" ဝ " လေးလုံးသဗ္ဗသိဒ္ဓိအစီအရင်ကို ပြုလုပ်လိုသူသည် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ( ဖြစ်ရမည် )
မတိုင်ခင် မိမိအာရုံပေါ်သလို ပန်းစုံ သစ်သီးစုံ အလင်းတိုင် န့ံသာတိုင်များ ကြိုတင်စီစဉ်ထားရှိရမည်။
လပြည့်နေ့ နံနက်၌ရေချိုးကိုယ်လက်သန့်ရှင်းစင်ကြယ်စေလျက် မြတ်စွာဘုရားအား
ပန်းစုံသစ်သီးစုံကပ်လှူပါ။ သောက်တော်ရေ ဆီဆွမ်း အလင်းတိုင် နံ့သာတိုင် ၉ တိုင် ၉ခြက္စီ ကပ်လှူပါ။ထို့နောက် ဘုရားကန်တော့ခြင်း ကိုးပါးသီလခံယူဆောက်တည်ခြင်းများပြုပါ။
သီလခံယူပီးပါက သန့်ရှင်းသော ၃လက်မပတ်လည်ရှိသော မိုင်းကိုင်စက္ကူ၌
" ဝ " လေးလုံးဂါထာကို ရေးပါ။ပီးလျှင် စက္ကူကိုကော်သုတ်၍ မာကျစ်နေအောင်လုံးပါ။
ထို့နောက် မေတ္တာသုတ်တော် ၉ခေါက်ရွတ်ဆို သိဒ္ဓိတင်ပါ။သတ္တဝါအပေါင်းကို မေတ္တာပို့ အမျှပေးဝေပါ။ ဤအစီအရင်ကို နံနက် ၇နာရီမှ ၁၀နာရီအတွင်း မိနစ် ၁၈၀အတွင်း အပီးဆောင်ရွက်ရပါမည်။
စီရင်ပီးသောဆေးလုံးခြောက်သွေ့သွားလျှင် သစ်စေးသရိုးကိုင်ထားပါ။ထို့နောက် နံ့သာရည်တွင်စိမ်၍ မေတ္တာသုတ်တော် ၉ခေါက်ဖြင့် သိဒ္ဓိတင်ပီး ကြုပ်တွင်ထည့်၍ဆောင်ပါ။ဉာဏ်ရှိသလိုသုံးပါ။
ဆေးတော်ဆောင်သူသည် အရက်သေစာသောက်စားခြင်း မပြုရပါ။ကာမေသုရှောင်ရှားခြင်း
မေတ္တာလွန်က တဏှာဖြစ်တတ်၍ သတိပြုရပါမည်။ အလွန်အမင်းအမြတ်ကြီးစားသော
စီးပွါးရှာခြင်း စသည် စည်းကမ်းတို့ကို တင်းကြပ်စွာလိုက်နာရပါမည်။
ဆေးတော်ကို သိဒ္ဓိတင်ရာ၌ အခြားသင့်တော်ရာ သိဒ္ဓိတင်ဂါထာများဖြင့်လည်းတင်နိုင်မည်။
မေတ္တာသုတ်တော်ကိုလည်း အခေါက်ရေ များစွာဖြင့်လည်း သိဒ္ဓိတင်နိုင်မည်ဟု ယူဆမိပါသည်။
ဤသည်မှာမိမိ ထင်မြင်ယူဆချက်သာဖြစ်ပါသည်
မူရင်းလင့်။ ။@
မူလေရးသားသူကို crd ပေးပါတယ်
No comments:
Post a Comment