ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Thursday, September 24, 2020

လာဘ်ပွင့်စေရန်အဓိဌာန်

ဦးစွာကိုယ်လက်သန့်စင်၍ ဘုရားရှင်အားဦးထိပ်ထားပီး ရှင်သီဝလိရဟန္တာအရှင်မြတ်ကြီးနှင့်တကွွ ရဟန္တာအရှင်မြတတ်အပေါင်းတို့အား ဆွမ်းတော် သောက်တော်ရေချမ်း ဆီမီး နံ့သာတိုင်များဖြင့် ဆပ်ကပ်ပူဇော်ပါ။ထို့နောက် ဘုရားရွိခိုး သီလခံယူဆောက်တည်ပီး ဘုရား တရား သံဃာဂုဏ်တော်တို့ကို ၉ ခေါက်စီရွတ်ဖတ်ပူဇော်ပေးပါ။ပီးလျှင် ဘုရားရှင်နှင့်တကွ ရှင်သီဝလိအရှင်မြတ်ကြီးအပါအဝင် သံဃာတော်အပေါင်းတို့အား """ ဘုရားတပြည့်တော်သည် ဤနေ့ ဤရ
က် ဤအချိန်မှစ၍ ဆွမ်းဆန်လက်တစ်ဆုပ်နှင့် ဝတၳုငွေ တစ်ရာကျပ်ကို( မိမိလှူချင်သလောက်လှူလို့ရသည် )လှူဒါန်းပီး ဤ ( ရှင်သီဝလိ ၁၀ဂါထာမွ နောက်ဆုံးဂါထာ )ဂါထာကို ၃၇ ခေါက်ရွတ်ဆိုပီး ၃၇ ရက်လှူဒါန်းပူူဇော်ပါမည်ဖြစ်ကြောင်း အဓိဌာန်ပြုပါသည်။ထိုသို့လှူဒါန်း၍ရရှိသော ငွေနှင့်ဆွမ်းဆန်တို့အား အဓိဌာန်ပီးမြောက်ပါက သံဃာတော်များအားရည်စူး၍ လှူဒါန်းပါမည် ဘုရား """ဟုလျှောက်ထားအဓိဌာန်ဆောက်တည်ပါ။ဤအတိုင်း ၃၇ရက်မပြတ်လှူဒါန်းပေးရပါမည်။ထို့သို့ လျှောက်ထားပီးပါက အောက်ပါဂါထာကို ၃၇ ခေါက်ရွတ်ဆိုပါ။

"" သီဝလိ စ မဟာထေရော
   ဒေဝမနုဿ ပူဇိတော။
   သောရဟော ပစ္စယာ ဒိနံ
   မဟာလာဘံ ကေရာတု မေ။ ။

မြန်မာပြန်  

ရှင်သီဝလိ ဟု အမည်ကျော်လတ်မထေရ်မြတ်သည် သဒ္ဓာရွှင်လန်းလျှူဒါန်းဆက်ကပ်အရပ်ရပ်သော ပစ္စည်းစသည်တို့ကို ခံယူသုးံဆောင်ခြင်းငှာထိုက်တော်မူဧ၊်။မထေရ်မြတ်ကြီးသည် အကျွနု်ပ်အား
စည်းစိမ်ဥစ္စာရတနာရွှေငွေ အထွေထွေမွန်မြတ်သည့် လာဘ်လာဘရခြင်းကို မုခ်မေသြ ဖြစ်ပါစေသတည်း။
                       
ရွတ်ဆိုပီးပါက အဓိဌာန်ပီးမြောက်ပါက မိမိဒါနပြုပါမည့်အကြောင်း လေးလေးနက်နက်လျှောက်တင်၍ မေတ္တာပို့ အမျှဝေပေးပါ။မိမိလိုရာဆုတစ်ခုကို လေးနက်စွာ ဆုတောင်းပါ။၃၇ရက်ပြည့်လျှင် တစ်ကြိမ်အောင်ပါသည်။မိမိကံအလျှောက် ဝီရိယရှိသလောက် လာဘ်လာဘတစ်ခုခုဝင်လာပါလိမ့်မည်။ ပြည့်ပီးနောက်တစ်နေ့၌ ဆန်ကိုဆွမ်းချက်၍ ငွေကို ဆွမ်းဟင်းချက်ကာ သံဃာမရွေးပဲ လှူပေးပါ။ ဆွန်းဆန်အဖြစ်လည်းလှူရပါသည်။ ဒုတိယအကြိမ် အဓိဌာန်ဝင်လျှင် အလှူကို နှစ်ဆတိုးလှူပေးပါ။

မူရင်းလင့်။ ။@
မူလေရးသားသူကို crd ပေးပါတယ်

No comments: