ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Wednesday, September 2, 2020

ဘုမ္မိယတြာ



" ဘုမ္မိယတြာ 

 #ကျွန်တော် ဘုမ္မိအကြောင်းတွေတင်ပေးနေတယ် ။ သို့သော်
အချို့က တွေးကြောက်နေတယ် ။
မကြောက်ပါနဲ့ ။ ဘုမ္မိဆိုတာ ကြောက်စရာ မဟုတ်ပါဘူး ။
ဘုမ္မိကြီးခတ်လို့ ဘဝပျက် ၊ အသက်သေဆုံးတဲ့သူရှိသလို ၊ ဘုမ္မိကိုဖြတ်လို့ဖြတ်သွားမှန်းတောင် မသိလိုက်တဲ့သူတွေ အပုံကြီးပါ ။
  #အဲလိုတင်ပေးတော့ commetတစ္ခုမွာ သိသယောင်နဲ့
ဝင်ရေးတာတွေ့ရပါတယ် ။ ဒါမပြောလိုပါ ။ သူ့ပညာနုတယ်ဆိုတာ
သိသာပါတယ် ။ အတိုက်အခံလည်း
မလုပ်ချင်ပါ ။ နောက်တစ်ဦးက အဆိုးတွေပြောမယ့်အစား ယတြာပြောပြပေးလိုက်ရင် ပိုမကောင်းဘူးလားလို့ မန့်ပါတယ် ။
သူပြောတာ မှန်ပါတယ် ။ စေတနာနဲ့ပြောတာ ။ သို့သော် လူတွေကို ဟောပြောနေတဲ့ ဆရာတစ်ယောက်အနေနဲ့ ကျွန်တော်သိတာပေါ့ ။
  #ယတြာလုပ်တယ်ဆိုတာထက်
ဒီအဆိုးတွေကို ပထမအချက် သိစေချင်တယ် ၊ ဒုတိယတစ္ခ်က္က
ဗုဒ္ဓတရားတော်ရဲ့ ဓမ္မသတ်နဲ့အညီ
ကျင့်သုံးနေထိုင်စေချင်တယ် ။
 #ယတြာဆိုတာ လုပ်တိုင်း မဖြစ်ပါဘူး။ လောကမှာ ဆိုရိုးစကားရှိတယ် ။ ပြောနေကြတာလေ။ ကိုယ့်ဒူးတောင် ကိုယ်မယုံရဘူးဆိုတာလေ ။ ပြောချင်တာက ဒီ groupထဲမွာ ကျွန်တော်တင်ပေးသမျှသည် အဆိပ်အတောက်ဖြစ်စေသော အကြောင်းအရာမပါပါ ။
   သိသင့်သိထိုက်တာကို တည့်တည့်ပဲရေးပေးပါတယ် ။ အပြင်မှာ
ကျွန်တော်နဲ့စကားပြောဘူးတဲ့သူတွေ
ဒီ groupထဲမှာရှိပါတယ် ။
  ပြောချင်တာက မိမိကိုယ်တိုင် မကျင့်ကြံပဲ ဗေဒင်ဆရာ ပါးစပ္ဖ်ားမွာ လမ်းဆုံးနေကြမှာစိုးလို့ ရေးပြပြောပြနေတာပါ ။
အမုန်းခံပြီးရေးပေးနေတာပါ ။
#ဗေဒင်ဆရာဆိုတာ ပုထုဇဉ်တွေဖြစ်လို့ အမြဲတော့ ဘယ်မှန်နိုင်ပါ့မလည်းလေ ။
  ထားလိုက်ပါလေ ။ ပေရှည်သလိုဖြစ်နေပြီ ။

#ဘုမ္မိ ( ၃ ) မျိုးအတွက် တစ်မျိုးစီခွဲပြီး အဓိဋ္ဌာန်လုပ်ရမယ့်
ယတြာတင်ပေးမယ် ။
မြတ်ဗုဒ္ဓ၏ တရားတော်ဓမ္မသတ်နဲ့မဆန့်ကျင်စေပဲ ကုသိုလ်လည်းဖြစ် အဆိုးအညံ့တို့မှလည်းလွတ်မြောက်မယ်ဆိုရင် မလုပ်ချင်ဘူးလားဗျာ ။
ကဲစလိုက်ရအောင်ဗျာ ။

" ဘုမ္မိ ယတြာ "

ပထမဘုမ္မိ ( ခ ) လေးခွင်ဘုမ္မိ အဓိဋ္ဌာန်ယတြာ ။
နေ့သားအလိုက် အသက်ပိုင်းနဲ့ဖော်ပြပေးလိုက်ပါတယ်။

( ၁ ) မည်သည့်နေ့သားမဆို ဤအသက်ပိုင်းသည် လေးခွင်ဘုမ္မိကျသော အသက်ပိုင်းဖြစ်သည် ။

အသက်-4,12,20,28,36,44,52,60,68,76.

( ၂ ) မည်သည့်နေ့သားမဆို ဤ အသက်ပိုင်းသည် ဘုမ္မိလေး ၇ခွင်ဘုမ္မိကျသည် ။
အသက် - 7,15,23,31,39,47,55,63,71,79.

( ၃ ) ဤအသက်ပိုင်းသည် ဘုမ္မိကြီးခတ်သော အသက်ပိုင်းဖြစ်သည် ။

တနင်္ဂနွေသားသမီး - 31,39,47

တနင်္လာသားသမီး - 47

အင်္ဂါသားသမီး- 39,47

ဗုဒ္ဓဟူးသားသမီး - 39,47

ကြာသာပတေးသားသမီး - 55

သောကြာသားသမီး - 47

စေနသားသမီး - 47,55

ယတြာ -

တနင်္ဂနွေ ၊ အင်္ဂါ ၊ စေန သားသမီးတို့သည် မိမိမွေးနေ့မှစ၍
တစ္ပတ္တိတိ နံနက် ၅ နာရီတွင် ဖယောင်းတိုင် ၁တိုင် ၊ နံနက် ၆နာရီတွင် ဖယောင်းတိုင်၁တိုင် ၊ နံနက် ၇နာရီတွင် ဖယောင်းတိုင် ၁တိုင် ထွန်းညှိပူဇော်ရမည် ။
ညနေပိုင်းတွင်လည်း ၅နာရီ ၊ ၆နာရီ ၊ ၇နာရီ ဖယောင်းတိုင် ၁တိုင်စီပူဇော်ရမည် ။
ဖယောင်းတိုင် ပူဇော်တိုင်း၌ -
" နေမာ တေ ဇီဝိတဿ သင်္ဂါမ "
ဟုရွတ်၍ ပူဇော်ပါ ။အသက်ထက်၁ခေါက်ပိုရွတ်ရမည် ။

အဓိပ္ပါယ် -
( ရွတ်ဆိုရန်မလိုပါ ။ သိအောင်သာပြပေးခြင်းဖြစ်သည် ။)
ဇီဝိတဿ သင်္ဂမ - ကိလေသာရန်သူတို့ကို အောင်အပ်ပြီးသော စစ်မြေပြင်ရှိတော်မူသော မြတ်စွာဘုရား၊
တေ - အရှင်ဘုရားအား ၊ နေမာ - ရွိခိုးပါ၏ ။

တနင်္လာ ၊ ဗုဒ္ဓဟူး သားသမီးမ်ား -
မိမိမွေးနေ့မှစ၍ ၉ ရက်တိတိလုပ်ရမည် ။ နံနက် ၅နာရီမွာ သောက်တော်ရေ ၅ခွက်လှူဒါန်းပါ ။ မွန်းတည့်ချိန်တွင် ကပ်ထားသောရေဟောင်းကိုစွန့်၍ အသစ်ထပ်မံကပ်လှူပါ ။ ညေန ၅ နာရီတွင်တစ်ကြိမ်ထပ်လဲပါ ။ ရေဟောင်းစွန့်တိုင်း မိမိ၏ ဘုမ္မိကျသောအရပ်မှာစွန့်ပါ ။
( ကျွန်တော်ကတော့ ပုံမှန်ပဲစွန့်လိုက်ပါတယ် )
" နေမာ တေ မာရဝိဇယ "ဟု ရွတိဆို ပူဇော်ပါ ။ အသက်ထက် ၁ခေါက်ပိုရွတ်ရမည် ။
အဓိပ္ပါယ် -
မာရဝိဇယ - မာရ်နတ်မင်းကို အောင်မြင်တော်မူသောမြတ်စွာဘုရား ၊ တေ - အရှင်ဘုရားအား ၊ နေမာ- ရွိခိုးပါ၏ ။

ကြာသာပတေး ၊ သောကြာသားသမီးများ - မိမိမွေးနေ့မှ၌ ဖယောင်းတိုင် ၅တိုင် ၊ နောက်နေ့မှာ ၆ တိုင် ၊ နောက်တနေ့မှာ ၇ တိုင် ထွန်းညှိပူဇော်ပါ ။
ထိုဖယောင်းတိုင်များကို လင်ဗန်းထဲ၌ အရင်စိုက်ပါ ။ ပြီးရင် ရေထည့်ပြီးမှ မီးညှိပူဇော်ပါ ။ ည၇နာရီမှာပူဇော်ရမည် ။
" သော ဘဂဝါ ဣတိပိ အနုတ္တရော " ဟုရွတ်ဆိုပူဇော်ရမည် ။ အသက်ထက် ၁ခေါက်ပိုရွတ်ပါ ။
အဓိပ္ပါယ် -
သောဘဂဝါ - ထိုမြတ်စွာဘုရားသည် ၊ ဣတိပိ - ဤသို့သီလရှိသောဂုဏ်တို့ဖြင့် ၊ လူနတ်ဗြဟ္မာ သတ္တဝါတို့ထက် အလွန်မြတ်တော်မူသောကြောင့် ၊
အနုတ္တရော - အနုတ္တရမည်တော်မူပါပေ၏ ။
ဒါနေ့သားအလိုက်ပြုလုပ်ပေးရမယ့်
ယတြာပါ ။

နောက်တစ်ခု - ဇီဝိတဒါနပြုပါ ။
ဆင်းရဲနွမ်းပါးသူများ ၊ ခိုက်ိုးရာမဲ့များ၊ ကျန်းမာရေးမကောင်းသူများ ၊ သက်ကြီးရွယ်အိုများ ၊ လူအိုရုံများ ၊ ဆေးရုံများ ၊ နွမ်းပါးသော မွေးခါနီးကိုယ်ဝန်ဆောင်သည်များအား ဆေးဝါးဓာတ်စာ ၊ အနှီးပိတ် ၊ အစာရေစာ လှူဒါန်းပါ ။
တိရစ္စာန်များအား အစာရေစာကျေွးပေးပါ ။
ဘာသာရေးများများလုပ်ပါ ။ ကိုယ်ကျင့်တရားထိန်းပါ ။ လောဘ ၊ေဒါသ ၊ မောဟလျှော့ပါ ။ မစပ်စုပါနဲ့၊
နေရာတကာမပါနဲ့ ၊ မာန္ခ်ထား၊ ရုပ်ချထားပါ ။ မည်သည့်ကိစ္စမှ အာမမခံပါနှင့် ။ သူများဇာတ်ရှုပ် ဆရာဝင်မလုပ်ပါနဲ့ ။ အထူးသတိပြုပြီးနေထိုင်ပါ ။

မဇ္ဈိမ ဦးဆန်းမင်း
ဝိဇ္ဇာနည်းကျ နိယာမဗေဒင်

ဘုမ္မိကျင့်စဉ်

ရွှေပေါ်ကျွန်း ဆရာတော် ကြီး ချီး မြှင့် သည့် ဘုမ္မိ ကျင့်စဉ် 
**************************************************
ကျင့်စဉ် မွာ မိမိ မွေးနေ့ မွစ၍ ညဥ့်ဦးပိုင်း အချိန်တွင် ( မ- နာရီ ကျသည့် ) ၅ နာရီ ၇ နာရီ ၉ နာရီ တွင် တန္ခိုး 
ကြီး သော ဘုရားတစ္ဆူဆူ သို့ သြား ပြီး မိမိ တို့ ဘုမ္မိ က် ရာ အရပ် မွ ဖယောင်းတိုင် တစ်တိုင် ကို သက်တော်
ထင်ရှား ရှိတော်မူသော မြတ်စွာဘုရား ရှင်မြတ်ကြီး အား စိတ္က ရည်မှန်း ၍ ဆီမီး ပူဇော်ပါ။
ပူဇော်ပြီးတိုင်း 

" ရတန တ္တယံ နိစ္စံ မံရက္ခတု " 
ဟု့ မိမိ တို့၏အသက်ထက် တစ်ခေါက် ပို ရွတ်ဖတ်ပါ။

ရတနတ္တယံ .... ရတနာ မြတ် သုံး ပါး သည်
နိစ္စံ....... အျမဲ
မံ ........ အကျွနုပ် ကို
ရက္ခတု ...... စောင့် ရှောက် တော် မူ ပါ ဟု့ ဆို လိုပါသည်။

အနက် ကို ရွတ်ရန် မလိုပါ။ (၇) ရက္တိတိ မပျက်မကွက်အားထုပ် ရန္သာ ဖြစ်သည်။

ဘုမ္မိအရပ် မ်ား မွာ....

တနင်္ဂနွေ သားသမီး ....... ဗုဒ္ဓဟူး 
တနင်္လာ သားသမီး ......... စေန
အင်္ဂါ သားသမီး.......... ကြာသပတေး
ဗုဒ္ဓဟူး ............ ရာဟု့
ကြာသပတေး ....... တနင်္ဂနွေ
သောကြာ ....... အင်္ဂါ
စေန......... သောကြာ
ရာဟု......... တနင်္လာ

Crd: မြတ်မို

မူရင်းလင့်။ ။ https://www.facebook.com/100008387262160/posts/2839053349717546/
 မူလေရးသားသူကို crd ပေးပါတယ်

No comments: