ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Wednesday, September 9, 2020

ပွဲတွေ့ ဈေးခေါ် ဒီအင်းကျော်.

..

       ဆရာဈေးရောင်းကောင်းတဲ့ ပညာလေးများမရှိဖူးလားတဲ့...။ လွယ်လွယ်ကူကူ နဲ့ ကျွန်မ တို့ လုပ်လို့ရတဲ့ ပညာလေးတွေရှိရင် မျှဝေပေးပါဦး လို့တောင်းဆိုလာကြတော့ တင်ပေးရပြန်တာပေါ့ခင်ဗျာ...။

အခုကာလကလည်း ကိုဗစ္တို့ ဒေါ်ဗစ် တို့ ကြောင့် စီးပွားရေး ကျပ်တည်း တဲ့ ကာလဆိုတော့ စီးပွားရေးသမားတိုင်း စီးပွားရေးလုပ်တဲ့သူတိုင်း အရင်ကလောက် စီးပွားမဖြစ်ပဲ ကျပ်တည်းနေတာကတော့ သဘာဝေပါ့...။ ဒါပေမဲ့လည်း အဆင်ပြေချင် ဈေးရောင်းကောင်းစေချင် စီးပွားတက်သေချင်တာကလည်း လူ့စိတ်သဘာဝပါပဲ...။
ရှည်ရှည်ဝေးဝေးမပြောတော့ပါဖူး..။
ဆရာကေတာ့ လက်တွေ့ နည်းစနစ်တွေကိုပဲ မျှဝေပါတယ်...။အခုလည်း လက်တွေ့ ပွဲတွေ့ဈေးခေါ်နည်းလေးတစ်ခုကိုပြောပါရစေ...။

လွန်ခဲ့တဲ့တစ်ပတ်ကျော်ကပေါ့ဗျာ..။
ကျွန်တော့် အခင်ရဆုံး မိတ်ဆွေကြီးဖြစ်တဲ့ မောင်စွမ်းအား ခေါ် ကိုကလောင် ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ရောက်ရှိလာပါတယ်။ သူကေတာ့ တက္သစ္စ လူငယ်နိုင်ငံရေးစာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ အိမ်ကိုရောက်လာတိုင်း ကျွန်တော်နဲ့ နိုင်ငံရေး တွေ ဘာသာရေးတွေ ဆွေးနွေးဖြစ်ပီး အလွန်စာဖတ်အားကောင်းတဲ့လူငယ်တစ်ယောက်ပါပဲ..။ အထက်ဂိုဏ်းပညာတွေလည်း ယူထားတာမို့ ဝိဇ္ဇာမယပညာတစ်ချို့ကိုလည်း တီးမိခေါက်မိရှိတယ်ဗျ..အဲ့နေ့ကလည်း နိုင်ငံရေး မဲဆွယ်တဲ့အကြောင်းပြောနေရင်း
"စကားမစပ် မင်းကိုအကူညီတစ်ခုတောင်းစရာရှိတယ်"
ကျွန်တော်က
"အကြံကောင်းဉာဏ်ကောင်းလိုချင်ရင်တောင် ငါမင်းဆီက တောင်းရတာပါကွာ ဘာတွေတောင်းဆိုစရာရှိလို့လဲကွ"

"မင်းက လောကီပညာ ဝိဇ္ဇာမယပညာတွေ ငါ့ထက်ပိုပီး နားလည်တာမို့ ဒီဟာနဲ့ပတ်သတ်ပြီး ကူညီတောင်းချင်တာ"

"အော် အေးအေး ဒါဆိုလည်းပြောစေဗျာ"

"ဒီလို ငါညီမ အိဖြူ လေ..."
"အော် ဟိုက​လေးမလေလား..."ကျွန်တော်ကစကားဖြတ်ပြောလိုက်သည်..။
"သူက ကေလးမ မဟုတ်တော့ဖူး စီးပွားရေးတွေဘာတွေလုပ်လို့ဗျ.. ဒီ ငဗစ္ကာလမွာ ငါတို့တောင် အနိုင်နိုင်... အောင်မာ ဒီကေလးမက Online shop လုပ်ပြီး ပိုက်ဆံတွေထောနေတာဟ"

"ဟုတ္လား ကောင်းတာပေါ့ ဒီကေလးမက အသက် ၂၀ပဲရှိသေးတယ်မလား ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးပွားဦးမှာပါကွာ..."

"အေး အခုက သူ့ကိစ္စဟေ့..!"

"ဟေ သူက ဘာကိစ္စတုန်း"

"အခုတစ်လော ရောင်းအားတွေကျနေလို့တဲ့... ကိုကြီးစိုင်းကို အကူည်ီတောင်းပေးပါဦးဆိုပီး အတင်းပူဆာလို့ဟေ့...."

"အော် အေးအေး ဒါဆိုရင်...."

ကျွန်တော်လည်း ခဏစဉ်းစားပြီး

"ဒါဆိုရင်တော့ မင်း အင်းချတတ်တယ်မလား..."

" အင်း.. ချတတ်တယ်"

"ဒါဆိုရင် မင်းကို အင်းပညာတစ်မျိုးသင်ပေးမယ်...
မင်းပဲ စီရင်ပေးလိုက်..."

"ဟ ဖြစ်ပါ့မလားကွာ"
"မလျှိုနေပါနဲ့ဆရာကြီးရာ နယ်နယ်ရရမှမဟုတ်ပဲ ဂိုဏ်း၃ဂိုဏ်းလောက် ပတ်မွှေထားပီးတော့..."

"အေးအေး ဒါဆိုလည်း ခ်ကြာ.."

ကျွန်တော်လည်း စာအုပ်နှင့်ဘောပင်ယူပြီး အင်းတစ်ချပ်ချပြလိုက်တယ်..။(ပုံကို အောက်မှာကြည့်ပါ)


"ဒီအင်းက အင်းသွားနည်းကလည်း ရထားသြားပဲ..
အရမ်းလွယ်တယ် အင်းဇံဂါထာက.

"ဥုံ ဧတံ သရဝံ သြာဟ ဥုံ ဧကု သရဝံ သြာဟ.."
အဲ့တာကိုဒီလေးကွက်ပတ်လည်အင်းမှာ ရထားသွားသွင်းသွားရုံပဲ" (အင်းဇံသွားပုံအောက်၌ပြထားသည်)


"ဒီအင်းတော့ဟုတ်ပါပီ လက်ဖွဲ့ထိုးရမှာလား ငါလက်ဖွဲ့မထိုးတတ်ဖူးလေ"

ကျွန်ုပ်က..
" လက်ဖွဲ့ထိုးစရာမလိုပါဖုး ကျောက်ပြားတစ်ချပ်ပေါ်မှာ ဒီအင်းကို ဆော့ပင်နဲ့ချ...
ပြီးရင် ရေထဲထည့်စိမ်ပြီး ခုနက အင်းဇံဂါထာလေးနဲ့ ၃၇ခေါက်မန်း..အဲ့တိုင်းစိမ်ထား...

ဆော့ပင်နဲ့ရေးခိုင်းတယ်ဆိုတာက ရေနဲ့ထိပြီး ပျက်လွယ်အောင်ရေးတာ..

အဲ့တော့ အင်းကိုရေထဲစိမ်ထားပြီး မှင်တွေပျက်သွားပြီဆိုရင်... အဲ့ရေနဲ့ ရောင်းမယ့်ကုန်တွေကို မင်းတို့အကုန် ရောင်းထွက်ကြ မင်းတို့အကုန်ရောင်းထွက်ကြ ဆိုပြီး လိုက်ပက်..

တစ်ခုတော့ ရှိတယ် ထွက်ကြ ထွက်ကြ လို့တော့ လျှောက်မအော်နဲ့ ဦး သူခိုးခိုးခံရလို့ပြောင်နေဦးမယ်...
အဲ့လိုစီရင်ပေးလိုက် Online shopping ကပစ္စည်းတွေရောင်းမထွက်ရင် ကြိုက်သလိုပြော..."
ကျွန်တော်လည်း အရွှန်းလေးဖောက်ပြီး ရယ်လိုက်တယ်..

ဒီလိုနဲ့ ၄ရက်လောက်ကြာတော့ နိုင်ငံရေးဆွေးနွေးဖို့အိမ်ရောက်လာပြန်ပါသည်..

"ဘယ်လိုလဲကြ.. ရောင်းထွက်ရဲ့လား..."

"ရောင်းထွက်ချက်ပဲ...မင်းကိုတောင်လာကန်တော့မလို့တဲ့ ငါ့ညီမအိဖြူက..."

"ဒါနဲ့ကွာ ငါလည်း နေ့တိုင်းအင်းပဲချပေးနေရတယ်.. တစ်ခါတည်းသာ လုပ်ပေးထားလိုက်ပါကွာ..."

"ဟဟ တော်တော်အပျင်းထူတဲ့ကောင်ပဲကွ အေးအေး ဒါဆိုလည်း လက်ဖွဲ့ထိုးစီရင်ပေးလိုက်မယ်..၃ရက်လောက်တော့ စောင့်ဦး အဲ့တော့ ဒီိ၃ရက်တော့ ဒုက္ခခံအင်းဆွဲပေးလိုက်ဦးဟေ့.."

ကျွန်တော်လည်း အဲ့ဒီအင်းကို ကြေးပြားမှာချ သနေခ် သိဒ္ဓိတင် အင်းဇံမန္တန် ၁၀၈ခေါက် စုပ် အသက်သွင်း အစောင့်အပ်ပြီး ကျွန်တော့်ရဲ့ ပညာပိုင်သခင်မနှင့်တကွ စော်ဘွားဝိဇ္ဇာဓိုရ် ဆရာသခင်တွေ ကို အပ်နှံကာ စီရင်ပေးလိုက်ပါတယ်။

အိဖြူလည်း အခုတစ်လော တော်တော်အဆင်ပြေနေတာကို ကြားရ၍ အလွန် ဝမ်းမြောက် ဝမ်းသာ မိပါကြောင်း....

အင်းပုံကိုအင်းသွားနည်းနဲ့တကွအောက်မှာ သေချာဖော်ပြထားပါတယ်..

ကိုယ်ကိုယ်တိုင် လုပ်နိုင်တဲ့အလွယ်ဆုံး ပွဲတွေ့ ဈေးခေါ်အင်းအတတ်လေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်...။

https://www.facebook.com/saosaizaysaw/

         ပညာသေရွာမယူကြေး..
             စိုင်းဇေစော(ရှမ်းပညာ)


မူရင်းလင့်။ ။https://www.facebook.com/109337384033596/posts/172771724356828/

 မူလေရးသားသူကို crd ပေးပါတယ်

No comments: