ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Thursday, September 10, 2020

လိုတရ ပေဒသာပင္

    

                     ဣစ္ဆာသယအစီအရင်

မြန်မာလဆန်း ၇ရက်နေ့ နံနက်၇နာရီအချိန်တွင် အစိမ်းရောင်အောင်အိုးတစ်လုံး၌
မိမိတတ်နိုင်သမျှသော ငွေများကို ပဒေသာပင်ပြုလုပ်၍ စိုက်ထောင်ထားရမည်။
ပီးလျှင် မိမိအလုပ်စားပွဲ သို့မဟုတ် မြင့်မြတ်သန့်ရှင်းသောနေရာတွင် ထားပါ။
ဤသို့စီရင်ပီးပါက နေ့စဉ်နံနက်တိုင်း အိပ်ရာနိုးချင်း ကိုယ်လက်သန့်စင်ပီး
မိမိစိတ်မှာ မည်သည့် စိတ်အနှောက်အယှက် အညစ်အကြေးများ
မဖြစ်ပေါ်စေပဲ စိတ်ကြည်လင်စွာဖြင့် အောက်ပါ ဓါတ်နှိုးစကားကို ပြောကြားရမည်။
အမျက်ဒေါသ အာဃာတ တရားများမဖြစ်ပွားအောင် အထူးဂရုပြု ရှောင်ရှားပီး
မေတ္တာပွါးနိုင်သလောက်ပွါးပေးပါ။

$$အဓိကမှာ စိတ်ဓါတ်များတတ်ကြွလာအောင် အာရုံညွတ်၍ လေးလေးနက်နက်ပီပီသသ
 ရွတ်ဆိုရမည်။$$
    
      ** မင်္ဂလာသိဒ္ဓိ ဓါတ်နှိုးစကား**

ငါသည် ယနေ့ နံနက် အိပ်ရာမှနိုးထထချင်း မင်္ဂလာအပေါင်းနှင့်ပြည်စုံ၍ သာယာလှပနေ​သော
လောကကြီးကို မြင်ရ၏။ငါ့၏သန္တာန်၌လည်း ဤမင်္ဂလာဟိတ်များ အမှန်စင်စစ် ကိန်းနေကြပါ၏
ထိုမင်္ဂလာဟိတ်များ ကိန်းနေသောငါသည်လည်း ယနေ့လုပ်ဆောင်စရာ စီးပွါးရေး လူမှုရေး ကျန်းမာရေး ( သာသနာပြုလုပ်ငန်း )လုပ်ငန်းဆောင်တာ ဟူသမျှတို့မှာ မင်္ဂလာရှိစွာ
အောင်မြင်တော့မည်။အောင်မြင်ရမည်။ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းသြဘာနိမိတ်ထွန်းသည့်
ဤကျွန်း၌ နေသောငါသည်လည်း ဆွတ်ချူ၍မကုန်နိုင်သော လိုတရေစေသာ ပဒေသာပင်ကြီးကို
အောင်မြင်စွာဖန်တီးစိုက်ထူနိုင်ခ့ဲလေပြီ။
ငါသည် ဣစၧာသယလိုတိုင်းရ တ,တိုင်းဖြစ် ထင်တိုင်းပေါက် စိတ်ရှိသလောက် သိဒ္ဓိပေါက်သော
ငွေပဒေသာပင်ကြီးကကို ထူးကဲစွာစိုက်ထူနိုင်သည့် ပါရမီရှင် တစ်ဦးဖြစ်ခ့ဲလေပီ။
အောင်မြင်စွာ စိုက်ထူခ့ဲသော ငွေပဒေသာပင်ကြီးသည် ငါ၏လိုအပ်သမျှဆန္ဒအားလုံးကို
ကောင်းစွာဖြည့်ဆည်းပေးပေလိမ့်မည်ဖြစ်သည်။ဤဣစၧာသယငွေပဒေသာပင်ကြီးမှ
ထိရောက်စွာပေးအပ်သောဓါတ်သတ္တိဖြင့် ငါသည် သာသနာတော်မြတ်ကြီးကို ထိပ်တန်းမှ
စိတ်ရှိသလောက်လှူနိုင်တန်းနိုင်း ချီးမြှောက်ထောက်ပ့ံနိုင် သာသနာပြုနိုင်သည့်ပုဂိ္ဂုလ်တစ်ဦး 
အမှန်ပင်ဖြစ်ရတော့မည်။မကြာမီမှာပင် ငါ၏လိုအင်ဆန္ဒများ ဧကန်မုချပြည့်ဝတော့မည်
။ပြည့်ဝတော့မည်။ငါ၏ဆန္ဒများ မင်္ဂလာရှိစွာပြည့်ဝတော့မည်ကို ငါအပြည့်အဝယုံကြည်နေ၏။
             
                     ဥုံ အရဟံ မင်္ဂလာသိဒ္ဓိ သဗ္ဗကိစေ္စာဇေယျံ ပရိပူရေန္တိ။ ။


ဤသို့ ပဒေသာပင်ကို စိုက်လှူရခြင်းအားဖြင့်သွားလေရာရာ၌ မည်သည့်အခက်အခဲမျှ မဖြစ်ပေါ်နိုင်။
လိုအင်ဆန္ဒဟူသမျှလည်း မကြာချက်ချင်း ပဒေသာပင်ကြီးမှ ခူးယူရသက့ဲသို့
တ တိုင်းရ၍ ပြည့်စုံပြည့်ဝပေလိမ့်မည်။ငွေမပါဘဲ ခရီးထွက်လျှင်ပင် အလိုလိုပြည့်စုံပေလိမ့်မည်ဟု အမှာရှိ။ ။







မူရင်းလင့်။ ။@
 မူလေရးသားသူကို crd ပေးပါတယ်

No comments: