ဂမ်ဘီရမတ္တာပို့
အရှေ့နေထွက် အနောက်နေဝင် တောင်တံငါခွင် မြောက်ဓူဝံကြယ်
အထက်ဘဝဂ် အောက်အဝိစိ န့ှံပြည့်ကြေငြာ ဖီလာထုတ်ချင်း
ရူပ အရူပ ကာမဘုံ၌ ကျင်လည်ကြကုန်သော
ဝိဇ္ဇာဇော်ဂျီ တပဿီအပေါင်းမှစ၍ သုခိတာ ဒုက္ခိတာ ဝေနေယျအပေါင်း
ကာဝါလမိုင်း တောလမိုင်း တောင်လမိုင်း ရေလမိုင်း အာကာလမိုင်း
ဣတၳိမန္တာန် ဝေမာနိက ပြိတ္တာအပေါင်းမှစ၍ သုံးဆယ့်တစ်ဘုံသားအားလုံး
အ. ဝေရာ ဘေးအပေါင်းမှ ကင်းဝေးကြပါစေ
ဗျာပဇ္ဇာ စိုးရိမ်ကြောင့်ကြ ပူပန်ခြင်းမှ ပျောက်ကင်းကြပါစေ
အ.နီဃာ ဆင်းရဲပင်ပန်းခြင်းမှ ကင်းဝေးကြပါစေ
ဒုက္ခ ဝဋ်ဆင်းရဲအပေါင်းမှ ကင်းလွတ်ကြပါစေ
လာမသင်္ဃရာ တည်ကုန်သော ယထာလဒ္ဓ သမ္ပတ္တိသော
အကျင့်အကြံရအပ်ပီးသော ပညာ စည်းစိမ်ချမ်းသာ
ကြက်သရေမင်္ဂလာဟူသမျှတို့နှင့်တကွ မရရှိသေးသော စည်းစိမ်ဥစ္စာပညာ
တို့သည်လည်း ရရှိကြ၍ မိမိကိုယ်တိုင်မှာလည်း စောင့်ရှောက်ထိန်းးသိမ်းနိုင်သော
ပုဂိ္ဂုလ်ထူး ပုဂိ္ဂုလ်မြတ်များ ဖြစ်ကြပါစေ။ ။
ဘုရားရှိခိုးပီးတိုင်း ရွတ်ဆိုမေတ္တာပို့ပါ။၁၅ရက်မှ ၂၁ရက်အတွင်း ထူးခြားမှုကြုံရမည်။
လူနတ်ချစ်ခင်ခြင်း သွားလေရာရာ လူချစ်လူခင်ပေါများ၍ စားသောက်နေထိုင်မှု
မပူပန်ရခြင်း ကြံစည်လုပ်ကိုင်သမျှ ကူညီစောင့်ရှောက်မည့်သူများ ပေါ်လာတတ်ခြင်း
မိမိပြုလုပ်ဆောင်ရွက်စရာကို အိမ်မက်ဖြင့် ကြိုတင်သိမြင်တတ်ခြင်း တန်ခိုးကြီးဘုရားများဖူးရခြင်း
သွားလိုသည့်ခရီးသည် မည်မျှကြမ်းတမ်းပါစေအနှောက်အယှက် အခက်အခဲမရှိ သွားရောက်ရခြင်း
စသည့်ထူးခြားသည့် အကျိုးတရားများခံစားရပါလိမ့်မည်။ ။
မူရင်းလင့်။ ။@
မူလရေးသားသူကို crd ပေးပါတယ်
No comments:
Post a Comment