ပီယဆိုတာက လူတိုင်းမှာ ရှိပါတယ်။ ပီယဓာတ်အားနည်းတယ် များတယ် သာကွာတာဖြစ်ပါတယ်။လူတိုင်း ပီယဓာတ္ခံ ကောင်းနေဖို့လည်းလိုပြန်တယ်။ ဘာကြောင့်လ..?
လူလောကမှ စားဝတ်နေရေး စီးပွားရေးအတွက် စီးပွားရှာရမယ်။ ဒီအခါ လူမှုရေး ပေါင်းသင်းဆက်ဆံရေး ဆိုတာပါလာပါပီ။ ထိုအခါ ပီယဓာတ္က အေရးပါလာပါပီ။ ဘာဆိုင်လို့လဲလို့မေးလာရင် လူတွေက ကိုယ့်ကိုယ် မေတ္တာသက်ဝင် အကောင်းမြင် စေတနာသက်ဝင်မှသာ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းနေမှသာ ရပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ လူတိုင်းက မုန်းနေရင် စီးပွားဖြစ်ပါ့ဦးမလား။ တခြားကိစ္စအဝဝရော လူမုန်းများနေရင် အဆင်ပြေပါ့မလား ပြောစရာပါ။ ပီယမှာလည်း တဏွာ မက် တပ်မက်တဲ့ပီယနဲ့ မေတ္တာသက်ဝင်စေတဲ့ပီယ ဆိုတာ ရှိပြန်တယ်။ တစ်ချို့က ဆရာ့ဆီ အဆောင်လက်ဖွဲ့အစီရင်တွေ လာမှာယူကြတဲ့အခါ ဆရာ ပီယ ကြမ်းကြမ်းလေးနော ပီယကြမ်းကြမါးလေးဆိုတော့ ဘယ်လိုကြမ်းတာတုန်းဆိုတော် ကောင်မလေးတွေ ကြည်စေချင်တာတဲ့။ပီယမှာ တကယ် မြင့်မြတ်ရင် ကောင်မလေးတွေချည်း ချစ်ကြတာ ကောင်လေးတွေချည်း ချစ်ကြတာမဟုတ်ပါဖူး။ တကယ့်ပီယအစစ်ဟာ စိတ်နှလုံးကိုမွေ့လျော်စေတယ်။ မြင်မြင်သမျှ လူနတ် သတ္တဝါအားလုံး မြင်ကာ ကြားကာ သိကာမျှဖြင့် ချစ်ခင်မေတ္တာသက်ဝင်စိတ်တွေ ဖြစ်လာတယ်။ ဒီလိုပီယမျိုးကမြင့်မြတ်တယ်။ ဘဝတစ္ခုလုံးကို ပြောင်းလဲတိုးတက်စေနိုင်တယ်။ ဇာတ်မင်းသားကြီး ဦးဖိုးစိန်ဟာ ရုပ်ရည် ချောမောလွန်းလို့ ဝဏ္ဏကျော်ထင် ဂရိတ်ဦးဖိုးစိန်ဆိုပီး ဝဏ္ဏကျော်ထင်ဘွဲ့ရခဲ့ပါတယ်။ သူဟာ ဇာတ်ထွက် ဇာတ္ကခါနီး ဥေပမိ ဗုဒ္ဓံသရဏံ စေသာ ဂါထာတော်ကို အမြဲရွတ်ပါတယ်။ ထိုဂါထာတော်ရွတ်လို့ ဒီလိုနာမည်ကြီးလာတာလို့ဆ်ုလိုတာမဟုတ်ပါဖူး။ သူ၏အရည်ချင်းနဲ့ ပီယဂါထာတော်ရဲ့ မြင့်မြတ်သောပီယစန်းကိုရရှိတဲ့အခါ လူသာသေသွားသော်လည်း နာမည်မသေပဲ နာမည် ကြီး ဘဝတိုးတက်ခဲ့ပီး သမိုင်းတွင်ခဲ့ပါတယ်။ ဒီလိုပဲ ပီယပေါက်ရင် ဓနသိဒ္ဓိအလိုလိုပေါက်ပါတယ်။ တစ်ချို့ကမေးပြန်တယ်။တစ်ချို့ပီယတွေဟာ လာဘ္လာဘကိုပိတ္တတ္တယ္ဆိုတာ ဟုတ္လားတဲ့။ ရှိပါတယ်။ တစ်ခ်ျု့သောပီယတွေဟာ မိန်းမကိစ္စ တဏှာကိစ္စမှာ အလွန်ကောင်းတယ် သိူ့သော် လာဘ်ပိတ်တယ်။ ယုတ်ညံ့သော အတတ် နိင်္မ့သော အစောင့်များ ကပ္လို့ ပီယဣတၳိသျှိုကောင်းသော်လည်း လာဘ်ကိုပိတ်စေတာပါ။ သို့သော် ပီယသေဘာက အနု အပွင့်သဘောတရားမို့ ပီယမှန်ရင် ပီယသာမက လာဘပါ နောက်ကလိုက်ပီး ပွင့်စေပါတယ်။ဒါမှာ အပွင့်အနုပီယမှန်ပါတယ်။ ကဲပီယ အကြောင်းရှင်းတာများသွားပီ။
ပီယမှာသိသိသာသာကောင်းစေတဲ့ဂါထာလေးတစ်ပုဒ်ကို ပြောပြရရင်...
ဥုံ မေတ္တာ မေရိရာဇာ ဩဟာ..
ဥုံ မနုရာဇာတိုင်း
ဥုံ သမိုင်းရာဇာ တက်ဆရာတက်
ဥုံ နေယပရံ ကပ်ဆရာကပ်.........''
ထိုမန္တန်ကို ရွတ်ဖတ်ပါက မြင်သူတိုင်း မေတ္တာသက်ဝင်ချစ်ခင်စေပါတယ်။ မိန်းမများအလွန်ကပ်ပါတယ်။ ဆီကို၃၇ခေါက်မန်း၍ နဖူးဆံစပ်မှာ သုတ်လိမ်းသွားပါက ရိုသေခန့်ညားလေးစားစေပါတယ်။
ဒီဂါထာကို မှော် အဖြစ်လည်း သွင်းယူလို့ရပါတယ်။
ဘယ်လိုသွင်းရမလဲဆိုရင်
ထမင်းဖြူနှင့် သစ္သီးအစုံ ရသေလာက္ကို ပန်းကန်တွင်ထညိ့ပီး ၎င်းမန္တန်နှင့်၃၇ခေါက်မန်ူ၍စားရမည်။ မနက် နေ့လည်စာ ညစာ ထိုအစာကိုသာစားရမည်။ ပြင်ပပသားငါးမစားရ။ အသီးသက်သက်လွတ်သာစားရမည်။ စားသောအခါ စားသမျှ သောက်သမျှ ရေကအစ ထိုမန္တန်တော် ၃၇ခေါက်မန်း၍ စားရမည်။ ထိုနည်းအတိုင်း၄၉ရက် မပြတ်စားရမည်။
မှော်စဉ်ရက်အတွင်းညအိပ်သောအခါ သူရဿတီဒေဝီနတ်သမီးကို ညတိုင်းပင့်ခေါ်ရမည်။
ပင့်ခေါ်စဉ် ကျောက်ပျဉ်တွင် သနပ်ခါးသွေးရင်းပင့်ခေါ်ရွတ်ဖတ်ရမည့်မန္တန်မှာ..
"ဥုံ သူရဿတီစ မေမာတာ မာတာစေမ သူရဿတီ အနုကမ္မံ ဥပါဒါယ အာဂစၧန္တု အာဂစေၧယျ အာဂစေၧယျ.။
မပြတ် တတ်အားသမျှရွတ်၍ ပင့်ကာ ထိုသနပ်ခါးမျက်နှာကိုယ်လုံးတို့မှာ လိမ်း၍ အိပ်ရပါမည်။ထိုသနပ်ခါးကို လျက်ရမည်။ ၄၉ရက်မှော်စဉ်ပြည့်ခါနီးတွင် သူရဿတီ နတ်သမီးတစ်ပါးသည် သူရဿတီကိုယ်စားလာ၍ ငါ့ကို ဘာကြောင့်ခေါ်သနည်း ဆိူပီး အိပ်မက်ပေး၍ မေးပါလိမ့်မယ်။ထိုအခါ သင့်ကိုခေါ်တာမဟုတ် သူရဿတီဒေဝီနတ်သမီးကိုသာ ငါခေါ်တာ ဟု ပြန်ပြောရပါမယ်။အဲ့အခါမှ သူရဿတီ နတ္သမီး ကြွလာ၍ဘာ လို့ ခေါ်တာလဲ ဟုမေးပါလိမ့်မယ်။အဲ့အခါ လိုသမျှကို ပြောပါ။ ၄၉ရက်မှော်အောင်သောနေ့ရက်တွင် ဒေဝီဝတ်စားတန်ဆာ များဖြင့် ဒေဝီပွဲပြင် ပင့်ခေါ်ပီး အုန်း ကောက်ညှင်း ငှက်ပျော ပေါက်ပေါက် နို့ တို့ကို သင့်တင့်အောင်ပြင်ဆင်ပီး အထက္က မှော်သွင်းမန္တန် "ဥုံ မေတ္တာ မေရိရာဇာ..." အစချီသောမန္တန်တော်ဖြင့် ၁၀၈အုပ်မန်း၍ စားရမည်။ သဗ္ဗသျှို (လူနတ် သတ္တဝါအလုံးစုံချစ်ခြင်း)
ဣတၳိသျှု (မိန်းမများ ချစ်ခြင်း) ရာဇသျှို(မင်းစိုးရာဇာ အင်္ကြးအကဲ ဆရာ သမား မ်ား ချသ်ခြင်း)စေသာ သျှိုသုံးပါး ပီးစီး၏။ အနုပီယ လိုရာရပါ၏။ စိတ်ကြံတိုင်းပီးပါစေ၏။
ပီယကို လိုပါက မှော်သွင်းမန္တန်ကိုသာ နိုး၍ ရွတ်ပါက ပီယတွင် လိုသမျှရစေပတော့။
အလွန်ကောင်းပါသည်။ သူရဿတီ အစာမှော် ဖြစ်ပါတယ်။
ကျွန်ုပ်ကိုယ်တိုင် ပြုလုပ်ဖူးသောကြောင့် တကယ် လည်း ဖြစ် မြောက်တဲ့ နည်းဖြစ်ပါတယ်။
ထှိုော်သွင်းမန္တန်ကိုပင် မန္တန်လက်ဖွဲ့စီရင်လို့ရပါသေးတယ်။
ထိုမှော်သွင်းမန္တန်ကို မိမိနေ့နံ ဂြိုလ်သက်အလိုက် ကြေးပြါးမှာ အသွားအပြန် ရေးရမယ်
ဥပမာ တနင်္ဂနွေသား၊အတွက်စီရင်ရင် တနင်္ဂနြွေိဂုဟ်သက် ၆နှစ် မို့ အသြား အပြန် ခြောက်ကြောင်း ရေးရမယ်။
တနင်္လာသားအတွက်ဆို တနင်္လာဂြိုဟ်သက် ၁၅နှစ်မို့ အသွားအပြန် ၁၅ကြောင်းရေးရမယ်။ သောကြာသားဆို ၂၁ကြောင်း အများဆြံးရေးရတာပေါ့..။ အဲ့လိုရေးပီး "ဂါထာအရင်းအင်းအဖျား"ဆိုတဲ့စကားအတိုင်း အရင်းကလိပ် သိမ်ဝင်ချည်နဲ့ ဂြိုလ်သက်ကို ၆နဲ့မြောက် ၂နဲ့စားပီး ရတဲ့ အကြွင်းအတိုင်းပတ်။ ဝကြွင်းနေရင် ၇ ပတ်ပတ်ရပါမယ်။
ဥပမာ တနင်္ဂနွေသား ဆိုရင် ဂြိုဟ်သက် ၆နှစ် ကို ၆နဲ့မြောက် ၃၆ ..၂ နဲ့စား ၁၈ ကြွင်းပါတယ်။ ဒါကြောင့် လက်ဖွဲ့တော်ကို သိမ်ဝင်ချည်နဲ့ ၁၈ပတ် ပတ်ပေးပီးစီရင်ရပါမယ်။
ထို့နောက် ကြိုးတပ် ကြိုးထိုး လက်ဖွဲ့ထိုးရင် ထိုမှော်သွင်းဂါထာနဲ့ပင် ဒေဝီပွဲ ပြင်၍ ၁၀၈ အုပ် နံ့သာငါးပါး ရေစိမ်၍ စုပ်ပါ။
နံ့သာငါးပါးမဟုတ္က ရေကို ရေမွှေးဖျန်းပီး လက်ဖွဲ့ကိုစိမ်၍ မန္တန်စုပ်ပါကလည်း ရပါသည်။
ထိုရေကိုသီးသန့်သိမ်းထားပါ။ ပီယကောင်းပါတယ်။ လက်ဖွဲ့တော် အကျိုးမှာလည်း ပီယ သျှိုသြံးပါးအလွန်သိသာလှပါတယ်။ လက်ဖွဲ့ကိဆြုပ်၍ အကြံစည် ကြံစည် ပြုလုပ်ပါက အောင်မြင်စေပါတယ်။ လူတွင်မကပဲ နတ်များ ဘုမ္မစိုး ရုက္ခစိုးများပါ ချစ်ခင်စေပါတယ်။ ဒါက လက်ဖွဲ့စီရင်နည်းပါ။
အလွန် အကျိုးပေးကောင်းတဲ့ ပီယ မန္တန်တော်ဖြစ်လို့ ပညာဒါန မျှလိုက်ရပါတယ်။
အောက်မှာ ရေးသားပုံနည်းစနစ်နမူနာလေး ပုံနှင့်တွ ပြထားပေးပါတယ်။
https://www.facebook.com/saosaizaysaw/
စိုင်းဇေစော (ရှမ်းပညာ)
မူရင်းလင့်။ ။ https://www.facebook.com/109337384033596/posts/174845030816164/
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment