဘဲ မိတ်ဆွေများ ဖြစ်လာကြမှာပါ ။ တစ်ဦးနဲ့တစ်ဦး
ရင်ဝယ်သားကဲ့သို့ မေတ္တာသက်ဝင်ပါက
အန္တရာယ်ကင်းပြီး ငြိမ်းချမ်းမှာ ဧကန်မလွဲဖြစ်ပါတယ် ။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ ခုနှစ်ရက် သားသမီး
မိတ်ဆွေများအတွက် ပတ်ဝန်းကျင်မှာ အဆင်ပြေစေဖို့ ၊ ဘဝလမ်းတစ်လျှောက် အကူညီကောင်းများနဲ့ အောင်မြင်စေဖို့ စေတနာအရင်းခံပြီး
ဒီကျင့်စဉ်လေးကို ရေးသားတင်ပြလိုက်ရပါတယ် ။
လူတိုင်း ဒီကျင့်စဉ်ကို ကျင့်နိုင်တယ် ။
အထူးသဖြင့် လောကီလမ်းကို လိုက်စားနေတဲ့
လူတွေပိုကျင့်သင့်ပါတယ် ။ ကျင့်စဉ် အောင်မြင်
သြားတဲ့အခါ ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့ -
ခုနှစ်ရက် သား၊သမီးမ်ား အလွန်ချစ်ခင်
လေးစားလာမယ် ။ အလုံးစုံသော လူနတ်ဗြဟ္မာ
သတ္တဝါများ မေတ္တာသက်ဝင်လာမယ် ။
နတ်ဒေဝီဒေဝါများ ၊ စုန်းကဝေများ ၊ ၃၇ မင်းနတ်များ ၊ အဝရုဒ္ဓက နတ္ဘီလူးဆိုးမ်ား ၊ တစေၧ ၊ မြေဘုတ် ၊ အစိမ်းသရဲများ ၊ နာနာဘာဝများပါမကျန်
ချစ်ခင်လေးစားပါလိမ့်မယ် ။ မိမိအပေါ်
မလိုမုန်းထား ရန်ငြိုးဖွဲ့ထားတဲ့ လူမ်ား ၊
အထက် အရာရှိကြီးများပါ ချစ်ခင်လာစေပါတယ် ။ ဘေးအန္တရာယ်ကင်းရှင်းပြီး အကြံအစည်တွေ အထမြောက် အောင်မြင်လာပါလိမ့်မယ် ။
ကဲ ပေရှည်တာ နည်းနည်းများသွားပြီ ။
ကျင့်စဉ်ရဲ့ တစ်ဆင့်ချင်းကို ဖော်ပြပေးမယ် ။
ရှေးဦးစွာ ပရိကံပြုခြင်း
==============================
- အဓိဋ္ဌာန်ပုတီး မစိပ်ခင် ပရိကံပြုရမယ့်
အနေနဲ့ ပထမဆုံး ဘုရားရွိခိုး ၊
ဘုရားပင့် ၊ ငါးပါးသီလ ခံယူ ၊ နတ်ပင့်ပါ ။
- ပုတီးစိပ်မယ့် ရှေ့မှာ ရေတစ်ခွက်ထားပါ ။
- နမောတဿ သုံးကြိမ် ဖြည်းဖြည်းနဲ့
မှန်မှန်ကန်ကန်ရွတ်ပြီး တပည့်တော်၏
ခန္ဓာငါးပါး ၊ ရုပ်နာမ်နှစ်ပါးကို
မြတ်စွာဘုရားရှင်အား လှူဒါန်းပါ၏ ဘုရား ။
- တပည့်တော်သည် မိုက်မဲတွေဝေခဲ့သည့်အလျောက် ရတနာမြတ်သုံးပါးနှင့် တကြ မိဘ ၊ ဆရာ ၊
အရှင်သူမြတ်တို့အား ကံသုံးပါးတို့တွင်
တစ်ပါးပါးဖြင့်ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော်
ထိုအျပစ္တို့မွ ပျောက်ပါစေခြင်းအကျိုးငှာ
တောင်းပန်ဝန်ချကန်တော့ပါ၏ အရှင်ဘုရား ။
- ထို့နောက် ခင်ပွန်းကြီး ဆယ်ပါးကန်တော့ချိုး
ပါဠိ နှင့်တကွ အနက်ကိုပါသေချာ
ရွတ်ဖတ်ပြီး တောင်းပန်ဝန်ချကန်တော့ပါ ။
- ကိုယ်စောင့်နတ် ၊ အိမ်စောင့်နတ် ၊ ကျောင်းစောင့်နတ် ၊ လမ်းစောင့်နတ် ၊ ရပ်ကွက်စောင့်နတ် ၊ လောကပါလ
စောင့်နတ် ၊ ရွာစောင့်နတ် ၊ မြို့စောင့်နတ် ၊ သာသနာတော်စောင့်နတ် ၊ ကမ်ဘာစောင့်နတ်များ နှင့်တကွ
၃၁ ဘုံကျင်လည်ကုန်သော ရှိရှိသမျှ လူ ၊ နတ် ၊
ဗြဟ္မာ ၊ ပုဂ္ဂိုလ် ၊ သတ္တဝါဟူသမျှတို့သည်
အသက်ထက်ဆုံးဘေးမသီရန်မခ ၊
ကျန်းမာချမ်းသာကြပါစေကုန်သတည်း ။
- ဘဝအဆက်ဆက်မှစ၍ ယခုဘဝတိုင် ပြုခဲ့သမျှ
တပည့်တော်၏ ဒါန ၊ သီလ ၊ ဘာဝနာ စေသာ
ကုသိုလ်တို့သည် တပည့်တော်အလိုရှိအပ်သော
တောင်းဆုသို့ ပြည့်မြောက်အောင် ဖြည့်ဆည်းရာတွင်ထောက်ပံ့ပေးနိုင်သော စွမ်းအားတစ်ခုသည်
ဧကန်အမှန်ဖြစ်ပါစေအရှင်ဘုရား ။
သစ္စာအဓိဌာန် ပြုခြင်း
=============================
- အရှင်ဘုရား ဘုရားတပည့်တော်သည်
ယနေ့ယခုအချိန်အခါ၌ သဗ္ဗသိဒ္ဓိ ဂါထာတော်ကြီးအား ၁၀၈လုံးပါသော စိပ်ပုတီးဖြင့် ၁ ပတ္တိတိကို
၉ ရက်တိုင်တိုင် အချိန်မှန်စိပ်ပါမည်ဟု
သစ္စာဆိုအဓိဌာန်ပြုပါသည်အရှင်ဘုရား ။
ဒီနေရာမှာ အဓိဋ္ဌာန်ကို ၉ ရက်ကစပြီးဝင်ပါ ။
၉ ရက်ဝင်လို့အောင်ပြီးရင် ၁၈ ရက် ၊၂၇ ရက် ၊
၃၆ ရက် ၊ ၄၅ ရက် စသည်ဖြင့်
နဝင်းကိုက် အဆင်ပြေသလို ဝင်နိုင်ပါတယ် ။
မှတ်ချက် - အချိန်မှန် ၊ နေရာမှန် ရပါမယ် ။
ဒီနေ့ ည ၉ နာရီ အဓိဋ္ဌာန်စပြီး
နောက်နေ့ ည ၁၀ နာရီမွာ စလို့မရပါ ။
- သစ္စာအဓိဌာန်ပြုထားသော ၉ ရက်
မပြည့်မခြင်း သတ်သတ်လွတ် စားသုံး၍ ခန္ဓာကိုယ်ကိုဆောက်တည်ပြီး သစ္စာအဓိဌာန်ဝင်ပါမည်ဘုရား ။
- ဘုရားတပည့်တော်သည် သစ္စာအဓိဌာန်
ပုတီးစိပ်ရာ၌ စိပ်ပုတီးစိပ်၍မပြီးမခြင်း
ခြေထောက်မပြင်ပဲ တစ်ထိုင်တည်းဖြင့် သော်လည်းကောင်း ၊ စိပ္ပုတီး စစိပ်သည့်
အချိန်မှစ၍ မျက်စိမဖွင့်ဘဲ မပြီးမခြင်း
မျက်စိတစ်မှိတ်တည်းဖြင့် သော်လည်းကောင်း ၊
စိပ်ပုတီးစိပ်နေစဉ် အတောအတွင်း မည့်သည့်တစ်စုံတစ်ဦး ခေါ်ဆိုသော်လည်း စကားပြန်မပြော ၊ အသံမပြုဘဲဖြင့်လည်းကောင်း ၊ မှက်ခြင်များကိုက်သော်လည်း မရိုက်မပွတ်မသတ်ဘဲ သော်လည်းကောင်း ၊ ချေွးများထွက်သော်လည်းမသုတ်ဘဲဖြင့် သော်လည်းကောင်း ၊ ထိုကဲ့သို့သော
အချက်များဖြင့် သစ္စာဆိုအဓိဌာန် တင်းကျပ်၍
စိပ်ပုတီးစိပ်ပါမည်ဟု သစ္စာပြုပါသည် အရှင်ဘုရား ။
မှတ်ချက် -
မနိုင်ဝန်ထမ်းရမည့် ကိစ္စများအတွက်
ဖြုတ်ချင်ဖြုတ်ထားခဲ့ပါ ။ နတ်ဗြဟ္မာအပေါင်းကို သက်သေထားပြီး သစ္စာဖြင့်ပြန်ချုပ်ရတဲ့ ကျင့်စဉ်ဖြစ်လို့ အကျိုးပေးအနည်းအများတော့ကွာပါလိမ့်မည် ။
- ဘုရားတပည့်တော်ပင့်ဖိတ်၍ ကြွရောက်
လာကြကုန်သော လူနတ်ဗြဟ္မာ ၊ သူတော်စင်
ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တို့အားလည်းကောင်း ၊
သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အားလည်းကောင်း ၊ အလုံးစုံသော ဝိဇ္ဇာ ၊ ဇော်ဂျီ ၊
တပဿီ အစရှိသော သူတော်ကောင်းအပေါင်းတို့အား လည်းကောင်း ၊ ဘုရားတပည့်တော်အား စောင့်ရှောက်ကြကုန်သော အစောင့်ရှောက်နတ်မင်းများ ၊
သိဒ္ဓိရှင်များ ၊ မဟိဒ္ဓိရှင်များ ၊ ပါရမီရှင်များ
အပေါင်းတို့အား လည်းကောင်း ၊ သဗ္ဗသိဒ္ဓိ
ဂါထာတော်မြတ်ကြီးအား စောင့်ရှောက်လျက်
ရှိကြကုန်သော အစောင့်ရှောက် နတ်မင်းများ ၊
သိဒ္ဓိရှင်များ ၊ မဟိဒ္ဓိရှင်များ ၊ ပါရမီရှင်များအပေါင်းတို့အား လည်းကောင်း ၊ အသိသက်သေအရာထား၍ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ထံမှောက်၌
သစ္စာအဓိဌာန်ပြုအပ်ပါသည် အရှင်ဘုရား ။
- ထိုကဲ့သို့ သစ္စာအဓိဌာန် ပြုထားသည်နှင့်အညီ
ယနေ့ယခုအချိန်အခါ၌ စိပ်ပုတီးစတင်၍
စိပ်ပါတော့မည် အရှင်ဘုရား ။ စိပ်ပုတီးစတင်၍
စိပ်ခွင့်ပြုပါရန်ရိုသေလေးမြတ်စွာတောင်းပန်လျှောက်ထားအပ်ပါသည် အရှင်ဘုရား ။
အထက်ပါ သစ္စာအဓိဋ္ဌာန်ပြုတဲ့
စာပိုဒ်တွေကို အဓိဋ္ဌာန်စဝင်မည့်
ပထမဆုံးနေ့မှာသာ ရွတ်ဆိုရမှာဖြစ်ပါတယ် ။
ပုတီးစိပ်ရမည့် သဗ္ဗသိဒ္ဓိ ဂါထာတော်
===============================
သတ်ဗေ ဒေဝါစ ယက်ခါစ ၊ ဘူတာပေတာစ ဇော်ဂနီ ၊
ရာဇမတ္တာ မနုတ်သာစ ၊ သတ်ဗေဒေဝါ ဝိနာမန္တု ၊
ဒိတ္သြာဝ ပီယေတာ စိတ္တံ ၊ ပုတ်တောဝ သိနေဟံ မမ
ဗုတ္ဓတ္သ အာနုဘာဝေန ၊ သဒါ ဟောတု ပိယာ မမ ။
အနက် အဓိပ္ပါယ်
========================
သတ်ဗေ - ခပ်သိမ်းကုန်သော
ဒေဝါစ - နတ်တို့သည် လည်းကောင်း ၊
ယတ်ခါစ - ဘီလူးတို့သည် လည်းကောင်း ၊
ဘူတာပေတာစ - ဘုတ်ပြိတ္တာတို့သည် လည်းကောင်း ၊
ဇော်ဂနီ - စုန်းကဝေ ဇော်ဂနီတို့သည် လည်းကောင်း ၊
ရာဇမတ္တာ - မင်း၏ အမတ်တို့သည် လည်းကောင်း ၊
မနုတ်သာစ - လူသားတို့သည် လည်းကောင်း ၊
သတ်ဗေ - ခပ်သိမ်းကုန်သော
ဒေဝါ - နတ်တို့သည် လည်းကောင်း ၊
မမ - တပည့်တော်အား ၊
ဝိနာမန္တု - ညွတ်ကြပါစေကုန်သတည်း ။
တေသံ - ထိုပုဂ္ဂိုလ်တို့၏
စိတ္တံ - စိတ်သည် ၊
ပိယေတာ - ချစ်သောအားဖြင့် ၊
ဒိတ္သြာဝ - ကြည့်၍သာလျှင် ၊
မမ - ကျွန်ုပ်အား
သိနေဟံ - ချစ်ခြင်းကို ၊
ပုတ်တောဝ - သားကဲ့သို့ ၊
ကေရာတု - ပြုစေသတည်း ။
ဗုတ္ဓတ္သ - မြတ်စွာဘုရား၏
အာနုဘာဝေန - တန်ခိုးတေဇော်
အာနုဘော်တော်ဖြင့် ၊
မမ - ကျွန်ုပ်အား
သဒါ - အခါခပ်သိမ်း ၊
ပိယာ - ချစ်မြတ်နိုးကုန်သည် ။
ခန္ဓာကိုယ်အတွင်း ချုပ်၍သိမ်းဆည်းခြင်း
====================================
- မြတ်စွာဘုရား ဘုရားတပည့်တော်သည်
သစ္စာအဓိဋ္ဌာန်ပြုထားသည်နှင့် အညီ
သဗ္ဗသိဒ္ဓိ ဂါထာတော်မြတ်ကြီးအား
၁၀၈ ခေါက်တိတိ ရွတ်ဖတ် သရဇ္ဈာယ်၍
ပုတီးစိပ် ကျင့်ကြံအားထုတ် ပြီးပါပြီဘုရား ။
- ဘုရားတပည့်တော် ကျင့်ကြံသမျှ ဤ သဗ္ဗသိဒ္ဓိ
ဂါထာတော်မြတ်ကြီး၏ ပညာတန္ခိုး ၊ မဟိဒ္ဓိတန်ခိုး ၊ သိဒ္ဓိတန်ခိုး ၊ သစ္စာတန်ခိုး ၊ မေတ္တာတန်ခိုး ၊
ဂုဏ်တော်တန်ခိုး ၊ ဂါထာတန္ခိုး အစုအပေါင်းတို့သည် ဘုရားတပည့်တော် ဦးခေါင်းရတနာထက်၌
မပျောက်မပျက် တည်ရှိပါစေသတည်း ။
- ဘုရားတပည့်တော်၏ ဝဲယာ နှစ်ဘက်
ပုခုံးအထက်၌ လည်းကောင်း ၊ နှလုံးအိမ်အတွင်း ၊ အဆုတ် ၊ အသည်း ၊ ကျောက်ကပ်အတွင်း၌
မပျောက်မပျက် တည်ရှိပါစေသတည်း ။
- တစ်ချက်ခြင်း မိမိစိတ်ထဲ ကျင့်ကြံခဲ့သမျှ
စရဏအကျင့်များ မိမိခန္ဓာအိမ်ထဲ
မပျောက်မပျက် သိမ်းဆည်းထားသလို
အာရုံပြုပြီး တိုင်တည်သိမ်းဆည်းထားရပါတယ် ။
သစ္စာပြု ဆုတောင်းရန်
================================
ဘုရားတပည့်တော်သည် သစ္စာအဓိဌာန်ပုတီးစိပ်ရာ၌ စိပ်ပုတီးစိပ်၍မပြီးမခြင်း ခြေထောက်မပြင်ပဲ တစ်ထိုင်တည်းဖြင့် သော်လည်းကောင်း ၊ စိပ္ပုတီး
စစိပ်သည့် အချိန်မှစ၍ မျက်စိမဖွင့်ဘဲ မပြီးမခြင်း
မျက်စမျက်စိတစ်မှိတ်တည်းဖြင့် သော်လည်းကောင်း၊စိပ်ပုတီးစိပ်နေစဉ် အတောအတွင်း မည့်သည့်တစ်စုံတစ်ဦး ခေါ်ဆိုသော်လည်း စကားပြန်မပြော ၊ အသံမပြုဘဲဖြင့်လည်းကောင်း ၊ မှက်ခြင်များကိုက်သော်လည်း မရိုက်မပွတ်မသတ်ဘဲ ၊ ချေွးများထွက်သော်လည်းမသုတ်ဘဲဖြင့် သော်လည်းကောင်း ၊
ထိုကဲ့သို့သော အချက်များဖြင့် သစ္စာဆိုအဓိဌာန်တင်းကျပ်၍ စိပ်ပုတီးစိပ်ခဲ့ပါသည် အရှင်ဘုရား ။
- ဤသစ္စာများမှန်ကန်ပါက
ဤမှန်ကန်သော သစ္စာစကားများကြောင့် ၊
ဤမှန်ကန်သော သစ္စာစကားများ၏
တန်ခိုးတေဇော် အာနုဘော် ၊ အာဏာတော် ၊ အာဏာစက်တို့ကြောင့် လူ ၊ နတ် ၊ ဗြဟ္မာ ၊ ဒေဝီဒေဝါ ၊ စုန်း ၊ ဘုတ် ၊ ကေဝ ၊ မိစၧာ ၊ အောက်လမ်း ၊
ကြမ်းတမ်းသဘက် ဘီလူးများနှင့် ၃၁ ဘုံသားမ်ား အားလုံးတို့သည် ဘုရားတပည့်တော်အား
ဝမ်းကြာတိုက်မှ ဖွားမြင်သော ရင်ဝယ်သားကဲ့သို့
ချစ်ခင်ကြင်နာကြ၍ တပည့်အလိုရှိသည့်အခါတိုင်း ကူညီစောင့်ရှောက်ကြပါစေကုန်သတည်း ။
- ပြီးလျှင် ရှေ့မှာချထားတဲ့ ရေခွက်ကို
ပါးစပ်နားကပ်ကာ သဗ္ဗသိဒ္ဓိ ဂါထာနဲ့
၉ ခေါက်ရွတ်ဖတ်ပြီး ကုန်အောင်သောက်ပါ ။
- နောက်ရက်များတွင် ဘုရားတပည့်တော်သည်
သဗ္ဗသိဒ္ဓိ ဂါထာတော်မြတ်ကြီးအား ၁၀၈ လုံးပါသောပုတီးဖြင့် ၊ ပုတီး ၁ ပတ္တိတိကို ၉ အချိန်မှန်စိပ်ရန်
အဓိဌာန်ဝင်ထားသည်နှင့် အညီ ယနေ့အဖို့
ကျန်ရှိနေသေးသော အဓိဌာန်ပုတီးပတ်များအား ဆက်လက်၍ စိပ်ခွင့်ပြုပါရန် ရိုသေလေးမြတ်စွာ တောင်းပန်လျှောက်ထားအပ်ပါသည် အရှင်မြတ်ဘုရား ။
မှော်စဉ်ကဏ္႑ပြီး၏ ။
မေတ္တာဖြင့် -
#ပိုင်ဖြိုးကျော်@
#Little_Donut
မူရင်းလင့်။ ။https://www.facebook.com/groups/357203587979338/permalink/1245615449138143/
မူလေရးသားသူကို crd ပေးပါတယ်