ဤ blog တွင်ရှိသာ post များသည် သူတစ်ပါးတင်ထားသမျှကို မှတ်သားထားခြင်းသာဖြစ်ပါသည်။ Blog ပိုင်ရှင် ရေးသားခြင်းမဟုတ်ပါ။ ထို့ကြောင့် မူရင်းပိုစ့်ပိုင်ရှင်အားလုံးကို Crd ပေးပါတယ်။လိုအပ်တာကို မျှဝေသုံးစွဲနိုင်ပါတယ်။🙂🙂🙂 မူရင်းလင့်ခ်ကိုသွားလိုပါက စာတန်းကိုဖိပေးထားပါ။ open ပေါ်လာလျှင် နှိပ်၍ဝင်ပါ။

Friday, December 4, 2020

ဘုမ္မိ


{ လန်းဖြာလို့ ကျန်းမာ၊ ချမ်းသာရလေအောင် }
    
ဘုမ္မိကျရောက်လို့ အကြပ်အတည် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ရလို့ ဖြစ်စေ၊ ကျန်းမာရေးချို့တဲ့ နေ၍ဖြစ်စေ၊ ရောဂါအတွက် ပေးထားသော ဆေးစား ဆေးသောက်နေလျက် ဆေးမတိုး၍ စူးရောက်မှုမရှိဘဲ ဖြစ်နေ၍ဖြစ်စေ၊ အောက်ဖော်ပြပါ "အထက်ဆောင်ပန်း" အောက်နင်းကြမ်းနှင့် ဆန်လှူ ယတြာအစီအရင်လေးကို လုပ်ဆောင်ကြည့်စေလိုပါတယ်။ နေမကောင်းဖြစ်ခြင်း၊ နာတာရှည်နေခြင်း၊ ဆေးချက်မထိခြင်းတို့ ကင်းစေပြီး တဒင်္ဂရက် အပိုင်းအခြားကလေးမှာပင် ကျန်းမာရေး ပြန်ကောင်းလာစေမည့် မြေပေါ်မှာ ဆန်ပုံယတြာ အစီအရင်ကောင်းလေး ဖြစ်ပါတယ်။

ဒီနေရာမှာ အလျင့်သင့်လို့ ဘုမ္မိဂြိုဟ်အိပ် ဂြိုစားနဲ့ ဘုမ္မိသက်ရောက်တာကို အနည်းငယ် ပြောပြပေးပါ့ရစေဗျာ။ ဘုမ္မိသက်ရောက်နှစ်ဆိုတာ မြာမာ့ရိုးရာ ဗေဒင်ပညာရပ်တွင် ဂြိုဟ်အိပ် ( ဂြိုဟ်စား)နှင့် သက်ရောက် ဆိုပြီး ရှိပါတယ်။ ဂြိုဟ်အိပ် ( ဂြိုဟ်စား) ဆိုသည်မှာ မိမိမွေးနံဂြိုဟ်မှစပြီး၊ အဋ္ဌလဂ် ဂြိုဟ်၈ခွင်အတိုင်း ဂြိုဟ်သက်များ အဆင့်ဆင့်ပေါင်းသွားခြင်းဖြင့် မိမိတို့ရဲ့ ဂြိုဟ်အိပ် ( ဂြိုဟ်စား)ကို သိနိုင်လေသည်။ မည်သည့် နေ့သားသမီးမဆို မိမိတို့၏ မွေးနံဂြိုဟ်က စပြီး ဂြိုဟ်အိပ်(ဂြိုဟ်စား) ပါတယ်။

ထို့အတူ မိမိတို့၏ ရောက်ဆဲအသက်ကို တည်ပြီး (၈)နဲ့စားပါ၊ မိမိတို့ရဲ့ မွေးနံဂြိုဟ်ခွင်မှ အဋ္ဌလဂ်ဂြိုဟ်ရှစ်ခွင်အတိုင်း အကြွင်းကျရောက်ရာကို သက်ရောက်ဟု ခေါ်ပါတယ်။

ထိုကဲ့သို့ ဂြိုဟ်စား၊ သက်ရောက်ဟောကိန်းများတွင် မိမိတို့၏ မွေးနံခွင်မှ (၄)ခုမြောက်ခွင်ကို "ဘုမ္မိ" ဟု ခေါ်ပါတယ်။ ထို "ဘုမ္မိ" ဆိုသော စကားသည်၊ ပါဠိစကားအရ မြေကြီးဟု အဓိပ္ပာယ် ရပါတယ်သည်။

မြန်မာ့ရိုးရာ ဗေဒင်အယူအဆတွင် ဘုမ္မိကို မကောင်းသောနေရာ၊ အမှိုက်သရိုက်၊ သလိပ်၊ တံတွေ၊ နှပ်၊ သွေးသံ၊ အညစ်အကြေးများ စွန့်ပစ်ရာ နေရာ၊ လူသေကောင်များ မြှုပ်နှံရာ သင်္ချ ိုင်းဟု ယူဆပါသည်။ ထို့ကြောင့် ဘုမ္မိသို့ ဂြိုဟ်အိပ် (ဂြိုဟ်စား)လျှင် ဖြစ်စေ၊ သက်ရောက်လျှင်ဖြစ်စေ ကံ ညံ့တက်သည်ဟု ယူဆကြပါသည်။ 

(ဘုမ္မိနှစ်ချက် မအေးကွက်) ဘုမ္မိနှစ်ချက်မိတဲ့ အသက်အပိုင်းအခြားမှာ အနည်းနဲ့အများ ကျန်းမာရေး၊ လူမှုရေး အစစ အရာရာ ညံ့ခိုက်တက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မူလမဟုတ်၊ ကောဇာမဟာဘုတ်နှင့် ပြန်ညှိရတယ်။

ဘုမ္မိနှစ်ချက် မိ'မမိကို သိရအောင် လင်္ကာကလေး ကျက်မှတ်ထားကြပေါ့ဗျာ။ ဟုတ်ပြီးလား
၁။ အင်းလှရွာ၊
၂။ ကြံတောင်းသွား၊
၃။ စောင့်ပါအုံး၊ 
၄။ လေးရွာကို၊ 
၅။ မြအောင်လာ၊ 
၆။ သူဇာမေ၊ 
၇။ နွေသာစွ 
၈။ ရှင်ငယ်တို့ ဟူ၍ဖြစ်ပါသည်။
၁။ တနင်္ဂနွေသားသမီး။ ။ ဗုဒ္ဓဟူးမှာ ဂြိုဟ်အိပ်ဂြိုဟ်စားပြီး၊ ရာဟုမှာ သက်ရောက်ရင် ဘုမ္မိနှစ်ချက်မိပါတယ်။ ( အင်းလှရွာ)

၂။ တနင်္လာသား။ ။ စနေမှာ ဂြိုဟ်အိပ်ဂြိုဟ်စားပြီး သောကြာမှာ သက်ရောက်ရင် ဘုမ္မိနှစ်ချက်မိပါတယ်။ (ကြံတောင်းသွား)

၃။ အင်္ဂါသားသမီး။ ။ ကြာသပတေးမှာ ဂြိုဟ်အိပ်ဂြိုဟ်စားပြီး တနင်္ဂနွေသက်ရောက်ရင် ဘုမ္မိနှစ်ချက်မိပါတယ်။ (စောင့်ပါအုံး)

၄။ ဗုဒ္ဓဟူးသားသမီး။ ။ ရာဟုမှာ ဂြိုဟ်အိပ်ဂြိုဟ်စားပြီး တနင်္လာမှာ သက်ရောက်ရင် ဘုမ္မိနှစ်ချက်မိပါတယ်။ (လေးရွာကို)

၅။ ကြာသပတေးသားသမီး။ ။ တနင်္ဂနွေမှာ ဂြိုဟ်အိပ်ဂြိုဟ်စားပြီး ဗုဒ္ဓဟူးမှာ သက်ရောက်ရင် ဘုမ္မိနှစ်ချက်မိပါတယ်။ ( မြအောင်လာ)

၆။ သောကြာသားသမီး။ ။ အင်္ဂါမှာ ဂြိုဟ်အိပ်ဂြိုဟ်စားပြီး ကြာသပတေးမှာ သက်ရောက်ရင် ဘုမ္မိနှစ်ချက်မိပါတယ်။ ( သူဇာမေ)

၇။ စနေသားသမီး။ ။ သောကြာမှာ ဂြိုဟ်အိပ်ဂြိုဟ်စားပြီး အင်္ဂါမှာ သက်ရောက်ရင် ဘုမ္မိနှစ်ချက်မိပါတယ်။ ( နွေသာစွ)

၈။ ရာဟုသားသမီး။ ။ တနင်္လာမှာ ဂြိုဟ်အိပ် ဂြိုဟ်စားပြီး စနေမှာ သက်ရောက်ရင် ဘုမ္မိနှစ်ချက်မိပါတယ်။ ( ရှင်ငယ်တို့)

ထို့ကြောင့် ဘုမ္မိသို့ ဂြိုဟ်အိပ်(ဂြိုဟ်စား)လျှင်ဖြစ်စေ၊ သက်ရောက်လျှင် ဖြစ်စေ ကံညံ့ဆိုးတက်သည်ဟု ယူဆကြပါသည်။
  
 ထိုဘုမ္မိနှင့် ပက်သက်ပြီး (၃)မျိုးရှိပါသည်။
      ၁။ ဘုမ္မိ၊
      ၂။ ဘုမ္မိလေး၊
      ၃။ ဘုမ္မိကြီး ဟူ၍ ဖြစ်ပါသည်။

၁။ ဘုမ္မိ
     ဂြိုဟ်အိပ်(ဂြိုဟ်စား)နှင့် သက်ရောက်တို့ ဘုမ္မိအိမ်တွင် ကျရောက်သောနှစ်ကို ဆိုလိုပါသည်။
မတွက်ချက်ရစေရန် နေ့သားသမီးအလိုက် ဘုမ္မိကျရောက်သော အသက်ပိုင်းများကို ဖော်ပြဝေမျှပေးလိုက်ပါသည်။
၁။တနင်္ဂနွေသားသမီးများ ဘုမ္မိကျသောနှစ်၃၆၊၄၄
၂။ တနင်္လာသားသမီးများ ၄၄
၃။ အင်္ဂါသားသမီးများမှာ ၃၆၊ ၄၄၊ ၅၂
၄။ ဗုဒ္ဓဟူးသားသမီးများမှာ ၅၂
၅။ ကြာသပတေးသားသမီးများ ၅၂
၆။ သောကြာသားသမီးများမှာ ၄၄
၇။ စနေသားသမီးများမှာ ၄၄၊ ၅၂၊ ၆၀
၈။ ရာဟုသားသမီးများမှာ ၄၄နှစ်၊ ၅၂နှစ်

၂။ ဘုမ္မိလေး
 မိမိမွေးနံမှ (၄)ခုမြောက် ဘုမ္မိနေရာမှ ထပ်မံ၍ ရေတွက်ရာ (၄)ခုမြောက် ( မိမိမွေးနံမှ (၇)ခုမြောက်)တွင် သက်ရောက်ပါက ဘုမ္မိလေးဟု ခေါ်ပါသည်။ ၎င်းမှာ မိမိအသက်ကို တည် (၈)ဖြင့်စားပါက (၇)ကြွင်းသောနှစ်များကို ဆိုလိုပါသည်။ ထို့ကြောင့် မည်သည့်နေ့သားမဆို အောက်ပါ အသက်ပိုင်းများတွင် ဘုမ္မိလေး ကျရောက်ပါသည်။
    ၇နှစ်၊ ၁၅နှစ်၊ ၂၃နှစ်၊ ၃၁နှစ်၊ ၃၉နှစ်၊ 
    ၄၇နှစ်၊ ၅၅နှစ်၊ ၆၃နှစ်၊ ၇၁နှစ်၊ ၇၉နှစ်၊
    ၈၇နှစ်၊ ၉၅နှစ်၊ ၁၀၃နှစ်တို့ ဖြစ်ပါသည်။

၃။ ဘုမ္မိကြီး
     မိမိမွေးနံမှ (၄)ကြိမ်မြောက် ဘုမ္မိအိမ်တွင် ဂြိုဟ်အိပ်(ဂြိုဟ်စား)ပြီး ဘုမ္မိ(၂)ကြိမ်မြောက် [(၇)ခွင်ဘုမ္မိ]တွင် သက်ရောက်ကျသူများကို ဆိုလိုပါသည်။ တွက်စရာမလိုအောင် ဖော်ပြမျှဝေပေးလိုက်ပါသည်။
၁။ တနင်္ဂနွေသားသမီး ဘုမ္မိကြီးကျရောက်သောနှစ်မှာ အသက် ၃၁နှစ်၊ ၃၉နှစ်။
၂။ တနင်္လာသားသမီး ဘုမ္မိကြီးကျရောက်သောနှစ်မှာ အသက် ၄၇နှစ်။
၃။ အင်္ဂါသားသမီး ဘုမ္မိကြီးကျရောက်သောနှစ်မှာ အသက် ၃၉နှစ်၊ ၄၇နှစ်။
၄။ ဗုဒ္ဓဟူးသားသမီး ဘုမ္မိကြီးကျရောက်သောနှစ်မှာ အသက် ၄၇နှစ်၊ ၅၅နှစ်။
၅။ ကြာသပတေးသားသမီး ဘုမ္မိကြီးကျရောက်သောနှစ်မှာ အသက် ၅၅နှစ်။
၆။ သောကြာသားသမီး ဘုမ္မိကြီးကျရောက်သောနှစ်မှာ အသက် ၄၇နှစ်။
၇။ စနေသားသမီး ဘုမ္မိကြီးကျရောက်သောနှစ်မှာ အသက် ၄၇နှစ်၊ ၅၅နှစ်။
၈။ ရာဟုသားသမီး ဘုမ္မိကြီးကျရောက်သောနှစ်မှာ အသက် ၃၉နှစ်၊ ၄၇နှစ်တို့ ဖြစ်ပါသည်။

 ထို့သို့သော ဘုမ္မိ၊ ဘုမ္မိလေး၊ ဘုမ္မိကြီး ကျရောက်သောနှစ်များတွင် ကံဆိုးစရာဖြစ်ရပ်များ၊ ဆုံးရှုံးစရာအကြောင်းအရာများ၊ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စများ၊ ချစ်သူရည်းစားများ၊ လင်မယားတွေမှာ လင်မှု မယားမှု ပူပင်သောက ဖြစ်စရာအကြောင်းအရာ ပြဿနာမျာနှင့် ကြုံတွေ့ရတက်ပါသည်။ အထူးသဖြင့် ဘုမ္မိ(၃)မျိုးထဲတွင် ဘုမ္မိကြီးသည် အလွန် ဆိုးကျိုးပေးတက်သည်ဟု သိရှိကြရသည်။

(၇)ရက်သားသမီးတို့သည် မိမိဘဝ အစစ အရာရာ အောင်မြင် ချမ်းသာစေရန်အတွက် အောင်မြေကို ခေတ်အဆက်ဆက် နင်းကြသည်။ "ဘုမ္မိ" သည် "အောင်မြေ" ဖြစ်သည်။ အောင်မြေတွင် မူလသဘာဝ အောင်မြေ၊ အကြောင်းတစ်စုံတစ်ရာကြောင့် ဖြစ်ပေါ်လာသည့် အောင်မြေ (သို့မဟုတ်) နဂိုရှိပြီးအောင်မြေ၊ မိမိပြုလုပ်ရယူသော အောင်မြေ ဟူ၍ အသီးသီးရှိသည်။

ကျီးသဲလေးထပ် ဆရာတော်ကြီး ရေးသားတော်မူသည့် စွယ်စုံကျော်ထင်ကျမ်းတွင် လူတစ်ယောက်ကြီးပွားတိုးတက်စေလိုပါက " အထက်ဆောင်ပန်း၊ အောက်နင်းကြမ်း"ပေးသည်ဟု တွေ့ရှိရသည်။

"အထက်ဆောင်ပန်း၊ အောက်နင်းကြမ်း" လင်္ကာအရ ကြီးပွား တိုးတက်စေရန် (၇)ရက်သားသမီးတို့သည် မိမိတို့၏ နင်းကြမ်းနေ့များတွင် အထက်ပန်းဖြစ်သည့် အရွက်၊ အခက်၊ အညွန့်ပန်းများကို ဘုရားရှင်ထံ စနစ်တကျ ကပ်လှူပူဇော်၍ ဆုတောင်းခြင်းဖြင့် ကျန်းမာချမ်းသာလန်းဖြာပြီး ကောင်းကျိုးချမ်းသာသုခ ဘုမ္မိအောင်မြေရရှိမည် ဖြစ်သည်။

အထက်ဆောင်ပန်း၊ အောက်နင်းကြမ်း လင်္ကာအရ တနင်္ဂနွေသားသမီး ပုံစံနှင့် (၇)ရက်သားသမီးများ အတွက် အသင့်အသုံးပြုနိုင်ရန် ဖော်ပြဝေမျှလိုက်ပါတယ်။

၅  ]<^
၂  ]>^ အထက်ဆောင်ပန်း
၆  ]<^
၁ =<<<မွေးနံ ( တနင်္ဂနွေ )
၄  ]<|
၇  ]>|အောက်နင်းကြမ်းနေ့များ
၃  ]<|

(၇)ရက်သားသမီးများရဲ့ အထက်ဆောင်ပန်းများနှင့် နင်းကြမ်းနေ့များကို အလွယ်တကူသိရှိစေရန် မျှဝေပေးလိုက်ပါတယ်။

၁။ တနင်္ဂနွေသားသမီးများ ဘုရားလှူရန် ဆောင်ပန်း သီဟိုဠ်(၂၁)ညွန့်၊ ကံကော်(၁၅)ညွန့်၊ မေမြို့ (၁၉)ပွင့်၊ ပြုလုပ်ဆောင်ရွက်ရန် နင်းကြမ်းနေ့ နံနက် ၆နာရီမှ ၇နာရီခွဲ ဗုဒ္ဓဟူးနေ့၊ စနေနေ့၊ အင်္ဂါနေ့။

၂။ တနင်္လာသားသမီးများ ဘုရားလှူရန် အထက်ဆောင်ပန်း ထန်း(၁၀)၊ ဇီး(၈)၊ သီဟိုဠ် (၂၁)ညွန့်၊ ပြုလုပ်ဆောင်ရွက်ရန် နင်းကြမ်းနေ့ နံနက် ၆နာရီမှ ၇နာရီခွဲ ကြာသပတေးနေ့၊ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့။

၃။ အင်္ဂါသားသမီးများ ဘုရားလှူရန် အုန်း (၆)ညွန့်၊ ရွက်လှ (၁၇)ညွန့်၊ ထန်း ၁၀ညွန့်၊ ပြုလုပ်ဆောင်ရွက်ရန်နေ့ နံနက် ၆နာရီမှ ၇နာရီခွဲ သောကြာနေ့၊ တနင်္လာနေ့၊ ကြာသပတေးနေ့။

၄။ ဗုဒ္ဓဟူးရာဟုသားသမီးများ ဘုရားကပ်လှူပူဇော်ရန် အထက်ဆောင်ပန်း ကံကော် (၁၅)ညွန့်၊ မေမြို့ (၁၉)ပွင့်၊ အုန်း (၆)ညွန့်၊ ပြုလုပ်ဆောင်ရွက်ရန် နင်းကြမ်းနေ့ နံနက်၆နာရီမှ ၇နာရီခွဲ စနေနေ့၊ အင်္ဂါနေ့၊ သောကြာနေ့။

၅။ ကြာသပတေးသားသမီးများ ဘုရားလှူ ရန် အထက်ဆောင်ပန်မှာ ဇီး (၈)ညွန့်၊ သီဟိုဠ် (၂၁)ညွန့်၊ ကံကော် (၁၅)ညွန့်၊ ပြုလုပ်ဆောင်ရွက်ရန် နင်းကြမ်းနေ့ နံနက် ၆နာရီမှ ၇နာရီခွဲ တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့၊ စနေနေ့။

၆။ သောကြာသားသမီးများ ဘုရားကပ်လှူပူဇော်ရန် ဆောင်ပန်း ရွက်လှ (၁၇)ညွန့်၊ ထန်း (၁၀)ညွန့်၊ ဇီး (၈)ညွန့်၊ ပြုလုပ်ဆောင်ရွက်ရန် နင်းကြမ်းနေ့ နံနက် ၆နာရီမှ ၇နာရီခွဲ တနင်္လာနေ့၊ ကြာသပတေးနေ့၊ တနင်္ဂနွေနေ့။

၇။ စနေသားသမီးများ ဘုရားကပ်လှူ ပူဇော်ရန် မေမြို့ (၁၉)ပွင့်၊ အုန်း (၆)ညွန့်၊ ရွက်လှ (၁၇)ညွန့်၊ ပြုလုပ်ဆောင်ရွက်ရန် နင်းကြမ်းနေ့ နံနက် ၆နာရီမှ ၇နာရီခွဲ အင်္ဂါနေ့၊ သောကြာနေ့၊ တနင်္လာနေ့။ 
          
 (အထက်ပါပြောပြခဲ့သော နေ့ရက်အချိန်မှာ အထက်ဆောင်ပန်းတွေကို ကပ်လှူပူဇော်၍ ငါးပါးသီလစောင့်တည်ပြီး အနန္တငါးပါး ဦးထိပ်ထားဂါထာနှင့် အောင်မြေနင်းလင်္ကာ (၉)ခေါက်ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ပြီး လိုရာဆုတောင်းပါ )
        
 { အနန်တငါးဖြာ ဦးထိပ်ထားဂါထာ }

_/\_ ဗုဒ္ဓဂုဏော၊ အနန္တော၊ တံ ဗုဒ္ဓဂုဏံ အဟံ ဝန္ဒာမိ ပါဘုရား။

ဓမ္မဂုဏော၊ အနန္တော၊ တံ ဓမ္မဂုဏံ အဟံ ဝန္ဒာမိ ပါဘုရား။

သံဃဂုဏောအနန္တော၊ တံ သံဃဂုဏံ
အဟံ ဝန္ဒာမိ ပါဘုရား။

မာတာပိတုဂုဏော၊ အနန္တော၊ တံ မာ
တာပိတုဂုဏံ အဟံ ဝန္ဒာမိ ပါဘုရား။

အာစရိယဂုဏော၊ အနန္တော၊ တံ အာ
စရိယဂုဏံ အဟံ ဝန်ဒာမိ ပါဘုရား။

အနန်တဂုဏ တဇေနေ မမ ကာယေ သဗ္ဗသောကာစ၊ သဗ္ဗရောဂါစ၊ သဗ္ဗအန္တရာယော စ၊ ခိပ္ပံ ဝိနဿန္တု၊၊ သဗ္ဗဝေရီယော ဂစ္ဆ အမုမှိ၊ သြကာသေ တိဋ္ဌာဟိ တိဋ္ဌာဟိ တိဋ္ဌာဟိ။

_/\_ ဗုတ်ဓဂုနော အနန်တော၊ တံ ဗုတ်ဓဂုဏံ အဟံ ဝန်ဒါမိ ပါဘုရား _/\_
_/\_ ဓမ်မဂုနော အနန်တော၊ တံ ဓမ်မဂုဏံ အဟံ ဝန်ဒါမိ ပါဘုရား _/\_
_/\_ သံဃဂုနော အနန်တော၊ တံ သံဃဂုဏံ အဟံ ဝန်ဒါမိ ပါဘုရား _/\_
_/\_ မာတာပိတုဂုနော အနန်တော၊ တံ မာတာပိတုဂုဏံ အဟံ ဝန်ဒါမိ ပါဘုရား _/\_
_/\_ အာစရိယဂုနော အနန်တော၊ တံ အာစရိယဂုဏံ အဟံ ဝန်ဒါမိ ပါဘုရား _/\_
အနန်တဂုဏ တေဇေန၊ မမ ကာယေ သတ်ဗသောကာစ၊ သတ်ဗရောဂါစ၊ သတ်ဗအန်တရာယောစ၊ ခိပ်ပံ ဝိနတ်သန်တု၊ သတ်ဗဝေရီယော ဂစ်ဆ အန်မုန်မှိ၊ သြကာသေ တိတ်ထာဟိ တိတ်ထာဟိ တိတ်ဌာဟိ။
____________________________
      အောင်သံကျူးမန္တန်တော်
**************************
* အောင်စည်ကို ဟိန်း၊ အောင်ကိန်း ဆင်သ၊ ဟဒယကြည်နူး၊ အောင်ထူးအတိတ်၊ အောင်နိမိတ်နှင့်၊ အောင်သိဒ္ဓိ ဆင်မြန်းသည့်၊ ပလ္လင်နန်းမှန်ကင်း၊ အောင်ဗောဓိသစ်မင်း ပင်ခြေရင်း၌- ပါရမီဆယ်ချက်၊ အောင်လက်နက်စက်ခရိုင်ကို၊ အချက်ပိုင်ပိုင်၊ ကိုင်ဆောင်ပြီးလျှင်- - - 

* အတွင်းအပြင် ရန်ဟူသမျှ ၊ မြူ မျှမထင်၊ သန့်စင်ပယ်ဖျက်၊ တစ်ခဲနက်အောင်ပွဲ၊ ခြိမ့်ခြိမ့်သဲမျှ ၊ ခံယူတော်မှု ထွတ်အငူအောင်ဓာတ်သို့၊ ဆိုက်ကပ်တော်မူပေ၊ ပရမေသခင်၊ အောင်ပွဲရှင်အဖြစ်၊ ထင်ပေါ်ကျော်ကြား၊ အို ရှင်တော်မြတ်ဘုရား 

* ဘေးရန်အပေါင်း၊ ဝေကွာရှောင်ဖို့၊ ကောင်းစွာခတ်နှိပ်၊ အောင်တံဆိပ်ကို၊ အောင်ဟိတ်ခတ်ကာ၊ ပေးသနားတော်မူလှည့်ပါ၊ အောင် အရဟံ သိဒ္ဓိ မေ ဗုဒ္ဓေါ၊ မြတ်ရှင်စော၊ သြကာသ- - - သြကာသ - - - သြကာသ ပါဘုရား 

နံနက် အိပ်ရာထ(၉)ခေါက်၊ ညအိပ်ရာဝင်(၉)ခေါက်၊ ခရီးသွားလာစရာရှိရင်(၉)ခေါက်၊ အမှုကိစ္စကြီးငယ်ပြုမူ လုပ်ကိုင်ပြောဆိုစရာရှိရင် (၉)ခေါက်၊ မိမိတို့၏ မွေးနံဂြိုဟ်အရပ်မှစ၍ အရပ်(၈)မျက်နှာကို တစ်ခေါက်ကျစီ လက်ယာရစ် လှည့်လည်ကာ ရွတ်ဆိုရန် ဖြစ်သည်။ နောက်ဆုံးတစ်ခေါက်သည် မိမိမွေးနံဂြိုဟ်တွင် ပြန်အုပ်ရန် ဖြစ်သည်။ စုစုပေါင်း(၉)ခေါက် ဖြစ်သည်။ 

အထက်ပါ အောင်မြေနင်းလင်္ကာနှင့်၊ အနန္တငါးပါး ဦးထိပ်ထားဂါထာတော်ကို၊ မိမိတို့ အာရုံဆန္ဒရှိတိုင်း ယုံကြည်စွဲမြဲစွာ ရွတ်ဖတ်သရဇ္ဈာယ်ပါက ဘေးရန်အမျိုးမျိုး၊ အန္တရာယ်အမျိုးမျိုး၊ ကင်းရှင်းပြီး အလုပ်အကိုင်၊ ကြံစည်ပြောဆိုမှုများ၊ တစ်စ တစ်စအောင်မြင်စေပြီး စီးပွားဥစ္စာတိုးတက် လာနိုင်ပါတယ်ခင်ဗျာ။ ရွတ်ပွားနိုင်ကြပါစေခင်ဗျာ။

၁။ တနင်္ဂနွေသားသမီး ကျန်းမာ၊ ချမ်းသာလန်းဖြာရလေအောင် ဘုမ္မိအရပ်ဖြစ်သော တောင်အရပ်မှ၊ မြောက်သို့သွယ်တန်းလျက်၊ ဆန်သက်စေပုံကာ သတ္တဝါတွေကို မေတ္တာပို့ အစာကျွေးပေးပြီး ဆုတောင်းပါ။

၂။ တနင်္လာသားသမီး ကျန်းမာ၊ ချမ်းသာလန်းဖြာရလေအောင် ဘုမ္မိအရပ်ဖြစ်သော အနောက်တောင်ထောင့်အရပ်မှ၊ အရှေ့မြောက်ထောင့်အရပ်သို့ သွယ်တန်းလျက်၊ ဆန်သက်စေ့ပုံလှူ ပြီး သတ္တဝါတွေကို မေတ္တာပို့ ဆုတောင်းပါ။

၃။ အင်္ဂါသားသမီး ကျန်းမာ၊ ချမ်းသာလန်းဖြာရလေအောင် ဘုမ္မိအရပ်ဖြစ်သော အနောက်အရပ်မှ၊ အရှေ့အရပ်သို့ သွယ်တန်းလျက်၊ ဆန်သက်စေ့ပုံကာ သတ္တဝါတွေကို မေတ္တာပို့ အစာကျွေးပြီး ဆုတောင်းပါ။

၄။ ဗုဒ္ဓဟူးသားသမီး ကျန်းမာ၊ ချမ်းသာလန်းဖြာရလေအောင် ဘုမ္မိအရပ်ဖြစ်သော အနောက်မြောက်ထောင့်အရပ်မှ၊ အရှေ့တောင်ထောင့်အရပ်သို့ သွယ်တန်းလျက်၊ ဆန်သက်စေ့ပုံကာ သတ္တဝါတွေကို မေတ္တာပို့ အစာကျွေးပြီး ဆုတောင်းပါ။

၅။ ကြာသပတေးသားသမီး ကျန်းမာ၊ ချမ်းသာလန်းဖြာရလေအောင် ဘုမ္မိအရပ်ဖြစ်သော အရှေ့မြောက်ထောင့်အရပ်မှ၊ အနောက်တောင်ထောင့်အရပ်သို့ သွယ်တန်းလျက်၊ ဆန်သက်စေ့ပုံကာ သတ္တဝါတွေကို မေတ္တာပို့ အစာကျွေးပြီး ဆုတောင်းပါ။

၆။ သောကြာသားသမီး ကျန်းမာ၊ ချမ်းသာလန်းဖြာရလေအောင် ဘုမ္မိအရပ်ဖြစ်သော အရှေ့တောင်ထောင့်အရပ်မှ၊ အနောက်မြောက်ထောင့်အရပ်ဘက်သို့ သွယ်တန်းလျက်၊ ဆန်သက်စေ့ပုံကာ သတ္တဝါတွေကို မေတ္တာပို့ အစာကျွေးပြီး ဆုတောင်းပါ။

၇။ စနေသားသမီး ကျန်းမာ၊ ချမ်းသာလန်းဖြာရလေအောင် ဘုမ္မိအရပ်ဖြစ်သော မြောက်အရပ်မှ၊ တောင်အရပ်သို့ သွယ်တန်းလျက်၊ ဆန်သက်စေ့ပုံကာ သတ္တဝါတွေကို မေတ္တာပို့ အစာကျွေးပြီး ဆုတောင်းပါ။

၈။ ရာဟုသားသမီး ကျန်းမာ၊ ချမ်းသာလန်းဖြာရလေအောင် ဘုမ္မိအရပ်ဖြစ်သော အရှေ့အရပ်မှ၊ အနောက်သို့ သွယ်တန်းလျက်၊ ဆန်သက်စေ့ပုံကာ သတ္တဝါတွေကို မေတ္တာပို့ အစာကျွေးပြီး ဆုတောင်းပါ။

 အဆိုပါ ယတြာကို လုပ်ဆောင်ကြည့်ခြင်းအားဖြင့် ထူးခြားမှုများရှိလာမည်ဖြစ်ကြောင်း မျှဝေလိုက်ရပါ၏။ အထက်ဆောင်ပန်းလှူ ပြီး ညနေ၄နာရီခွဲမှ ၆နာရီအချိန်မှာ ဆန်ပုံလှူတဲ့ ယတြာကို ပြုလုပ်ပါ။ ဆန်ပုံတဲ့အခါမှာ မိမိလက်ငါးချောင်းဖြင့် ယူပုံပါ။

 {၇}ရက်သားသမီးအပေါင်းတို့၊ ကြံစည်သမျှအောင်မြင်ပြီးတော့၊ ဘဝအလုံးစုံ ကံကြမ္မာကောင်းခြင်းများ၊ ဖြစ်ထွန်းနိုင်ကြပါစေ။

ဆရာထိုက်ထိုက် (စက္ကထိုက်) ဆရာစိုးမင်းထိုက် 
09 25 28 24 919 (Viber)

မူရင်းလင့်။ ။ https://m.facebook.com/groups/1490619661049522/permalink/3410481489063320/

 မူလရေးသားသူကို crd ပေးပါတယ်

Tuesday, December 1, 2020

စာအုပ်များ


မူရင်းလင့်။ ။ 
 မူလရေးသားသူကို crd ပေးပါတယ်

ပုတီးလွတ်သမထအကျင့်

























မူရင်းလင့်။ ။ 
 မူလရေးသားသူကို crd ပေးပါတယ်

@အရဟံ သုံးမျိုးကျင့်စဥ်



ထူးခြားမည်သေချာပါလျှက်
============================
သည်ကျင့်စဉ်လေးကကျွန်မဆရာ ပေးတာပါ။ ရော့   ခင်စုသီ  ညည်းက
ထူးခြားတာတွေ စိတ်ဝင်စားတယ်။သည်ကျင့်စဉ်ကျင့် ထူးခြားစေရမယ်
တဲ့လေ။
ပထမ တစ်လမှာ  အ - ရဟံ   တနေ့၁၀၀၀(ပုတီး၉ပတ်နှင့်၂၈လုံး)ကို 
တစ်လစိတ်ရမှာပါ။
ဒုတိယလမှာ   အရ-- ဟံ  တနေ့၁၀၀၀စိတ်ပါ။
တတိယလမှာ   အရဟံ   တနေ့၁၀၀၀စိတ်ပါ။
ပုတီးစိတ်နေစဉ် အချက်၃ချက် အိပ်မက်မက်ရင်  အစကပြန်စရမှာပါ။
၁။ အိပ်မက်မှာ   အစားအစာတွေစားခြင်း။
၂။                      သီဆိုကခုန်ခြင်း။
၃။                      မေထုန်မှီဝဲခြင်း။
တခုခုမက်လို့ကအစမှပြန်စ။
ဒါဆိုရင်  ခင်စုသီ  အဓိဋ္ဌာန်ဝင်ပြီးပြီလာမေးရင်ဖြေပါမည်။ဝင်ပြီးပါပြီ။
မအောင်မြင်ပါဘူး။လတစ်လရဲ့မွေးနေ့ ကြာသပတေးမှာ အဓိဋ္ဌာန်စ
ဝင်ပါတယ်။၂ရက်မှာအိပ်မက်ပါတယ်။  ထမင်းစားပွဲဝိုင်းကြီးမှာအစား
တွေစုံလို့  ခင်စုသီလည်းဘယ်ဘဝကများငတ်လာသည်မသိစားလိုက်
တာ။ မေမေ့ကိုပြောပြတော့ ကောင်းတာပေါ့။၂ရက်မှာတင်ပျက်တာ
ပြန်စတဲ့။
အပွင့်လင်းဆုံးဝန်ခံရရင် တခါမှထပ်မစိတ်ဖြစ်တော့ပါဘူး။
ချစ်မိတ်ဆွေတို့ စိတ်ကြည့်မယ်ဆို ကိုယ့်ထူးခြားမှုလေးကိုယ်သိရမယ်
မဟုတ်လား။ကျွန်မဆရာကပြောတော့  ဆရာ့ဆီဝိဇ္ဇာတွေလာပြီး အင်း
တွေသောက်ရတယ်ပြောတာပါ။
ကျွန်မလည်း  တခါလောက်တော့ ပြန်စိတ်ကြည့်ပါဦးမည်။
ကျွန်မကတော့ ဘယ်ကျင့်စဉ်လေးကျင့်ကျင့်ကြို းစားမှုရဲ့အသီးအပွင့်လေး
မြင်လိုသူပါ။
အ   ရဟ် အောင်သွားလို့  အရ    ဟံကြမှအဖျက်ဝင်ရင် အ   ရဟံကပြန်
မစရပါဘူး၊ အရ   ဟံပဲပြန်စပါ။
ထူးခြားနိုင်ကြပါစေ။ ်

မူရင်းလင့်။ ။ https://m.facebook.com/groups/1573638246261942/permalink/1741032862855812/
 မူလရေးသားသူကို crd ပေးပါတယ်

အိမ်ခြံရောင်းထွက်နည်း



အပန်းမကြီးပဲ တစ်လအတွင်း ရောင်းထွက်တဲ့နည်းလေးပါ လိုအပ်ရင်လုပ်ကြည့်ပေါ့
ကျေးဇူးဆပ်စရာမလိုပါ ့့့
 အုန်းသီးစိပ်ပေါ်မှာ မြေပဲ အကျက် ၉ စေ့ ထည့်ပြီးဘုရားရှင်အားကပ်လှူ ပြီး ဆုတောင်းပါ။မွေးနံအညွန့်နေ့နံနက် နာရီအတွင်လှူပေးပါ။
နံနက်တိုင်း သရဏဂုံ သက်စေ့ရွတ်ဆိုပူဇော်ပါ။


မူရင်းလင့်။ ။ မူလရေးသားသူကို crd ပေးပါတယ်

Saturday, November 14, 2020

@အဘဘိုးမင်းခေါင်ပေးသောဂါထာကျင့်စဥ်




☯☯☯☯☯☯☯☯☯☯☯
ဂါထာလေးတစ်ခုတွေ့လျှင် 
  စိတ်ချင်စိတ်သဒ္ဓါဖြစ်ခဲ့လျှင်
သိပ်ခက်ခက်ခဲခဲ ထပ်ကျက်နေစရာမလိုလျှင်
 အ ခေါက်ရည်
မများလျှင်စိတ်ဝင်စားပါတယ်။
အခုဂါထာလေးက 
 ဂုဏ်တော်၉ပါးကိုပဲ စီစဉ်ထားတာပါ။

အနက်အဓိပ္ပါယ်ကလည်း လူတိုင်းသိပြီး သားပါ။
ဆရာတည်ကြည်
နောင် ရဟန်းဘဝသို့ကူးပြောင်းသွားသောအခါ
 နေမိနြ္ဒဆရာတော်
အမည်မှားလျှင်ပြင်ပေးနိုင်ပါသည်။

  ဆရာတည်ကြည်အားအဘ
ဘိုးမင်းခေါင်ပေးခဲ့သည့်ဂါထာ လေးပါ။

ဆရာတည်ကြည်   
 ကျွန်တော်သိသောအဘဘိုးမင်းခေါင်ပေးသော
ဂါထာ၏ထောက်ပံ့မှုသည် စွယ်စုံကို
 အကျိုးပေးသည်မှာသေချာလှ၏
အခြားသူတို့ကျွန်တော့်လို ဒုက္ခကြုံ
 နေကြ၍ပေးခဲ့ပေါင်းမနည်းပါ။
အများအားဖြင့် ပြေလည်မှုများရရှိသွားကြသည်ကများပါသည်။

အရဟံ  အရဟံ  သမ္မာသမ္ဗ္ဒ္ဓူဒ္ဓေါအရဟံ
သမ္မာသမ္ဗု ဒ္ဓေါ  အရဟံ  အရဟံ  အရဟံ
အရဟံ  သမ္မာသမ္ဗု ဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော
သုဂတော  လောကဝိဒူ  အနုတ္တရောပုရိသဒမ္မသာရထိ
သတ်တာဒဝေမနုဿာနံ   ဗုဒ်ဓေါ  ဘဂဝါ  အရဟံ  ။

ပူဇော်နည်းအဆင့်ဆင့်

အဓိဋ္ဌာန်၉ရက်တင်ရပါမည်။
ပထမရက်   ဂါထာတပုဒ်လုံးပုတီးတလုံးချ     ၅၅လုံးစိတ်ပါ။
ဒုတိယရက်                                                  ၂၀
တတိယရက်                                                  ၇၅
စတုတ္ထရက်                                                    ၁၅
ပဉ္စမရက်                                                        ၁၆၅
ကျန်  ၄ရက် မှာလည်း  ၁၆၅လုံးစိတ်ရပါမည်။
ထိုအဓိဋ္ဌာန်အောင်မြင်ပြီးပါက နေ့စဉ်   ၅၅ခေါက်  ၂၀ခေါက်၁၅ခေါက်
နှစ်သက်သလိုရွတ်ပါက
အလုံးစုံအခက်အခဲကိုကျော်လွန်ပါသည်။

စိတ်ကြည့်ချင်စရာကျင့်စဉ်လေးမို့တင်ပေးတာပါ။ ခုရက်ပိုင်းစိတ်ဖို့
ရည်ရွယ်နေသော ကြောင့်   မိတ်ဆွေများလည်း  နှစ်သက်လိမ့်မည်
ထင်မိပါသည်။

Crd


မူရင်းလင့်။ ။ https://m.facebook.com/story.php?story_fbid=708768556714740&id=100027448069661
 မူလရေးသားသူကို crd ပေးပါတယ်

Friday, October 30, 2020

@မဟော်သဓာအလင်းတိုင်



ဖယောင်းတိုင်တစ်တိုင်အား ဆားရည်ဖြင့်ဆေး၍
ခြောက်သွေ့အောင် လရိပ်တွင် ခဏလှမ်း။
"စတုသီသံ စတုလာဘံ" ဟုရေး။
ရေးသောအခါ အထက်မှ အောက်သို့ရေး။
သံချွန်ဖြင့်ရေးရမည်။
တစ်တိုင် တစ်တိုင်ထွန်းတိုင်း လာဘ်လာဘနှင့်ပတ်သတ်၍ ထူးကဲစွာခံစားရမည်။
ဗုဒ္ဓဘါသာဝင်များအဖို့
အိမ်ဘုရားတွင် အအေးပူဇော်ကပ်လှူ၍ထွန်းနိုင်ပါသည်။
အလွန်အကျိုးပေးထူးလှသော မဟော်သဓာအင်း၏ အင်းဇံဖြစ်သည်။ မထူးသူမရှိပါ။
ငွေကြေးအခက်အခဲများ ပြေလည်ခြင်း၊ ကြွေးမြီကိစ္စများ အဆင်ပြေချောမွေ့ခြင်း၊ စားဖွယ်သောက်ဖွယ် မပူရခြင်း၊ ငွေကြေးကြောင့် ကောင်းစွာမအိပ်နိုင် မစားနိုင်ခြင်း ဒုက္ခမှကင်းဝေးခြင်း၊ မိမိလုပ်ငန်းအား အားပးမည့်သူမရှိ၍ ညစ်နေရသည့် ဒုက္ခမှကင်းဝေးပြီး အားပေးမည့်သူများ ပေါများလာခြင်း၊ ထီကံ ငွေကံ တိုးပွားလာခြင်း၊ အစစ အရာရာ၌ အဆင်ပြေချောမွေ့၍ မျက်နှာသာပေးခံရခြင်း စသော အကျိုးထူးများ ဖြစ်ထွန်ပါလိမ့်မည်။
ဖယောင်းတိုင်မှာ ဤသို့ရေးထွန်းရုံနဲ့ ဤသို့ထူးမလားဟု မမေးပါနှင့်။ ကိုယ်တိုင် စမ်းသပ်ကြည့်စေလိုပါသည်
.
Crd to ဆရာမ ဣသိင်္ဂီဝင်


မူရင်းလင့်။ ။
 မူလရေးသားသူကို crd ပေးပါတယ်

Monday, October 26, 2020

အစားမှော်



ထမင်းမှော်

        ထမင်းမှော်ဆိုရင်တော့ ထမင်းနဲ့ပဲသွင်းရတယ်လို့တော့ မထင်လိုက်ပါနဲ့...။ ခေါင်းစဉ်ကသာ ထမင်းမှော်လို့ခေါင်းစဉ်တပ်ထားပေမဲ့ ထမင်းမှော်ထက် အစာမှော်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
ဒါတောင် ရာခိုင်နှုန်းပြည့်မမှန်သေးဖုး။ ရေကအစ မှော်သွင်းတဲ့အထဲပါနေတော့ အစာမှော် ရေမှော်လို့ပဲ ပြောရမလား...။ မှားမှားမှန်မှန် တိုတိုတုတ်တုတ် ထမင်းမှော်လို့ပဲ ခေါင်းစဉ်တပ်ပါရစေ။
အဲ့တော့ ဆရာ ထမင်းမှော် ဆိုတာ ဘယ်လိုမျိုးလဲလို့မေးလာပါလိမ့်မယ်။ ထမင်းမှော်ဆိုတာ ထမင်းမှော်မှာ အများစုက မန္တန်မှော်ကိုပဲအသိများပါတယ်။ ထမင်းမှော်မှာ အင်းမှော် (အင်းနဲ့ပြုလုပ်စီရင်ရသော ထမင်းမှော်) စမမှော် (စမဖြင့်ပြုလုပ်ရသော ထမင်းမှော် ) ဆိုပီး လည်းရှိပါသေးတယ်။...
အခုပြောပြမှာကတော့ မန္တန်မှော်ပဲဖြစ်ပါတယ်...။
(ထမင်းမှော်အင်းမှော် စမမှော်များက အလျင်းသင့်ရင် တင်ပေးပါမယ်)။ထမင်းမှော် ကို အောင်မြင်တဲ့ သူကတော့ မျက်နှာမြင်ချစ်ခင် အသံကြားသနားစေပါတယ်။ လာဘ်လာဘအလွန်ရွှင်စေတာကတော့ လက်တွေ့ပါပဲ။ ဆေးဝါးအဆောင်လက်ဖွဲ​့ အင်းအိုင် အထူးတလည်မလိုပဲ ပီယကောင်းပါတယ်။ တကယ်လို့ ပီယမှော်မသွင်းလိုပဲ ပီယလက်ဖွဲ့ ပီယအဆောင်တွေ လိုချင်ရင်တော့ ဆရာ့ဆီလာပေါ့ကွာ...။ ကြားဖြတ်ကြော်ငြာလေးဝင်တာပါ😂
ကဲ အဲ့တော့ စကားမရှည်တော့ပါဖူး မှော်သွင်းနည်းလေးပြောပြပေးပါမယ်။
လတစ်လရဲ့ လပြည့်နေ့ကနေစပီးတော့ ၇ရက်တိုင်တိုင် စားသမျှ အစာ ရေ မုန့် စသည့် ဝမ်းထဲထည့်သမျှ အရာအားလုံး အသေးစိတ်ကအစ အောက်ပါ မန္တန်နဲ့မန်းစားရပါမယ်။ဘယ်နှခေါက်မန်းစားရမလဲဆိုရင် မန္တန်နဲ့၇ခေါက် စီ မန်းစားရပါမယ်။ ထမင်းစားတဲ့အခါတော့ နည်းနည်းပိုပါတယ်။ဘယ်လိုစားရမလဲဆိုရင် ထမင်းစားတိုင်း ထမင်းတစ်ဆုပ်ကို ၇ခေါက်စီမန်းပီးစားရပါမယ်။
ရေသောက်ရင်လည်း ရေကို ၇အုပ်မန်းပီးသောက်ရပါမယ်။ ဘာစားစားဘာသောက်သောက် ၇ခေါက်မန်းရပါမယ်။ တစ်ခုမမန်းပဲ မရွတ်မိပဲ စားမိရင်မှော်ပျက်တာကြောင့် အစကနေပြန်လုပ်ပါ။ ထိုမှော်စဉ်ရက်များအတွင်း ကာမစပ်ယှက်ရသည်ဟု အိပ်မက်လျှင်သော်၎င်း အိပ်မက်မှသုတ်လွှတ်မိလျှင်သော်၎င်း ပျက်ပါသည်။ထို့အပြင် ထိုမှော်စဉ်ရက်အတွင်း မေထုန် အမှုကို လုံးဝရှောင်ကြည်ရပါမယ်။ မန်းရမယ့်မန္တန်လေးလည်းပြောပြပါဦးမယ်။

   မန္တန်လေးကတော့

  " ဥုံ တုဌေဟိ တုဌေဟိ  မမတုဌေဟိ

         ပီယေဟိ ပီယေဟိ မမပီယေဟိ

         သိန္နေဟံသိန္နေဟံမမ သိ​န္နေဟံ

         ရာဇစိတ္တံ ပီယမှိုင်းမှိုင်း

          အမစ္စ စိတ္တံ ပီယံမှိုင်းမှိုင်း

     အမစ္စရာဇ စိတ္တံ ပီယံမှိုင်းမှိုင်း

          ဒေဝစိတ္တွံ ပီယံ မှိုင်းမှိုင်း

          ဒေဝီစိတ္တံ ပီယံမှိုင်းမှိုင်း

          ဣတ္ထိစိတ္တံ ပီယံမှိုင်းမှိုင်း

          ပုရိသစိတ္တံ ပီယံမှိုင်းမှိုင်း

       သြောင်း   ဧဟိဧဟိဗလံချဉ်း

       သြောင်း   ဧဟိ ဧဟိ ဗလံကပ်

     သြောင်း    ဧဟိ ဧဟိ ဗလံ
ချဉ်းဆရာချဉ်း ကပ်ဆရာကပ်..။

ထိုဂါထာတော်လေးပဲဖြစ်ပါတယ်။ မန္တန်ကအရမ်းတော့မရှည်ပေမဲ့ ဒီအနေအထားလောက် ထမင်းစားရင် တစ်ဆုပ်ကို ၇ခါစီမန်းစားရမယ်ဆိုတဲ့အခါမှာ တိုင်ပတ်လို့ ကျွန်ုပ်လူလည်ကျထားတဲ့ နည်းကောင်းလေးတစ်ခုကိုလည်း အကြံပေးလိုက်ပါမယ်။ ထမင်းဆုပ်ကြိးကြီး ၉ဆုပ်လောက် ဆုပ်ပီး ပန်းကန်ထဲ ထည့်ထားလိုက်ပါ။ တစ်ဆုပ် ၇ခေါက်စီမန်းပီး ထားလိုက်ပါ။ ထမင်းဆုပ်ကြီးကြီးနဲ့ ၇ခေါက်စီ မန်းထားလို့ အာပတ်လည်းလွတ် ဇွန်းနဲ့အားရပါးရစားနိုင်ပါပီ။ ကျွန်ုပ်ကိုယ်တိုင် ကျင့်တုန်းက လူလည်ကျထားတာလေးပါ။ အဲ့လိုလေးလည်းလုပ်နိုင်ပါတယ်။

 ကျွန်ုပ်ကိုယ်တွေ့ကတော့ ပီယကတော့ အရင်ကထက် သိသိသာသာကိုကောင်းလာတယ်။ အပြင်သွားပီဆိုတာနဲ့ သမင်လည်ပြန် လေးတွေချည်းပဲ...အလုပ်လုပ်ရ ကိုင်ရတာလည်း ပိုအဆင်ပြေလာတယ်။စီးပွားရေးပိုင်းလည်း သိသိသာသာတိုးတက်လာသလို လူမှုဆက်ဆံရေးလည်း ဘယ်လိုတိုးတက်လာသလဲဆိုရင် ဘယ်သွားသွား ဘယ်စားစား ဒကာခံမယ့်သူတွေပေါ်လာတာပါပဲ။ အားနာလွန်းလို့ မလုပ်ပါနဲ့ ပြောယူရတယ်။ မှော်စဉ်အောင်တဲ့နေ့မှာတော့ ထူးခြားတဲ့ အိပ်မက်နိမိတ်တစ်ခု ထင်ထင်ရှားရှားရပါတယ်။ အဲ့လိုမှ ထင်ထင်ရှားရှားမရရင်တော့ မှော် မအောင်ပါဖုး။ ဘာမှမထူးသလိုဖြစ်နေရင်လည်း မိမိကိုယ်ကိုယ်မိမိ ပြန်ဆန်းစစ်ကြည့်ရပါမယ်။ ကိုယ်တိုင်အားထုတ်ဖူးတဲ့ မှော်ဖြစ်ပီး တကယ်ကောင်းမှန်းသိလို့ မျှဝေပေးလိုက်ရပါတယ်။ 

                ပီယ လာဘ်လာဘ လက်ဖွဲ့ တော်  အစီရင်တော်များ မှာယူလိုပါက မှာယူနိုင်ပါတယ်။
   
                   စဝ်စိုင်းဇေစော


မူရင်းလင့်။ ။ https://www.facebook.com/groups/242219379674070/permalink/788520398377296/
 မူလရေးသားသူကို crd ပေးပါတယ်

Tuesday, October 20, 2020

ဂု@ဏ်တော်ပုတီးစိပ်



ဘဝအမှောင်ဖုံးပြီး လမ်းပျောက်နေသူများ၊ ဘာလုပ်ရမှန်းမသိတော့လောက်အောင် အကြံတုန်းဥာဏ်တုန်းပိတ်ပိတ်ပိန်းဖြစ်နေရင်တောင်မှ ဘဝချောင်လည်ရေး၊ ကိုယ်စိတ်၂ပါးလုံး ကြီးပွားရေး၊ ချမ်းသာရေး ဖြစ်စေမည့်
ဂုဏ်တော်ကျင့်စဥ်။ 
      မဟာစက္ကဗျူဟာဆန်းဗေဒင် ဖော်ထုတ်ခဲ့သော ဆရာကြီးဦးဝင်းရွှေသည်
ဓမ္မဝိဇ္ဇာလမ်းပေါ်မှ ဆရာတော်ကြီး၁ပါးထံမှ နည်းခံရရှိခဲ့ပါသည်။ လူပုဂ္ဂိုလ်အများအပြား လျှို့ဝှက်စွာကျင့်ကြံပြီးလက်တွေ့အောင်မြင်နေသောနည်းဖြစ်ပါသည်။ 
      ဂုဏ်တော်၉ပါးလုံး ရွတ်ပြီး ပုတီး၁လုံးချစံနစ် နဲ့ ပုတီး၁၂ပတ် စိတ်။
တစ်ရက်အတွင်း ၁၂ပတ် လျောင်း၊ထိုင်၊ရပ်၊သွား စိတ်လို့ရတယ်။ တာလီနဲ့စိတ်လဲရတယ်၊ ပုတီးနဲ့စိတ်လဲ ရတယ်။ နှုတ်နဲ့ရွတ်တဲ့အခါရွတ်၊ စိတ်နဲ့ပွားတဲ့အခါပွား
၁၂ပတ်ပြည့်ဖို့ အဓိက။ 
       ၁၀၈ရက် ၃ကြိမ် ၅ကြိမ် ၇ကြိမ် ၉ကြိမ် ၁၁ကြိမ် အောင်တိုင်းထူးထူးခြားခြားကောင်းကျိုးဖြစ်တယ်။ ဘဝအတွက်ကောင်းသောအပြောင်းအလဲတွေဖြစ်စေပါတယ်။
{အောက်သိဒ္ဓိ ၄ပါး ရစေတယ်လို့ အဆိုရှိပါတယ်}

အဓိဌာန်ဆုတောင်း

ဘုန်တော်အနန္တ၊ ကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူတော် ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏၊ ဂုဏ်တော်(၉)ပါးကို (၁၂၉၆)ခေါက်ရွတ်ပွားပူဇော်ခဲ့ပါ၏။ ဤစကားသည်မှန်ကန်ပါ၏။ ဤသို့မှန်ကန်သော ဝစီမင်္ဂလာသစ္စာစကားကိုဆိုရခြင်းကြောင့်၎င်း၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ဂုဏ်တော်(၉)ပါးကို (၁၂၉၆) ခေါက်ရွတ်ပွားပူဇော်ခဲ့ရသော ဗုဒ္ဓါနုဿတိဘာဝနာ ကုသိုလ်ဟိတ်တန်ခိုးတေဇောအာနုဘော်တော်ကြောင့်၎င်း၊ အကျွနုပ်သည် ကျန်းမာ၊ ချမ်းသာပြီး၊ စည်းစိမ်ဥစ္စာရတနာရွှေငွေ၊ ယဥ်ကားတိုက်တာအိုးအိမ်၊ အခြွေအရံများတို့နှင့် ပြည့်စုံစွာခံစားရရှိပြီး၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ သာသနာတော်ကို လှူဒါန်းထောက်ပံ့နိုင်သော ပုဂ္ဂိုလ်ထူးဖြစ်ရပါလို၏။ ဤကုသိုလ်အဖို့သည် နိဗ္ဗာန်၊ မဂ်၊ ဖိုလ်ကို ရခြင်းရောက်ခြင်း၏ အကြောင်းအထောက်အပံ့ဖြစ်ပါစေသတည်း။ ဤကုသိုလ်အဖို့ဘာဂကို အကျွနုပ်နှင့်ပတ်သတ်ဆက်နွယ်ဘျက်ရှိ​ြနြ်သော ပဋ္ဌာန်းဆက်
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့အား အမျှပေးဝေငှပါ၏။ အားလုံးသော အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာ၊ ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းးး

၇ရကျသားသမီး အားလုံးကိုယ်စိတ်၂ပါးချမ်းသာစေလိုသော
ဆရာစိုင်းထိုက်(မဟာစက္ကဗျူဟာဆန်းဗေဒင်)
ပါပ လေးချက်..နေကထွက်.....{မကောင်းဂြိုလ်}
သောမလေးချက်..လ..ကထွက်..{ကောင်းဂြိုလ်}
နေ့အလိုက်၌ စက်တို့၏စွဲငင်အားအလိုက် မဟိဒ္ဓိ
တို့၏ စီးဝင်ရာသို့ သိပြီးသော သူသည်...........
မိမိကိုယ်တိုင်ဆောင်ရွက်ရန် တစ်ပါးသူတို့အား
ဆောင်ရွက်ရန် စက်(၄)လုံးအခါကို အသုံးပြုရ၏.။
လောကီကိစ္စ ပုတီးစိပ်ခြင်း အခြားတစ်ပါးသော.
ကိစ္စများ ဆောင်ရွက်ခြင်းကို စတင်ရ၏..။
တနဂ်နွေနေ့...နေ့လည်..(၁၂)နာရီ..စတင်ရန်...။
တနလ်ာနေ့...နံနက်..(၇) နာရီ..စတင်ရန်..။..
အဂ်ါ နေ့..ညနေ..မွန်းလွဲ(၃)နာရီ..စတင်ရန်.။
ဗုဒ္ဓဟူးနေ့...နေထွက်ချိန်.အာရုံတတ်..နေဝင်ချိန်
ညနေ ဆည်းဆာ...စတင်ရန်...။
ကြာသပတေးနေ့..ညနေ.မွန်းလွဲ(၃)နာရီ..စတင်ရန်။
သောကြာနေ့..နေ့လည် မွန်းတည့်ချိန်..စတင်ရန်..။
စနေနေ့...နေအထွက် နေအဝင် မြင်ချိန်..စတင်ရန်။
သေချာစွာ လိုက်နာပါ...စက်မိမှသာ စိတ်ယန္တယားကို လည်ပါတ်နိူင်ပါလိမ့်မည်...။
အပြင်စက်သည် စကြဝဋ္ဌာကြီးနှင့်ချိတ်ဆက်၏။
အတွင်းစက်သည် ပုဂ္ဂိုလ်ကြီးများနှင့်ချိတ်ဆက်၏
အဝင် အထွက် စက် မိမှသာ အောင်မြင်၏..။
ကျင့်ကြံအားထုတ်ရာ၌ အိမ်မှာ အနှောက်ဓါတ်
အမြဲတမ်း ဝင်တတ်ပါသည်. ။
အိမ်၌ဝင်သော အဓိဋ္ဌာန်စခန်းတွင် ခန္တီ ပါရမီ၏
အားသည် အရေးကြီးလှပေ၏။
၁၀၈လုံး စိပ်ပုတီးဖြင့် ဂုဏ်တော်(၉)ပါး.....
အရဟံအစ..ဘဂဝါ အဆုံး တစ်နေ့လျှင်..(၁၂)ပါတ်
(၁၀၈)ရက် တစ်ကဏ္ဍပြီးလျှင်.တစ်ခွင်ရသည်ဟု
ခေါ်ပါသည်။
(၃)ကဏ္ဍပြီးရင်..ပီယသိဒ္ဓိ ။
(၅)ကဏ္ဍပြီးရင်..ဓန သိဒ္ဓိ ။
(၇)ကဏ္ဍပြီးရင်..ကာယသိဒ္ဓိ ။
(၉)ကဏ္ဍပြီးရင် မဟိဒ္ဓိ..သိဒ္ဓိ..ရှေ့ခရီးအတွက်..
ဇနပဒဂန္ဓာရီ..စူဋ္ဌာဂန္ဓာရီ..အတတ်တွေနဲ့ သစ္စာတရားကို မှတ်ကျောက် တင်ရလေသည်။
ဘုရားတည်ခြင်း..ဆေးကုခြင်း..အကြားအမြင်..
ဗေဒင်ဟောခြင်း ဓာတ်ရိုတ်ခြင်း ဓာတ်ဆင်ခြင်း
ပါရမီဖြည့်ဆည်း၍ မဇ္စျိမဂန္ဓာရီ အဆင့်သို့ ရှေးရှု
ရလေ၏..။
မဟိဒ္ဓိ အားသည် စိတ်တန်ခိုးနှင့်ယှဥ်၍ အရာရာ..
အောင်မြင်နိူင်ပါ၏...။
သိဒ္ဓိ ဆောင်ရန် အဆင့်ကား မဟုတ်ပေ..။
ဓါတ်ကြီးလေးပါးအား ဝိဇ္ဇာတို့၏ အတတ်၌...
ချုပ်လိုက်လျှင်..အပူနှင့် အအေး ဖြစ်လေ၏..
မြေဓါတ်သည် ရေဓါတ်ထဲသို့ ပျော်ဝင်၏..။
မီးဓါတ်သည် လေဓါတ်ထဲသို့ ပေါင်းစည်း၏..။
အပူသည်..နေ..ဂဏန်း အမှတ်အသားသည်(၁)
အအေးသည်..လ..ဂဏန်းအမှတ်အသားသည်(၂)
တနဂ်နွေသည်..နေဖြစ်၍ တနလ်ာသည်..လဖြစ်၏
နေလနှစ်ပါးဖြင့် အာကာသဓါတ်၌မဟိဒ္ဓိအားကို
အထောက်အပံ့ပြုရန်..(၁)..နေ(၂)လ.....ဓါတ်ပြု၍
ပုတီး(၁၂)ပါတ် စိပ်ရလေ၏...။
တစ်ကမ္ဘာလုံး လည်ပါတ်ခြင်း၌ (၁၂)လဖြစ်၍
ဓါတ်၏သသော လည်ပါတ်ခြင်းကိုသာ ရှေးရှု၏။
အသွားကိုသာ အားပြုပါ၏။
ရပ်တန့်ခြင်းအား (လုံးဝ) အားမပြုပေ...။
မီးဓါတ်သည် ဓါတ်သက်(၁၂)နှစ် ရှိ၏..။
အပူဓါတ် နေကို ကိုယ်စားပြု၏..။
ရေဓါတ်သည် ဓါတ်သက်(၁၆)နှစ် ရှိ၏..။
အအေးဓါတ် လကို ကိုယ်စားပြု၏..။
မီးအပူ ရေအအေး ဓါတ်နှစ်ပါးပေါင်း၍...
မီး ၁၂+ရေ ၁၆= ၂၈....
၂+ ၈ = ၁၀ မဟိဒ္ဓိ ၁၀ပါး သိဒ္ဓိ ၁၀ပါး......
ပါရမီ(၁၀)အန္တော...တနဂ်နွေ...စနေ....နတ်စက်နှင့်
ဇနပဒဂန္ဓာရီစက်..အားနှစ်ခုဖြင့် ပုံဖေါ်အသက်သွင်း
၍ ကျင့်ကြံ အားထုတ်ခြင်း ပြုရလေ၏..။
အတွင်းဝင် စက်အကြောင်း အလင်းဆောင်ပါအုံး
မည်..။......
မှတ်တမ်း မှတ်ရာနှင့် မိမိကိုယ်တိုင်ခရီးရောက်ခဲ့
သော နည်း ဖြစ်ပါသည်...။
ပေါက်ကရ မမန့်ပါရန် အထူးမေတ္တာရပ်ခံအပ်ပါ
သည်..ဆရာအရှင်တို့အား ရိုသေလေးစားခြင်းဖြစ်ပါသည်...။
 စမတောင် သာသနာပြု လေးကြိုးကိုင် ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။
နံမည် မည်သူဖြစ်ပါသနည်း..။
{မဟိဒ္ဓိစခန်း}{သိဒ္ဓိလမ်း}
................................................



မူရင်းလင့်။ ။
 မူလရေးသားသူကို crd ပေးပါတယ်

Saturday, October 17, 2020

အမြန်လာပေးပါယတြာ





မိမိရစရာမရတဲ့အကြွေးသည်နည်းနဲ့ တောင်းကြည့်ပါ။

ပါတ်ချာလည်အနားများကိုကပ်ကျေးဒါးရာ မပါအောင် လက်နဲ့ဖြဲထားတဲ့အညိုရောင်စာရွက်ကြမ်းတစ်ရွက်မှာ မိမိ အကြွေးရ မဲ့သူရဲ့နာမည် နဲ့ မွေးနေ့ ကို မင်အပြာနဲ့ရေးပါ။ မွေးနေ့မသိရင်နာမည်ရေးပြီး သူ ့ဓာတ်ပုံကိုအဲသည်စာရွက်မှာကပ်ပါ။
ဖယောင်းတိုင်အစိမ်း ၄ လက်မ 
သို့မဟုတ်၆ လက်မလောက်ပေါ်မှာ
အဲဒီမိမိက အကြွေးရမဲ့သူရဲ့နာမည်ကို ခဲတန်နဲ့  ၇ ကြောင်းရေးပါ။ဖယောင်းတိုင်ကို
မရေးမီ ကတည်းကဆားရည်နဲ့ သန့်စင်ထားပါ။
လင်ပန်းထဲ ဖန်ခွက်တစ်ခွက်တင်ပါ။ဖန်ခွက်တစ်ထ​ဲကို ရေတစ်ဝက်ထည့်ပါ။ ကျန်တစ်ဝက်ကိုကာကိုလာ အချိုရည် ထည့်ပါ။
ဖယောင်းတိုင် အစိမ်းနဲ့ ရေနဲ့အချိုရည် ရောသွားအောင်
မွှေပေးပါ။ပြီးရင် ဖယောင်းတိုင်ကို မီးထွန်းပါ။
စာရွက်ကို ၄  ခါ အပြန်အလှန်ခေါက်ပါ။ ခေါက်တဲ့အခါ မိမိဖက်ကို ခေါက်ရပါမယ်။ ခေါက်ရေးထားတဲ့ စာရွက်အညိုကို
ဖယောင်းတိုင်အစိမ်းမှာ ညှပ်နဲ့ကိုင်ပြီးမီးရှို့ပါ ။ ပြာများကို
ဖန်ခွက်ထဲထည့်လိုက်ပါ။
ဖန်ခွက်အောက်ခြေပါတ်လည်ကို ဆားဖြူးပါ။ ပြီးရင်အဲဒီအတိုင်း သကြားနဲ့ သစ်ဂျပိုးမှုန့် ရောပြီး ထပ်ဖြူးပါ။
၁၀၀၀  တန် ငွေစက္ကူ ၃  ရွက်ကို
ဖန်ခွက်ပတ်လည်မှာချပါ။
အဲဒီငွေစက္ကူပေါ်လည်း
ဆားဖြူးပါ။ သကြားနဲ့ သစ်ဂျပိုးမှုန့်ရောရာ ထပ်ဖြူးပါ။
ပြီးရင် ရေထဲကို အစိမ်းရောင်ဖယောင်းစက်  ၂၁  စက်ချပါ။
လဆန်း  လပြည့်ည များအထူး
ပိုကောင်းပါတယ်။ လကွယ်ည နဲ့စနေည မလုပ်ရပါ။

အရေးကြီးတာက ယတြာစီရင်နေစဥ်  မိမိ ဖြစ်လိုရာ သာအာရုံပြုပါ။ စိတ်က  နှုတ်က
အထပ်ထပ် အဆက်မပြတ်ပြောပေးနေပါ ။
မိမိစိတ်အားထက်သန်လေ အကျိုးပေးသိသာလေပါပဲ။( ဥပမာ  မောင်ချာလီ  မင်းယူထားတဲ့ အကြွေး ၃ သိန်း
အမြန် လာပေးပါ )
တစ်ယောက်မက နာမည်ရေးပြီးဆောင်ရွက်နိုင်ပါတယ်။
၅  ယောက်ထက်မပိုရပါ။
စာရွက် ၅  ရွက် ဖယောင်းတိုင်
၅ တိုင် သုးံရပါမယ်။
နောက်နေ့ ည တိုင်း မရမချင်းဖယောင်းတိုင် အစိမ်းထွန်းဆုတောင်းပါ။ ရလာရင် သင့်ရာ
ရေအိမ်ထဲ စွန့်ပစ်ပါ။
(ငွေ စက္ကူ  လင်ပန်း ဖန်ခွက်မပါ)
အကြွေးပေးထားသူလည်း ပြန်ရ  ယူထားသူ လည်း အဆင်ပြေ ပြန်ပေးနိုင်ကြပါစေ။

ဆရာ ကောင်းသုခ
၁၂  ၁၀ ၂၀၀

မူရင်းလင့်။ ။https://m.facebook.com/story.php?story_fbid=1151113268624160&id=100011764933222
 မူလရေးသားသူကို crd ပေးပါတယ်

Friday, October 16, 2020

အလိုရှိသူအမြန်လာစေရန်မီးထွန်းနည်း


အလိုရှိသူအမြန်လာစေရန်မီးထွန်းနည်း
___________________________
(Zawgyi)
      မိမိတို့အိမ်မှ စိတ်ဆိုးစိတ်ကောက်၍ ဖြစ်စေ ခရီးသွားသည်ဖြစ်စေ အတော်သင့်ကြာသော်လည်းပြန်မလာသေးသူများအတွက် အမြန်ပြန်လာရန် မီးထွန်းနည်းကို တင်ပြပေးလိုက်ပါတယ်။
     အိမ်ထောင်ရေးအချစ်ရေးများတွင်လည်း အခြားအင်းများ/ဒီပံများနှင့်တွဲစပ်၍ အသုံးပြုနိုင်ပါတရ်။
      ပုံမှန်သာမာန် စိတ်ဆိုး၍  အိမ်ပေါ်မှ ဆင်းသွားသူများကိုလည်း ဤနည်းဖြင့် ပြန်လာစေနိုင်ပါတယ်။
      ပုံမှန်ထက်အရေးကြီးသောကိစ္စများအတွက် မိမိတို့အေုခအနေအလိုက် ဆရာများနှင့်တိုင်ပင်သင့်ပါတယ်။

       စီရင်နည်း…
       မိမိ အလိုရှိသူ၏ နေ့နံတူရာနေ့၌ သာ စီရင်ရမှာဖြစ်ပါတရ် 
       စီရင်ပြီး မီးတိုင်ကို ထိုနေ့နံ၏ ဂြိုလ်စောင့်နတ်ကို မေတ္တာပို့၍ မီးထွန်းရန်ဖြစ်ပါတရ်
       တနင်္ဂနွေသားသမီး ပြန်လာစေလိုသော်
မီးတိုင်ပေါ်တွင် ၁ ရေး၍ နေအိမ်ဘုရားစင်တွင်
တနင်္ဂနွေနေ့မနက် ၈ ၀၀ မတိုင်မှီ မီးထွန်းပူဇော်ပြီး ဂြိုလ်စောင့်နတ်အား မေတ္တာပို့၍ ဆုတောင်းပါ
     ကျန်နေ့သားသမီးများ မီးတိုင်တွင်ရေးသော
ဂဏန်းသာကွာ၍ သက်ဆိုင်ရာနေ့  သက်ဆိုင်ရာဂြိုလ်စောင့်နတ်ကိုပင် မေတ္တာပို့ ဆုတောင်း၍ 
သက်ဆိုင်ရာနေ့  မနက် ၈ ၀၀ မတိုင်မှီ ပူဇော်ခြင်းသာဖြစ်၏
      တနလာင်္  ၂
      အဂါင်္       ၃
      ဗုဒ္ဓဟူး     ၄
      ရာဟု      ၈
      ကြာသပတေး  ၅
      သောကြာ       ၆
      စေန          ၇   
     သက်ဆိုင်ရာ နေ့သားသမီးအလိုက်ရေးပါ
ဤ နည်းဖြင့်ပူဇော်ကြခြင်းဖြင့် စိတ်ဆိုးစိတ်ကောက်၍ ပြန်မလာသေးသူများ ခရီးလွန်သူများကို အမှန်တကယ် ပြန်၍ ရောက်နိုင်ပေသည်။

       
                                   နိုင်ထက်အောင်
                                   09  7906 77136

unicode


___________________________

      မိမိတို့အိမ်မှ စိတ်ဆိုးစိတ်ကောက်၍ ဖြစ်စေ ခရီးသွားသည်ဖြစ်စေ အတော်သင့်ကြာသော်လည်းပြန်မလာသေးသူများအတွက် အမြန်ပြန်လာရန် မီးထွန်းနည်းကို တင်ပြပေးလိုက်ပါတရ်
     အိမ်ထောင်ရေးအချစ်ရေးများတွင်လည်း အခြားအင်းများ/ဒီပံများနှင့်တွဲစပ်၍ အသုံးပြုနိုင်ပါတရ် 
      ပုံမှန်သာမာန် စိတ်ဆိုး၍  အိမ်ပေါ်မှ ဆင်းသွားသူများကိုလည်း ဤနည်းဖြင့် ပြန်လာစေနိုင်ပါတရ်

       စီရင်နည်း…
       မိမိ အလိုရှိသူ၏ နေ့နံတူရာနေ့၌ သာ စီရင်ရမှာဖြစ်ပါတရ် 
       စီရင်ပြီး မီးတိုင်ကို ထိုနေ့နံ၏ ဂြိုလ်စောင့်နတ်ကို မေတ္တာပို့၍ မီးထွန်းရန်ဖြစ်ပါတရ်
       တနင်္ဂနွေသားသမီး ပြန်လာစေလိုသော်
မီးတိုင်ပေါ်တွင် ၁ ရေး၍ နေအိမ်ဘုရားစင်တွင်
တနင်္ဂနွေနေ့မနက် ၈ ၀၀ မတိုင်မှီ မီးထွန်းပူဇော်ပြီး ဂြိုလ်စောင့်နတ်အား မေတ္တာပို့၍ ဆုတောင်းပါ
     ကျန်နေ့သားသမီးများ မီးတိုင်တွင်ရေးသော
ဂဏန်းသာကွာ၍ သက်ဆိုင်ရာနေ့  သက်ဆိုင်ရာဂြိုလ်စောင့်နတ်ကိုပင် မေတ္တာပို့ ဆုတောင်း၍ 
သက်ဆိုင်ရာနေ့  မနက် ၈ ၀၀ မတိုင်မှီ ပူဇော်ခြင်းသာဖြစ်၏
      တနလာင်္  ၂
      အဂါင်္       ၃
      ဗုဒ္ဓဟူး     ၄
      ရာဟု      ၈
      ကြာသပတေး  ၅
      သောကြာ       ၆
      စေန          ၇   
     သက်ဆိုင်ရာ နေ့သားသမီးအလိုက်ရေးပါ
ဤ နည်းဖြင့်ပူဇော်ကြခြင်းဖြင့် စိတ်ဆိုးစိတ်ကောက်၍ ပြန်မလာသေးသူများ ခရီးလွန်သူများကို အမှန်တကယ် ပြန်၍ ရောက်နိုင်ပေသည်။

       
                                      နိုင်ထက်အောင်
                                   09  7906 77136




မူရင်းလင့်။ ။https://m.facebook.com/groups/157497241548267?view=permalink&id=681545942476725
မူလရေးသားသူကို crd ပေးပါတယ်

Saturday, October 10, 2020

အစွယ် ကျီးပေါင်းထုဆစ်စီရင်နည်းများ

ကျီးပေါင်းဆိုသည်မှာ မူလအပင်အကိုင်းအခက်များပေါ်တွင် ကပ်တွယ်ပေါက်ရောက်နေတတ်သော ကပ်ပါးပင်အမျိုးအစားခြုံနွယ်ပင်မျိုးဖြစ်သည်။


***မုလေးခေါ်မြတ်လေးကျီးပေါင်းကို ရေဝတီနက္ခကြုံချိန်၌ ခုတ်ယူ​​​ဆောင်ထားလျှင်လူအပေါင်းတို့ မိမိစကားကို နာယူကြရ၏

***ဥသျှစ်ကျီးပေါင်းကို ထောပတ်နှင့်သွေးသောက်က အသက်တစ်ရာရှည်ရ၏

***ရှားကျီးပေါင်းကို ကျီတွင်ထားက စပါးပေါများ၏

***ရှောက်ကျီးပေါင်းကို အိမ်တွင်ထားက ဆန်ရေစပါးပေါများ၏

***ကုဣိုလ်ကျီးပေါင်းကို တံခါးဝ၌ထားက ဝင်ပီးဥစ္စာမထွက် မြဲ၏

***သမ္ပရာ နှင့် သနပ်ကျီးပေါင်းကို အိမ်ရာ ကုတင်အောက်ထားက ချမ်းသာရ၏

***ပေါက်ကျီးပေါင်းကို ဂဝံလက်ယှက်ရုပ်ထုပီးဆောင်က သဗ္ဗသျှိုရ၏

***သရက်ကျီးပေါင်းကို ကျွဲနို့နှင့်သောက်က တစ်ရက်ခရီးကို တစ်နာရီမျှဖြင့်ရောက်နိုင်၏။ကျီးပေါင်းကိုခွာ၍ ၎င်းအမြစ်နေရာနှင့် လင်း​​​ေမြေွ​သည်းခြေကို သွေးပီး ခြေဖဝါး ခြေဖမိုးတွင် စုတ်ဖြင့်ပေါက်ထားပါက ကိုယ်အလျင်ပေါ့ပါး၏ ပန်းပွင့်ကိုပင်နင်းက မညိုးနိုင်။

***မကျည်းကျီးပေါင်းကို ဆီနှင့်သွေ
းလူးက ခရီးဝေးသွားသော်လည်း ခြေမနာပေ။ပျားရည်နှင့်သွေးသောက်က အသက်ရှည်၏

***ချရားခေါ် ခရေကျီးပေါင်းကို အိမ်မှာဆွဲထားသော် လူချစ်လူခင်ပေါများ၍ ချမ်းသာရာ၏

***ဥနှဲကျီးပေါင်းကို ရဝံမျက်နှာဖုံရုပ်ထု၍ "" ဝဿ အန္ဒိယက္ခာ စေဝ""ဟူသောဂါထာဖြင့် ဘုရားရှေ့ နတ်စင်ရှေ့ သချိုင်း ၌ ၃၇အုပ်စုတ်ပီးဆောင်က ကာယသိဒ္ဓိဖြစ်၏ လက်တစ်ဆစ်ခန့်ဖြတ်ပီး ဆောင်က ဣတ္ထိယသျှိုကောင်း၏ အလျုရှိက ဦးခေါင်းထက်ထားက ဆာယာသိဒ္ဓိရ၏
ဥနှဲကျီးပေါင်းကို တွေ့လျှင် ချက်ချင်းခုတ်ယူရမည်။ထုတ်ယူပီးကလည်း ပေါ့တန်စွာထားက ပျောက်သွားတတ်သည်။ချုပ်ရန်ကား မင်းကိုးချည်ကိုဖြင့် အရင်းအဖျားချည်ထားပီး တခြားတစ်စကို တခြားကိုင်းတစ်ခုတွင်ချည်ထားပါ။

***ညောင်ကျီးပေါင်းဖြင့် ရှင်သီဝလိရာပ်တုအား တောင်ဝှေး ပရိက္ခရာစုံလင်စွာထုပီး ဘုရားရှေ့တွင် ဆွမ်းသင်ပုတ်ရေချမ်းကပ်လှူကာ " အနိစ္စ ဒုက္ခ အနတ္တ "" ကို တစ်ထောင်စုတ်၍ဆောင်က ရှိန်းသုံးပါးရ၏

***ကျားစွယ်ကို သူကြီးရုပ်ထုပီး "" ဥုံ ဇေယက္ကော ဗျဂ္ဃရာဇာ သွားဟ""ဂါထာနှင့် တစ်ထောင်စုတ်ပီးနှုတ်တွင်ငုံံက ကျားကဲဲ့သို့ ကြောက်ရ၏
စစ်မျက်နှာ၌ အတုမရှိ မြင်လှင်ပင်ကြောက်ရသည် အမြောက်သေနတ်မထိနိုင်ပေ။


မူရင်းလင့်။ ။ @
 မူလေရးသားသူကို crd ပေးပါတယ်

Saturday, October 3, 2020

အိမ်ပိုင်ဆိုင်ရန်





ကိုယ်ပိုင်အိမ်လေးး လိုချင်ကြရင်
=======================
**အိမ်အကြောင်းကို ၃ခါလောက်ရေးဘူးးတယ် ပျောက်ပျောက်သွားလို့ပြန်ရေးရတာချည်းပဲ ။ အိမ်ငှားဘ၀ မျက်နှာငယ်ရတယ်
      လခမပေးနိုင်ရင် အိမ်ရှင်ဆဲတာငြူစူတာခံရသေးတယ်။ အဲ့လိုဒုက္ခတွေမှကင်းအောင် အဓ်ိဌာန်ပုတီးစိပ်ပါ။  
  မိမိ အိမ်ရှိဘုရား၌ ကတီ္တပါ အနီစ ခင်းရမည်။ ဘုရား၏ ဘယ် ညာတဖက်စီ၌ ရွှေထီးး( စက္ကူ ရွှေထီး ) ဖွင့်လျက် ထားရမည်။ ဘုရားရှင်အားနေ့စဉ် ဆွမ်း ရေချမ်းနံ့သာအလင်းတိုင် ကပ်လှူ ၍ ပုတီးစိပ်ရမည် ။ တနင်္ဂနွေ နေ ့ မနက် ၆ နာရီတွင် စတင်ရမည်။ ကျန်ရက်များတွင် ညပိုင်းအေးချမ်းသောအ ချိန်၌ စိပ်နိုင်
သည်။ အစဆုံးနေ့တွင် အုန်းဆွမ်းကပ်လှူ ရမည်။( အုန်းထမင်း ထမင်းဖြူ၌ အုန်းသီးဖြူး၍ ၄င်းး ကပ်ရမည်)
  အုန်းညွှန် ့ ၆ ညွှန့် အိမ်ဘုရား၌ ကပ်လှူ ထားရမည်။ ညိုးပါကအသစ်လဲပေးရမည်။ ၃လ မှ တနှစ်အတွင်း မိမိကိုယ်ပိုင်နေရာ ဌာန ရ ရှိပါမည်။
   " အရဟံ ဂုဏ်တော်အား အာရုံထိမိစွာ နေ ့စဉ် ပတီးး၆ ပတ်မှ ၉ ပတ် မိမိနိုင်သလောက်စိပ်ရမည်။ အနည်းဆူံး၃လ အဓ်ိဌာန်တင်ရမည်။ အပွင့်ဂါထာအဖြစ် ၀ စကြာၤ ဂါထာ ၉ ခေါက်ရွတ်ဖတ်ရမည်( တင်ပေးထားပြီး) ။
       တရက်ပြီးတိုင်း မိမိတို့ ကိုယ်ပိုင်ဖြင့် နေထိုင်နိုင်ရပါကြောင်း ရ လိုပါကြောင်း ဆုတောင်း၍ အမျှေ၀ရမည်။
     ရုက္ခစျုးးကြီးသောာပင်တို့၌ ရုက္ခစ်ုးစင် ဖြစ်စေ အိမ်ဖြစ်စေ လှူ ၍ ဆုတောင်းး သင်တ်ု့ဗိမာန် ရသလို ကျွုနုပ်တ်ို့လည်း ဗိမာန် ရပါလိ ု၏ ဟူ၍  
   စာကလေးအိမ် လေးများလည်းလှူ ဒါန်း ဒါန ပြုပေးပါ ဤ သို့လုပ်ခြင်းဖြင့် လျင်မြန်သောအကျိုးကို ရ ရှိပေမည်။ 
       စာရေးသူကိုယ်တိုင် ကြုံခဲ့ဘူးသည်။
ဤ နည်း ဖြင့် အ််ိ််မ်ရသွားသူများလည်း ရှိကြသော်လည်း ကျေးဇူးးတင်စကားတောင်မကြားရချေ။     
  နောက်တနည်းမှာ အ်ိမ်တော်ရာ ဘုရား၏ တနင်္ဂနွေဒေါင့်တွင် ကန်တော့ပွဲထိူး၍ အလုပ် လုပ်ပါ။  
      အစစ အဆင်ပြေ၍ ကိုယ်ပိုင်အိမ်ဖြင့်တင့်တယ်စွာ နေထိုင်နိုင်ကြပါစေသတည်း။
 မောင်မန်း
2.10.2020.





မူရင်းလင့်။ ။ 
 မူလေရးသားသူကို crd ပေးပါတယ်

Sunday, September 27, 2020

မန္တာန်






နံနက် နေလည် ည ၉ ခေါက်စီရွတ်ပါ။၃လ အဓိဌာန်ဖြင့်ရွတ်ပါ။ကိုယ်ရည်မှန်းထားသောအရာ ၃လအတွင်းပြည့်စုံ၏


မူရင်းလင့်။ ။ 
 မူလေရးသားသူကို crd ပေးပါတယ်

Thursday, September 24, 2020

လာဘ်ပွင့်စေရန်အဓိဌာန်

ဦးစွာကိုယ်လက်သန့်စင်၍ ဘုရားရှင်အားဦးထိပ်ထားပီး ရှင်သီဝလိရဟန္တာအရှင်မြတ်ကြီးနှင့်တကွွ ရဟန္တာအရှင်မြတတ်အပေါင်းတို့အား ဆွမ်းတော် သောက်တော်ရေချမ်း ဆီမီး နံ့သာတိုင်များဖြင့် ဆပ်ကပ်ပူဇော်ပါ။ထို့နောက် ဘုရားရွိခိုး သီလခံယူဆောက်တည်ပီး ဘုရား တရား သံဃာဂုဏ်တော်တို့ကို ၉ ခေါက်စီရွတ်ဖတ်ပူဇော်ပေးပါ။ပီးလျှင် ဘုရားရှင်နှင့်တကွ ရှင်သီဝလိအရှင်မြတ်ကြီးအပါအဝင် သံဃာတော်အပေါင်းတို့အား """ ဘုရားတပြည့်တော်သည် ဤနေ့ ဤရ
က် ဤအချိန်မှစ၍ ဆွမ်းဆန်လက်တစ်ဆုပ်နှင့် ဝတၳုငွေ တစ်ရာကျပ်ကို( မိမိလှူချင်သလောက်လှူလို့ရသည် )လှူဒါန်းပီး ဤ ( ရှင်သီဝလိ ၁၀ဂါထာမွ နောက်ဆုံးဂါထာ )ဂါထာကို ၃၇ ခေါက်ရွတ်ဆိုပီး ၃၇ ရက်လှူဒါန်းပူူဇော်ပါမည်ဖြစ်ကြောင်း အဓိဌာန်ပြုပါသည်။ထိုသို့လှူဒါန်း၍ရရှိသော ငွေနှင့်ဆွမ်းဆန်တို့အား အဓိဌာန်ပီးမြောက်ပါက သံဃာတော်များအားရည်စူး၍ လှူဒါန်းပါမည် ဘုရား """ဟုလျှောက်ထားအဓိဌာန်ဆောက်တည်ပါ။ဤအတိုင်း ၃၇ရက်မပြတ်လှူဒါန်းပေးရပါမည်။ထို့သို့ လျှောက်ထားပီးပါက အောက်ပါဂါထာကို ၃၇ ခေါက်ရွတ်ဆိုပါ။

"" သီဝလိ စ မဟာထေရော
   ဒေဝမနုဿ ပူဇိတော။
   သောရဟော ပစ္စယာ ဒိနံ
   မဟာလာဘံ ကေရာတု မေ။ ။

မြန်မာပြန်  

ရှင်သီဝလိ ဟု အမည်ကျော်လတ်မထေရ်မြတ်သည် သဒ္ဓာရွှင်လန်းလျှူဒါန်းဆက်ကပ်အရပ်ရပ်သော ပစ္စည်းစသည်တို့ကို ခံယူသုးံဆောင်ခြင်းငှာထိုက်တော်မူဧ၊်။မထေရ်မြတ်ကြီးသည် အကျွနု်ပ်အား
စည်းစိမ်ဥစ္စာရတနာရွှေငွေ အထွေထွေမွန်မြတ်သည့် လာဘ်လာဘရခြင်းကို မုခ်မေသြ ဖြစ်ပါစေသတည်း။
                       
ရွတ်ဆိုပီးပါက အဓိဌာန်ပီးမြောက်ပါက မိမိဒါနပြုပါမည့်အကြောင်း လေးလေးနက်နက်လျှောက်တင်၍ မေတ္တာပို့ အမျှဝေပေးပါ။မိမိလိုရာဆုတစ်ခုကို လေးနက်စွာ ဆုတောင်းပါ။၃၇ရက်ပြည့်လျှင် တစ်ကြိမ်အောင်ပါသည်။မိမိကံအလျှောက် ဝီရိယရှိသလောက် လာဘ်လာဘတစ်ခုခုဝင်လာပါလိမ့်မည်။ ပြည့်ပီးနောက်တစ်နေ့၌ ဆန်ကိုဆွမ်းချက်၍ ငွေကို ဆွမ်းဟင်းချက်ကာ သံဃာမရွေးပဲ လှူပေးပါ။ ဆွန်းဆန်အဖြစ်လည်းလှူရပါသည်။ ဒုတိယအကြိမ် အဓိဌာန်ဝင်လျှင် အလှူကို နှစ်ဆတိုးလှူပေးပါ။

မူရင်းလင့်။ ။@
မူလေရးသားသူကို crd ပေးပါတယ်

မဟာဘုတ်ချိန်ခွင်နှင့်ဂုဏ်တော်ကိုးပါးကျင့်စဉ်

မဟာဘုတ်  

၁ ကြွင်းသမားများ 
ဝိဇ္ဇာစရဏ သမ္ပနေ္တာ တစ်နေ့ ၁၀ ပတ် ၂၁ရက်
စတင်အားထုတ်သည့်နေ့လှူရမည်မှာ  
အညိုရောင်ပန်း သို့မဟုတ် အသီး ၆ပွင့် သို့ ၆စိပ်

၂ ကြွင်းသမားများ
 သုဂေတာ တစ်နေ့ ၆ ပတ် ၁၀ ရက်
စတင်အားထုတ်သည့်နေ့လှူရမည်မှာ  
အနီရောင်ပန်း သို့ အသီး ၇ပွင့် သို့ ၇ လုံး

၃ ကြွင်း
သမ္မာသမ္ဗုဒေ္ဓါ တစ်နေ့ ၁၅ပတ် ၆ ရက်
စတင်အားထုတ်သည့်နေ့လှူရမည်မှာ  
လိမေ္မာရောင်ပန်း သို့ အသီး ၁ ပွင့် သို့ ၁ လုံး

၄ ကြွင်း
အရဟံ ၈ ပတ် ၁၅ ရက်
စတင်အားထုတ်သည့်နေ့လှူရမည်မှာ  
အဖြူရောင်ပန်း သို့ အသီး ၂ပွင့် သို့ ၂လုံး

၅ကြွင်း
ဘဂဝါ ၁၇ ပတ် ၈ရက်
စတင်အားထုတ်သည့်နေ့လှူရမည်မှာ  
အစိမ်းရောင်ပန်း သို့ အသီး ၃ပွင့် သို့ ၃လုံး

၆ ကြွင်း
အနုတ္တရောပုရိသ ဓမ္မသာရတၳိ ၁၉ပတ် ၁၇ရက်
စတင်အားထုတ်သည့်နေ့လှူရမည်မှာ  
အဝါရောင်ပန်း သို့ အသီး ၄ပွင့် သို့ ၄လုံး

၇( 0 ) ကြွင်း
လောကဝိဒူ ၂၁ ပတ် ၁၉ ရက်
စတင်အားထုတ်သည့်နေ့လှူရမည်မှာ  
ပန်းရောင်ပန်း သို့ အသီး ၅ ပွင့် သို့ ၅ စိပ်

ချိုမည့်သကြား စားကြည့်မှ သိမလေ။ ။







မူရင်းလင့်။ ။ @
 မူလေရးသားသူကို crd ပေးပါတယ်

Wednesday, September 23, 2020

သဗ္ဗသိဒ္ဓိ ပီယမှော် အဓိဋ္ဌာန်ကျင့်စဉ်




===============================

" ပီယ " ဆိုတာ အများထင်ကြတဲ့ စော်ကြည် 
ဘဲကြည်တာထက်ကို ပိုပါတယ် ။ အချို့ကတော့ 
စန်းပွင့်တယ် ၊ စန်းထတယ် စသည်ဖြင့် 
ပြောလေ့ရှိကြတာပေါ့ ။ စင်စစ်အားဖြင့် 
ရောက်လေရာအရပ်မှာ မျက်နှာပွင့်လန်းတာ ၊ 
ကိုယ်နဲ့တစ်ကြိမ်တစ်ခါ စကားပြောဖူး ၊ တွေ့မြင်ဖူးရုံနဲ့ လိုလိုလားလား ခင်မင်နေတာ ၊ အမ်ားတကာရဲ့
နှစ်သက်လေးစားခြင်း ၊ ကူညီမစခြင်းကို 
ခံရတာတွေဟာ ပီယ ရဲ့ဂုဏ်သတ္တိတွေပါ ။ 
လောကမှာ အမုန်းတရားတွေမရှိဘဲ ချစ်ခင်မှု
တရားသာရှိနေပါလျှင် မုန်းမယ့်သူ ၊ ရန်ပြုမယ့်သူ ၊ 
မလိုမုန်းထာပြုမယ့်သူ ၊ တိုက်ခိုက်မယ့်သူ ၊ 
နှောက်ယှက်မယ့်သူ အားလုံးဟာ ရန်သူမဟုတ်ဘဲ မိတ်ဆွေများ ဖြစ်လာကြမှာပါ ။ တစ်ဦးနဲ့တစ်ဦး 
ရင်ဝယ်သားကဲ့သို့ မေတ္တာသက်ဝင်ပါက 
အန္တရာယ်ကင်းပြီး ငြိမ်းချမ်းမှာ ဧကန်မလွဲဖြစ်ပါတယ် ။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ ခုနှစ်ရက် သားသမီး 
မိတ်ဆွေများအတွက် ပတ်ဝန်းကျင်မှာ အဆင်ပြေစေဖို့ ၊ ဘဝလမ်းတစ်လျှောက် အကူညီကောင်းများနဲ့ အောင်မြင်စေဖို့ စေတနာအရင်းခံပြီး 
ဒီကျင့်စဉ်လေးကို ရေးသားတင်ပြလိုက်ရပါတယ် ။ 

လူတိုင်း ဒီကျင့်စဉ်ကို ကျင့်နိုင်တယ် ။
အထူးသဖြင့် လောကီလမ်းကို လိုက်စားနေတဲ့ 
လူတွေပိုကျင့်သင့်ပါတယ် ။ ကျင့်စဉ် အောင်မြင်
သြားတဲ့အခါ ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့ -

ခုနှစ်ရက် သား၊သမီးမ်ား အလွန်ချစ်ခင်
လေးစားလာမယ် ။ အလုံးစုံသော လူနတ်ဗြဟ္မာ 
သတ္တဝါများ မေတ္တာသက်ဝင်လာမယ် ။ 
နတ်ဒေဝီဒေဝါများ ၊ စုန်းကဝေများ ၊ ၃၇ မင်းနတ်များ ၊ အဝရုဒ္ဓက နတ္ဘီလူးဆိုးမ်ား ၊ တစေၧ ၊ မြေဘုတ် ၊ အစိမ်းသရဲများ ၊ နာနာဘာဝများပါမကျန် 
ချစ်ခင်လေးစားပါလိမ့်မယ် ။ မိမိအပေါ် 
မလိုမုန်းထား ရန်ငြိုးဖွဲ့ထားတဲ့ လူမ်ား ၊ 
အထက် အရာရှိကြီးများပါ ချစ်ခင်လာစေပါတယ် ။ ဘေးအန္တရာယ်ကင်းရှင်းပြီး အကြံအစည်တွေ အထမြောက် အောင်မြင်လာပါလိမ့်မယ် ။ 
ကဲ ပေရှည်တာ နည်းနည်းများသွားပြီ ။ 
ကျင့်စဉ်ရဲ့ တစ်ဆင့်ချင်းကို ဖော်ပြပေးမယ် ။ 

ရှေးဦးစွာ ပရိကံပြုခြင်း
==============================

- အဓိဋ္ဌာန်ပုတီး မစိပ်ခင် ပရိကံပြုရမယ့် 
အနေနဲ့ ပထမဆုံး ဘုရားရွိခိုး ၊ 
ဘုရားပင့် ၊ ငါးပါးသီလ ခံယူ ၊ နတ်ပင့်ပါ ။ 

- ပုတီးစိပ်မယ့် ရှေ့မှာ ရေတစ်ခွက်ထားပါ ။ 

- နမောတဿ သုံးကြိမ် ဖြည်းဖြည်းနဲ့
မှန်မှန်ကန်ကန်ရွတ်ပြီး တပည့်တော်၏ 
ခန္ဓာငါးပါး ၊ ရုပ်နာမ်နှစ်ပါးကို 
မြတ်စွာဘုရားရှင်အား လှူဒါန်းပါ၏ ဘုရား ။

- တပည့်တော်သည် မိုက်မဲတွေဝေခဲ့သည့်အလျောက် ရတနာမြတ်သုံးပါးနှင့် တကြ မိဘ ၊ ဆရာ ၊
အရှင်သူမြတ်တို့အား ကံသုံးပါးတို့တွင်
တစ်ပါးပါးဖြင့်ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် 
ထိုအျပစ္တို့မွ ပျောက်ပါစေခြင်းအကျိုးငှာ 
တောင်းပန်ဝန်ချကန်တော့ပါ၏ အရှင်ဘုရား ။ 

- ထို့နောက် ခင်ပွန်းကြီး ဆယ်ပါးကန်တော့ချိုး 
ပါဠိ နှင့်တကွ အနက်ကိုပါသေချာ
ရွတ်ဖတ်ပြီး တောင်းပန်ဝန်ချကန်တော့ပါ ။ 

- ကိုယ်စောင့်နတ် ၊ အိမ်စောင့်နတ် ၊ ကျောင်းစောင့်နတ် ၊ လမ်းစောင့်နတ် ၊ ရပ်ကွက်စောင့်နတ် ၊ လောကပါလ
စောင့်နတ် ၊ ရွာစောင့်နတ် ၊ မြို့စောင့်နတ် ၊ သာသနာတော်စောင့်နတ် ၊ ကမ်ဘာစောင့်နတ်များ နှင့်တကွ
၃၁ ဘုံကျင်လည်ကုန်သော ရှိရှိသမျှ လူ ၊ နတ် ၊ 
ဗြဟ္မာ ၊ ပုဂ္ဂိုလ် ၊ သတ္တဝါဟူသမျှတို့သည် 
အသက်ထက်ဆုံးဘေးမသီရန်မခ ၊ 
ကျန်းမာချမ်းသာကြပါစေကုန်သတည်း ။ 

- ဘဝအဆက်ဆက်မှစ၍ ယခုဘဝတိုင် ပြုခဲ့သမျှ 
တပည့်တော်၏ ဒါန ၊ သီလ ၊ ဘာဝနာ စေသာ
ကုသိုလ်တို့သည် တပည့်တော်အလိုရှိအပ်သော 
တောင်းဆုသို့ ပြည့်မြောက်အောင် ဖြည့်ဆည်းရာတွင်ထောက်ပံ့ပေးနိုင်သော စွမ်းအားတစ်ခုသည် 
ဧကန်အမှန်ဖြစ်ပါစေအရှင်ဘုရား ။

သစ္စာအဓိဌာန် ပြုခြင်း
=============================

- အရှင်ဘုရား ဘုရားတပည့်တော်သည် 
ယနေ့ယခုအချိန်အခါ၌ သဗ္ဗသိဒ္ဓိ ဂါထာတော်ကြီးအား ၁၀၈လုံးပါသော စိပ်ပုတီးဖြင့် ၁ ပတ္တိတိကို 
၉ ရက်တိုင်တိုင် အချိန်မှန်စိပ်ပါမည်ဟု 
သစ္စာဆိုအဓိဌာန်ပြုပါသည်အရှင်ဘုရား ။
ဒီနေရာမှာ အဓိဋ္ဌာန်ကို ၉ ရက်ကစပြီးဝင်ပါ ။ 
၉ ရက်ဝင်လို့အောင်ပြီးရင် ၁၈ ရက် ၊၂၇ ရက် ၊ 
၃၆ ရက် ၊ ၄၅ ရက် စသည်ဖြင့် 
နဝင်းကိုက် အဆင်ပြေသလို ဝင်နိုင်ပါတယ် ။ 

မှတ်ချက် - အချိန်မှန် ၊ နေရာမှန် ရပါမယ် ။ 
ဒီနေ့ ည ၉ နာရီ အဓိဋ္ဌာန်စပြီး 
နောက်နေ့ ည ၁၀ နာရီမွာ စလို့မရပါ ။ 

- သစ္စာအဓိဌာန်ပြုထားသော ၉ ရက် 
မပြည့်မခြင်း သတ်သတ်လွတ် စားသုံး၍ ခန္ဓာကိုယ်ကိုဆောက်တည်ပြီး သစ္စာအဓိဌာန်ဝင်ပါမည်ဘုရား ။ 

- ဘုရားတပည့်တော်သည် သစ္စာအဓိဌာန် 
ပုတီးစိပ်ရာ၌ စိပ်ပုတီးစိပ်၍မပြီးမခြင်း 
ခြေထောက်မပြင်ပဲ တစ်ထိုင်တည်းဖြင့် သော်လည်းကောင်း ၊ စိပ္ပုတီး စစိပ်သည့် 
အချိန်မှစ၍ မျက်စိမဖွင့်ဘဲ မပြီးမခြင်း 
မျက်စိတစ်မှိတ်တည်းဖြင့် သော်လည်းကောင်း ၊ 
စိပ်ပုတီးစိပ်နေစဉ် အတောအတွင်း မည့်သည့်တစ်စုံတစ်ဦး ခေါ်ဆိုသော်လည်း စကားပြန်မပြော ၊ အသံမပြုဘဲဖြင့်လည်းကောင်း ၊ မှက်ခြင်များကိုက်သော်လည်း မရိုက်မပွတ်မသတ်ဘဲ သော်လည်းကောင်း ၊ ချေွးများထွက်သော်လည်းမသုတ်ဘဲဖြင့် သော်လည်းကောင်း ၊ ထိုကဲ့သို့သော 
အချက်များဖြင့် သစ္စာဆိုအဓိဌာန် တင်းကျပ်၍ 
စိပ်ပုတီးစိပ်ပါမည်ဟု သစ္စာပြုပါသည် အရှင်ဘုရား ။ 

မှတ်ချက် - 

မနိုင်ဝန်ထမ်းရမည့် ကိစ္စများအတွက် 
ဖြုတ်ချင်ဖြုတ်ထားခဲ့ပါ ။ နတ်ဗြဟ္မာအပေါင်းကို သက်သေထားပြီး သစ္စာဖြင့်ပြန်ချုပ်ရတဲ့ ကျင့်စဉ်ဖြစ်လို့ အကျိုးပေးအနည်းအများတော့ကွာပါလိမ့်မည် ။ 

- ဘုရားတပည့်တော်ပင့်ဖိတ်၍ ကြွရောက်
လာကြကုန်သော လူနတ်ဗြဟ္မာ ၊ သူတော်စင် 
ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တို့အားလည်းကောင်း ၊ 
သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အားလည်းကောင်း ၊ အလုံးစုံသော ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ 
တပဿီ အစရှိသော သူတော်ကောင်းအပေါင်းတို့အား လည်းကောင်း ၊ ဘုရားတပည့်တော်အား စောင့်ရှောက်ကြကုန်သော အစောင့်ရှောက်နတ်မင်းများ ၊ 
သိဒ္ဓိရှင်များ ၊ မဟိဒ္ဓိရှင်များ ၊ ပါရမီရှင်များ 
အပေါင်းတို့အား လည်းကောင်း ၊ သဗ္ဗသိဒ္ဓိ 
ဂါထာတော်မြတ်ကြီးအား စောင့်ရှောက်လျက် 
ရှိကြကုန်သော အစောင့်ရှောက် နတ်မင်းများ ၊ 
သိဒ္ဓိရှင်များ ၊ မဟိဒ္ဓိရှင်များ ၊ ပါရမီရှင်များအပေါင်းတို့အား လည်းကောင်း ၊ အသိသက်သေအရာထား၍ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ထံမှောက်၌ 
သစ္စာအဓိဌာန်ပြုအပ်ပါသည် အရှင်ဘုရား ။ 

- ထိုကဲ့သို့ သစ္စာအဓိဌာန် ပြုထားသည်နှင့်အညီ 
ယနေ့ယခုအချိန်အခါ၌ စိပ်ပုတီးစတင်၍ 
စိပ်ပါတော့မည် အရှင်ဘုရား ။ စိပ်ပုတီးစတင်၍ 
စိပ်ခွင့်ပြုပါရန်ရိုသေလေးမြတ်စွာတောင်းပန်လျှောက်ထားအပ်ပါသည် အရှင်ဘုရား ။

အထက်ပါ သစ္စာအဓိဋ္ဌာန်ပြုတဲ့
စာပိုဒ်တွေကို အဓိဋ္ဌာန်စဝင်မည့်
ပထမဆုံးနေ့မှာသာ ရွတ်ဆိုရမှာဖြစ်ပါတယ် ။ 

ပုတီးစိပ်ရမည့် သဗ္ဗသိဒ္ဓိ ဂါထာတော်
===============================

သတ်ဗေ ဒေဝါစ ယက်ခါစ ၊ ဘူတာပေတာစ ဇော်ဂနီ ၊ 
ရာဇမတ္တာ မနုတ်သာစ ၊ သတ်ဗေဒေဝါ ဝိနာမန္တု ၊ 
ဒိတ္သြာဝ ပီယေတာ စိတ္တံ ၊ ပုတ်တောဝ သိနေဟံ မမ 
ဗုတ္ဓတ္သ အာနုဘာဝေန ၊ သဒါ ဟောတု ပိယာ မမ ။ 




အနက် အဓိပ္ပါယ်
========================

သတ်ဗေ - ခပ်သိမ်းကုန်သော 
ဒေဝါစ - နတ်တို့သည် လည်းကောင်း ၊
ယတ်ခါစ - ဘီလူးတို့သည် လည်းကောင်း ၊ 
ဘူတာပေတာစ - ဘုတ်ပြိတ္တာတို့သည် လည်းကောင်း ၊
ဇော်ဂနီ - စုန်းကဝေ ဇော်ဂနီတို့သည် လည်းကောင်း ၊
ရာဇမတ္တာ - မင်း၏ အမတ်တို့သည် လည်းကောင်း ၊
မနုတ်သာစ - လူသားတို့သည် လည်းကောင်း ၊ 
သတ်ဗေ - ခပ်သိမ်းကုန်သော 
ဒေဝါ - နတ်တို့သည် လည်းကောင်း ၊ 
မမ - တပည့်တော်အား ၊ 
ဝိနာမန္တု - ညွတ်ကြပါစေကုန်သတည်း ။
တေသံ - ထိုပုဂ္ဂိုလ်တို့၏
စိတ္တံ - စိတ်သည် ၊ 
ပိယေတာ - ချစ်သောအားဖြင့် ၊ 
ဒိတ္သြာဝ - ကြည့်၍သာလျှင် ၊ 
မမ - ကျွန်ုပ်အား 
သိနေဟံ - ချစ်ခြင်းကို ၊ 
ပုတ်တောဝ - သားကဲ့သို့ ၊ 
ကေရာတု - ပြုစေသတည်း ။ 
ဗုတ္ဓတ္သ - မြတ်စွာဘုရား၏
အာနုဘာဝေန - တန်ခိုးတေဇော်
အာနုဘော်တော်ဖြင့် ၊ 
မမ - ကျွန်ုပ်အား 
သဒါ - အခါခပ်သိမ်း ၊ 
ပိယာ - ချစ်မြတ်နိုးကုန်သည် ။ 

ခန္ဓာကိုယ်အတွင်း ချုပ်၍သိမ်းဆည်းခြင်း
====================================

- မြတ်စွာဘုရား ဘုရားတပည့်တော်သည် 
သစ္စာအဓိဋ္ဌာန်ပြုထားသည်နှင့် အညီ
သဗ္ဗသိဒ္ဓိ ဂါထာတော်မြတ်ကြီးအား
၁၀၈ ခေါက်တိတိ ရွတ်ဖတ် သရဇ္ဈာယ်၍
ပုတီးစိပ် ကျင့်ကြံအားထုတ် ပြီးပါပြီဘုရား ။

- ဘုရားတပည့်တော် ကျင့်ကြံသမျှ ဤ သဗ္ဗသိဒ္ဓိ 
ဂါထာတော်မြတ်ကြီး၏ ပညာတန္ခိုး ၊ မဟိဒ္ဓိတန်ခိုး ၊ သိဒ္ဓိတန်ခိုး ၊ သစ္စာတန်ခိုး ၊ မေတ္တာတန်ခိုး ၊ 
ဂုဏ်တော်တန်ခိုး ၊ ဂါထာတန္ခိုး အစုအပေါင်းတို့သည် ဘုရားတပည့်တော် ဦးခေါင်းရတနာထက်၌ 
မပျောက်မပျက် တည်ရှိပါစေသတည်း ။ 

- ဘုရားတပည့်တော်၏ ဝဲယာ နှစ်ဘက် 
ပုခုံးအထက်၌ လည်းကောင်း ၊ နှလုံးအိမ်အတွင်း ၊ အဆုတ် ၊ အသည်း ၊ ကျောက်ကပ်အတွင်း၌ 
မပျောက်မပျက် တည်ရှိပါစေသတည်း ။ 

- တစ်ချက်ခြင်း မိမိစိတ်ထဲ ကျင့်ကြံခဲ့သမျှ  
စရဏအကျင့်များ မိမိခန္ဓာအိမ်ထဲ 
မပျောက်မပျက် သိမ်းဆည်းထားသလို 
အာရုံပြုပြီး တိုင်တည်သိမ်းဆည်းထားရပါတယ် ။

သစ္စာပြု ဆုတောင်းရန်
================================

ဘုရားတပည့်တော်သည် သစ္စာအဓိဌာန်ပုတီးစိပ်ရာ၌ စိပ်ပုတီးစိပ်၍မပြီးမခြင်း ခြေထောက်မပြင်ပဲ တစ်ထိုင်တည်းဖြင့် သော်လည်းကောင်း ၊ စိပ္ပုတီး 
စစိပ်သည့် အချိန်မှစ၍ မျက်စိမဖွင့်ဘဲ မပြီးမခြင်း 
မျက်စမျက်စိတစ်မှိတ်တည်းဖြင့် သော်လည်းကောင်း၊စိပ်ပုတီးစိပ်နေစဉ် အတောအတွင်း မည့်သည့်တစ်စုံတစ်ဦး ခေါ်ဆိုသော်လည်း စကားပြန်မပြော ၊ အသံမပြုဘဲဖြင့်လည်းကောင်း ၊ မှက်ခြင်များကိုက်သော်လည်း မရိုက်မပွတ်မသတ်ဘဲ ၊ ချေွးများထွက်သော်လည်းမသုတ်ဘဲဖြင့် သော်လည်းကောင်း ၊ 
ထိုကဲ့သို့သော အချက်များဖြင့် သစ္စာဆိုအဓိဌာန်တင်းကျပ်၍ စိပ်ပုတီးစိပ်ခဲ့ပါသည် အရှင်ဘုရား ။ 

- ဤသစ္စာများမှန်ကန်ပါက 
ဤမှန်ကန်သော သစ္စာစကားများကြောင့် ၊ 
ဤမှန်ကန်သော သစ္စာစကားများ၏ 
တန်ခိုးတေဇော် အာနုဘော် ၊ အာဏာတော် ၊ အာဏာစက်တို့ကြောင့် လူ ၊ နတ် ၊ ဗြဟ္မာ ၊ ဒေဝီဒေဝါ ၊ စုန်း ၊ ဘုတ် ၊ ကေဝ ၊ မိစၧာ ၊ အောက်လမ်း ၊ 
ကြမ်းတမ်းသဘက် ဘီလူးများနှင့် ၃၁ ဘုံသားမ်ား အားလုံးတို့သည် ဘုရားတပည့်တော်အား 
ဝမ်းကြာတိုက်မှ ဖွားမြင်သော ရင်ဝယ်သားကဲ့သို့ 
ချစ်ခင်ကြင်နာကြ၍ တပည့်အလိုရှိသည့်အခါတိုင်း ကူညီစောင့်ရှောက်ကြပါစေကုန်သတည်း ။ 

- ပြီးလျှင် ရှေ့မှာချထားတဲ့ ရေခွက်ကို 
ပါးစပ်နားကပ်ကာ သဗ္ဗသိဒ္ဓိ ဂါထာနဲ့
၉ ခေါက်ရွတ်ဖတ်ပြီး ကုန်အောင်သောက်ပါ ။ 

- နောက်ရက်များတွင် ဘုရားတပည့်တော်သည် 
သဗ္ဗသိဒ္ဓိ ဂါထာတော်မြတ်ကြီးအား ၁၀၈ လုံးပါသောပုတီးဖြင့် ၊ ပုတီး ၁ ပတ္တိတိကို ၉ အချိန်မှန်စိပ်ရန် 
အဓိဌာန်ဝင်ထားသည်နှင့် အညီ ယနေ့အဖို့ 
ကျန်ရှိနေသေးသော အဓိဌာန်ပုတီးပတ်များအား ဆက်လက်၍ စိပ်ခွင့်ပြုပါရန် ရိုသေလေးမြတ်စွာ တောင်းပန်လျှောက်ထားအပ်ပါသည် အရှင်မြတ်ဘုရား ။ 

မှော်စဉ်ကဏ္႑ပြီး၏ ။ 

မေတ္တာဖြင့် - 

#ပိုင်ဖြိုးကျော်@
#Little_Donut

မူရင်းလင့်။ ။https://www.facebook.com/groups/357203587979338/permalink/1245615449138143/

 မူလေရးသားသူကို crd ပေးပါတယ်

Friday, September 18, 2020

@မေတ္တာသုတ် ကျင့်စဉ်တစ်ခု



မေတ္တာသုတ်ကို ကျင့်စဉ်တစ်ခုအနေနဲ့ရွတ်ဖတ်လိုသောသူများအတွက် မေတ္တာသုတ်ကို ဂြိုလ်သက်လိုက်ရွတ်ဖတ်ပူဇော်နည်းကိုဖော်ပြပေးလိုက်ပါတယ်

တစ်ပတ်လောက်စမ်းရွတ်ကြည့်ပါ သိသိသာသာထူးခြားလာပါမည် ကိုယ်တွေ့ဖြစ်ပါသည်။

🙏🙏🙏"မေတ္တာသုတ်ရွတ်ပုံ နည်းစနစ်"🙏🙏🙏

တနင်္ဂနွေဂြိုလ်သက် ၆

တနင်္လာဂြိုလ်သက် ၁၅

အင်္ဂါဂြိုလ်သက် ၈

ဗုဒ္ဓဟူးဂြိုလ်သက် ၁၇

စနေဂြိုလ်သက် ၁၀

ကြာသပတေးဂြိုလ်သက် ၁၉

ရာဟုဂြိုလ်သက် ၁၂

သောကြာဂြိလ်သက် ၂၁

(စုစုပေါင်းဂြိုလ်သက် ၁၀၈)

🙏🙏🙏🙏🙏

၁။ တနင်္ဂနွေနေ့မှာ စရွတ်လျှင် မရွတ်မှီ-

"တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွ

တနင်္ဂနွေသားသမီးများအားလုံး

၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အရှေ့မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ"......ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၆ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၂။ တနင်္လာနေ့မှာ စရွတ်လျှင် မရွတ်မှီ-

"တနင်္လာဂြိုလ်မင်းကြီးနှင့်တကွ တနင်္လာသားသမီးများအားလုံး ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အရှေ့အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၅ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၃။ အင်္ဂါနေ့မှာ စရွတ်လျှင် မရွတ်မှီ- "အင်္ဂါဂြိုလ်မင်းကြီးနှင့်တကွ အင်္ဂါသားသမီးများအားလုံး ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အရှေ့တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၈ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၄။ ဗုဒ္ဓဟူးနေ့ နံနက်အာရုံတက်မှ နေ့လည် ၁၂ နာရီ မထိုးမီ- စရွတ်လျှင် မရွတ်မှီ-

"ဗုဒ္ဓဟူးဂြိုလ်မင်းကြီးနှင့်တကွ ဗုဒ္ဓဟူး သားသမီးမ်ားအားလုံး၊ ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊ တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၇ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၅။ ရာဟုဂြိုလ်အတွက် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီမွ ည ၁၂ နာရီအတွင်း၊ စရွတ်လျှင် မရွတ်မှီ-

"ရာဟုဂြိုလ်မင်းကြီးနှင့်တကွ ရာဟု သားသမီးမ်ားအားလုံး၊ ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၂ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၆။ ကြာသပတေးနေ့မှာ စရွတ်လျှင် မရွတ်မှီ- "ကြာသပတေးဂြိုလ်မင်းကြီးနှင့်တကွ ကြာသပတေး သားသမီးမ်ားအားလုံး၊ ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အနောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၉ ခေါက် စပြီးရွတ်ပါ၊ 

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၇။ သောကြာနေ့မှာ စရွတ်လျှင် မရွတ်မှီ- "သောကြာဂြိုလ်မင်းကြီးနှင့်တကွ သောကြာ သားသမီးမ်ားအားလုံး၊ ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊ မြောက်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၂၁ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၈။ စနေ့မှာ စရွတ်လျှင် မရွတ်မှီ- "စနေဂြိုလ်မင်းကြီးနှင့်တကွ စေန သားသမီးမ်ားအားလုံး၊ ၎တို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ.. ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၀ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

မှတ်ချက်။ ။

၁။ ကြိုက်ရာနေ့မှာ အထက်ပါအတိုင်း သက်ဆိုင်ရာ နေ့၏ ဂြိုလ်သက်အတိုင်း စတင်ရွတ်ဆိုနိူင်ပါသည်။

၂။ တစ်နေ့ခြင်းလည်း ရွတ်နိူင်ပါသည်။

၃။ တစ်နေ့တည်း ဂြိုလ်သက်စုံအောင် ရွတ်ဆိုနိူင်ပါကလည်း စသည့်နေ့၊ စသည့်ဂြိုလ်မှ ဆုံးအောင်၊ ၁၀၈ ခေါက်ပြည့်အောင် ရွတ်ဆိုနိူင်ပါသည်။

၄။ ဗုဒ္ဓဟူးနေ့မှာတော့ နေ့လည် ၁၂ နာရီ မထိုးမီ ဗုဒ္ဓဟူးနေ့အတွက် အပြီးရွတ်၍၊ နေ့လည် ၁၂ နာရီ နောက်ပိုင်းမှာ ရာဟူဂြိုလ်အတွက် ရွတ်ပေးရပါမည်။

၅။ ရန်ဖြစ်စရာကိစ္စများ၊ စကားအခြေအတင် ပြောရခြင်းများ ပေါ်ပေါက်လာပြီး အစမ်းသပ် ခံရပါလိမ့်မည်၊

၆။ မေတ္တာဖြင့် သီးခံပြီး ရှောင်ရှားပေးခြင်း၊ ပြန်မပြောခြင်းဖြင့် ရန်ကိုရှောင်ရပါမည်။

၇။ ပြိုင်လာလျှင် အရှုံးပေးခြင်း နည်းကိုသာ ရွေးချယ်ရပါမည်၊

၈။ ဤမေတ္တာကျင့်စဉ်မှာ အစမ်းသပ် ခံရပြီးမှသာလျှင် အဆင့် တက်မည်ဖြစ်၍ သတိထားပြီး ရန်ကိုရှောင်ပေးပါ။

၉။ ရရှိလာမည့် အကျိုးကျေးဇူးမျာမှာ- 

(၁) မေတ္တာသုတ် ရွတ်ဆိုမည့် ရှေ့တည့်တည့်တွင် သောက်ရေထား၍ မောသည့်အခါ ထိုရေကိုသောက်ခြင်းဖြင့် မည်သည့်ဘေး ပေယာဂေရာဂါဆိုးမ်ား မကျရောက်နိူင်တော့ပါ။

(၁) ၄၅ ရက် အတွင်းမှာပင် အလုပ်အကိုင် အခွင့်အလမ်းများ စတင်ပေါ်ပေါက်တတ်ပါသည်။

(၂) ဆက်လက် ကျင့်ကြံနိူင်ပါက ၃ နှစ်အတွင်း ယခုဘဝ တစ်သက်စာအတွက် စားဝတ်နေရေးကိစ္စများအတွက် မပူမပင် မကြောင့်မကြမတောင့်တရဘဲ အားလုံးပြည့်စုံပြီးဖြစ်ပါလိမ့်မည်။

(၃) ရွတ်ဆဲကာလ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရွတ်ဆို၍ အလွန်ကောင်းမွန်လာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများဖြစ်ပေါ်လာ၍ စတုတ္တဈာန်အဆင့်ကိုပင်ရရှိနိူင်ပါသည်။

(၄) ထိုမှတစ်ဆင့် ဝိပဿနာကူး၍အားထုတ်ခဲ့ပါက လွယ်ကူလျင်မြန်စွာတရားထူးတရားမြတ်ကို သေချာပေါက် ရရှိနိူင်ပါသည်။



မူရင်းလင့်။ ။ 

 မူလေရးသားသူကို crd ပေးပါတယ်

Sunday, September 13, 2020

ကြွေးတောင်းယတြာ


ငွေ ပို ့ပေးမဲ့သူက မပို ့ဘူးလား
အကြွေးပေးမဲ့သူက ရက်ချိန်းခဏခဏ
ရွှေ့နေသလား
ရမဲ့ လုပ္ခ လစာ ပစ္စည်းဘိုး တောင်းမရဘူးလား
ဆက်သွယ်ရ ခက်နေလား
သည်လိုဆောင်ရွက်ပါ

မိမိမွေးနေ ့မနက် မှာဖြစ်စေ လပြည့်နေ ့မှာဖြစ်စေ
မိမိငွေ ၁၀၀၀၀ိ တန်နဲ့ ဖယောင်းတိုင်တစိထုတ်အမွှေးတ်ိုင်
တစ်ထုတ်ဝယ်လိုက်ပါ။ ပြန်အမ်းတဲ့ငွေထဲက ၅၀၀၀ိ တန်နဲ့
မိမိ ထံငွေပေးရမဲ့သူ ဓာတ်ပုံက်ို ၉ ခါ ယပ်ခပ်ပြီးနာမည်ခေါ်လျက်
မိမိ လ်ိုရာ ၉ ခါ ပြောပါ။မေတ္တာနဲ့ပြောပါ။
ဖယောင်းတိုင် နဲ ့ အမွှေးတိုင်က်ို နေအ်မ်ဘုရားမှာဖြစ်စေ
ဘုရားတစိဆုူ မိမိ မွေးနံထောင့်မှာဖြစ်စေ အဆင်ပြေသလို ပူဇော်ပါ။
မရသေးရင် နောက်တစ်ပါတ် ထပ်လုပ်ပါ။မရသေးရင်
တစ်ပါတ်ခြားပြီး တတိယ အကြိမ် လုပ်ရင် လုံလောက်ပါပြီ။
အဆင်ပြေချောမွေ့ပါစေ။

ဆရာ ကောင်းသုခ
၂၄ ၆ ၂၀၁၉

မူရင်းလင့်။ ။
မူလေရးသားသူကို crd ပေးပါတယ်

Saturday, September 12, 2020

သူရိယဗန္တနသဟာယပညာ


                 နေမင်းကို မိတ်ဖွဲ့အပ်သောပညာရပ်

နေအထွက်တွင် စီရင်ရမည်ဖြစ်သဖြင့် မိုးကုတ်စက်ဝိုင်းကို မြင်နိုင်သည့်နေရာ ( တောင် )အရင်ရှာပါ။
မြန်မာနှစ်ဆန်း တစ်ရက်နေ့သည် လတစ်လ၏လဆန်းတစ်ရက်နေ့ တနင်္ဂနွေနေ့ လည်းဖြစ်သော
ရက်၌ဤအစီအရင်ကို စီရင်ရမည်။စီရင်မည့်သူသည် တင်ကြို၍ မေတ္တာကမဋ္ဌာန်းကို 
စီးဖြန်းထားရမည်။အနည်းဆုံး ကာမေသုနှင် သုရာမေရယကံနှစ်ပါကိုသစ္စာဖြင့် စောင့်ထိမ်းရမည်။
မစီရင်မှီ စနေနေ့မှ စ၍ တနင်္လာနေ့အထိသုံးရက်ကို ကိုးပါးသီလစောင့်ထိန်း၍ မီးလွတ်တစ်ကြိမ်
စားရပါမည်။
*တနင်္ဂနွေနေ့ နေစထွက်ချိန်၌ ရွှေပြားတွင် ပ အက္ခရာကို ရေးထားပါ။
* နေမွန်းတည့်ချိန် ( အရိပ်ပျောက် ) သော် ပစောက်ထဲ၌ အ အက္ခရာကို ရေးပါ။
* နေဝင်ခါနီးတွင် ာ နှင့် အထဲက ရ ကိုရေးပါ။
*ညဖက် ကြယ်ကြွေချိန်ကို စောင့်၍ ကြယ်ကြွေချိန်တွင် သေးသေးတင် ကိုရေးပါ။
ထိုအခါ၌ တော်လဲခြင်း ငလျင်လှုပ်ခြင်း ဥပဒ်ပြန်ခြင်စသည့်ထူးခြားမှုများဖြစ်မည်။
ထို့နောက် ဘုရားတစ်ဆူဆူတွင် အာရုံမတတ်ခင် ဂုဏ်တော်တစ်ထောင် သမ္ဗုဒေ္ဓတစ်ထောင်
 အပီးပူဇော်ပီး သိဒ္ဓိတင်ပါ။ထိုအခါ စီရင်ခြင်း အောင်မြင်ပီဖြစ်ပါသည်။ နေ့စဉ် သမ္ဗုဒေ္ဓဂါထာကို
ပုတီး ၉ ပတ်စိပ်ပေးပါ။ အကျိုးကား အနန္တတည်း။အနုအကြမ်းနှစ်လမ်းလုံးရသည်။
လိုရာသိဒ္ဓပီး၍ စေတစ်လုံးပိုင်ရှင်က့ဲသို့ ဖြစ်လိမ့်မည်။အောင်မြင်သူများလည်းဟရှိခ့ဲဖူးပီ။

မိုးကုတ်စက်ဝိုင်းကိုမြင်နိုင်သောနေရာများမှာ  
  
   ရန်ကုန်မြို့ ရွှေတိဂုံကုန်းတော်
   မြိတ်မြို့ လေးကျွန်းဆီမီး သိမ်တော်ကြီး ဘုရားကုန်းတော်
   ပြည်မြို့ရွှေဆံတော်ဘုရားတည်ရာ သုဒဿနတောင်တော် စသည်
  



မူရင်းလင့်။ ။ @
မူလေရးသားသူကို crd ပေးပါတယ်

ဂမ္ဘီရမေတ္တာပို့


                    ဂမ်ဘီရမတ္တာပို့
             အရှေ့နေထွက် အနောက်နေဝင် တောင်တံငါခွင် မြောက်ဓူဝံကြယ်
             အထက်ဘဝဂ် အောက်အဝိစိ န့ှံပြည့်ကြေငြာ ဖီလာထုတ်ချင်း
             ရူပ အရူပ ကာမဘုံ၌ ကျင်လည်ကြကုန်သော
             ဝိဇ္ဇာဇော်ဂျီ တပဿီအပေါင်းမှစ၍ သုခိတာ ဒုက္ခိတာ ဝေနေယျအပေါင်း
             ကာဝါလမိုင်း တောလမိုင်း တောင်လမိုင်း ရေလမိုင်း အာကာလမိုင်း
             ဣတၳိမန္တာန် ဝေမာနိက ပြိတ္တာအပေါင်းမှစ၍ သုံးဆယ့်တစ်ဘုံသားအားလုံး
             အ. ဝေရာ ဘေးအပေါင်းမှ ကင်းဝေးကြပါစေ
             ဗျာပဇ္ဇာ စိုးရိမ်ကြောင့်ကြ ပူပန်ခြင်းမှ ပျောက်ကင်းကြပါစေ
             အ.နီဃာ ဆင်းရဲပင်ပန်းခြင်းမှ ကင်းဝေးကြပါစေ
             ဒုက္ခ ဝဋ်ဆင်းရဲအပေါင်းမှ ကင်းလွတ်ကြပါစေ
             လာမသင်္ဃရာ တည်ကုန်သော ယထာလဒ္ဓ သမ္ပတ္တိသော
             အကျင့်အကြံရအပ်ပီးသော ပညာ စည်းစိမ်ချမ်းသာ
             ကြက်သရေမင်္ဂလာဟူသမျှတို့နှင့်တကွ မရရှိသေးသော စည်းစိမ်ဥစ္စာပညာ
             တို့သည်လည်း ရရှိကြ၍ မိမိကိုယ်တိုင်မှာလည်း စောင့်ရှောက်ထိန်းးသိမ်းနိုင်သော
             ပုဂိ္ဂုလ်ထူး ပုဂိ္ဂုလ်မြတ်များ ဖြစ်ကြပါစေ။ ။

ဘုရားရှိခိုးပီးတိုင်း ရွတ်ဆိုမေတ္တာပို့ပါ။၁၅ရက်မှ ၂၁ရက်အတွင်း ထူးခြားမှုကြုံရမည်။
လူနတ်ချစ်ခင်ခြင်း သွားလေရာရာ လူချစ်လူခင်ပေါများ၍ စားသောက်နေထိုင်မှု
မပူပန်ရခြင်း ကြံစည်လုပ်ကိုင်သမျှ ကူညီစောင့်ရှောက်မည့်သူများ ပေါ်လာတတ်ခြင်း
မိမိပြုလုပ်ဆောင်ရွက်စရာကို အိမ်မက်ဖြင့် ကြိုတင်သိမြင်တတ်ခြင်း တန်ခိုးကြီးဘုရားများဖူးရခြင်း
သွားလိုသည့်ခရီးသည် မည်မျှကြမ်းတမ်းပါစေအနှောက်အယှက် အခက်အခဲမရှိ သွားရောက်ရခြင်း
စသည့်ထူးခြားသည့် အကျိုးတရားများခံစားရပါလိမ့်မည်။ ။ 
             



မူရင်းလင့်။ ။@
 မူလ​ရေးသားသူကို crd ပေးပါတယ်

အရိယာသိဒ္ဓိရှင်လမ်းစဉ် ပုတီးစိပ်နည်း

   နမောတဿ ဘဂဝေတာ အရဟေတာ သမ္မာသမ္ဗုဒ္ဓဿ


                ဗုဒ္ဓံ သရဏံ ဂစၧာမိ ၁ ပတ်
   ဒုတိယမိ္ပ ဗုဒ္ဓံ သရဏံ ဂစၧာမိ ၁ ပတ်
 တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစၧာမိ ၁ ပတ်   

        
                ဓမ္မံ သရဏံ ဂစၧာမိ ၁ ပတ်
   ဒုတိယမိ္ပ ဓမ္မံ သရဏံ ဂစၧာမိ ၁ ပတ်
 တတိယမ္ပိ ဓမ္မံ သရဏံ ဂစၧာမိ ၁ ပတ်

                သံဃံ သရဏံ ဂစၧာမိ ၁ ပတ်
   ဒုတိယမ္ပိ သံဃံ သရဏံ ဂစၧာမိ ၁ ပတ်
   တတိယမ္ပိ သံဃံ သရဏံ ဂစၧာမိ ၁ ပတ်

                   ဗုဒ္ဓံ သရဏံ ဂစၧာမိ
                   ဓမ္မံ သရဏံ ဂစၧာမိ    
                   သံဃံ သရဏံ ဂစၧာမိ စဆုံး ၁ ပတ်

     ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစၧာမိ  
     ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစၧာမိ
      ဒုတိယမ္ပိ သံဃံ သရဏံ ဂစၧာမိ စဆုံး ၁ ပတ်

     တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစၧာမိ
     တတိယမ္ပိ ဓမ္မံ သရဏံ ဂစၧာမိ
    တတိယမ္ပိ သံဃံ သရဏံ ဂစၧာမိ စဆုံး ၁ ပတ်

ကိုယ်စောင့်နတ် အိမ်စောင့်နတ် မြို့စောင့်နတိ ရွာစောင့်နတ် ရုက္ခစိုး ဘုမ္မစိုးနတ်များ သိကြားဗြဟ္မာ
လောကပါလနတ်မင်းများ သာသနာတော်စောင့်မင်းကြီးများ အထက်ပုဂိ္ဂုလ်ကြီးများအား
အသိသက်သေအရာထား တိုင်တည်ပီး မွေးနေ့မှစ စိပ်ပါ။
စုစုပေါင်း ၁၂ ပတ်ပါ။ တစ်နေ့ ၁၂ ဖြင့် ၉ရက်စိပ်ပါ။ ၉ရက်ပြည့်ပါက အမှတ်သေးတစ်ခုမှတ်ထားပါ။
အမှတ်လေး ၉ခုပြည့်လျှင် အမှတ်ကြီး ၁ ခုမှတ်ပါ။လောကီလောကုတ်အကျိုးနှစ်ဖြာ
တကယ်ဟုတ်ရမည်။ကြိုက်သည့်နေရာ ကြိုက်ရာပုံစံကိုရွေး။အိမ်မက် သို့မဟုတ် ကိုယ်တိုင်
လမ်းညွှန်ပါလိမ့်မည်။ပုတီးစိပ်ပီးက လိုရာဆုတောင်းပါ။ပုတီးစိပ်နည်းကို ချမှတ်ပေးသော
သစ္စာဓိကပါရမီရှင် ဓမ္မလင်္ကာရဆရာတော်ကြီးအပါအဝင် သိဒိ္ဓရှင် မဟိဒ္ဓိရှင်ပုဂ္ဂိ ုများနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အား အမျှဝေပါ။ မေတ္တာပို့ပါ။
ဤကျင့်စဉ်ကျင့်ရာတွင် အိမ်ထောင်ရှိသူများ သီးသန့်နေ၍ ကျင့်စဉ်ဝင်ရပါမည်။
အဗြဟ္မာ့စရိယာကိုထိန်း၍ သင့်လျော်မြငိ့မြတ်သောနေရာတွင် စိပ်ပါ။

Friday, September 11, 2020

သဗ္ဗသိဒ္ဓိ " ဝ " လေးလုံးအစီအရင်

           




" ဝ " လေးလုံးသဗ္ဗသိဒ္ဓိအစီအရင်ကို ပြုလုပ်လိုသူသည် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ( ဖြစ်ရမည် )
မတိုင်ခင် မိမိအာရုံပေါ်သလို ပန်းစုံ သစ်သီးစုံ အလင်းတိုင် န့ံသာတိုင်များ ကြိုတင်စီစဉ်ထားရှိရမည်။
လပြည့်နေ့ နံနက်၌ရေချိုးကိုယ်လက်သန့်ရှင်းစင်ကြယ်စေလျက် မြတ်စွာဘုရားအား
ပန်းစုံသစ်သီးစုံကပ်လှူပါ။ သောက်တော်ရေ ဆီဆွမ်း အလင်းတိုင် နံ့သာတိုင် ၉ တိုင် ၉ခြက္စီ ကပ်လှူပါ။ထို့နောက် ဘုရားကန်တော့ခြင်း ကိုးပါးသီလခံယူဆောက်တည်ခြင်းများပြုပါ။
သီလခံယူပီးပါက သန့်ရှင်းသော ၃လက်မပတ်လည်ရှိသော မိုင်းကိုင်စက္ကူ၌
" ဝ " လေးလုံးဂါထာကို ရေးပါ။ပီးလျှင် စက္ကူကိုကော်သုတ်၍ မာကျစ်နေအောင်လုံးပါ။
ထို့နောက် မေတ္တာသုတ်တော် ၉ခေါက်ရွတ်ဆို သိဒ္ဓိတင်ပါ။သတ္တဝါအပေါင်းကို မေတ္တာပို့ အမျှပေးဝေပါ။ ဤအစီအရင်ကို နံနက် ၇နာရီမှ ၁၀နာရီအတွင်း မိနစ် ၁၈၀အတွင်း အပီးဆောင်ရွက်ရပါမည်။
စီရင်ပီးသောဆေးလုံးခြောက်သွေ့သွားလျှင် သစ်စေးသရိုးကိုင်ထားပါ။ထို့နောက် နံ့သာရည်တွင်စိမ်၍ မေတ္တာသုတ်တော် ၉ခေါက်ဖြင့် သိဒ္ဓိတင်ပီး ကြုပ်တွင်ထည့်၍ဆောင်ပါ။ဉာဏ်ရှိသလိုသုံးပါ။
ဆေးတော်ဆောင်သူသည် အရက်သေစာသောက်စားခြင်း မပြုရပါ။ကာမေသုရှောင်ရှားခြင်း
မေတ္တာလွန်က တဏှာဖြစ်တတ်၍ သတိပြုရပါမည်။ အလွန်အမင်းအမြတ်ကြီးစားသော
စီးပွါးရှာခြင်း စသည် စည်းကမ်းတို့ကို တင်းကြပ်စွာလိုက်နာရပါမည်။

   ဆေးတော်ကို သိဒ္ဓိတင်ရာ၌ အခြားသင့်တော်ရာ သိဒ္ဓိတင်ဂါထာများဖြင့်လည်းတင်နိုင်မည်။
   မေတ္တာသုတ်တော်ကိုလည်း အခေါက်ရေ များစွာဖြင့်လည်း သိဒ္ဓိတင်နိုင်မည်ဟု ယူဆမိပါသည်။
   ဤသည်မှာမိမိ ထင်မြင်ယူဆချက်သာဖြစ်ပါသည်

မူရင်းလင့်။ ။@
 မူလေရးသားသူကို crd ပေးပါတယ်

Thursday, September 10, 2020

လိုတရ ပေဒသာပင္

    

                     ဣစ္ဆာသယအစီအရင်

မြန်မာလဆန်း ၇ရက်နေ့ နံနက်၇နာရီအချိန်တွင် အစိမ်းရောင်အောင်အိုးတစ်လုံး၌
မိမိတတ်နိုင်သမျှသော ငွေများကို ပဒေသာပင်ပြုလုပ်၍ စိုက်ထောင်ထားရမည်။
ပီးလျှင် မိမိအလုပ်စားပွဲ သို့မဟုတ် မြင့်မြတ်သန့်ရှင်းသောနေရာတွင် ထားပါ။
ဤသို့စီရင်ပီးပါက နေ့စဉ်နံနက်တိုင်း အိပ်ရာနိုးချင်း ကိုယ်လက်သန့်စင်ပီး
မိမိစိတ်မှာ မည်သည့် စိတ်အနှောက်အယှက် အညစ်အကြေးများ
မဖြစ်ပေါ်စေပဲ စိတ်ကြည်လင်စွာဖြင့် အောက်ပါ ဓါတ်နှိုးစကားကို ပြောကြားရမည်။
အမျက်ဒေါသ အာဃာတ တရားများမဖြစ်ပွားအောင် အထူးဂရုပြု ရှောင်ရှားပီး
မေတ္တာပွါးနိုင်သလောက်ပွါးပေးပါ။

$$အဓိကမှာ စိတ်ဓါတ်များတတ်ကြွလာအောင် အာရုံညွတ်၍ လေးလေးနက်နက်ပီပီသသ
 ရွတ်ဆိုရမည်။$$
    
      ** မင်္ဂလာသိဒ္ဓိ ဓါတ်နှိုးစကား**

ငါသည် ယနေ့ နံနက် အိပ်ရာမှနိုးထထချင်း မင်္ဂလာအပေါင်းနှင့်ပြည်စုံ၍ သာယာလှပနေ​သော
လောကကြီးကို မြင်ရ၏။ငါ့၏သန္တာန်၌လည်း ဤမင်္ဂလာဟိတ်များ အမှန်စင်စစ် ကိန်းနေကြပါ၏
ထိုမင်္ဂလာဟိတ်များ ကိန်းနေသောငါသည်လည်း ယနေ့လုပ်ဆောင်စရာ စီးပွါးရေး လူမှုရေး ကျန်းမာရေး ( သာသနာပြုလုပ်ငန်း )လုပ်ငန်းဆောင်တာ ဟူသမျှတို့မှာ မင်္ဂလာရှိစွာ
အောင်မြင်တော့မည်။အောင်မြင်ရမည်။ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းသြဘာနိမိတ်ထွန်းသည့်
ဤကျွန်း၌ နေသောငါသည်လည်း ဆွတ်ချူ၍မကုန်နိုင်သော လိုတရေစေသာ ပဒေသာပင်ကြီးကို
အောင်မြင်စွာဖန်တီးစိုက်ထူနိုင်ခ့ဲလေပြီ။
ငါသည် ဣစၧာသယလိုတိုင်းရ တ,တိုင်းဖြစ် ထင်တိုင်းပေါက် စိတ်ရှိသလောက် သိဒ္ဓိပေါက်သော
ငွေပဒေသာပင်ကြီးကကို ထူးကဲစွာစိုက်ထူနိုင်သည့် ပါရမီရှင် တစ်ဦးဖြစ်ခ့ဲလေပီ။
အောင်မြင်စွာ စိုက်ထူခ့ဲသော ငွေပဒေသာပင်ကြီးသည် ငါ၏လိုအပ်သမျှဆန္ဒအားလုံးကို
ကောင်းစွာဖြည့်ဆည်းပေးပေလိမ့်မည်ဖြစ်သည်။ဤဣစၧာသယငွေပဒေသာပင်ကြီးမှ
ထိရောက်စွာပေးအပ်သောဓါတ်သတ္တိဖြင့် ငါသည် သာသနာတော်မြတ်ကြီးကို ထိပ်တန်းမှ
စိတ်ရှိသလောက်လှူနိုင်တန်းနိုင်း ချီးမြှောက်ထောက်ပ့ံနိုင် သာသနာပြုနိုင်သည့်ပုဂိ္ဂုလ်တစ်ဦး 
အမှန်ပင်ဖြစ်ရတော့မည်။မကြာမီမှာပင် ငါ၏လိုအင်ဆန္ဒများ ဧကန်မုချပြည့်ဝတော့မည်
။ပြည့်ဝတော့မည်။ငါ၏ဆန္ဒများ မင်္ဂလာရှိစွာပြည့်ဝတော့မည်ကို ငါအပြည့်အဝယုံကြည်နေ၏။
             
                     ဥုံ အရဟံ မင်္ဂလာသိဒ္ဓိ သဗ္ဗကိစေ္စာဇေယျံ ပရိပူရေန္တိ။ ။


ဤသို့ ပဒေသာပင်ကို စိုက်လှူရခြင်းအားဖြင့်သွားလေရာရာ၌ မည်သည့်အခက်အခဲမျှ မဖြစ်ပေါ်နိုင်။
လိုအင်ဆန္ဒဟူသမျှလည်း မကြာချက်ချင်း ပဒေသာပင်ကြီးမှ ခူးယူရသက့ဲသို့
တ တိုင်းရ၍ ပြည့်စုံပြည့်ဝပေလိမ့်မည်။ငွေမပါဘဲ ခရီးထွက်လျှင်ပင် အလိုလိုပြည့်စုံပေလိမ့်မည်ဟု အမှာရှိ။ ။







မူရင်းလင့်။ ။@
 မူလေရးသားသူကို crd ပေးပါတယ်

ဘိုးမင်းခေါင်၏အောင်အိုးတည်နည်း


အောင်အိုးပြုလုပ်မည့် အတာအိုးငယ္ကို ရှေ့မှာချ၍
နမောတဿ ၃ ကြိမ်ဆို၍ ဘုရားကန်တော့ သီလခံယူဆောက်တည်ပါ။
ထို့နောက် မေတ္တာသုတ် ၃ ခေါက်ရွတ်ရင်း အိုးထဲသို့ သဲတစ်ဝက်ခန့်
ထည့်ပါ။ပီးလျှင် ကျောက်စလစ်ခဲငယ် ၂၄လုံးကို ပဋ္ဌာန်း၂၄စဆုံးလျှင်
တစ်ခေါက်နှုံးဖြင့် ၂၄ကြိမ်ရွတ်ဆို၍ ထည့်ပါ။
ရေဖြည့်ထားသောဖလားကို သမ္ဗုဒေ္ဓဂါထာ ၃၇ခေါက်ရွတ်ပီး
အိုးထဲသို့လောင်းထည့်ပါ။ထို့နောက်ဂုဏ်တော် ၉ပါးကို
သပြေတစ်ခက်နှုံးဖြင့် ၂၁ခက်ထည့်ပေးပါ။ပီးပါပီ။
ဘုရားစင် သို့မဟုတ် သင့်တော်သောအမြင့်တစ်နေရာတွင် ထားပါ။
ဤသည်မှာ အနန္တသုခအောင်အိုးစီရင်နည်း

မူရင်းလင့်။ ။ @
 မူလေရးသားသူကို crd ပေးပါတယ်

ဇီးကွက်အစီအရင်

          

ဇီးကွက်ဖိုမရုပ်တစ်စုံဝယ်ပါ။ လင်ဗန်းတစ်ချပ်တွင် ပိတ်ဖြူခင်း၍
ဆွမ်းရေချမ်း လှူဖွယ်တို့နှင့်တကွ ဇီးကွက်ဖိုမကိုပါထည့်၍
ဘုရားကပ်လှူပါ။ ထို့နောက် ဘုရားရွိခိုး သီလယူ။
 မေတ္တာသုတ်ရွတ် သို့မဟုတ် တတ်အားသမျှမေတ္တာပို့ပါ။
ပီးလျှင် ပြန်စွန့်၍ အောက်ပါ လာဘ်ခေါ်မန္တာန်ဖြင့်
တစ်ထောင်ပြည့်အောင် စုတ်ပါ။ပီးလျှင် အမွှေးန့ံသာပက်ဖြန်း၍
လိုသောနေရာတွင်ဆောင်ထားပါ။ နေ့စဉ်အမွှေးနံ့သာပက်ဖြန်းပေးပါ။

လာဘ်ခေါ်မန္တာန်

" ဥုံ သုဝဏ္ဏလာဘံ ရာဇတလာဘံ ပီယံမမ "

မူရင်းလင့်။ ။@
 မူလေရးသားသူကို crd ပေးပါတယ်

Wednesday, September 9, 2020

ပွဲတွေ့ ဈေးခေါ် ဒီအင်းကျော်.

..

       ဆရာဈေးရောင်းကောင်းတဲ့ ပညာလေးများမရှိဖူးလားတဲ့...။ လွယ်လွယ်ကူကူ နဲ့ ကျွန်မ တို့ လုပ်လို့ရတဲ့ ပညာလေးတွေရှိရင် မျှဝေပေးပါဦး လို့တောင်းဆိုလာကြတော့ တင်ပေးရပြန်တာပေါ့ခင်ဗျာ...။

အခုကာလကလည်း ကိုဗစ္တို့ ဒေါ်ဗစ် တို့ ကြောင့် စီးပွားရေး ကျပ်တည်း တဲ့ ကာလဆိုတော့ စီးပွားရေးသမားတိုင်း စီးပွားရေးလုပ်တဲ့သူတိုင်း အရင်ကလောက် စီးပွားမဖြစ်ပဲ ကျပ်တည်းနေတာကတော့ သဘာဝေပါ့...။ ဒါပေမဲ့လည်း အဆင်ပြေချင် ဈေးရောင်းကောင်းစေချင် စီးပွားတက်သေချင်တာကလည်း လူ့စိတ်သဘာဝပါပဲ...။
ရှည်ရှည်ဝေးဝေးမပြောတော့ပါဖူး..။
ဆရာကေတာ့ လက်တွေ့ နည်းစနစ်တွေကိုပဲ မျှဝေပါတယ်...။အခုလည်း လက်တွေ့ ပွဲတွေ့ဈေးခေါ်နည်းလေးတစ်ခုကိုပြောပါရစေ...။

လွန်ခဲ့တဲ့တစ်ပတ်ကျော်ကပေါ့ဗျာ..။
ကျွန်တော့် အခင်ရဆုံး မိတ်ဆွေကြီးဖြစ်တဲ့ မောင်စွမ်းအား ခေါ် ကိုကလောင် ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ရောက်ရှိလာပါတယ်။ သူကေတာ့ တက္သစ္စ လူငယ်နိုင်ငံရေးစာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ အိမ်ကိုရောက်လာတိုင်း ကျွန်တော်နဲ့ နိုင်ငံရေး တွေ ဘာသာရေးတွေ ဆွေးနွေးဖြစ်ပီး အလွန်စာဖတ်အားကောင်းတဲ့လူငယ်တစ်ယောက်ပါပဲ..။ အထက်ဂိုဏ်းပညာတွေလည်း ယူထားတာမို့ ဝိဇ္ဇာမယပညာတစ်ချို့ကိုလည်း တီးမိခေါက်မိရှိတယ်ဗျ..အဲ့နေ့ကလည်း နိုင်ငံရေး မဲဆွယ်တဲ့အကြောင်းပြောနေရင်း
"စကားမစပ် မင်းကိုအကူညီတစ်ခုတောင်းစရာရှိတယ်"
ကျွန်တော်က
"အကြံကောင်းဉာဏ်ကောင်းလိုချင်ရင်တောင် ငါမင်းဆီက တောင်းရတာပါကွာ ဘာတွေတောင်းဆိုစရာရှိလို့လဲကွ"

"မင်းက လောကီပညာ ဝိဇ္ဇာမယပညာတွေ ငါ့ထက်ပိုပီး နားလည်တာမို့ ဒီဟာနဲ့ပတ်သတ်ပြီး ကူညီတောင်းချင်တာ"

"အော် အေးအေး ဒါဆိုလည်းပြောစေဗျာ"

"ဒီလို ငါညီမ အိဖြူ လေ..."
"အော် ဟိုက​လေးမလေလား..."ကျွန်တော်ကစကားဖြတ်ပြောလိုက်သည်..။
"သူက ကေလးမ မဟုတ်တော့ဖူး စီးပွားရေးတွေဘာတွေလုပ်လို့ဗျ.. ဒီ ငဗစ္ကာလမွာ ငါတို့တောင် အနိုင်နိုင်... အောင်မာ ဒီကေလးမက Online shop လုပ်ပြီး ပိုက်ဆံတွေထောနေတာဟ"

"ဟုတ္လား ကောင်းတာပေါ့ ဒီကေလးမက အသက် ၂၀ပဲရှိသေးတယ်မလား ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးပွားဦးမှာပါကွာ..."

"အေး အခုက သူ့ကိစ္စဟေ့..!"

"ဟေ သူက ဘာကိစ္စတုန်း"

"အခုတစ်လော ရောင်းအားတွေကျနေလို့တဲ့... ကိုကြီးစိုင်းကို အကူည်ီတောင်းပေးပါဦးဆိုပီး အတင်းပူဆာလို့ဟေ့...."

"အော် အေးအေး ဒါဆိုရင်...."

ကျွန်တော်လည်း ခဏစဉ်းစားပြီး

"ဒါဆိုရင်တော့ မင်း အင်းချတတ်တယ်မလား..."

" အင်း.. ချတတ်တယ်"

"ဒါဆိုရင် မင်းကို အင်းပညာတစ်မျိုးသင်ပေးမယ်...
မင်းပဲ စီရင်ပေးလိုက်..."

"ဟ ဖြစ်ပါ့မလားကွာ"
"မလျှိုနေပါနဲ့ဆရာကြီးရာ နယ်နယ်ရရမှမဟုတ်ပဲ ဂိုဏ်း၃ဂိုဏ်းလောက် ပတ်မွှေထားပီးတော့..."

"အေးအေး ဒါဆိုလည်း ခ်ကြာ.."

ကျွန်တော်လည်း စာအုပ်နှင့်ဘောပင်ယူပြီး အင်းတစ်ချပ်ချပြလိုက်တယ်..။(ပုံကို အောက်မှာကြည့်ပါ)


"ဒီအင်းက အင်းသွားနည်းကလည်း ရထားသြားပဲ..
အရမ်းလွယ်တယ် အင်းဇံဂါထာက.

"ဥုံ ဧတံ သရဝံ သြာဟ ဥုံ ဧကု သရဝံ သြာဟ.."
အဲ့တာကိုဒီလေးကွက်ပတ်လည်အင်းမှာ ရထားသွားသွင်းသွားရုံပဲ" (အင်းဇံသွားပုံအောက်၌ပြထားသည်)


"ဒီအင်းတော့ဟုတ်ပါပီ လက်ဖွဲ့ထိုးရမှာလား ငါလက်ဖွဲ့မထိုးတတ်ဖူးလေ"

ကျွန်ုပ်က..
" လက်ဖွဲ့ထိုးစရာမလိုပါဖုး ကျောက်ပြားတစ်ချပ်ပေါ်မှာ ဒီအင်းကို ဆော့ပင်နဲ့ချ...
ပြီးရင် ရေထဲထည့်စိမ်ပြီး ခုနက အင်းဇံဂါထာလေးနဲ့ ၃၇ခေါက်မန်း..အဲ့တိုင်းစိမ်ထား...

ဆော့ပင်နဲ့ရေးခိုင်းတယ်ဆိုတာက ရေနဲ့ထိပြီး ပျက်လွယ်အောင်ရေးတာ..

အဲ့တော့ အင်းကိုရေထဲစိမ်ထားပြီး မှင်တွေပျက်သွားပြီဆိုရင်... အဲ့ရေနဲ့ ရောင်းမယ့်ကုန်တွေကို မင်းတို့အကုန် ရောင်းထွက်ကြ မင်းတို့အကုန်ရောင်းထွက်ကြ ဆိုပြီး လိုက်ပက်..

တစ်ခုတော့ ရှိတယ် ထွက်ကြ ထွက်ကြ လို့တော့ လျှောက်မအော်နဲ့ ဦး သူခိုးခိုးခံရလို့ပြောင်နေဦးမယ်...
အဲ့လိုစီရင်ပေးလိုက် Online shopping ကပစ္စည်းတွေရောင်းမထွက်ရင် ကြိုက်သလိုပြော..."
ကျွန်တော်လည်း အရွှန်းလေးဖောက်ပြီး ရယ်လိုက်တယ်..

ဒီလိုနဲ့ ၄ရက်လောက်ကြာတော့ နိုင်ငံရေးဆွေးနွေးဖို့အိမ်ရောက်လာပြန်ပါသည်..

"ဘယ်လိုလဲကြ.. ရောင်းထွက်ရဲ့လား..."

"ရောင်းထွက်ချက်ပဲ...မင်းကိုတောင်လာကန်တော့မလို့တဲ့ ငါ့ညီမအိဖြူက..."

"ဒါနဲ့ကွာ ငါလည်း နေ့တိုင်းအင်းပဲချပေးနေရတယ်.. တစ်ခါတည်းသာ လုပ်ပေးထားလိုက်ပါကွာ..."

"ဟဟ တော်တော်အပျင်းထူတဲ့ကောင်ပဲကွ အေးအေး ဒါဆိုလည်း လက်ဖွဲ့ထိုးစီရင်ပေးလိုက်မယ်..၃ရက်လောက်တော့ စောင့်ဦး အဲ့တော့ ဒီိ၃ရက်တော့ ဒုက္ခခံအင်းဆွဲပေးလိုက်ဦးဟေ့.."

ကျွန်တော်လည်း အဲ့ဒီအင်းကို ကြေးပြားမှာချ သနေခ် သိဒ္ဓိတင် အင်းဇံမန္တန် ၁၀၈ခေါက် စုပ် အသက်သွင်း အစောင့်အပ်ပြီး ကျွန်တော့်ရဲ့ ပညာပိုင်သခင်မနှင့်တကွ စော်ဘွားဝိဇ္ဇာဓိုရ် ဆရာသခင်တွေ ကို အပ်နှံကာ စီရင်ပေးလိုက်ပါတယ်။

အိဖြူလည်း အခုတစ်လော တော်တော်အဆင်ပြေနေတာကို ကြားရ၍ အလွန် ဝမ်းမြောက် ဝမ်းသာ မိပါကြောင်း....

အင်းပုံကိုအင်းသွားနည်းနဲ့တကွအောက်မှာ သေချာဖော်ပြထားပါတယ်..

ကိုယ်ကိုယ်တိုင် လုပ်နိုင်တဲ့အလွယ်ဆုံး ပွဲတွေ့ ဈေးခေါ်အင်းအတတ်လေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်...။

https://www.facebook.com/saosaizaysaw/

         ပညာသေရွာမယူကြေး..
             စိုင်းဇေစော(ရှမ်းပညာ)


မူရင်းလင့်။ ။https://www.facebook.com/109337384033596/posts/172771724356828/

 မူလေရးသားသူကို crd ပေးပါတယ်