မေတ္တာသုတ်ကို ကျင့်စဉ်တစ်ခုအနေနဲ့ရွတ်ဖတ်လိုသောသူများအတွက် မေတ္တာသုတ်ကို ဂြိုလ်သက်လိုက်ရွတ်ဖတ်ပူဇော်နည်းကိုဖော်ပြပေးလိုက်ပါတယ်
တစ်ပတ်လောက်စမ်းရွတ်ကြည့်ပါ သိသိသာသာထူးခြားလာပါမည် ကိုယ်တွေ့ဖြစ်ပါသည်။
🙏🙏🙏"မေတ္တာသုတ်ရွတ်ပုံ နည်းစနစ်"🙏🙏🙏
တနင်္ဂနွေဂြိုလ်သက် ၆
တနင်္လာဂြိုလ်သက် ၁၅
အင်္ဂါဂြိုလ်သက် ၈
ဗုဒ္ဓဟူးဂြိုလ်သက် ၁၇
စနေဂြိုလ်သက် ၁၀
ကြာသပတေးဂြိုလ်သက် ၁၉
ရာဟုဂြိုလ်သက် ၁၂
သောကြာဂြိလ်သက် ၂၁
(စုစုပေါင်းဂြိုလ်သက် ၁၀၈)
🙏🙏🙏🙏🙏
၁။ တနင်္ဂနွေနေ့မှာ စရွတ်လျှင် မရွတ်မှီ-
"တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွ
တနင်္ဂနွေသားသမီးများအားလုံး
၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အရှေ့မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ"......ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၆ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။
၂။ တနင်္လာနေ့မှာ စရွတ်လျှင် မရွတ်မှီ-
"တနင်္လာဂြိုလ်မင်းကြီးနှင့်တကွ တနင်္လာသားသမီးများအားလုံး ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အရှေ့အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၅ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။
၃။ အင်္ဂါနေ့မှာ စရွတ်လျှင် မရွတ်မှီ- "အင်္ဂါဂြိုလ်မင်းကြီးနှင့်တကွ အင်္ဂါသားသမီးများအားလုံး ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အရှေ့တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၈ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။
၄။ ဗုဒ္ဓဟူးနေ့ နံနက်အာရုံတက်မှ နေ့လည် ၁၂ နာရီ မထိုးမီ- စရွတ်လျှင် မရွတ်မှီ-
"ဗုဒ္ဓဟူးဂြိုလ်မင်းကြီးနှင့်တကွ ဗုဒ္ဓဟူး သားသမီးမ်ားအားလုံး၊ ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊ တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၇ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။
၅။ ရာဟုဂြိုလ်အတွက် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီမွ ည ၁၂ နာရီအတွင်း၊ စရွတ်လျှင် မရွတ်မှီ-
"ရာဟုဂြိုလ်မင်းကြီးနှင့်တကွ ရာဟု သားသမီးမ်ားအားလုံး၊ ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၂ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။
၆။ ကြာသပတေးနေ့မှာ စရွတ်လျှင် မရွတ်မှီ- "ကြာသပတေးဂြိုလ်မင်းကြီးနှင့်တကွ ကြာသပတေး သားသမီးမ်ားအားလုံး၊ ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အနောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၉ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။
၇။ သောကြာနေ့မှာ စရွတ်လျှင် မရွတ်မှီ- "သောကြာဂြိုလ်မင်းကြီးနှင့်တကွ သောကြာ သားသမီးမ်ားအားလုံး၊ ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊ မြောက်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၂၁ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။
၈။ စနေ့မှာ စရွတ်လျှင် မရွတ်မှီ- "စနေဂြိုလ်မင်းကြီးနှင့်တကွ စေန သားသမီးမ်ားအားလုံး၊ ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ.. ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၀ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။
မှတ်ချက်။ ။
၁။ ကြိုက်ရာနေ့မှာ အထက်ပါအတိုင်း သက်ဆိုင်ရာ နေ့၏ ဂြိုလ်သက်အတိုင်း စတင်ရွတ်ဆိုနိူင်ပါသည်။
၂။ တစ်နေ့ခြင်းလည်း ရွတ်နိူင်ပါသည်။
၃။ တစ်နေ့တည်း ဂြိုလ်သက်စုံအောင် ရွတ်ဆိုနိူင်ပါကလည်း စသည့်နေ့၊ စသည့်ဂြိုလ်မှ ဆုံးအောင်၊ ၁၀၈ ခေါက်ပြည့်အောင် ရွတ်ဆိုနိူင်ပါသည်။
၄။ ဗုဒ္ဓဟူးနေ့မှာတော့ နေ့လည် ၁၂ နာရီ မထိုးမီ ဗုဒ္ဓဟူးနေ့အတွက် အပြီးရွတ်၍၊ နေ့လည် ၁၂ နာရီ နောက်ပိုင်းမှာ ရာဟူဂြိုလ်အတွက် ရွတ်ပေးရပါမည်။
၅။ ရန်ဖြစ်စရာကိစ္စများ၊ စကားအခြေအတင် ပြောရခြင်းများ ပေါ်ပေါက်လာပြီး အစမ်းသပ် ခံရပါလိမ့်မည်၊
၆။ မေတ္တာဖြင့် သီးခံပြီး ရှောင်ရှားပေးခြင်း၊ ပြန်မပြောခြင်းဖြင့် ရန်ကိုရှောင်ရပါမည်။
၇။ ပြိုင်လာလျှင် အရှုံးပေးခြင်း နည်းကိုသာ ရွေးချယ်ရပါမည်၊
၈။ ဤမေတ္တာကျင့်စဉ်မှာ အစမ်းသပ် ခံရပြီးမှသာလျှင် အဆင့် တက်မည်ဖြစ်၍ သတိထားပြီး ရန်ကိုရှောင်ပေးပါ။
၉။ ရရှိလာမည့် အကျိုးကျေးဇူးမျာမှာ-
(၁) မေတ္တာသုတ် ရွတ်ဆိုမည့် ရှေ့တည့်တည့်တွင် သောက်ရေထား၍ မောသည့်အခါ ထိုရေကိုသောက်ခြင်းဖြင့် မည်သည့်ဘေး ပေယာဂေရာဂါဆိုးမ်ား မကျရောက်နိူင်တော့ပါ။
(၁) ၄၅ ရက် အတွင်းမှာပင် အလုပ်အကိုင် အခွင့်အလမ်းများ စတင်ပေါ်ပေါက်တတ်ပါသည်။
(၂) ဆက်လက် ကျင့်ကြံနိူင်ပါက ၃ နှစ်အတွင်း ယခုဘဝ တစ်သက်စာအတွက် စားဝတ်နေရေးကိစ္စများအတွက် မပူမပင် မကြောင့်မကြမတောင့်တရဘဲ အားလုံးပြည့်စုံပြီးဖြစ်ပါလိမ့်မည်။
(၃) ရွတ်ဆဲကာလ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရွတ်ဆို၍ အလွန်ကောင်းမွန်လာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများဖြစ်ပေါ်လာ၍ စတုတ္တဈာန်အဆင့်ကိုပင်ရရှိနိူင်ပါသည်။
(၄) ထိုမှတစ်ဆင့် ဝိပဿနာကူး၍အားထုတ်ခဲ့ပါက လွယ်ကူလျင်မြန်စွာတရားထူးတရားမြတ်ကို သေချာပေါက် ရရှိနိူင်ပါသည်။
မူရင်းလင့်။ ။
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment